Hlawga Park

Hlawga Park

Share

Hlawga Park is an open zoo in Myanmar's Yangon, that was established in 1989. The safari area of ​​Hlawkar Park is 818 acres. The mini zoo has 62 acres.

23/05/2026

‎🐢 မေလ (၂၃) ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့လိပ်များနေ့ (World Turtle Day)" ကို ကြိုဆိုပါရစေ 🐢

‎လိပ်တွေဟာ ကမ္ဘာမြေပေါ်မှာ ရှေးအကျဆုံးနဲ့ အထူးခြားဆုံး သတ္တဝါတွေထဲက အပါအဝင် ဖြစ်ပါတယ်။ သူတို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ရှေးလွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၂၀၀) ကျော်၊ ဒိုင်နိုဆောတွေ မပေါ်ခင် Paleozoic Era ခေတ်အတွင်းကတည်းက ကမ္ဘာမြေပေါ်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့တဲ့ ရှေးကျတဲ့ တွားသွားသတ္တဝါတွေ (Primitive Reptiles) ကနေ ဆင့်ကဲပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၂၆၀) ခန့်ကတည်းက ဒီနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားလာခဲ့ကြတာပါ။

‎💡 ကုန်းလိပ် (Tortoise) နဲ့ ရေလိပ် (Turtle) ကို ဘယ်လိုခွဲခြားမလဲ။
‎လိပ်တွေကို သူတို့ရဲ့ နေထိုင်ကျက်စားရာနေရာ၊ အလေ့အထနဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေအပေါ် မူတည်ပြီး အလွယ်တကူ ခွဲခြားနိုင်ပါတယ်။

‎ကုန်းလိပ် (Tortoise) ကုန်းမြေပေါ်မှာပဲ ကျက်စားနေထိုင်ကြပြီး၊ အများစုဟာ အသီးအရွက်စားတဲ့ လိပ်တွေ (Mostly Vegetarian) ဖြစ်ကြပါတယ်။

‎ရေလိပ် (Turtle) ရေထဲမှာ ကျက်စားနေထိုင်ကြပြီး အစုံစား (Generally Omnivores) လိပ်တွေ ဖြစ်ကြပါတယ်။ ရေလိပ်တွေရဲ့ ခြေချောင်းလေးတွေကို အရေပြားတွေနဲ့ ဆက်သွယ်ထားပြီး ဘဲခြေထောက်လို ရေယက်တွေ ပါရှိတာကြောင့် ကုန်းလိပ်တွေနဲ့ သိသိသာသာ ကွဲပြားပါတယ်။

‎ရေချိုလိပ် (Fresh Water Turtle) မြစ်၊ ချောင်းတွေမှာ နေထိုင်ကြပါတယ်။ (ခွံမာရေလိပ်တွေကို Terrapin လို့လည်း ခေါ်ပါတယ်။)

‎ပင်လယ်လိပ် (Sea Turtle) ပင်လယ်ရေငံထဲမှာ ကျက်စားနေထိုင်ကြပါတယ်။

‎ထူးခြားချက်အနေနဲ့- လိပ်တွေရဲ့ ပါးစပ်မှာ သွားတွေ မပါရှိပါဘူး။ ဒါပေမဲ့ အရိုးလို မာကြောတဲ့ နှုတ်ခမ်းတွေနဲ့ အစာကို ကိုက်ဖြတ် စားသောက်ကြတာ ဖြစ်ပါတယ်။

‎⚠️ ဖိုးသက်ရှည်လိပ်တို့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုများ
‎လိပ်တွေဟာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ဟန်ချက်ညီဖို့အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ လူသားတွေရဲ့ ပယောဂကြောင့် လိပ်မျိုးစိတ်များစွာဟာ-
‎❌ နေရင်းဒေသများ ပျက်စီးခြင်း
‎❌ ပတ်ဝန်းကျင်နဲ့ လေထုနှင့် ရေထုညစ်ညမ်းခြင်း
‎❌ အလွန်အကျွံ အမဲလိုက်/စုဆောင်းခံရခြင်း
‎❌ တရားမဝင် အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းဝယ်ဖောက်ကားခြင်း
‎❌ ကမ္ဘာ့ရာရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း... စတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။

‎ကမ္ဘာဦးအစကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အစားအစာကွင်းဆက်ညှိနှိုင်းမှုမှာ အရေးကြီးတဲ့ သဘာဝမိတ်ဆွေလိပ်တွေဟာ လူသားတွေနဲ့အတူ ယှဉ်တွဲနေထိုင်လာပြီး သဘာဝတရားရဲ့ အကျိုးကို သယ်ပိုးပေးနေတဲ့ "ဖိုးသက်ရှည်လိပ်များ" ကမ္ဘာတည်သရွေ့ ဆက်လက်ရှင်သန် တည်တံ့နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်နေပါပြီ။

