Yangon Guardian Army - YGA

Yangon Guardian Army - YGA

Share

F**k you Dictator

03/02/2023

| စကစ ရဲ့ တရားမဝင်ဟန်ပြရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြ

နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မ လုယူထားသည့် တရားမဝင်စစ်ကောင်စီကကျင်းပပြုလုပ်မည့် တရားမဝင်ဟန်ပြရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် CDM UG STUDENTS နှင့် Yangon Guardian Army(YGA) တို့မှ လူငယ်များက ရဲစခန်းတစ်ခု၏မျက်နှာစာတွင် သပိတ်ပိုစတာချိတ်ဆွဲ၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။

CDM UG STUDENTS နှင့် Yangon Guardian Army(YGA) အဖွဲ့တို့မှ တော်လှန်ရေးကာလပြီးဆုံးသည်အထိ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်....

အရေးတော်ပုံအောင်နေပြီ ....


30/01/2023

| ကျဆုံးခဲ့သော‌တော်လှန်ရေးရဲဘော်များအား ဦးညွှတ်အလေးပြုခြင်း

နွေဦးတော်လှန်ရေး ကာလအတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေး၍ စစ်အာဏာရှင်သူပုန်တို့အား တွန်းလှန်တိုက်ထုတ်ခဲ့ကြသော တော်လှန်ရေးရဲဘော်အပေါင်းတို့အား နွေဦးတ်ေလှန်ရေး (၂ ) နှစ်ပြည့်မှာ သတိရလွမ်းစွတ်စွာဖြင့် အလေးနီပြုပါသည် ...

CDM UG STUDENTS နှင့် Yangon Guardian Army(YGA) အဖွဲ့တို့မှ တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့သော နေရာအချို့၌ အမှတ်တရ ပန်းပွင့်ချ၍ အလေးနီပြုခဲ့ပါသည်။

CDM UG STUDENTS နှင့် Yangon Guardian Army(YGA) အဖွဲ့တို့မှ တော်လှန်ရေးကာလပြီးဆုံးသည်အထိ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်....

အရေးတော်ပုံအောင်နေပြီ ....


31/08/2022

Token to Gun Campaign ဖျက်သိမ်းကြောင်း YGA အဖွဲ့ဝင်ရဲဘော်များမှ အသိပေးတောင်းပန်စာ

07/08/2022

Yangon Guardian Army (YGA)

မဟာမိတ်ကြေငြာခြင်း
( ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ (၇) ရက် )

Yangon Guardian Army -YGA သည် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖျက်ခြေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးတို့တွင် အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ရန်ရည်ရွယ်၍ YOMA AYA People's Defense Force နှင့် ယနေ့မှစ၍ ညီနောင်မဟာမိတ် အဖြစ်လက်တွဲကာ အချင်းချင်းပံ့ပိုးကူညီပြီး စစ်အာဏာရှင် စနစ်ကျဆုံးသွားသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဤမဟာမိတ်ကြေငြာစာဖြင့် ပြည်သူသို့ အသိပေးကြေငြာအပ်ပါသည်။

ကျွန်ုပ်တို့ ညီနောင်မဟာမိတ်များသည် မဟာမိတ်အဖြစ်လက်တွဲပူး‌ပေါင်းခဲ့သည်မှာ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ပါသော်လည်း မလိုလားအပ်သောပြဿနာများ၊ လုံခြုံရေးဆိုင်ရာအခက်အခဲများနှင့် လျှိ့ဝှက်ထားသင့်သော အချိန်ကာလတစ်ခုသို့ရောက်ရှိနေခြင်းတို့ကြောင့် ယခုမှသာပြည်သူသို့ တရားဝင်အသိပေးကြေငြာရခြင်းဖြစ်ပါကြောင်း လေးစားစွာအသိ‌ပေးကြေငြာအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးအဖွဲ့
Yangon Guardian Army (YGA)
#မဟာမိတ်ကြေငြာချက်

01/07/2022

| Token to Gun Campaign (နွေဦးတုံကင်ကမ်ပိန်း)

Token တစ်ခုကနေသေနတ်ဖြစ်လာနိုင်မယ့် ကမ်ပိန်းတစ်ခုနဲ့ ပြည်သူများကိုမိတ်ဆက်ပေးပါရစေခင်ဗျ၊
အဲ့ဒါကတော့ နွေဦးတုံကင်ကမ်ပိန်း (Token to Gun Campaign) ပဲဖြစ်ပါတယ် ...

