Golden Han International Co.,Ltd

Golden Han International Co.,Ltd

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Han International Co.,Ltd, Public & Government Service, Yangon.

09/04/2022

#သတိထားသင့်

အဆောက်အအုံဆောက်လုပ်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းနှင့်နည်းဥပဒေများ

၁။ (၄၀ပေ x ၆၀ပေ)နှင့် အထက်မြေကွက်များတွင် လုံးချင်းအဆောက်အအုံများ ဆောက်လုပ်လိုပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အမိုးစွန်းမှ ၂ပေစီချန်လှပ်ရမည်။

၂။ (၄၀ပေ × ၆၀ပေ) အောက်မြေကွက်များတွင်လုံးချင်းအဆောက်အအုံများ ဆောက်လုပ်ပါက အနည်းဆုံး ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေးနှစ်ဖက်အစွန်းမှ ၁ ပေစီချန်လှပ်ရမည်။ (ဘေးနှစ်ဖက် ၁ပေချန်သဖြင့် အရွက်ဖွင့်တံခါးဆောင်ရွက်၍မရဘဲ လျှောတံခါး (Sliding Window) ဖြင့် ဆောင်ရွက်ရမည်။

၃။ (၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အနည်းဆုံး (Plinth Level) ၁ပေ ဆောင်ရွက်ပြီး (Gf: Level) မှစ၍ (Total Height) ၆၂ပေ ကျော်လွန်ပါကဓာတ်လှေခါး တပ်ဆင်ရမည်။

၎။ (၄)ထပ်နှင့် အထက်အဆောက်အအုံများ လျှောက်ထားရာတွင် ယာဉ်ရပ်နားရန်နေရာ ထည့်သွင်းတင်ပြ၍ မပျက်မကွက်ဆောင် ရွက်ရမည်။

၅။ (၄)ထပ်နှင့် အထက်အဆောက်အအုံများတွင် အရှေ့ဘက်ပင်မလှေခါးအပြင် အရေးပေါ် အသုံးပြုနိုင်ရေးအတွက် မီးသတ်လှေခါးအား အလွယ်တကူတက်/ဆင်းနိုင်ရန်အတွက် ထည့်သွင်း ဆောက်လုပ်ရမည်။

၆။ အဆောက်အအုံ၏အုတ်ခုံအား အနီးကပ်ဆုံး လမ်းမျက်နှာပြင်အထက် အနည်းဆုံး ၁ပေ-၆လက်မမြှင့်၍ ဆောက်လုပ်ရမည်။

၇။ အဆောက်အအုံ၏ ကျောရပ်အမြင့်အား မြေညီထပ်(၁၂ပေ)နှင့် အပေါ်ထပ်အား (၁၀ပေ) စီဆောက်လုပ်ရမည်။

၈။ အိမ်ခန်း၏ ပန္နက်ဧရိယာသည် (၁ဝဝစ/ပေ)ရှိ၍ လေဝင် /လေထွက် ပြူတင်းပေါက်တံခါးများ ဧရိယာသည် အနည်းဆုံး အခန်းနံရံဧရိယာ၏ သုံးပုံတစ်ပုံရှိရမည်။

၉။ ရေမိလ္လာစနစ်အား ရေနှင့်သန့်ရှင်းမှုဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည်။

၁၀။ မည်သည့်မြို့နယ်တွင်မဆို (Pile Foundation) ဆောင်ရွက်မည် ဆိုပါက မိမိပိုင်နယ်နိမိတ်အတွင်း အနည်းဆုံး ၂ပေခွာ၍ ဆောင်ရွက်ရမည်။ (သို့) အဆောက်အအုံနှင့် ကုန်ဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၁။ မိလ္လာကန် (Septic Tank)အတွက် မိမိပိုင်မြေအတွင်းအနည်းဆုံး ၆ပေ ချန်၍ ဆောက်လုပ်ရမည်။ မိလ္လာပိုက်လိုင်းများအတွက် အနောက်ဖက်တွင် အသားတင်၎ပေ ချန်ရမည်။ သို့တည်းမဟုတ် ရေနှင့်သန့်ရှင်းမှုဌာန၏ သတ်မှတ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။

၁၂။ အရေးပေါ်ထွက်ပေါက်လှေခါးကို မိမိပိုင်မြေအတွင်းတပ်ဆင်ရမည်။

၁၃။ (၂)ထပ် ထက်ပိုသောအဆောက်အအုံများကို သံကူကွန်ကရစ် (သို့) သံထည်အဆောက်အအုံ (Steel Structure) ဖြင့် ဆောက်လုပ်ရမည်။