‎မိမိတို့ တိရစ္ဆာန်ဥယျာဉ်များတွင်လည်း မြန်မာနိုင်ငံဒေသရင်း လိပ်မျိုးစိတ်များအပြင် ဒေသတွင်းရှိ လိပ်မျိုးစိတ်များကိုပါ စနစ်တကျ မွေးမြူထိန်းသိမ်း စောင့်ရှောက်ပြသထားရှိပါကြောင်း "ကမ္ဘာ့လိပ်များနေ့" ကို ဂုဏ်ပြုရင်း ဗဟုသုတအဖြစ် မျှဝေလိုက်ရပါတယ်။

‎📌 အထူးမေတ္တာရပ်ခံချက် (မှတ်ချက်)
‎မြန်မာလူမျိုးတွေဟာ အခါကြီးရက်ကြီးနေ့တွေမှာ "ဇီဝိတဒါန" အလှူအနေနဲ့ လိပ်တွေကို ဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။ အဲဒီလို လွှတ်တဲ့အခါမှာ "ကုန်းလိပ်ကို ကုန်းမှာလွှတ်ပြီး၊ ရေလိပ်ကို ရေမှာလွှတ်ပေးကြပါ" လို့ အထူးပဲ မေတ္တာရပ်ခံအပ်ပါတယ်။ (ရေထဲကို ကုန်းလိပ်ကြီးတွေ မှားလွှတ်မိရင် ရေမကူးတတ်တဲ့အတွက် အသက်အန္တရာယ် ရှိနိုင်လို့ပါရှင့်။)

‎🐢 Warmest welcome to "World Turtle Day" on May 23rd! 🐢

‎Turtles are among the oldest and most unique creatures on Earth. Looking back at their history, they evolved from primitive reptiles that successfully set foot on Earth over 200 million years ago during the Paleozoic Era, even before the appearance of dinosaurs. They have survived and reproduced for ages, tracing their origins back to around 260 million years ago to the present day.

‎💡 How to differentiate between a Tortoise and a Turtle?
‎Turtles and tortoises can be easily distinguished based on their habitats, habits, and distinct physical characteristics.
‎Tortoise: They live exclusively on land and are mostly vegetarians (herbivores).
‎Turtle: They live in water and are generally omnivores (eating both plants and meat). Their toes are connected by skin, forming webbed feet like a duck's, which makes them noticeably different from tortoises.
‎• Freshwater Turtle: They live in rivers and streams. (Hard-shelled freshwater turtles are also known as Terrapins.)
‎• Sea Turtle: They live in the saltwater of oceans and seas.
‎Fun Fact: Turtles and tortoises do not have teeth in their mouths! Instead, they cut and chew their food using sharp, bone-like ridges along their jaws.

‎⚠️ Threats Faced by the Long-Lived Giant
‎Turtles and tortoises play a vital role in maintaining the balance of our natural ecosystem. However, due to human activities today, many species are facing life-threatening challenges, including:
‎❌ Habitat destruction
‎❌ Air and water pollution
‎❌ Overhunting and overharvesting
‎❌ Illegal wildlife trade as exotic pets
‎❌ Global climate change
‎🌳 Since ancient times, turtles have lived together with humans as natural friends that are important for protecting the environment and keeping the food chain balanced. These long-living turtles help nature, so we all need to work together to protect them and help them continue to live and survive forever

‎📌 Special Request (Note)
‎In Myanmar culture, people traditionally release turtles as a "Zivita Dana" (the gift of life) charity on auspicious days.
‎When doing so, we earnestly request you to "Release tortoises on land, and turtles into the water." (If a tortoise is mistakenly thrown into deep water, it can drown as it cannot swim!)





‎ #ကမ္ဘာ့လိပ်များနေ့
‎ #ဝိုင်းဝန်းထိန်းသိမ်းစို့

22/05/2026

‎🌿🦋 Biodiversity Day – နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ (မေလ ၂၂ ရက်) 🌏

‎နှစ်စဉ် မေလ (၂၂) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ (International Day for Biological Diversity)” အဖြစ် ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အရေးပါမှုကို လူထုသတိပြုမိလာစေရန် ရည်ရွယ်ထားပါသည်။ 🌱

‎ဇီဝမျိုးစုံမျိုးကွဲဟူသည် ကမ္ဘာမြေပေါ်တွင် တည်ရှိနေသော သက်ရှိသတ္တဝါများ၊ အပင်များ၊ သစ်တောများ၊ မြစ်ချောင်းများ၊ အင်းဆက်ပိုးမွှားများနှင့် အဏုဇီဝပိုးမွှားများ အပါအဝင် သက်ရှိအားလုံး၏ စုံလင်ကွဲပြားမှုကို ဆိုလိုခြင်းဖြစ်သည်။ ကျန်းမာစိုပြည်သော ဇီဝမျိုးစုံမျိုးကွဲစနစ်သည် ဂေဟစနစ် မျှခြေကို ထိန်းသိမ်းရန်နှင့် လူသားတို့၏ ရပ်တည်ရှင်သန်မှုကို အထောက်အကူပြုရန်အတွက် မရှိမဖြစ် လိုအပ်လှပါသည်။ 🍃

‎မြန်မာနိုင်ငံသည်လည်း ကွဲပြားစုံလင်သော ဂေဟစနစ်များ၊ ထူးခြားဆန်းပြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် တန်ဖိုးရှိလှသော သဘာဝသစ်တောများ ပိုင်ဆိုင်ထားပြီး ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသော နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် ဆင်၊ ကျား၊ လိပ်၊ ကုန်းလိပ်များနှင့် ပရိုင်းမိတ်မျိုးစဉ်များ ကဲ့သို့သော ရှားပါးပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် တိရစ္ဆာန်အမြောက်အမြား ပေါကြွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ 🐘🐅🐢

‎သို့သော်လည်း ယခုအခါတွင် သစ်တောပြုန်းတီးမှု၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု၊ နေရင်းဒေသများ ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဇီဝမျိုးစုံမျိုးကွဲများသည် ကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ⚠️🌍

‎ဤနေရာတွင် တိရစ္ဆာန်ဥယျာဉ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ ရပ်တည်နေသည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ တောရိုင်းတိရစ္ဆာန်များအားကယ်ဆယ်ခြင်း မျိုးပွားခြင်းဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်းများ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းပညာပေးခြင်းတို့မှတစ်ဆင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများဖြစ်ကြပါသည်။ 🏞️🦓

‎ထိုသို့သော ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တိရစ္ဆာန်အများအပြားကို စနစ်တကျ ပြုစုစောင့်ရှောက်ကာကွယ်ပေးနိုင်သည့်အပြင် လာရောက်လည်ပတ်သူများကိုလည်း တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ နေရင်းဒေသများနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းခြင်းတို့၏ အရေးပါပုံကို အသိပညာပေး မျှဝေပေးလျက်ရှိပါသည်။ 💚

‎ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ခြင်းသည် တောရိုင်းတိရစ္ဆာန်များကိုသာ ကာကွယ်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ နေထိုင်ရာကမ္ဘာမြေ၊ လူမှုအသိုက်အဝန်းနှင့် အနာဂတ်မျိုးဆက်များကို ကာကွယ်ခြင်းပင် ဖြစ်ပါသည်။ 🌍✨

‎🌱 သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျှော့ချခြင်း
‎🌱 သဘာဝသစ်တောများ ထိန်းသိမ်းခြင်း
‎🌱 တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း
‎🌱 ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း

‎ဤကဲ့သို့သော သေးငယ်သည့် လုပ်ဆောင်ချက်များကပင် အနာဂတ်အတွက် ကြီးမားသော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးနိုင်ပါသည်။ 🌏🌱

‎🌏“သဘာဝတရားနှင့် ဟန်ချက်ညီညီ အတူယှဉ်တွဲ နေထိုင်ခြင်း” သည် ကမ္ဘာလုံးဆိုင်ရာ တာဝန်တစ်ရပ်သာမက နောင်မျိုးဆက်ပေါင်းများစွာအထိ ရေရှည်တည်တံ့ပြီး ကျန်းမာစိုပြည်သော ကမ္ဘာမြေကြီး ဖြစ်လာစေရန် ကျွန်ုပ်တို့အားလုံး အတူတကွ ဆောင်ရွက်သွားကြဖို့ Biodiversity Day မှာ တိုက်တွန်းပညာပေးရေးသားလိုက်ရပါသည်။ 🌳🤝

‎------------------------------------------------------

‎🌿🦋 International Day for Biological Diversity (22 May) 🌏

‎Every year on 22 May, the world celebrates the International Day for Biological Diversity to raise public awareness about the importance of protecting our environment and conserving wildlife. 🌱

‎Biodiversity refers to the variety of all living organisms on Earth, including animals, plants, forests, rivers, insects, and microorganisms. A healthy biodiversity system is essential for maintaining ecological balance and supporting human survival. 🍃

‎Myanmar is one of the countries rich in biodiversity, with diverse ecosystems, unique wildlife species, and valuable natural forests. Our country is home to many rare and endangered animals such as elephants, tigers, turtles, tortoises, and primates. 🐘🐅🐢

‎However, biodiversity is currently facing major threats due to deforestation, illegal wildlife trade, habitat destruction, climate change, and environmental pollution. ⚠️🌍

‎This is one of the reasons why zoos and environmental conservation organizations play an important role in wildlife rescue, breeding programs, research activities, and conservation education to protect endangered species. 🏞️🦓

‎Through these conservation efforts, endangered animals can be properly protected and cared for, while visitors also gain awareness about the importance of wildlife, their habitats, and conservation. 💚

‎Protecting biodiversity is not only about protecting wildlife but also about protecting our planet, our communities, and future generations. 🌍✨

‎🌱 Reduce environmental pollution
‎🌱 Protect natural forests
‎🌱 Avoid the use of illegal wildlife products
‎🌱 Participate in conservation activities

‎Even small actions can create meaningful changes for the future. 🌏🌱

‎🌏 “Living in harmony with nature” is not only a global responsibility but also a shared commitment to creating a sustainable and healthy planet for future generations. On this Biodiversity Day, let us work together to protect and conserve biodiversity. 🌳🤝











10/05/2026

လူသားတို့၏ ဘဝခရီးလမ်းကိုသာမက၊ သက်ရှိလောကတစ်ခုလုံး၏ ဘဝခရီးလမ်းကို မေတ္တာအလင်းဖြင့် လမ်းပြလျက်၊ နွေးထွေးသော ကရုဏာအရိပ်ဖြင့် ထွေးပွေ့စောင့်ရှောက်ခဲ့သော 'မိခင်' များသည် ဤလောကဝယ် အနှိုင်းမဲ့သော အနန္တဂုဏ်ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။

သားသမီးတို့၏ သုခကိုသာ ရှေးရှု၍၊ အနှိုင်းမဲ့သော ချစ်ခြင်းမေတ္တာတို့ဖြင့် ပေးဆပ်ပုံဖော်ပေးခဲ့သည့် မိခင်များ၏ ကျေးဇူးတရားသည် တိုင်းတာ၍မရနိုင်သော တန်ဖိုးတစ်ခုပင် ဖြစ်ပါတယ်။

ယနေ့ မေလ (၁၀) ရက်နေ့တွင် ကျရောက်သော အမေများနေ့ (Mother’s Day) အခါသမယတွင် ကမ္ဘာတစ်ဝှမ်းရှိ မိခင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကာ မိမိတို့ မြေတောင်မြှောက်ပေးခဲ့သည့် သားသမီးများ၏ အောင်မြင်မှုကို အေးချမ်းစွာ ကြည့်ရှုခံစားနိုင်ပါစေကြောင်း ရိုသေစွာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

သားသမီးများ၏ ဘဝအောင်မြင်မှုတိုင်းသည် မိခင်များ၏ မေတ္တာရိပ်အောက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အမြဲထာဝရ အောက်မေ့သတိရရင်း သဘာဝတရားနှင့် သက်ရှိလောကကို အလှဆင်ပေးသော မေတ္တာရှင် မိခင်များအားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။

#အမေများနေ့

09/05/2026

‎နှစ်စဉ် မေလနှင့် အောက်တိုဘာလ၏ ဒုတိယမြောက် စနေနေ့များကို “ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (World Migratory Bird Day)” အဖြစ် ကမ္ဘာတစ်ဝှမ်းတွင် သတ်မှတ်ကျင်းပလျက်ရှိပါသည်။


‎ဤနေ့၏ အဓိကရည်ရွယ်ချက်မှာ ဆောင်းခိုငှက်များ၏ ဂေဟစနစ်ဆိုင်ရာ အရေးပါမှုကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်လာစေရန်နှင့် ၎င်းတို့၏ နေရင်းဒေသများအား ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာများ မြှင့်တင်ပေးရန် ဖြစ်ပါသည်။


‎တိရစ္ဆာန်များသည် ရာသီအလိုက် တစ်ဒေသမှ တစ်ဒေသသို့ ရွှေ့ပြောင်းသွားလာ ကျက်စားခြင်းကို “ဆောင်းခိုခြင်း” သို့မဟုတ် “ရာသီအလိုက် ပြောင်းရွှေ့နေထိုင်ခြင်း” ဟု ခေါ်ဆိုကြပြီး ( Migrate) ငှက်များဆောင်းခိုရခြင်းမှာ ဆောင်းရာသီတွင် ယင်းတို့ ရှင်သန်ကျက်စားရာ နေရာများတွင် ရေခဲများဖုံးလွှမ်းလာခြင်း၊ အစာရေစာရှားပါးလာခြင်း၊ မျိုးပွားသားပေါက်ရန် အခက်အခဲဖြစ်လာ ခြင်း၊ ရာသီဥတုဆိုးရွားလာ ခြင်းတို့ကြောင့် ပူနွေးပြီး အစာရေစာပေါများသည့် ကမ္ဘာ့တောင်ဘက် ခြမ်းနေရာဒေသများသို့ ပြောင်းရွေ့နေထိုင်ကျက်စားကြပါသည်။


‎ဆောင်းခိုငှက်များ၏ ရွှေ့ပြောင်းနေထိုင်မှုသည် မျိုးပွားခြင်း၊ အစာရှာဖွေခြင်းနှင့် သားပေါက်များ ပြုစုစောင့်ရှောက်ခြင်းအတွက် အကောင်းဆုံးသော ဂေဟစနစ်အခြေအနေများကို ရှာဖွေလိုခြင်းကြောင့် ဖြစ်ပြီး ရာသီဥတုပူနွေးသည့်ဒေသများနှင့် အစားအစာပေါများသည့်ဒေသများသို့ ဘဝရှင်သန်ရေးအတွက် ရာသီအလိုက် အပြောင်းအလဲများကို အံဝင်ခွင်ကျ ဖြတ်သန်း၍ ပြောင်းရွှေ့နေထိုင်ကြရခြင်း ဖြစ်ပါသည်။


‎ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းကို Fly Way ဟုခေါ်ဆိုပြီး လမ်းကြောင်း (၉) ကြောင်းဖြင့် ပျံသန်းကြပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်ငှက်များသည့် အာရှအလယ် လမ်းကြောင်းနှင့် အရှေ့အာရှဩစတျေးလျ/ပစိဖိတ် ကျွန်းနိုင်ငံများပါဝင်သည့် လမ်းကြောင်းဟူ၍ လမ်းကြောင်း (၂) ကြောင်းတို့မှ ရောက်ရှိလာကြခြင်းဖြစ်ပါသည်။ ဆောင်းခိုငှက်များသည် နှစ်စဉ် အောက်တိုဘာလတွင် စတင်ရောက်ရှိလာကြပြီး မေလတွင် ၎င်းတို့နေထိုင်ရာဒေသသို့ လာရာ လမ်းကြောင်းများအတိုင်း ပြန်လည်ပျံသန်းသွားကြခြင်းဖြစ်ပါသည်။ ယခုအချိန် ပျံသန်းခြင်းမှာ ယင်းတို့မူရင်းဒေသများသို့ ပြန်လည်နေထိုင်ပြီး သားပေါက်ဖွားမှုများပြန်လည် ပြုလုပ်ရန်အတွက် ပျံသန်းကြခြင်းဖြစ်ပါသည်။


‎ဆောင်းခိုလာကြသည့်ငှက်များသည် ကီလိုမီတာထောင်ချီ ဝေးလံသည့် ခရီးစဉ်များကို ပျံသန်းလမ်းကြောင်းများအတိုင်း ဖြတ်သန်းသွားလာကြပြီး ခရီးတစ်လျှောက်တွင် “Stopover Sites” ဟုခေါ်သော အရေးကြီးသည့် နားခိုရာဒေသများ၌ ခေတ္တရပ်နားကာ အစာစား၍ စွမ်းအင်ပြန်လည်ဖြည့်တင်းပြီးမှ ခရီးဆုံးဒေသများသို့ ဆက်လက်ပျံသန်းကြပါသည်။


‎မြန်မာနိုင်ငံတွင်လည်း ဆောင်းရာသီကာလအတွင်း အင်းအိုင်များ၊ စိုစွတ်ဒေသများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများသည် ဆောင်းခိုငှက်များအတွက် အရေးပါသော နားခိုရာဒေသများအဖြစ် တည်ရှိနေပါသည်။ ထို့အပြင် ဆောင်းခိုငှက်တို့သည် ဂေဟစနစ်အတွင်း ပိုးမွှားထိန်းချုပ်ခြင်း၊ အပင်မျိုးပွားမှုကို အထောက်အကူပြုခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတို့တွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်လျက်ရှိပါသည်။


‎ထို့ကြောင့် “ကမ္ဘာ့ဆောင်းခိုငှက်များနေ့” ကို ကျင်းပခြင်းသည် ဆောင်းခိုငှက်များ၏ အရေးပါမှုကို သိမြင်စေရုံသာမက ၎င်းတို့၏ နေရင်းဒေသများကို ထိန်းသိမ်းကာကွယ်ရန် လူသားအားလုံး၏ တာဝန်ဝတ္တရားကိုလည်း သတိပေးနှိုးဆော်ပေးနေသော အရေးကြီးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်အား သိရှိနိုင်စေရန် မျှဝေလိုက်ရပါသည်။



‎Every year, the second Saturdays of May and October are celebrated worldwide as “World Migratory Bird Day.”

‎The main purpose of this day is to raise greater awareness about the ecological importance of migratory birds and to promote knowledge about the conservation and protection of their habitats.

‎The seasonal movement of animals from one region to another is called “migration” or “seasonal migration.” Birds migrate because, during winter, their habitats become covered with ice, food becomes scarce, breeding becomes difficult, and weather conditions become harsh. Therefore, they move to the warmer regions of the Southern Hemisphere where food is more abundant.

‎The migration of birds is driven by their need to find the best ecological conditions for breeding, feeding, and raising their young. To survive, they adapt to seasonal environmental changes by moving to warmer areas with plentiful food resources.

‎The routes used by migratory birds are called “flyways,” and there are nine major flyways worldwide. Birds arriving in Myanmar mainly travel through two flyways: the Central Asian Flyway and the East Asian–Australasian Flyway, which includes Australia and Pacific island nations. Migratory birds usually begin arriving in Myanmar in October and return to their breeding grounds in May by following the same migration routes. Their return journey is mainly for breeding and raising their young in their original habitats.

‎Migratory birds travel thousands of kilometers along these flyways. During their journey, they stop temporarily at important resting areas known as “stopover sites,” where they feed and regain energy before continuing to their final destinations.

‎In Myanmar, lakes, wetlands, and protected natural areas serve as important stopover and wintering habitats for migratory birds during the winter season. Migratory birds also play vital roles in ecosystems, including pest control, supporting plant reproduction, and conserving biodiversity.

‎Therefore, celebrating “World Migratory Bird Day” is not only about recognizing the importance of migratory birds, but also about reminding all people of their shared responsibility to conserve and protect the habitats on which these birds depend.







04/05/2026

✨ကုန်းနေသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်ကြီးတွေ တစ်နေ့တာ ဘာတွေစားသလဲ? 🐘

🐘လူအများ စိတ်ဝင်တစား မေးမြန်းလေ့ရှိကြတဲ့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့မှာရှိတဲ့ ဆင်ကြီးတွေရဲ့ အစာပြင်ဆင်ကျွေးမွေးပုံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးလိုပါတယ်ရှင်။

💚တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော အသီးအရွက်စား သတ္တဝါများထဲမှ ဆင်များကို အစာပြင်ဆင်ကျွေးမွေးရာတွင် အာဟာရပြည့်ဝမှု၊ ဘေးကင်းလုံခြုံမှုနှင့် သဘာဝဗီဇကို လှုံ့ဆော်ပေးနိုင်မှုတို့ ရရှိစေရန်အတွက် စနစ်တကျ စီမံဆောင်ရွက်ပေးလျက် ရှိပါတယ်။

🐘ဆင်များသည် အပင်စားသတ္တဝါများ ဖြစ်သည့် အလျောက် သဘာဝတောတောင်များထဲတွင် မြက်၊ အပင်ငယ်များ၊ ချုံပင်များ၊ သစ်သီးဝလံများ၊ သစ်ခေါက်နှင့် အပင်မြစ်များကို စားသုံးလေ့ရှိကြပါတယ်။ ဒါ့ကြောင့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ဆင်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန် သီးသန့်စနစ်တကျ ပြင်ဆင်ကျွေးမွေးလျက်ရှိပါတယ်။

🎯ဆင်များအတွက် အမျှင်ဓာတ် (Fiber) ရရှိမှုသည် အစာခြေစနစ်နှင့် သွားကျန်းမာရေး ကောင်းမွန်စေရန်အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် သဘာဝနှင့် လိုက်လျောညီထွေဖြစ်စေရန် မြက်စို၊ မြက်ခြောက်များအပြင် ဂျုံဖွဲ၊ ထန်းလျက်၊ ဆား၊ ငှက်ပျောသီးနှင့် မုန်လာဥများကိုလည်း မျှတစွာ ကျွေးမွေးလျက်ရှိပါတယ်။

📍ပြင်ဆင် ကျွေးမွေးရာတွင် အရွယ်အစားအလိုက် အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါတယ် -

အရွယ်ရောက်ဆင်တစ်ကောင်လျှင်: မြက်စို (၃၅၀) ပေါင်၊ ဂျုံဖွဲ (၅) ပေါင်၊ ထန်းလျက် (၁၀) ကျပ်သားနှင့် ဆား (၁၀) ကျပ်သား။

ဆင်ငယ်တစ်ကောင်လျှင်: မြက်စို (၃၀၀) ပေါင်၊ ဂျုံဖွဲ (၃) ပေါင်၊ ထန်းလျက် (၅) ကျပ်သားနှင့် ဆား (၅) ကျပ်သား …… တို့ကို မျှတစွာ ကျွေးမွေးလျှက်ရှိပါတယ်။

📌ထိန်းသိမ်းစောင့်ရှောက်ထားသော ဆင်များအတွက် လိုအပ်သည့် အာဟာရဓာတ်များ လုံလောက်စွာရရှိစေရန် ဗီတာမင် (Vitamin) နှင့် အမျှင်ဓာတ်များကို မျှတစွာ ကျွေးမွေးလျက်ရှိပါတယ်။ ဆင်များသည် အမျှင်ဓာတ်များသော အစားအစာများကို အမြောက်အမြား စားသုံးရသူများ ဖြစ်ကြသဖြင့် တစ်ခါတရံ အစာမကျေခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။

👉ဒါ့ကြောင့် ဝမ်းလွယ်ကူစွာ သွားနိုင်ရန်နှင့် အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်စင်ပေးနိုင်ရန်အတွက် တစ်ပတ်လျှင် တစ်ကြိမ် (ဆင် ၆ ကောင်အတွက် မန်ကျည်းသီး ၂ ပိဿာနှုန်းဖြင့်) အစာထဲတွင် ရောနှော၍ ထည့်သွင်း ကျွေးမွေးပါတယ်။

💁မန်ကျည်းသီးကျွေးခြင်းဖြင့် အစာဟောင်းများကို စွန့်ထုတ်ရ လွယ်ကူစေသည့်အပြင် ၎င်းတွင်ပါဝင်သော ဗီတာမင်စီ (Vitamin C) နှင့် အခြားသတ္တုဓာတ်များက ဆင်များ၏ ကိုယ်ခံအားစနစ်ကိုလည်း များစွာအထောက်အကူပြုစေပါတယ်။

🐘ဆင်များ၏ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် မျက်စဉ်းခပ်ပေးခြင်း၊ ခြေသည်းလက်သည်းများ သန့်ရှင်းရေးလုပ်ပေးခြင်း၊ အပတ်စဉ် အားဆေးတိုက်ကျွေးခြင်းနှင့် (၃) လတစ်ကြိမ် သံချဆေးတိုက်ကျွေးခြင်း စသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။

✌️ဒါ့ပြင် ဆင်တစ်ကောင်ချင်းစီ၏ အခြေအနေအပေါ်မူတည်၍ သီးခြားလိုအပ်ချက်များရှိပါက ဖြည့်စွက်စာ (Supplement) များ ထပ်မံတိုက်ကျွေးလေ့ရှိပါတယ်။ ကျွေးမွေးထားသည့် အစာများကို ကုန်စင်အောင် စားသောက်ခြင်း ရှိ၊ မရှိကိုလည်း အမြဲမပြတ် အကဲဖြတ်ပြီး ဆင်များ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ ထားရှိကာ အာဟာရ ပြည့်ဝစေရန် အနီးကပ် ကြီးကြပ်ကျွေးမွေးလျက် ရှိပါတယ်။

🍃သဘာဝတောတောင်များထဲတွင် နေထိုင်ကျက်စားလေ့ရှိသော ဆင်များသည် တစ်နေ့လျှင် (၁၆) နာရီမှ (၁၈) နာရီခန့်အထိ အချိန်ပေးကာ အစာစားတတ်သည့် သတ္တဝါများဖြစ်ပြီး၊ တစ်နေ့လျှင် အစာအလေးချိန် ပေါင် (၃၃၀) မှ (၃၇၅) ပေါင်ခန့်အထိ စားသုံးလေ့ရှိကြပါတယ်။

🍀ဆင်များသည် ကမ္ဘာပေါ်တွင် အရွယ်အစားအကြီးဆုံး ကုန်းနေနို့တိုက်သတ္တဝါများ ဖြစ်ပါတယ်။ ၎င်းတို့၏ နှာမောင်းတွင် ကြွက်သားအမျှင်ပေါင်း (၄၀,၀၀၀) ကျော် ပါဝင်သောကြောင့် အလွန်သန်မာကြပြီး ထူးခြားသော လက္ခဏာများမှာ ရှည်လျားသည့် နှာမောင်း၊ အစွယ်၊ ကြီးမားသည့် နားရွက်များနှင့် တုတ်ခိုင်လှသည့် ခြေထောက်များပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ဆင်တို့၏ အရေပြားမှာ ထူထဲသော်လည်း ထိတွေ့မှုကို ခံစားလွယ်ကြပြီး၊ အမြင်အာရုံ အားနည်းသော်လည်း အနံ့ခံအာရုံနှင့် အကြားအာရုံတို့မှာမူ လွန်စွာ ထူးကဲ ကောင်းမွန်ကြပါတယ်။

🐘ဆင်များသည် သဘာဝတောတောင်များထဲတွင် မြက်၊ အပင်ငယ်များ၊ ချုံပင်များ၊ သစ်သီးဝလံများ၊ သစ်ခေါက်နှင့် အပင်မြစ်များကို ရှာဖွေစားသောက်တတ်သည့် သဘာဝရှိပါတယ်။

❗️ဒါ့ကြောင့် တိရစ္ဆာန်ဥယျာဉ်များတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ဆင်များအတွက်လည်း သဘာဝအတိုင်း ရှာဖွေဖမ်းယူ စားသောက်တတ်သည့် အလေ့အထနှင့် လှုံ့ဆော်မှုများ ရရှိစေရန် Feeding Enrichment အစီအစဉ် အနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် မုန်လာဥနီ ၅၀ ကျပ်သားနှင့် ပြောင်းဖူး ၁၀ ဖူးတို့ကို ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်ကျွေးမွေးလျက်ရှိပါတယ်။

🙇‍♀️ယခုဖော်ပြပါ အချက်အလက်များသည် တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင်များ၏ တစ်နေ့တာ အာဟာရမှတ်တမ်းများမှတစ်ဆင့် အစာပြင်ဆင်ကျွေးမွေးပုံနှင့် ပတ်သက်၍ ဗဟုသုတရရှိနိုင်ရန် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

🙆ဆင်များ၏ တစ်နေ့တာ အာဟာရစနစ်၊ နေထိုင်မှုပုံစံနှင့် သဘာဝအလေ့အကျင့်များကို ပိုမိုအသေးစိတ် လေ့လာလိုပါက တိရစ္ဆာန်ဥယျာဉ်များသို့ လာရောက်လည်ပတ်ကြပါရန် နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်လိုက်ပါတယ်ရှင်။🎊

01/05/2026

👷‎Happy International Labours' Day


✍️‎​ယနေ့ မေလ ( ၁ ) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် လောကကြီးအား ပိုမိုကောင်းမွန်အောင် ထုဆစ်နေကြသည့် အလုပ်သမားများ၊ ဝန်ထမ်းများနှင့် ပညာရှင်များ အားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။


✨‎​အလုပ်သမားများ၊ ဝန်ထမ်းများနှင့် ပညာရှင်များ အားလုံး ခွန်အားသစ်များဖြင့် ရှေ့ဆက်ရင်း အခက်အခဲများကို ကြံ့ကြံ့ခိုင်ခိုင် ကျော်ဖြတ်ကာ အောင်မြင်မှုအသစ်များအား ရရှိပိုင်ဆိုင်နိုင်ပါစေရှင်။

Happy International Labour Day!

​On this May 1st, International Labour Day, I respectfully honor all workers, employees, and professionals who are shaping the world for the better.

​May all workers, employees, and professionals move forward with renewed strength, resiliently overcome every challenge, and achieve new heights of success.

‎​

30/04/2026

"ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင် စိတ်နှလုံး အေးချမ်းကြပါစေ"

🙏ယနေ့သည် “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ နေ့ထူးမြတ် ဖြစ်ပါတယ်။

✨ထိုကဲ့သို့ နေ့ထူးနေ့မြတ် အချိန်အခါ သမယတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ မေတ္တာရိပ်၌ ခိုလှုံကာ မိဘပြည်သူအပေါင်း ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံ၍ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားများ တိုးတက် အောင်မြင်ကြပါစေကြောင်း လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

🎊မင်္ဂလာရှိသော ကဆုန်လပြည့်နေ့ အားလပ်ရက်မှာ ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း သဘာဝတရားနှင့်အတူ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

Photos from Yangon Zoo's post 28/04/2026
Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mingalardon Township, Northern Part Of Htauk Kyant Quarter, Beside Of Yangon Pyay Highway Road
Yangon
11021

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00