21/05/2026
မြန်မာနိုင်ငံ ကိုယ်စားပြု Team Zanaka အသင်းအနေဖြင့် မကြာခင် နိုင်ငံအသီးသိီးမှာ Asian Games Qualifier ကို သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်ပါသည်။
Team Zanaka အသင်းသားများအားလုံး အကောင်းဆုံးယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ပါစေကြောင်း မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) မှ ဆုတောင်းအပ်ပါသည်။
"
"The Zanaka Identity "
Game title မတူကြပေမယ့် Team Zanaka Players အားလုံးရဲ့ ရည်မှန်းချက်ကတော့ တစ်ခုတည်းပါပဲ။
ထိုအရာကတော့ Myanmar Esports ကို International Stage ပေါ်မှာ အကောင်းဆုံး ကိုယ်စားပြုဖို့ပဲဖြစ်ပါတယ်။
Zanaka MLBB Team က Singapore မှာကျင်းပမယ့် National Qualifier ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး Zanaka HOK Team က Malaysia � မှာ PUBGM Team ကလည်း Vietnam မှာ Myanmar ကိုယ်စားပြုအနေနဲ့ အားကုန်ထုတ်သွားမှာဖြစ်ပါတယ်။ 🇸🇬🇲🇾🇻🇳
National Qualifier တွေကိုတော့ June 13 ကနေ 21 အတွင်းသက်ဆိုင်ရာ နိုင်ငံအသီးသီးမှာကျင်းပသွားမှာဖြစ်ပြီး ဒီသုံးသင်းက အထက်ပါ National Qualifier တွေမှာအနိုင်ရပြီးမှသာ ဂျပန်နိုင်ငံ Nagoya မြို့ရဲ့ Asian Game မှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ချွင်းချက်အနေနဲ့ E Football Mobile & Console Teams တွေဟာ National Qualifier ဆော့စရာမလိုဘဲ Asian Games အတွက် Direct Qualification ရရှိထားပြီး Japan နိုင်ငံ Nagoya အထိ တိုက်ရိုက်တက်
ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပါတယ်။ 🇯🇵🏆
ဒီ Journey တွေက Tournament တစ်ခုချင်းစီအတွက်သာ မဟုတ်ပါဘူး။Myanmar Esports ရဲ့ အလားအလာကို ကမ္ဘာ့စင်မြင့်ပေါ်မှာ ပြသဖို့အတွက်ပါ။
အသင်းတိုင်း၊ Player တိုင်း၊ Match တိုင်းမှာ Team Zanaka ရဲ့ Pride ကို သယ်ဆောင်ပြီး�နိုင်ငံကိုယ်စားပြုအနေနဲ့ အကောင်းဆုံးကြိုးစားသွားကြမှာလည်းဖြစ်ပါတယ်။
""The Undying Flame 🔥""
"
19/05/2026
FIFAe Console Regional Qualifier Week 2 Knockout Stage တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စားပြုအသင်း၏ ရလဒ်များ ထွက်ပေါ်လာပါပြီ။
လက်ရှိ Week 2 တွင် မြန်မာအသင်းသည် Quarter Final အဆင့်တွင် ရှုံးနိမ့်ခဲ့ရပြီး အဆင့် ၃ တွင် ဆက်လက်ရပ်တည်လျက်ရှိပါသည်။
ကျန်ရှိနေသေးသည့် Week 3 ပွဲစဉ်များတွင်လည်း အစွမ်းကုန် လက်စွမ်းပြပြီး အောင်မြင်မှုများ ရယူနိုင်ရန် အတူတကွ အားပေးစောင့်ကြည့်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။
14/05/2026
FIFAe World Cup 2026: Regional Qualifier Console Week 2 တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စားပြုအသင်း၏ ပွဲစဉ်ရလဒ်များ ထွက်ပေါ်လာပါပြီ။
လက်ရှိတွင် မြန်မာအသင်းသည် (၃) ပွဲနိုင်၊ (၂) ပွဲရှုံးရလဒ်နှင့် ရပ်တည်လျက်ရှိပြီး ယနေ့ ညနေ (၄:၃၀) တွင် ကျင်းပမည့် Knockout Stage ပွဲစဉ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။
ရှေ့ဆက်မည့် ပွဲစဉ်များတွင်လည်း အောင်မြင်မှုများ ဆက်လက်ဖော်ဆောင်နိုင်ရန် အတူတကွ အားပေးစောင့်ကြည့်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။
12/05/2026
Only the Strong Advanced⛹️
FIFAe World Cup 2026 Console ၏ Week (2) Regional Qualifier ပွဲစဉ်များ မနက်ဖြန်တွင် စတင်ယှဉ်ပြိုင်သွားပါမည်။ မြန်မာကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် Group B ပွဲချိန်များကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။
အဆိုပါပွဲစဉ်များကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့၏ တရားဝင် page နှစ်ခုမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သောကြောင့် မြန်မာကိုယ်စားပြုအသင်း၏ ခရီးစဉ်အတွက် အတူတကွ အားပေးစောင့်ကြည့်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
FIFAe World Cup 2026 Regional Qualifier
Group B (Console) - 4:30 PM - 6:45 PM
09/05/2026
Romeo and Mernatt are ready for SNC 2026 Final Day! 🔥🇲🇲
08/05/2026
Final Day Alert🚨‼️
SEA Esports Nations Cup 2026 ၏ နောက်ဆုံးနေ့ပွဲစဉ်များကို မနက်ဖြန် မေလ (၉) ရက်နေ့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ မြန်မာကိုယ်စားပြုအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည့် PUBG MOBILE,Total Football နှင့် Tram Fight Tactics ပွဲစဉ်များကို အတူတကွ အားပေးကြည့်ရှုနိုင်ပါသည်။
အဆိုပါပြိုင်ပွဲများကို SEAEF- Southeast Asia Esports Federation ၏ တရားဝင် page မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သောကြောင့် မြန်မာကိုယ်စားပြုအသင်းများ၏ ခရီးစဉ်အတွက် အတူတကွ အားပေးစောင့်ကြည့်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
SEA Esports Nations Cup Schedule 📆
7:30 AM - PUBG Mobile Individual Event
9:30 AM - PUBG Mobile Duo Event
10:30 PM - Total Football Group Stage
1:30 PM - Team Fight Tactics Women Event