၁၄။ အဆောက်အအုံဆောက်လုပ်ရာတွင် မိမိပိုင်နယ်နိမိတ်အတွင်း ဆောက်လုပ်ရမည်။ စည် ပင်မြေဖြစ်သည့် နောက်ဖေးလမ်းကြား၊ ဘေးလမ်းကြား၊ လမ်းနယ်များနှင့် ဘေးကပ်လျက် မြေကွက်များသို့ ကျူးကျော်ဆောက်လုပ်ခြင်းမပြုရ။

၁၅။ ကော်မတီမှ အခါအားလျော်စွာ သတ်မှတ်သည့်နေရာများတွင် သတ်မှတ်သည့် အမြင့်အထိသာ ဆောက်လုပ်ရမည်။

Credit , Original Uploader

ကိုရင်သာအေး
&

*09953206665
*09777573878

Photo , internet

02/02/2022

Save

02/02/2022

အဆောက်အဦးတစ်ခုအတွက် စတင်လုပ်ဆောင်ရမယ့် အဆင့်ဆင့်တွေကို သိသလောက်မျှဝေခွင့်ပြုပါ။

အထပ်နိမ့်ပဲဖြစ်ဖြစ်၊အထပ်မြင့်ပဲဖြစ်ဖြစ် ကိုယ့်အပိုင်ဂရံမြေမှာ အိမ်စဆောက်တော့မယ်ဆိုရင် အတိုင်းအတာမြေပုံကူးခြင်းဆိုတဲ့ (D Map) ကို စတင်လျှောက်ထားရပါတယ်။

D Mapအတွက် လိုအပ်ချက်တွေကတော့
1. ဂရံမူရင်း
2. မြေရှင်မှတ်ပုံတင်မူရင်း
3. နောက်ဆုံးဆောင်ထားတဲ့ မြေခွန်ပြေစာ

🏅အထပ်နိမ့် လျှောက်ထားခြင်း။
---------------------------

အထပ်နိမ့်က​တော့ ၃ထပ်အထိကို အထပ်နိမ့်လို့သတ်မှတ်ပြီး သုံးထပ်နဲ့အထက်ကို အထပ်မြင့်ဆိုပြီး သတ်မှတ်ပါတယ်။ဖိုင်တင်ရန်လိုအပ်ချက်တွေကတော့

👷ကိုယ်ဆောက်လိုတဲ့ အိမ်ပုံစံ၊ အခန်းဖွဲ့ပုံစံဖြစ်တဲ့ (Architecture Drawing)ကိုတင်ပြရပါတယ်။

👷Proposal Design ကိုတင်တဲ့အခါမှာ လိုင်စင်ရ RSE Construction လက်မှတ်လိုအပ်ပါတယ်။

👷Proposal အောင်သွားရင်တော့ဆောက်လုပ်မိန့်ကျပြီး ဆောက်လုပ်လို့ရပါပြီ။

👷D Map - ၁ လ
Proposal - ၁ လ ဖြစ်တဲ့အတွက်ကြောင့် အထပ်နိမ့်အတွက်ကတော့ ခန့်မှန်းခြေ အချိန် ၂လစွန်းစွန်းလေးပဲကြာ
တတ်ပါတယ်။

🏅အထပ်မြင့် လျှောက်ထားခြင်း။
----------------------------
👷အထပ်မြင့်တွေမှာပဲလိုအပ်ပြီး သူရဲ့လိုအပ်ချက်တွေကတော့

👷🏻မီးသတ်ဌာနကိုတင်ပြဖို့ M&E Drawing/Presentation

👷🏻ရေ/မိလ္လာအတွက် Proposal and Permit

👷🏻မြေသားမာကျောမှုအတွက် Soil Test စာအုပ်
(Soil Test က Footing Planအပေါ်မူတည်ပြီး အပြောင်းလဲရှိ)

👷Proposal အောင်ထားတဲ့ Archi Drawing ကို လိုင်စင်ရ RSE Structure မှ လက်မှတ်ထိုးထားတဲ့ Drawing

👷အထပ်မြင့်အတွက် Theodolite အတိုင်းအတာ

👷လိုင်စင်ရကန်ထရိုက်တာလက်မှတ် (LC) ကြေး
Deposit သိန်း ၅၀ စည်ပင်ကိုသွင်းပြီးရင်တော့ အထပ်မြင့်အတွက် ဆောက်လုပ်ခွင့်ကျပါပြီ။
ပုံစံကြီးအတွက်ကတော့ ၂ခွဲ ဝန်းကျင်လောက်ကြာနိုင်ပါတယ်။

👷(သိတဲ့သူများကျော်သွားပါ။မသိသေးတဲ့သူအတွက် ဗဟုသုတရရန် ရည်ရွယ်ပါတယ်)👷

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon