07/05/2026
ရွေးကောက်ပွဲသည် သန့်ရှင်းပြီး သိက္ခာရှိသော အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ခဲ့ဟု နိုင်ငံတော်သမ္မတ ပြော”
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့အတွင်း၌ အပိုင်း(၃)ပိုင်းခွဲကာအောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။.....
ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ခဲ့သည်ဟု ပြောသည်။....
" တစ်နိုင်ငံလုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၄ ဒသမ ၂၃)သန်းအနက် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၃)သန်းကျော်ရှိခဲ့ပါတယ်။ ဆန္ဒမဲပေးမှုရာခိုင်နှုန်းက (၅၄ ဒသ မ ၂၂)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဆန္ဒမဲပေးရာမှာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအများစုဖြစ်ပါတယ်။ အသက်အပိုင်းအခြားအရဆိုရင် မဲပေးသူအများစုက အသက် (၁၈)နှစ်ကနေ(၅၀)နှစ်ကြားဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။....
ရွေးကောက်ပွဲ၌ ပြည်သူများဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့်စည်းကမ်းတကျလာရောက်၍ ဆန္ဒမဲများပေးခဲ့ကြခြင်းသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ပြီး မဲပေးရာတွင် စနစ်တကျတန်းစီမဲပေးခဲ့ကြခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကိုပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်များကိုထောက်ခံမှုပြသခြင်းပင်ဖြစ်သည်ဟု ပြောသည်။....
ထို့ပြင် ရွေးကောက်ပွဲ၌ ပါတီ(၅၇)ပါတီဝင်ရောက်ယှဉ် ပြိုင်ခဲ့ကာ တိုင်းနှင့် ပြည်နယ်အားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် (၆)ပါတီရှိခဲ့ပြီး (၃၁)ပါတီမှလွှတ် တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်(၁)ဦးတို့ရွေးကောက်ခံခဲ့ရသဖြင့် ဒီမိုကရေစီစနစ်နှင့်အညီအားလုံးပါဝင်သည့် ရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။....
Popular News Journal မှ ကူးယူဖော်ပြပါသည်...
Link.....
https://www.facebook.com/share/p/1DvgQR3k4S/
05/05/2026
ဒဂုံတောင်မြို့နယ် ရေစီးရေလာကောင်းမွန်စေရေးအတွက် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှုး
နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စစ်ဆေးဆောင်ရွက်
၅ မေလ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး နှင့် မိုးရာသီရေကြီးရေလျှံမှုမှ ကာကွယ်နိုင်စေရေးတို့အတွက် မြို့နယ်၏အဓိကရေထွက်ပေါက်များဖြစ်သော မြယမုံစမ်းရေတံခါး နှင့် သိမ်ချောင်းရေတံခါး တို့ကို ပိတ်ဆို့မှုမဖြစ်စေရန် အမှိုက်များရှင်းလင်းနေမှု နှင့် ရေထွက်ပေါက်များ ပြုပြင်ထိန်းသိမ်းနေမှုကို ယနေ့နံနက်(၉:၀၀)အချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှုးဦးညွန့်ဖေ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့သည်။....
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အဓိကလမ်းများ၏ရေနုတ်မြောင်းများ၊ ရပ်ကွက်ရေနုတ်မြောင်းများ ရေစ်ီးရေလာကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နိုင်ရန်နှင့် အဓိကရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ၊အုပ်ချုပ်ရေးတာဝန်ရှိသူများ နှင့် ပူးပေါင်းလက်တွဲကာ ဒဂုံတောင်မြို့နယ်သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။.....
ထို့နောက် ဒဂုံတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ စည်ပင်သာယာရေးဆိုင်ရာလိုအပ်ချက်များနှင့် ဆေးရုံ၊ စာသင်ကျောင်းများ ရပ်ကွက်များအတွင်း ရေနစ်မြုပ်မှုအခြေအနေကို တင်ပြခဲ့ကာ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်စေရန် တင်ပြဆွေးနွေးခဲ့ပြီး ရေတံခါးများပိတ်ဆို့မှုရှင်းလင်းခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြကာ နေ့လည်(၁၁:၀၀)အချိန်ခန့်တွင် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုးမှ ပြန်လည်ထွက်ခွာခဲ့သည်။....
အဆိုပါ ရေထိန်းရေတံခါးများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု နှင့် မြို့နယ်ပါတီအတွင်းရေးမှုး ဦးမြင့်အောင်တို့မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
#အာကာ(တောင်ဒဂုံ)
03/05/2026
မြောက်ဒဂုံမြို့နယ်နေ ပြည်သူများမှ တင်ပြသော ဒေသလိုအပ်ချက်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေး
၃ ၊ မေလ၊ ၂၀၂၆
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းသည် မေလ (၃)ရက် နေ့လည်(၁၂)နာရီတွင် (၄၉)ရပ်ကွက် ငုဝါမြိုင်လမ်းနေပြည်သူများနှင့် တွေဆုံခဲ့ကြပြီး ဒေသခံများကရေမလာ၍ အခက်ခဲဖြစ်ခြင်း၊ လျှပ်စစ်မီးပျက်တောက်ပြီး ဘရိတ်ကာကျခြင်း၊ လမ်းလိုအပ်ချက်များ တင်ပြမှုများအပေါ် တိုင်းဒေသကြီးကိုယ်စားလှယ်မှ သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေဆုံပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းစိုး၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် မြို့နယ်ကော်မတီဝင်(နယ်မြေတာဝန်ခံ)ဒေါ်အိအိခိုင်တို့ လိုက်ပါခဲ့ကြပြီး ဒေသခံပြည်သူ (၃၀) ဦးခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။
01/05/2026
ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းညောင်ရေသွန်းလောင်းပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကုသိုလ်ယူဆောင်ရွက်
၃၀ ဧပြီလ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ် စုပေါင်းညောင်ရေသွန်းလောင်းခြင်းအခမ်းအနားကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပြည်ကြီးသာမဟာစေတီ(မြို့ဦးစေတီ)၌ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များမှ တက်ရောက်၍ ကုသိုလ်ပြုပူဇော်ခဲ့ကြသည်။....
အခမ်းအနားကို ညနေ (၄:၃၀)အချိန်ခန့်တွင် စေတီတော် အရှေ့ဖက်စောင်းတန်းရှိ တန်ဆောင်းတော်တွင် သြဂါသကန်တော့ချိုးဖြင့်မြတ်စွာဘုရားအား ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း နှင့် မေတ္တာပို့အမျှအတန်းပေးဝေခြင်းတို့ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ထို့နောက် သာသနာ့အလံတော်များ၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ် ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ ပန်းချီပါဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ စေတီတော်အား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်ခဲ့ကြကာ စေတီတော်ဝန်းအတွင်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကာ စေတီတော်ဘက်စုံပြုပြင်မွမ်းမံရေးအတွက် စုပေါင်းအလှုငွေများပေးအပ်ကာ အခမ်းအနားပြီးဆုံးခဲ့သည်။....
အဆိုပါ ညောင်ရေသွန်းလောင်းခြင်းအခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ့်ကသော ဦးစိုးယု နှင့် ဦးဇော်မိုးထက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးပိုင် နှင့် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှုးများ ပါတီဝင်များ အင်အား (၁၅၀)ကျော်တို့ဖြင့် ဆောင်ရွက်ကြခြင်းဖြစ်သည်။....
(S/Dagon)
30/04/2026
ဒဂုံအရှေ့မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းဖွင့်ပွဲ ကျင်းပ
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ (၃၀)ရက်၊ ကြာသာပတေးနေ့
ယနေ့ နံနက်၉ နာရီအချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။
အဆိုပါပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်၊ တိုင်း၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးမြင့်ခိုင် နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ရပ်မိရပ်ဖများနှင့် ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
30/04/2026
ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ယာယီဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ပူဇော်
၃၀ ဧပြီလ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ အမှတ်(၂၆)ရပ်ကွက်
နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီးတွင်ကျင်းပပြုလုပ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အခမ်းအနား နှင့် ညောင်ရေသွန်းလောင်းပွဲသို့ တိုင်းဒေသကြီး ယာယီဥက္ကဌ ဒေါက်တာနေလင်း နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တက်ရောက်ပူဇော်ခဲ့ကြသည်။.....
အခမ်းအနားကို နံနက်(၉:၀၀)အချိန်ခန့်တွင် စတင်ခဲ့ပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် သာသနာ့အလံတော်အား လက်ဆင့်ကမ်းသယ်ဆောင်ကာ ကျောင်းတိုက်ဝန်းအတွင်းရှိ အလံတိုင်တွင်လွှင့်ထူပူဇော်ခဲ့သည်။ထို့နောက် မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍ ဇီဝိတဒါနဌက်လွှတ်ခြင်းကိုဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ဗုဒ္ဓမြတ်စွာအားရည်စူးရည်မှန်း၍ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းခဲ့ကြကာ မြန်မာနိုင်ငံတော်ကြီးအေးချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ အခမ်းအနားပြီးဆုံးခဲ့သည်။.….
အဆိုပါ ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် ကုသိုလ်ပြုပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ယာယီဥက္ကဌ ဒေါက်တာနေလင်းနှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပြည်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇွဲရန်နိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်း နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးပိုင်တို့မှ တက်ရောက်ခဲ့ကြသည်။.....
(S/Dagon)
26/04/2026
ဒဂုံတောင်မြို့နယ်၏ ပြည်သူ့လိုအပ်ချက်ဖြစ်သော မြို့နယ်ဆေးရုံနှစ်ထပ်ဆောင် ပြုပြင်နိုင်စေရန် ပြည်ထောင်စုဝန်ကြီးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
၂၆. ဧပြီလ. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မှ ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်အား တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်သူလူထု၏ တောင်းဆိုချက်အား ဖြည့်ဆည်းဆောင်ရွက်နိုင်စေရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး ၏ ကြိုးပမ်းဆောင်ရွက်မှုအရ ပြည်ထောင်စုဝန်ကြီး(ကျန်းမာရေးဝန်ကြီး) ဒေါက်တာသက်ခိုင်ဝင်း မှ လာရောက်၍ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။....
ပြည်ထောင်စုဝန်ကြီးမှ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ဆေးရုံအုပ်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုဆရာ/ဆရာမများ နှင့် တွေ့ဆုံ၍ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်ချက်များ၊အခက်အခဲများကိုမေးမြန်း၍ ဖြေရှင်းဆောင်ရွက်နိုင်စေရန် စီစဥ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စမ်းစမ်းဌေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစန်းလွင်တို့မှ မြို့နယ်၏ ကျန်းမာရေးလိုအပ်ချက်များ၊ ဒေသန္တရဆေးခန်းများတိုးချဲ့နိုင်စေရေး၊ ကျန်းမာရေးအဆောက်အအုံများလုံလောက်နိုင်စေရေး နှင့် ဆေးဝါးနှင့်အထောက်ကူပြုပစ္စည်းများပြည့်စုံနိုင်စေရေးတို့အတွက် တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့တို့မှ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်နိုင်စေရေးအတွက် ဆေးရုံဝန်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။....
အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံကြီးသည် မြို့နယ်အတွင်းရှိ လူဦးရေ(၃၅၀,၀၀၀)ကျော်အပြင် ဆက်စပ်မြို့နယ်များ၊ နီးစပ်ရာမြို့နယ်နှင့်ရပ်ကွက်၊ကျေးရွာများမှ ကျန်းမာရေးအားကိုးအားထားရာဖြစ်သဖြင့် လိုအပ်ချက်အရတိုးချဲ့နှစ်ထပ်ဆောင်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင်စတင်တည်ဆောက်ခဲ့ကာ အခြေအနေအရပ်ရပ်အရ တည်ဆောက်ရေးလုပ်ငန်းများကို ရပ်တန့်ခဲ့သည်မှာ (၆)နှစ်ခန့်ရှိပြီဖြစ်ကာ ဒေသခံပြည်သူများ၏တောင်းဆိုမှု၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ကြိုးပမ်းမှု၊ ဌာနဆိုင်ရာအသီးသီး၏ပူးပေါင်းဆောင်ရွက်မှုတို့ကို အစိုးရအဖွဲ့မှဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ပြန်လည်ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။....
(S/Dagon)
24/04/2026
ဒဂုံဆိပ်ကမ်းမြို့နယ် ကင်ဆာဆေးရုံ၌ပြုလုပ်သော စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသ်ို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်
၂၄. ဧပြီလ. ၂၀၂၆
ရန်ကုန်တုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ ရွှေပြည်စိုး (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးအေးပိုင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးဇွဲရန်နိုင်(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ ဦးခင်မောင်ဝင်း (မြို့နယ်ပါတီဥက္ကဋ္ဌ) တို့သည် ယနေ့နံနက်(၉)နာရီ၌ ကင်ဆာဆေးရုံကြီး(ဒဂုံဆိပ်ကမ်းမြို့နယ်)တွင် ပြုလုပ်သော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရေဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ တတိယအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
24/04/2026
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် တက်ရောက်
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ (၂၄)ရက်၊ သောကြာနေ့
ယနေ့ နံနက်(၉း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ပါတီ ကော်မတီဝင်များ နှင့်ရပ်ကွက်ပါတီ ကော်မတီဝင်များအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပွဲသို့ တိုင်းပါတီကော်မတီ၀င်(နယ်မြေတာ၀န်ခံ) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးသန်းစိုး ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကွက်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များမှ တက်ရောက်ကာ ပါတီရှေးလုပ်ငန်းစဥ်များ၊ရပ်ရွာအကျိုးပြုလုပ်ငန်းစဥ်များအတွက် ဆက်လက်ဆောင်ရွက်ရန်ဆွေးနွေးတိုင်ပင်ကြကာတွေ့ဆုံပွဲကိုနေ့လည်(၁၁း၃၀)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
North Dagon Media
24/04/2026
ပြည်ခိုင်ဖြိုးပါတီ (ဒဂုံမြို့သစ်ခရိုင်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဌ (ယာယီ) တက်ရောက်
၂၄ ဧပြီလ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတ်ီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပါတီရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးကို ညနေ(၅:၃၀)အချိန်ခန့်တွင် စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ(ယာယီ)မှ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ဆောင်ရွက်သွားရမည့် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ လူထုအကျိုးပြုလုပ်ငန်းရပ်များ နှင့် မြို့နယ်ပါတီရုံးများနေ့စဥ်ဖွင့်လှစ်ထားရှိ၍ ပါတီလုပ်ငန်းစဥ်များဆောင်ရွက်သွားရှိနိုင်ရေးတို့အတွက် လမ်းညွှန်အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပါတီဥက္ကဌ မှ ဒဂုံမြို့သစ်ခရိုင်အတွင်း ပါတီနှင့်ကိုယ်စားလှယ်များ လက်တွဲပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီးဖြစ်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရန် စီစဥ်ဆောင်ရွက်ထားသော လုပ်ငန်းစဥ်များ နှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားရှိ၍ ပြည်သူ့အသံများကို နားထောင်နိုင်စေရန်၊ ပြည်သူ့လိုအပ်ချက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်စီစဥ်ထားရှိမှု အခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ရာ
တက်ရောက်လာသော မြို့နယ်ပါတီဥက္ကဌများမှလည်း မိမိတို့မြို့နယ်အတွင်းဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များချမှတ်၍ ညနေ(၆:၃၀)အချိန်ခန့်တွင် အစည်းအဝေးအောင်မြင်စွာပြီးဆုံးခဲ့သည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသဥက္ကဌ(ယာယီ) ဒေါက်တာနေလင်း၊ ခရိုင်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊ ခရိုင်အတွင်းရေးမှုး ဦးဝဏ္ဍမျိုး နှင့် ခရိုင်ကော်မတီဝင်များဖြစ်ကြသော ဦးမြင့်ခိုင်(ဒဂုံအရှေ့ပိုင်းဥက္ကဌ) ၊ ဦးသန်းစိုး(ဒဂုံမြောက်ပိုင်းဥက္ကဌ)၊ ဦးခင်မောင်ဝင်း(ဒဂုံဆိပ်ကမ်းဥက္ကဌ)၊ ဦးဇော်ရဲထွဋ် နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပါတီ အတွင်းရေးမှုး ဦးမြင့်အောင်တို့ တက်ရောက်ခဲ့ကြသည်။
(S/Dagon)