စစ်ပွဲတစ်ပွဲမှာ သတင်းအချက်အလက်က အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်သလို ပြည်သူများရဲ့ပါဝင်‌လှူဒါန်းမှု ဟာလည်း ကျွန်တော်တို့လို တော်လှန်ရေးတပ်ဖွဲ့များအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။

ဒီကမ်ပိန်းမှာ $30 တန် Parker ဖောင်တိန် တစ်ချောင်း၊ 28$ တန် စာအုပ်တစ်အုပ်နဲ့ Yamaha FZ V3. EFI system 150cc 2020 model တစ်စီးတို့ကို မြန်မာကျပ်ငွေ (၁၀၀၀၀/-) ကျပ်ထဲနဲ့ Token ဝယ်ယူပြီးပါဝင်ကံစမ်းရင်း ပြည်သူ့တော်လှန်ရေးအတွက်ပါဝင်ကူညီနိုင်မှာလည်းဖြစ်ပါတယ် ...

Token တစ်ခုကို မြန်မာကျပ်ငွေ (၁၀၀၀၀/-) ကျပ်အဖြစ်သတ်မှတ်ထားပြီး Token ပေါင်း (၅၀၀) တိတိကိုရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်၊ လက်မှတ်များကို (၂.၇.၂၀၂၂) ရက်နေ့ မနက်ဖန် ည(၇:၀၀) နာရီမှစတင်ကာ နေ့စဉ် ည(၇:၀၀) မှ(၉:၀၀) နာရီအထိ လက်မှတ်များကို ‌ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Campaign ကာလကိုသုံးပတ်တိတိ သတ်မှတ်ထားပြီး ( ၂၃.၈.၂၀၂၂ ) ရက်နေ့မှာ Tokenများကိုမဲနှိုက်ပေးသွားမှာလည်းဖြစ်ပါတယ်။ ပါဝင်ကံစမ်းလိုသောပြည်သူများအနေဖြင့် Messenger Chat box ကတဆင့်ပါဝင်ကံစမ်းနိုင်မှာဖြစ်ပြီး ဝယ်ယူသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ သတင်းအချက်အလက်မပေါက်ကြားစေရန်အတွက်လည်းအထူးဆောင်ရွက်သွားမှာဖြစ်ပါတယ် ...

ဝယ်ယူအားပေးကံစမ်းကြမည့် ပြည်သူတစ်ဦးချင်းစီ၏ ထောက်ပံ့လှူဒါန်းငွေများကို အထူးတန်ဖိုးထားသည့်အနေဖြင့် လိုအပ်သည့် လက်နက်များကို စနစ်တကျဝယ်ယူသွားမှာလည်းဖြစ်ပါတယ်...

ဒါကြောင့်တော်လှန်ရေးအတွက်တစ်ထောင့်တစ်နေရာကနေမပါဝင်လိုက်ရပဲမဖြစ်မရလေအောင် နွေဦးတုံကင်ကမ်ပိန်းကိုပါဝင်ကံစမ်းရင်း $30 တန် Parker ဖောင်တိန် တစ်ချောင်း၊ 28$ တန် စာအုပ်တစ်အုပ်နဲ့ Yamaha FZ V3. EFI system 150cc 2020 model တစ်စီးတို့ကိုရယူလိုက်ကြပါ ...

အရေးတော်ပုံ အောင်နေပြီ
တော်လှန်ရေးရောင်ခြည် သန်းနေပြီ ...
Yangon Guardian Army - YGA

17/06/2022

ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခြင်း

၂၀၂၂ ခုနှစ် ၊ ဇွန်လ (၁၇) ရက်။

Yangon Guardian Army – YGA မှ ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော် ကိုလင်း သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်‌နေ့အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ၊ ဗိုလ်ရာညွန့်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ လူယုတ်မာတစ်စုအား ကြိုးစားတိုက်ပွဲဝင်ရင်း အသက်ပေးလှူကျဆုံးခဲ့ရပါသည်။ ကျွန်ုပ်တို့အနေဖြင့် အသက်ပေးလှူခဲ့ရသော ရဲဘော် ကိုလင်း အတွက်မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲကြရပါသည်။

နွေဦးတော်လှန်ရေးပြည်သူ့တိုက်ပွဲအတွင်း အမှန်တရားဓမ္မအတွက် ကြိုးစားတိုက်ပွဲဝင်ရင်း အသက်ပေးလှူ ကျဆုံးခဲ့ရသော ရဲဘော် ကိုလင်းအား ကျွန်ုပ်တို့ Yangon Guardian Army – YGA မှ ယနေ့မှစ ပြည့်သူ့တော်လှန်းရေး ပြည်သူ့အာဇာနည်သူရဲကောင်းတစ်ဦးအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။ ပြည်သူ့အာဇာနည်သူရဲကောင်း ရဲဘော် ကိုလင်း၏ မပြီးပျက်သေးသော အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖျက်တိုက်ထုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး တာဝန်များကို ကျန်ရှိနေသော ကျွန်ုပ်တို့ရဲဘော်များမှ ပြီးဆုံးသည်ထိ ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း သစ္စာဆိုကတိပြုအပ်ပါသည်။ ပြည်သူ့အာဇာနည်သူရဲကောင်း။ ရဲ‌ဘော်ကိုလင်း၏ အနစ်နာခံပေးဆပ်မှုအတွက် ကျွန်ုပ်တို့မှ အလေးနီပြုဦးညွှတ်အပ်ပါသည်။

ပြည်သူ့အာဇာနည်သူရဲကောင်း ရဲဘော်ကိုလင်း ကောင်းရာသုဂတိ လားပါစေ။

Yangon Guardian Army - YGA

#ရဲ‌‌ေဘာ်ကိုလင်း #ကျဆုံး #ဝမ်းနည်းကြောင်းသဝတဏ်လွှာ

06/06/2022

အထူးကျေးဇူးတင်ရှိပါကြောင်းဂုဏ်ပြုမှတ်တမ်းတင်ခြင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်​ချေမှုန်းတိုက်ခိုက်နိုင်​ရေးအတွက် ရဲဝံ့ပြတ်သားယုံကြည်စိတ်ချစွာ ပါဝင်အားဖြည့်လှူဒါန်း‌ထောက်ပံ့ပေးပါသော (နွေဦးတော်လှန်ရေး အကျိုးဆောင်အဖွဲ့) အား ကျေးဇူးတင်ရှိပါကြောင်း ဤမှတ်တမ်းလွှာဖြင့် အထူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အ​ရေး​တော်ပုံ​ အောင်နေပြီ✊

သတင်းမှတ်တမ်းနှင့်ဓာတ်ပုံ
Information & Communication Team
Yangon Guardian Army - YGA

31/05/2022

တိုက်ဆိုင်မှု့မဟုတ်ဘူး ဖန်တီးယူတဲ့ တိုက်ခိုက်မှု့

၁ ။ ဘာသာခြား ( Islam ) လူမျိုးတို့အများစုနေထိုင်ရာနေရာ

၂ ။ အရပ်သားများသာရှိ​တဲ့ လူစည်ကားသော
Bus ကားမှတ်တိုင်

၃ ။ အာစီယံကိုယ်စားလှယ် လာရောက်တော့မည့်အချိန်

၄ ။ ဝါဒဖြန့် ဖုန်းနံပတ်ပါ စာ အတု ထုတ်ပြန်ပြီး စကစအသိုင်း အဝိုင်းမှ အချိန်ကိုက် ဖြန့်ဝေနေခြင်း

၅ ။ စခများအခင်းဖြစ်နေရာအား ထိန်းချုပ်ပြီးမှ ၎င်း တို့အား အထိခိုက်မရှိ ပေါက်ကွဲခဲ့သော ဒုတိယ တစ်လုံး

(YGA)

31/05/2022

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဘားလမ်း ဗုံးပေါက်ကွဲမှု့ကို Yangon Guardian Army - YGA အနေဖြင့် အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ ပြည်သူကိုသေအောင်ထိခိုက်အောင်လုပ်မှု့များကိုလဲ YGAအနေနဲ့ စကစ ထောက်တိုင်များ ပျူစောထီး သွေးသောက်များကို ပြန်လည်သွေးကြွေးပြန်ယူပါမည် ကျတော်တို့သစ္စာဆိုထားတဲ့အတိုင်း ပြည်သူ၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။ ပြည်သူများလဲ မြို့ပြပျောက်ကြားအဖွဲ့များ၏ ကြေညာချက်များကို လိုက်နာစေချင်ပါသည်။ ​သွေးကြွေးပြန်ယူမည်✊
အရေးတော်ပုံအောင်ရမည်✊✊🏻✊🏻
(YGA)

28/05/2022

မဟာမိတ်ကြေငြာခြင်း

( ၂၀၂၂ ခုနှစ် ၊ မေလ (၂၆) ရက် )

Yangon Guardian Army -YGA သည် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖျက်ခြေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးတို့တွင် အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ရန်ရည်ရွယ်၍ UG Supporter Group (USG) နှင့် ယနေ့မှစ၍ ညီနောင်မဟာမိတ် အဖြစ်လက်တွဲကာ အချင်းချင်းပံ့ပိုးကူညီပြီး စစ်အာဏာရှင် စနစ်ကျဆုံးသွားသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဤမဟာမိတ်ကြေငြာစာဖြင့် အသိပေးကြေငြာအပ်ပါသည်။

သတင်းမှတ်တမ်းနှင့်ဓာတ်ပုံ
Information & Communication Team
Yangon Guardian Army - YGA

27/05/2022

အထူးကျေးဇူးတင်ရှိပါကြောင်းဂုဏ်ပြုမှတ်တမ်းတင်ခြင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်​ချေမှုန်းတိုက်ခိုက်နိုင်​ရေးအတွက် ရဲဝံ့ပြတ်သားယုံကြည်စိတ်ချစွာ ပါဝင်အားဖြည့်လှူဒါန်း‌ထောက်ပံ့ပေးပါသော UG Supporter Group (USG) အား ကျေးဇူးတင်ရှိပါကြောင်း ဤမှတ်တမ်းလွှာဖြင့် အထူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အ​ရေး​တော်ပုံ​ အောင်နေပြီ✊

သတင်းမှတ်တမ်းနှင့်ဓာတ်ပုံ
Information & Communication Team
Yangon Guardian Army - YGA

Photos from Yangon Guardian Army - YGA's post 24/05/2022

အထူးကျေးဇူးတင်ရှိပါကြောင်းဂုဏ်ပြုမှတ်တမ်းတင်ခြင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်​ချေမှုန်းတိုက်ခိုက်နိုင်​ရေးအတွက် ရဲဝံ့ပြတ်သားယုံကြည်စိတ်ချစွာ ပါဝင်အားဖြည့်လှူဒါန်း‌ထောက်ပံ့ပေးပါသော အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ဤမှတ်တမ်းလွှာဖြင့် အထူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အ​ရေး​တော်ပုံ​ အောင်နေပြီ✊

သတင်းမှတ်တမ်းနှင့်ဓာတ်ပုံ
Information & Communication Team
Yangon Guardian Army - YGA

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon