12/05/2016
Auroth,The Winter Wyvern
Background Story
ကြီးမြတ်သော ကဗျာဆရာကြီးများကဲ့သို့ပင် Auroth ဟာလည်း စာရေးခြင်းကို နှစ်သက်သူ တစ်ယောက် ဖြစ်ပေမယ့် ဆောင်းဥတု ရှူးပျံနဂါးတစ်ကောင်ရဲ့ ဘဝအတွက်တော့ အနှောင့်အယှက်များစွာ ရှိနေခဲ့ပါတယ်။ Eldwurms နဂါးမျိုးတို့ ဒဏ္ဍာရီကဗျာမှာတော့ ၎င်းတို့မှာ ရှည်လျားပြီး လှပတဲ့ သမိုင်းကြောင်းများ ရှိခဲ့သော်လည်း ပညာရှိမျိုးဆက်သစ်များရဲ့ နောက်ဆုံးခေတ် အရောက်မှာတော့ မျိုးဆက်ပြန့်ပွားနှုန်းများ ကျဆင်းလာမှုမှာဟာ ထိတ်လန့်ဖွယ်ရာ ဖြစ်ရကြောင်းကို ဖော်ပြသော စာကြောင်းအချို့ ကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ “ငါတို့ဟာ ရန်သူတွေအပေါ် နယ်မြေသိမ်းကာ အောင်မြင်မှု ရှာဖွေခြင်း အပေါ်သာ ကျေနပ်မနေသင့်ဘဲ ငါတို့ရဲ့ စိတ်ခံစားချက်တွေကို ဖန်တီးရှာဖွေရင်း ဘဝကို အဓိပ္ပာယ်ရှိစွာ နေသင့်တယ်” လို့ Auroth ဟာ ငိုကြွေးညည်းတွားရင်း ပြောနေခဲ့ပါတယ်။ ဒီလိုနဲ့ သူမ ရိုသေ မြတ်နိုးရတဲ့ စာအုပ်စာပေတွေ ရှာဖွေ စုဆောင်းပါတော့တယ်။
သူမရဲ့ ရှာဖွေစုဆောင်းမှုတွေဟာ ကြောက်မက်ဖွယ်ရာ အနှောင့်အယှက် အတားအဆီးတွေရှိနိုင်တဲ့အတွက် သူမအသုံးပြုလေ့ရှိတဲ့ စာရေးချိန်ကို လျှော့ချပြီး ရှာဖွေမှုကို တိုးမြှင့်ခဲ့ပါတယ်။ Auroth သိုသိပ်စွာ လှုပ်ရှားကာ သူမရဲ့ လျှို့ ဝှက်စွာ တည်ဆောက်ထားတဲ့ လှိုဏ်ဂူထဲမှာ စာအုပ်တွေ စုဆောင်းတဲ့ ကာလတစ်လျှောက် စွမ်းအားပြည့်ဝတဲ့ ရန်သူများစွာနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိကြောင်းကို သူမဘာသာ သိရှိလာခဲ့ပါတယ်။ နန်းတော်၊ ရဲတိုက်များ၊ ရှေးဟောင်းအမွေအနှစ် စာကြည့်တိုက်များ စီးနင်း ဝင်ရောက်လုယက်ခဲ့ပြီး ရရှိခဲ့ပေမယ့် ဒါတွေဟာ သူမလုပ်ငန်းရဲ့ သေးမွှားသော ဘေးထွက်ဆိုးကျိုးကလေးသာဖြစ်ကြောင်း ဆိုပါတယ်။ တိုက်ပွဲများစွာမှာ အသုံးချခဲ့ရတဲ့ သူမရဲ့ ဒဏ္ဍာရီလာ ကျွမ်းကျင်မှုနဲ့ စွမ်းအားများဟာ စာပေပညာကို တိုးမြင့်စေခဲ့တဲ့ ခက်ခဲပင်ပန်းသော ပညာသည်ဘဝ ဖြတ်သန်းမှုရဲ့ အဓိကကျသောအရာများ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ သူရဲကောင်းတို့ရဲ့ ဓလေ့ထုံးတမ်း မှတ်တမ်းမှာတော့ သူ့ကိုယ်သူ အဓိက ဇာတ်ကောင်အဖြစ် ထည့်သွင်း မရေးသားခဲ့ပါဘူး။ Auroth က အဲဒီ့ဒဏ္ဍာရီကို အသစ်ဖန်တီးသွားမှာပါ။
26/04/2016
Slardar The Slithereen Guard
Background Story
The Deep Ones Slithereen မျိုးနွယ် ရေနေသတ္တဝါတစ်ကောင်ဖြစ်တဲ့ Slardar ဟာ ရှေးဟောင်း အမွေအနှစ်တွေနဲ့ ပေါကြွယ်ဝနေသော ပင်လယ်ရေ အောက်မြို့တော်ကို စောင့်ရှောက်လျက်ရှိသော သူတစ်ယောက် ဖြစ်ပါတယ်။ ပင်လယ်ကွေ့ အနားမှာ တည်ရှိသော အလင်းရောင်ကင်းမဲ့တဲ့ အသူတရာချောက်ကမ်းပါးကြီးရဲ့ အောက်ဆုံးမှာတော့ ရတနာများ သိုလှောင်ထားသော လျှို့ ဝှက်အခန်း တစ်ခန်းတည် ရှိပြီး သူခိုးများကို ရတနာတစ်ခုသဖွယ် ထင်ယောင်ထင်မှားဖြစ်သွားစေမယ့် သူ့ရဲ့ ဦးခေါင်းရှိ ဖြားယောင်းသွေးဆောင်နိုင်တဲ့ အလင်းရောင်နဲ့အတူ Slardar ဟာ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်။
ကုန်းမြေဒေသ ကကောက်ကျစ်တဲ့ မှော်ဆရာများရဲ့ စေခိုင်းချက်ကြောင့် ရတနာများကို ခိုးယူဖို့ ရောက်လာလေ့ရှိတဲ့ ရေအောက်သူခိုးလေးများဟာ Slardar ရဲ့ မက်မောဖွယ် အလင်းရောင်ကလေးရဲ့ ဖြားယောင်းမှုကို ခံရပြီးနောက် မည်းသောအခါမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိတော့ပါဘူး။ ဖော်ရွေခြင်း ကင်းပြီး အလုံးစုံသစ္စာရှိသော စရိုက်ရှိတဲ့ Slardar ဟာ နက်နဲတဲ့ ပင်လယ်ကြီးရဲ့ လျှို့ ဝှက် တည်နေရာများ အားလုံးကို သိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အတိတ်ရဲ့ ဒဏ်ရာများကြောင့် သူဟာ ရေပေါ်အထိ တက်ပြီး ရန်သူများလှုပ်ရှားမှုကို ခြေရာခံလေ့လာခြင်းဖြင့် ရေအောက် တိုင်းပြည်ကို တိုက်ခိုက်လာမယ့် အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်မယ့် ဗျူ ဟာတွေကို အစီအစဉ် ချလေ့ရှိတဲ့အပြင် တစ်ခါတစ်ရံမှာတော့ ရေအောက်မြို့တော်က ရတနာများ ခိုးယူခံရတဲ့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေကြောင့် သူခိုးနောက်သို့ လိုက်လံရတဲ့ အခါများလည်း ရှိတတ်ပါတယ်။ ကြီးမားလေးလံတဲ့ ပင်လယ်ကြီးကို ထမ်းပိုးရင်း ဘဝတစ်လျှောက်လုံး ရတနာများကို စောင့်ရှောက်ရတဲ့ ဖိအားများကြောင့် Slardar The Slithereen Guard ဟာ စွမ်းအားပြည့်ဝ လျက်ရှိတဲ့ သက်ရှိတစ်ကောင်ပဲ ဖြစ်ပါတယ်။
18/04/2016
*****Enchant Totem နဲ့ Echo Slam ကို Spell Iconမီားထည့်ထားမိပါတယ်။ ခွင့်လွှတ်ပေးပါခင်ဗျာ...
Raigor Stonehoof The Earthshaker
Background Story
တစ်ချိန်တစ်ခါက ကမ္ဘာမြေကြီးနဲ့ တစ်သားတည်းဖြစ်တည်ခဲ့သော Earthshaker ဟာ ယခုအချိန်မှာတော့ Golem, Gargoyle တွေကဲ့သို့ ကမ္ဘာကြီးပေါ်တွင် လွတ်လပ်စွာ လျှောက်လှမ်းနေသော သူ တစ်ယောက်ဖြစ်နေပါပြီ။ အခြားအရာတွေနဲ့မတူတဲ့ အချက်ကတော့ ကိုးကွယ်စရာ ဆရာမထားသလို စိတ်ရှိတဲ့အတိုင်း နေထိုင်နိုင်အောင် သူ့ဘာသာ ဖန်တီးထားခြင်းပဲ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ဆက်တိုက် အိပ်မောကျနေရာမှ သူ့အပေါ်မှာ ဖြတ်သန်းရွေ့လျားနေတဲ့ စွမ်းအားတွေကို ခံစားမိတာကြောင့် ကမ္ဘာမြေသားထဲက ကျောက်တုံးကြီး တစ်တုံးရဲ့ အက်ကွဲကြောင်းထဲကနေ Earthshaker ဟာ စပ်စုလို စိတ်တွေနဲ့ နိုး ထလာခဲ့ပါတယ်။
မြေငလျင်ကြီး လှုပ်ခတ်တဲ့ ရာသီမှာတော့ Nishai တောင်ထိပ်ဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ရင်း တစ်စစီပြိုကွဲကာ မြစ်များကို ရေစီးပြောင်းလဲသွားစေခဲ့သလို ယခင် လျှိုမြောင်ကလေးတွေ ကိုလည်း အဆုံးမရှိတဲ့ ပက်ကြားအက်ကြီးများအဖြစ် ပြောင်းလဲသွားစေပါတော့တယ်။ ငလျင်ကြီး ရပ်တန့်သွားတဲ့အချိန် အရောက်မှာတော့ Earthshaker ဟာ မြေပေါ်မှာ စုပုံနေတဲ့ ဖုန်မှုန့်တွေပေါ်မှာ လမ်းလျှောက်ကြည့်ရင်း ဧရာမကျောက်တုံးကြီးများကိုလည်း ပဝါကလေးတစ်ထည်သဖွယ် ဘေးသို့ လွှင့်ပစ်နေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ပုံပန်းသဏ္ဌာန်ကို သက်ရှိသတ္တဝါကြီး တစ်ကောင်သဖွယ် ဖန်ဆင်းခဲ့ပြီး သူ့ကိုယ်သူ Raigor Stonehoof ဆိုတဲ့ အမည်နာမကို မှည့်ထွင် သတ်မှတ်လိုက်ပါတယ်။
ယခုတော့ သူဟာ အသက်လည်း ရှူ နေခဲ့သလို သွေးလည်း ထွက်နိုင်သွားပါပြီ။ အလားတူ စွာပဲ သေလည်း သေဆုံးနိုင်တဲ့ သက်ရှိတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။ သို့ပေမယ့် သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ ကမ္ဘာမြေကြီးနဲ့ ထပ်တူထပ်မျှ ရှိနေဆဲဖြစ်ပြီး အဆိုပါ စွမ်းအားတွေကို သူနဲ့ ဘယ်တော့မှ မကွာ စတမ်းဆောင်ထားမယ့် ယစ်တိုင်ကြီး အတွင်း ထည့်သွင်းထားပြီး သွားလေရာကို ယူဆောင်ခဲ့ပါတော့တယ်။ ဖုန်မှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်ကို ရောက်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာမြေကြီးဟာ သူ့ကိုခြေသလုံး အိမ်တိုင်ဖြစ်နေတဲ့ သားငယ်ကလေးကို ပြန်လည် လက်ခံသကဲ့သို့ ကြိုဆိုပါလိမ့်မယ်။
13/04/2016
Yurnero, the Juggernaut
Background Story
Yurnero The Juggernaut ရဲ့ မျက်နှာဖုံးအောက်မှာ မည်ကဲ့သို့သော မျက်နှာတစ်ခု ဖြစ်တည်နေမလဲဆိုတာကို မည်သူ တစ်ဦးတစ်ယောက်မှ အမှန်တကယ် မသိနိုင်သေးဘဲ သူ့မှာ ကိုယ်ပိုင် မျက်နှာတစ်ခုတောင်ရှိမှ ရှိရဲ့လားဆိုတဲ့ ယုံတမ်းစကားတွေတောင် ရှိနေခဲ့ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ရဲ့ အကျင့်ပျက်မှုတွေကို ပေါ်ပေါ်တင်တင် ပုန်ကန်ခဲ့တဲ့ Yurnero ကို ၎င်းရဲ့ မွေးရပ်မြေ “ရှေးဟောင်းမျက်နှာဖုံးကျွန်း” ကနေ နယ်နှင်ဒဏ် အပေးခံလိုက်ရခြင်းက သူ့ကို အသက်ရှင်စေမယ့် အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အကြောင်းမှာ သွေးကြွေးကျိန်စာသင့်နေတဲ့ မိစ္ဆာလှိုင်းတို့ဟာ ညတစ်ညနှင့်အတူ သူ့ရဲ့မွေးရပ်မြေကျွန်းကို တိုက်စားဝါးမြိုကွယ်ဖျောက်ပစ်လိုက်တဲ့အတွက်ကြောင့်ပါပဲ။
အခုချိန်မှာတော့ Yurnero ဟာ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ Juggernaut တို့ရဲ့ ရိုးရာဓားသိုင်းပညာကို လက်ဆင့်ကမ်း အမွေဆက်ခံရမယ့် တစ်ဦးတည်းသောသူ ဖြစ်သွားပါတယ်။ Yurnero ရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ ရဲစွမ်း သတ္တိတို့ဟာ အဆုံးမရှိတဲ့ ဓားရေးလေ့ကျင့်မှုများ ဖြစ်လာစေခဲ့ပြီး မကုန်ဆုံးနိုင်တဲ့ မိမိကိုယ်ကို စိန်ခေါ်မှုတွေဟာ အသစ်အသစ်သော ဓားပညာများအဖြစ် သက်သေပြလာခဲ့ပါတယ်။ လျှို့ ဝှက်ချက်တို့နဲ့ ပြည့်နေတဲ့ သူ့ရဲ့ မျက်နှာအတိုင်းပင် Yurnero ရဲ့ ဓားပညာများဟာလည်း ခန့်မှန်းရခက်ပါတယ်။ အရာရာကို နှစ်ခါဆုံးရှုံးဖူးတဲ့ သူရဲကောင်း တစ်ယောက်အတွက်တော့ ကျိန်းသေပေါက် အောင်နိုင်မယ်မှန်း ကြိုသိထားသော တိုက်ပွဲဝင်ပုံစံမျိုးဖြင့် တိုက်ခိုက်လျက်ရှိပါတော့တယ်။
09/04/2016
The Morphling
Background Story
ကြယ်တံခွန်စက်ဝန်းတို့ရဲ့ အမှောင်ခေတ်ကာလတုန်းက ဝေးကွာသော နေမင်းရဲ့ဆွဲအားကို မလွန်ဆန်နိုင်ဘဲ ဂြိုဟ်ကမ္ဘာများအကြားမှာ လွင့်မျောနေတဲ့ ဧရာမရေခဲလုံးကြီးတစ်လုံးဟာ အမှောင်ခေတ် တစ်လျှောက်ကို ဖြတ်သန်းရင်း ထူးဆန်းစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့သော Vloy စစ်ပွဲရဲ့ ညနေခင်းတစ်ခုမှာတော့ စစ်သည်တော်တွေ ကြိုတင်ရရှိထားခဲ့တဲ့ နိမိတ်ပုံ အတိုင်း ရေခဲလုံးကြီးဟာ ကောင်းကင်ထက်မှာ လင်းလက်ရင်း အရှိန်အဟုန်ဖြင့် မြေပေါ်သို့ ကျဆင်းလာခဲ့ပါတယ်။ အေးခဲနေသော အလုံးကြီးဟာ စစ်မက်ဖြစ်ပွားနေတဲ့ တပ် ၂ တပ်ရဲ့ အလယ်က ရေတိမ်သော မြစ်ငယ်ကလေးထဲကို ကျရောက်ခဲ့ပြီး အပူရှိန်ကြောင့် အရည်ပျော်နေခဲ့ပါတယ်။ ရေခဲမှတ်ကို ကျော်လွန်သွားတဲ့အခါမှာ Morphling ဟာ ပင်လယ်သမုဒ္ဒရာရဲ့ တည်ငြိမ်လေးနက်မှု တို့နဲ့အတူ ပဋိပက္ခများအကြားမှာ မွေးဖွားလာခဲ့ပါတော့တယ်။ သူတည်ရှိရာ ရေပြင်ပေါ်ကို ခြေဖြင့် နင်းရဲသော စစ်ဗိုလ်ချုပ်တစ်ယောက်ကြောင့် တိုက်ပွဲထဲကို ကမူးရှူးထိုး ဝင်ရောက်ခဲ့သော Morphling ဟာ အဆိုပါ စစ်ဗိုလ်ရဲ့ အသွင်သဏ္ဌာန်ကို ပုံတူကူးယူ ပြောင်းလဲပြီး သူ့အား သတ်ဖြတ်ခဲ့ပါတယ်။
သူဟာ အမျိုးအစားမတူသော စစ်သည်တော် တွေနဲ့ တိုက်ခိုက်ရခြင်းဖြစ်သည့်အလျောက် တိုက်ပွဲအတွင်းမှာ ရင်ဆိုင်ရသမျှ စစ်သားများရဲ့ ပုံသဏ္ဌာန်တွေကို တစ်ခုပြီးတစ်ခုပြောင်းလဲကာ တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ Morphling ဟာ နောက်ဆုံး တပ်သား တစ်ယောက်ကို အဆုံးသတ် တိုက်ခိုက်ပြီးချိန်ထိ ခြေလျင်တပ်သား များ၊ မြှားစစ်သည်တော်များနဲ့ မြင်းစီးသူရဲကောင်းများရဲ့ အသွင်နဲ့ အစွမ်းသတ္တိတွေ အားလုံးကို ဆွဲစုပ်ကူးယူတိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။ ကြမ်းတမ်းရက်စက်သော စစ်ပွဲကြီး ပြီးဆုံးသွားချိန်ဟာ Morphling ရဲ့ အစပြုချိန်ပါပဲ။
07/04/2016
တင်ပေးစေချင်တဲ့ Hero တွေရှိရင် Chat Box ကနေလာပြောပေးပါနော်။ ကျေးဇူးတင်ပါတယ်အားလုံးကို။
05/04/2016
Rubick
Background Story
ဘယ်မှော်ဆရာမဆို Spell တစ်ခု ဒါမှမဟုတ် နှစ်ခုပဲ ဖန်တီးနိုင်ပါတယ်။ ပြီးတော့ တစ်ချို့ဆိုရင် မှော်ဆရာတစ်ယောက်ဖြစ်လာဖို့ အချိန်အတော်ကြာအောင် လေ့လာရပါတယ်။ ဒါပေမယ့် ပါရမီအရှိဆုံးသူတွေသာ Magus တစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံကြရပါတယ်။ ဘယ်မှော်ဆရာရဲ့စက်ဝိုင်းကမှ အမျိုးဘာသာရဲ့အာရုံခံစားမှုဟာ အများနဲ့ပြိုင်ရတဲ့လောကဝတ်၊ ယဉ်ကျေးမှုကို အာမမခံနိုင်သေးပါဘူး။
ထင်ပေါ်ကျော်ကြားတဲ့ နှစ်ဦးချင်းစီးချင်းထိုးသူတစ်ယောက်နဲ့ ပိုကြီးကျယ်ခမ်းနားတဲ့ မှော်ကမ္ဘာရဲ့ ပညာရှင်တစ်ယောက်ဆိုတာတွေဟာ ပြီးနှင့်ခဲ့ပါပြီ။ အဲ့ဒီအရာတွေ တစ်ခါမှ Rubick မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ ခုနှစ်ကြိမ်မြောက် လုပ်ကြံသတ်ဖြတ်မှုအတောအတွင်းမတိုင်မီ သူဟာ Magus တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပါတယ်။ မြင့်မားတဲ့လေသာဆောင်ခန်းကနေ သာမန်ကာလျှံကာ ရုတ်တရက်ပစ်ခတ်လိုက်တဲ့ 12 ကြိမ်မြောက် လုပ်ကြံသတ်ဖြတ်မှုဟာ သူ့ရဲ့ဘဝမှာ ဘယ်လောက်တောင်စိတ်မကူးနိုင်တဲ့ အကြွင်းမဲ့ကြံစည်မှု ဖြစ်လာလဲဆိုတာ ထင်ရှားသိသာလာပါတယ်။ စူးရှတဲ့ဒေါသ ဒါမှမဟုတ် တောက်လောင်နေတဲ့လက်တွေရဲ့ အနှောက်အယှက်တွေဟာ သူ့ရဲ့ခြေလှမ်းကို စိတ်ကြည်နူးဖွယ်နွေဦးတစ်ခုစီကို မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒါတွေ အားလုံးဟာလဲ ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။ သူက ပိုပြီးကြီးမားတဲ့ တိုက်ပွဲကို မက်မောတောင့်တခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ တိုက်ပွဲဝင်မျက်နှာဖုံးကိုဝတ်ဆင်ပြီး သူ့ရဲ့အဆင့်အတန်းတွေမြင့်တက်လာဖို့ တခြားမှော်ဆရာတွေရှာဖွေတာကို သူရှာဖွေခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်က Magus တစ်ယောက်ကိုသတ်ဖို့လို့ ကြေညာခဲ့ပါတယ်။ Magus တစ်ယောက်ကို ခြိမ်းခြောက်တာဟာ Magus အားလုံးကို ခြိမ်းခြောက်တာလို့ Rubick မြန်မြန်ဆန်ဆန်ပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့တွေ Rubick ရဲ့ ခွန်အားမှာ ကျရောက်လုနီးဖြစ်ခဲ့ပါတယ်။ ရန်ဘက်တစ်ယောက်ချင်းစီရဲ့ Spell ဟာ ရပ်တန့်လို့မရတဲ့ စွမ်းအင်တွေတစ်ပြုံတစ်ခေါင်းဖြစ်ခဲ့ပါတယ်။ ပြီးတော့ အကုန်လုံးကလဲ သေချာတွက်ချက်ပြီးမှ တိုက်ခိုက်ကြပါတယ်။
ဒါပေမယ့် မကြာခင်မှာပဲ Rubick ရဲ့ရန်သူတွေဟာ မမျှော်လင့်ထားတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေဟာ သူတို့ကိုပြန်ပြီး ဆန့်ကျင်နေတာကို မြင်လာရပါတယ်။ မှော်ဝဲသြဃအတွင်းမှာတော့ Rubick ဟာ အလိုဆန္ဒတွေပြည့်ဝပြီး ပီတိတွေဖြစ်နေခဲ့ပါတယ်။ တစ်ယောက်ရဲ့စွမ်းအားတွေကို တစ်ခြားတစ်ယောက်ကို ဆန့်ကျင်ပြီးသုံးဖို့ သိမ်မွေ့စွာနဲ့ ဖတ်ယူလိုက်ပြီး ပွားယူလိုက်ပါတယ်။ ပြီးတော့ ကစဥ့်ကလျားရှုပ်ထွေးခြင်းတွေကို သူ့ကိုဆန့်ကျင်တဲ့သူတွေကြားထဲ ဖြန့်ကြဲချလိုက်ပါတယ်။ သစ္စာဖောက်ခြင်းရဲ့ စွပ်စွဲချက်တွေ အပြစ်တင်သံတွေဟာ မြင့်တက်လာပါတယ်။ မကြာခင်မှာပဲ မှော်ဆရာတွေဟာ သူတို့ရဲ့ပျက်စီးရာပျက်စီးကြောင်းတွေနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် သင်္ကာမကင်းတွေဖြစ်လာပါတယ်။
နောက်ဆုံးမှာ တိုက်ပွဲအချိန် နီးကပ်လာခဲ့တဲ့အခါမှာတော့ သူတို့အားလုံးဟာ မီးဟပ်မီးကျွမ်းခံရ အေးခဲခံရ ရေလွှမ်းမိုးခံရ ဖောက်ထွင်းခံရခဲ့ပါတယ်။ တစ်ယောက်ထက်မက မဟာမိတ်တစ်ယောက်ရဲ့ ဥာဏ်နီဥာဏ်နက်ကြောင့် သေဆုံးခဲ့ရပါတယ်။ Rubick ကတော့ သီးခြားရပ်တည်ခဲ့ပါတယ်။ မျက်စေ့ဆံပင်မွှေးစူးစရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လဲ ရက်သတ္တပတ်ရဲ့ပျော်ပွဲရွှင်ပွဲတွေနဲ့ ဝမ်းမြောက်ပျော်ရွှင်ခဲ့ပါတယ်။ သူ့ရဲ့ယူဆချက်အတွက် ဖုံးကွယ်ထားတဲ့အတိုင်ပင်ခံအဖွဲ့ကို အသနားခံလွှာ တင်ပြတဲ့အခါမှာ ဘယ်သူမှ သူ့ကိုကန့်ကွက်ဖို့ အားမရှိပါဘူး။ ပြီးတော့ အစစ်အမှန်မဟုတ်တဲ့ 11 ယောက်ဟာ သူ့ကို ခမ်းနားကြီးကြယ်သော Magus ( Grand Magus ) ဆိုတဲ့ ဂုဏ်ပုဒ်ကိုပေးအပ်ဖို့ သဘောတူခဲ့ကြပါတယ်။
Rubick ဟာ အမြဲတမ်း Spell အသစ်တစ်ခုခိုးဖို့ ရှာဖွေနေတာပါ။ ပြီးရင်ရန်သူရဲ့ ပြိုင်ဘက်ကင်းတဲ့ အရေးသာမှုကို ခိုးပြီး သူတို့ကို ဆန့်ကျင်ပြီးပြန်ပေးဖို့ အမြဲတမ်း စိတ်အားထက်သန်နေတာပါ။ သူ့ရဲ့ရန်သူတွေကို လေထဲဆတ်ကနဲဆွဲယူလိုက်ပြီး သူလိုချင်တဲ့နေရာကို လွှင့်ပစ်လိုက်ပါတယ်။ ဂရုစိုက်မှုနည်းတဲ့ ရန်သူတွေကြားထဲမှာ သူကတော့ ဘာပြဿနာမှမရှိပါဘူး။
05/04/2016
Razzil Darkbrew, the Alchemist
Background Story
ဓာတုဗေဒပညာနဲ့ပက်သက်ပြီး ကြောက်စရာကောင်းတဲ့ အသိပညာ သိပ္ပံပညာတွေဟာ Darkbrew မိသားစုရဲ့ ရိုးရာဓလေ့ အစဉ်အလာတွေပါ။ ဒါပေမယ့် Darkbrew တွေက သူတို့ရဲ့ ငယ်ရွယ်တဲ့ Razzil လေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ရည်မှန်းချက်တွေကို ဘယ်တုန်းကမှ မပြသခဲ့ပါဘူး။ သို့ပေမယ့် Razzil လူလားမြောက်လာတဲ့အရွယ်မှာတော့ သူ့မိသားစုရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေကို ဘေးဖယ်ထားပြီးတော့ ဖိုထိုးရင်း ရွှေထုတ်လုပ်ဖို့ သူ့ဟာသူ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ ဂုဏ်သတင်းကျော်ဇောမှုတွေနဲ့ သင့်လျော်တဲ့ ရဲရင့်မှုတွေနဲ့အတူ Razzil ဟာ တောင်တစ်တောင်လုံးကို ရွှေတွေအဖြစ်ပြောင်းလဲပစ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်ခုကြာအောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့ သုတေသနတွေပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ပဲ ကျရှုံးခဲ့ပါတယ်။ အဲ့ဒါကြောင့် ဓာတ်ခွဲခန်းထဲက ပြန့်နှံ့နေတဲ့ အပျက်အစီးတွေ ကြားထဲမှာ သူ့ကို အကျဉ်းချထားခဲ့ပါတယ်။
ဒါပေမယ့် Razzil ဟာ လွယ်လွယ်အရှုံးမပေးတတ်တဲ့သူတစ်ယောက်ပီပီ သူ့ရဲ့ သုတေသနကိုဆက်လုပ်ဖို့လမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူရဲ့လက်တွဲဖော်အသစ်က ကြမ်းကြုတ်တဲ့ ဘီလူးတစ်ကောင်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါ သူလိုအပ်တဲ့အခွင့်အလမ်းကို သူတွေ့ရှိသွားခဲ့ပါတယ်။ သူ့ကိုမစားပစ်ဘူးဆိုတာ ဘီလူးကိုလက်ခံယုံကြည်လို့ရတဲ့အခါမှာတော့ သူ့ကို အကျဉ်းချထားတဲ့နေရာက ကျောက်တုံးပေါ်က ရေညှိတွေနဲ့ မြေပွ မြေဆွေး ပစ္စည်းတွေပေါ်မှာ တက်နေတဲ့မှိုတွေကနေ ပြုလုပ်ထားတဲ့ တင်ချာဆေးရည် ( Tincture ) ကို သူသောက်ဖို့ တီထွင်ဖေါ်စပ်ပေးခဲ့ပါတယ်။ ဘီလူးက အဲ့ဒီဆေးရည်ကို သောက်လိုက်တဲ့အခါမှာတော့ အချုပ်ခန်းတွေနဲ့ အတားအဆီးတွေကို စိတ်ကြိုက်ဖျက်ဆီး နံရံတွေနဲ့ အစောင့်တွေကို စိတ်ကြိုက် ဖောက်ခွဲခဲ့တဲ့ ထိမ်းမနိုင်သိမ်းမရတဲ့ ဒေါသအဖြစ်ကို ပြောင်းလဲသွားပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။
သူတို့နိုးလာတဲ့အခါမှာတော့ ပျက်စီးသွားတဲ့အစအနတွေနဲ့အတူ မြို့ကိုပတ်လည်ဝန်းရံထားတဲ့ တောအုပ်ကြီးထဲမှာ လမ်းပျောက်နေခဲ့ပါတယ်။ လိုက်ဖမ်းတဲ့ အရိပ်အရောင်တွေလဲ မရှိတော့ပါဘူး။ ဆေးအရှိန်ပြယ်သွားတဲ့အခါမှာ ဘီလူးကြီးဟာ အေးချမ်းပျော်ရွှင်နေပြီး ပိုတောင်စိတ်အားထက်သန်နေပါတယ်။ အတူတူအလုပ်လုပ်ဖို့တိုင်ပင်ဆွေးနွေးပြီးတဲ့အခါမှာတော့ သူတို့ဟာ နောက်တစ်ခါ ဒီလိုမျိုး ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေရှာဖို့ ထွက်လာခဲ့ပါတယ်။
04/04/2016
Abaddon, the Lord of Avernus
Background Story
Avernus မိသားစုရဲ့ Black Mist လို့ခေါ်တဲ့ ရေပန်းဟာ မိသားစုတစ်စုလုံးခွန်အားတွေရဲ့ အခြေခံအရင်းအမြစ်ဖြစ်ခဲ့ပါတယ်။ မူလ ပထမ အဓိကကျတဲ့ ကျောက်တုံးတွေမှ အကွဲအက်ရာမှ မျိုးဆက်သစ်တွေအတွက် ဟောကိန်းထုတ်ထားတဲ့ စွမ်းရည်အခိုးအငွေ့တွေကို ထုတ်လွှတ်ပေးခဲ့ပါတယ်။ Avernus အိမ်တော်မှ အသစ်မွေးဖွှားလာသူတစ်ယောက်ချင်းစီဟာ Black Mist ထဲမှာ ရေချိုးခဲ့ကြပါတယ်။ ပြီးတော့ အဲ့ဒီ ပထမဆုံးအတွေ့အကြုံနဲ့အတူ မွေးရာပါအရည်အချင်းဖြစ်သော မိမိနယ်မြေရဲ့ အံ့အားသင့် တုန်လှုပ်ခြောက်ခြားစရာ အားထုတ်မှုတွေကို ရရှိခဲ့ပါတယ်။ နိုင်ငံတော်နယ်ပယ်ရဲ့ မျိုးဆက်မျိုးနွယ်ဖြစ်သော ရှေးဓလေ့ထုံးစံတွေရဲ့ ကြမ်းတမ်းရက်စက်သော ကာကွယ်သူများအနေနဲ့ သူတို့ကိုသူတို့ ယုံကြည်လျက် ကြီးပြင်းလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အမှန်တကယ် ကာကွယ်နေခဲ့တာကတော့ Black Mist ရေပန်းကိုပါ။ ပြီးတော့ အဲ့ဒီလိုပြုလုပ်ရတဲ့အကြောင်းအရင်းတွေဟာ မရှင်းမလင်းဖြစ်ခဲ့ရပါတယ်။
Abaddon ဆိုတဲ့ကလေးငယ် ရေပန်းထဲမှာရေချိုးတဲ့အခါမှာတော့ တစ်ခုခုမှားယွင်းနေပြီလို့ သူတို့ပြောဆိုခဲ့ကြပါတယ်။ ကလေးငယ်ရဲ့မျက်လုံးထဲမှာ မျက်မှောက်အချိန်ကာလ အားလုံးကို တုန်လှုပ်ချောက်ချားစေတဲ့ နားလည်သဘောပေါက်ခြင်းအလင်းရောင်ဟာ တောက်လောင်နေခဲ့ပါတယ်။ သူဟာ Avernus အိမ်တော်မှာမွေးဖွားခဲ့တဲ့ မျိုးဆက်သစ်လူငယ်တွေအားလုံးအတွက် မျှော်လင့်ချက်တစ်ခုအနေနဲ့ မြှောက်ပင့်ခြင်းခံခဲ့ရပါတယ်။ တိုက်ပွဲတွေမှာလေ့ကျင့်ရင်း လိုအပ်တဲ့အချိန်မှာဘိုးဘွားပိုင်မယ်မြေတွေကို ကာကွယ်တဲ့နေရာမှာ သူဟာ မိသားစုရဲ့စစ်တပ်ကြီးကို ဦးဆောင်ရမှာပါ။ ဒါပေမယ့် Abaddon ကတော့ အဲ့ဒါတွေနဲ့ အမြဲတမ်းကွာခြားခဲ့ပါတယ်။ တစ်ခြားသူတွေ လက်နက်ကိရိယာတွေနဲ့ လေ့ကျင့်နေခဲ့တဲ့အချိန်မှာ Abaddon ဟာ Black Mist ရဲ့ မျက်မှောက်ကာလမှာ ကမဌာန်းထိုင်တာကို ပိုပြီး ကြိုက်နှစ်သက်ခဲ့ပါတယ်။ Abaddon ဟာ သူ့ရဲ့ ဝိညာဉ်ကို Avernus အိမ်တော်မှ စီးဆင်းလာတဲ့ အာနိသင်ထက်မြက်ခြင်းတွေနဲ့ ရောစပ်ပေါင်းစည်းဖို့ သင်ယူရင်း ရေပန်းမှထွက်လာတဲ့ရေကို လေးနက်စွာသောက်သုံးခဲ့ပါတယ်။ ပြီးတော့သူဟာ Black Mist ရဲ့ သတ္တဝါတစ်ကောင် ဖြစ်လာခဲ့ပါတယ်။
Avernus အိမ်တော်အတွင်းမှာတော့ Abaddon အတွက် ခါးသက်မှုတွေ ရှိနေပါတယ်။ သူ့ထက် အသက်ကြီးသူတွေကော ငယ်သူတွေပါ သူ့ရဲ့တာဝန်တွေကို အာရုံမထားပဲ ပျက်ကွက်တယ်လို့ သူ့ကို စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီစွပ်စွဲချက်တွေအားလုံးဟာ Abaddon တိုက်ပွဲထဲကို ဝင်လာခဲ့တဲ့အခါမှာတော့ အားလုံးရပ်တန့်သွားခဲ့ပါတယ်။ အဲ့ဒီမှာ Black Mist ကသူ့ကို ဘယ်လိုစွမ်းအားမျိုးပေးခဲ့တယ်ကို သူတို့အားလုံး မြင်တွေ့ခဲ့ကြပါတယ်။ Avernus အိမ်တော်မှ ဘယ်ခေါင်းဆောင်မှ မသိရှိခဲ့ကြတဲ့ ရှင်သန်ခြင်းတရားနဲ့ သေခြင်းတရားကို ထိန်းချုပ်နိုင်မှုကို Abaddon ရရှိခဲ့ပါတယ်။
02/04/2016
Anti-Mage
Background Story
Turstarkuri ရဲ့ ဘုန်းကြီးတွေဟာ တောင်ပေါ်ဘုန်းကြီးကျောင်းရဲ့ အောက်ဘက်မှာရှိတဲ့ မညီညာကြမ်းထော်နေသော တောင်ကြားတွေကို အင်အားနည်းနိုင်ငံတွေကို တိုက်ခိုက်နှိမ်နင်းခဲ့တဲ့ ကျူးကျော်ဝင်ရောက်သူတွေ ရောက်ရှိလာမှာကို စောင့်ကြည့်နေခဲ့ပါတယ်။ တရားသေဆန်သော စိတ်နောက်ကိုယ်မပါသော ဝေးကွာတဲ့ ဘုန်းကြီးတွေနဲ့ဆိုင်တဲ့ နေရာတွေမှာ ဘုန်းကြီးတွေဟာ လောကီနဲ့ဆိုင်တဲ့ တိုက်ပွဲတွေကနေ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သူတို့ဟာ ဘုရားမရှိ မှော်ပညာတွေ ဖုံးလွှမ်းနေတဲ့ တရားအားထုတ်မှုတွေကြားထဲမှာ ရစ်ပတ် ပိတ်မိနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နယ်ပယ်တစ်ခုချင်းစီနဲ့ဆိုင်တဲ့ ဝတ်ပြုဆုတောင်းမှုတွေ အားလုံးကို Unliving Lord ရဲ့ မကောင်းတဲ့ အဆိပ်သင့်ဝါဒီ တွေနဲ့ နေရာယူ အစားထိုးဖို့ လုပ်ပိုင်ခွင့်တွေနဲ့ Dead God ရဲ့ ရောမစစ်တပ်ကြီးနဲ့အတူ အတိတ်နိမိတ်မကောင်းတဲ့ ကရူးဆိုတ် တိုက်ပွဲဝင်သူတွေ ဝင်ရောက်လာခဲ့ပါတယ်။
နှစ်ပေါင်းတစ်ထောင် နီးပါးလောက် သွေးတွေနဲ့ တိုက်ပွဲတွေကလွဲလို့ ဘာမှမရှိတော့တဲ့ ရှုခင်းတွေဖြစ်လာပါတယ်။ သူတို့ဟာ ရေတွက်လို့မရနိုင်လောက်အောင် ကျဆုံးသွားတဲ့ နယ်မြေတွေရဲ့ ဝိညာဉ်တွေကို သတ်ဖြတ်ခဲ့ပြီး Turstarkuri ကနေ မောင်းထုတ်ခဲ့ကြပါတယ်။ အဲ့ဒီလို သဲကြီးမဲကြီး တိုက်ခိုက်မှုတွေကနေ ရက်သတ္တနှစ်ပတ်လောက် ကြာတဲ့အချိန်မှာ ဘုန်းကြီးကျောင်းတွေ မရှိသလောက်နည်းပါးလာပါတယ်။ ဘုန်းကြီးတွေကို တရားအားထုတ်မှုတွေကနေ စိတ်အနှောက်အယှက်ဖြစ်အောင် အာရုံပြန့်လွင့်စေဖို့ ဆိုးဝါးရက်စက်တဲ့ ကျူးကျော်ဝင်ရောက်သူတွေကို စေလွှတ်ခဲ့တယ်လို့ ယုံကြည်နေခဲ့ပါတယ်။ သူတို့ သီတင်းသုံးရာ နူးညံ့ ပျော့ပျောငါးတဲ့ အခင်းလေးတွေပေါ်မှာပဲ အသတ်ခံခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းထဲကို ဝင်ခွင့်ပြုထားတာမကြာသေးတဲ့ ဥာဏ်ပညာ ကို ရှာဖွေနေတဲ့ ဘုရားဖူးတစ်ယောက်အနေနဲ့ ရောက်ရှိလာခဲ့တဲ့ ဘုန်းကြီးနောက်လိုက် ဘုရားဝတ်ဖြည့်ကူညီတဲ့ တပည့် လူငယ်လေးတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သူကိုယ်တိုင် အလုပ်အကျွေး ပြုစုခဲ့တဲ့ ဘုန်းကြီးတွေ မခံရပ်နိုင်လောက်အောင် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတာကို ကြောက်ရွံ့စွာ ကြည့်နေခဲ့ရပါတယ်။ အဲ့ဒါကြောင့် သူဟာ Dead God ရဲ့ ခရစ်ယာန် ဘုန်းတော်ကြီးဘဝထဲကို လက်စားခြေဖို့အတွက် ဝင်ရောက်ခဲ့ပါတယ်။ တစ်ချိန်မှာတော့ သူဟာ Turstarkuri တွေရဲ့ တန်ဖိုးထားတဲ့ ပုရပိုက်တွေနဲ့ အတူ လုံခြုံစိတ်ချရတဲ့ နယ်မြေတွေဆီကို လျှို့ဝှက်စွာ ထွက်သွားခဲ့ပါတယ်။ ပြီးတော့သူဟာ မှော်ပညာတွေအားလုံးကိုအပြင် Dead God ရဲ့ မှော်ပညာရှင်တွေ အားလုံးကိုပါ ဖျက်ဆီးပြစ်မယ်လို့ ကျိန်ဆိုခဲ့ပါတယ်။
31/03/2016
Invoker
Background Story
အစောဆုံးကာလမှာ မှတ်ဥာဏ်ရဲ့ မူလအရင်းအမြစ်ဖြစ်တဲ့ မှော်ပညာဟာ တန်ခိုးသြဇာအရှိဆုံးလို့ တစ်ချို့တွေကတော့ပြောကြပါတယ်။ မှော်ပညာဟာ တခြားမျက်လှည့်ဆရာတွေလို တွဲဖက်ပစ္စည်းတွေ မှော်ကြိမ်လုံးတွေ နည်းပညာတွေ မလိုအပ်ပါဘူး။ ဝတ်ပြုအခမ်းအနားတွေရဲ့ အဝတ်တန်ဆာတွေအားလုံးဟာ မှတ်မိသတိရစေတဲ့ ပစ္စည်းတွေသက်သက်သာလျှင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီပစ္စည်းတွေဟာ လက်တွေ့တတ်သိတဲ့သူတွေကို Spell တစ်ခုရဲ့စွမ်းအားကို ဖော်ထုတ်တဲ့ တိကျတဲ့စိတ်ပိုင်းဆိုင်ရာ ပုံသေနည်းတွေ အသေးစိတ်ပြန်ရဖို့အတွက် ခွင့်ပြုဖို့အတွက် အဓိပ္ပါယ်ရခဲ့ပါတယ်။ အဲ့ဒီရက်တွေမှာ ကြီးကျယ်အခမ်းနားဆုံးသူတွေကတော့ ကြီးကျယ်နဲ့မှတ်ဥာဏ်တွေနဲ့ ဆုမွန်ကောင်းတောင်းပေးတဲ့သူတွေပါ။ ပြီးတော့ ရှင်းပြရ နားလည်ရခက်တဲ့အရာတွေကလဲ မှော်ဆရာတွေ အထူးလေ့လာလိုက်စားခဲ့တဲ့ ဆုတောင်းစကားတွေပါ။ ရင်းနှီးမြှုပ်နှံခဲ့သမျှတွေကို ဘဝမှာ Spell သုံးခု အများဆုံးလေးခုလောက်ကို လုံလုံလောက်လောက်ပြန်သတိရဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ပုံမှန်မှော်တရာတွေဟာ နှစ်ခုလောက်သိတာကို ကျေနပ်ရောင့်ရဲကြပါတယ်။ ဒါကလည်း တစ်ခုလောက်ပဲသိတဲ့ရွာကသူတစ်ယောက်အတွက် မထူးခြားပါဘူး။ ဖြစ်တောင့်ဖြစ်ခဲအဖြစ်အပျက်တွေ ဖြစ်ပေါ်လာရင် မမေ့လျော့ပဲအသုံးပြုနိုင်ပြီး အကူအညီတစ်ခုအနေနဲ့ စဉ်းစားသုံးသပ်ဖို့ လိုအပ်နေတာတောင်မှ ကျေနပ်ရောင့်ရဲကြတာပါ။
ဒါပေမယ့် အဲ့ဒီအစောပိုင်းပညာရှင်တွေကြားမှာ ခြွင်းချက်တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အလွန်ကြီးမားတဲ့ဥာဏ်ပညာနဲ့ အံ့သြဖွယ်မှတ်ဥာဏ်တွေနဲ့ ဥာဏ်ကြီးရှင်လို့လူသိများတဲ့ Invoker ဖြစ်ပါတယ်။ သူငယ်ငယ်တုန်းက အရွယ်နဲ့မလိုက်အောင် အသိပညာရင့်သန်တဲ့မှော်ဆရာဟာ လေးခုမဟုတ် ငါးခုမဟုတ် ခုနှစ်ခုတောင်မဟုတ်တဲ့ ဂါထာမန္တာန်တွေကို အထူးတတ်မြောက်ခဲ့ပါတယ်။ သူဟာ Spell ဆယ်ခုထက်မက အသုံးပြုနိုင်ပြီး အားလုံးကို တစ်ပြိုင်တည်းဖန်တီးနိုင်ပါတယ်။ အများကြီးသင်ယူလေ့လာခဲ့ပေမယ့် တွေ့ရှိခဲ့သမျှအသုံးမဝင်ခဲ့ပါဘူး။ ပိုများတဲ့ ဆုတောင်းပတ္တနာပြုခြင်းတွေအတွက် အသုံးမလိုတာတွေကို ထာဝရ သူ့ရဲ့စိတ်ထဲက သန့်ရှင်းစင်ကြယ်အောင် သုတ်သင်ရှင်းလင်းဖို့ လေ့ကျင့်ခဲ့ပါတယ်။ Spell တစ်ခုကတော့ Sempiternal Cantrap လို့ခေါ်ပါတယ်။ အသက်ရှည်စေတဲ့ Spell ဖြစ်ပြီး အဲ့ဒီ Spell ကိုအသုံးပြုခဲ့တဲ့သူတွေဟာ ကမ္ဘာကြီးရဲ့ပထမအစနေ့တွေထဲက ခုချိန်ထိ ကျွန်တော်တို့ကြားထဲမှာ တည်ရှိနေကြတုန်းပါ။ ( မဟုတ်ရင် သူတို့တွေဟာ အက်တမ် [Atoms] တွေအဖြစ်ကိုပျက်စီးကုန်မှာပါ )။ အဲ့ဒီတူညီတဲ့ မသေနိုင်တဲ့သူအများစုဟာ တိုးတိုးတိတ်တိတ်ပဲနေထိုင်ကြပါတယ်။ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို ဝန်ခံရမှာကြောက်လို့ပါ။
ဒါပေမယ့် Invoker ကတော့ သူ့ရဲ့လက်ဆောင်တွေကိုဖွက်ပြီး သိမ်းထားခဲ့တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ သူဟာရှေးကျပါတယ်။ တခြားသူတွေအားလုံးထက်ပိုပြီး လေ့လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့စိတ်ထဲမှာ သူ့ကိုယ်ပိုင်တန်ဖိုးရဲ့ အလွန်ကြီးမားတဲ့အာရုံတစ်ခုပါဝင်ဖို့အတွက် နေရာလွတ်ကြီးရှိနေပါသေးတယ်။ ကမ္ဘာကြီးသေဆုံးနေတဲ့နေ့တွေရဲ့ ရှည်လျားနှေးကွေးတဲ့ နေမဝင်မီအချိန်တွေတောက်လျှောက် သူ့ကိုသူပျော်ရွှင်အောင်ပြုလုပ်နိုင်တဲ့ ဆုတောင်းပတ္တနာပြုခြင်းတွေလဲပဲရှိနေပါတယ်။
သူ့ရဲ့စီမံခန့်ခွဲခြင်းတွေမှာ ရှုပ်ထွေးတဲ့ Spell တွေအစုလိုက်အပြုံလိုက်နဲ့ Invoker ဟာ ဘယ်တိုက်ပွဲအခြေအနေမျိုးမှာမဆို လိုက်ဖက်ညီအောင်ပြုလုပ်နိုင်ပါတယ်။ Spells ၁၁ ခုရဲ့တစ်ခုချင်းမှာ ဖက်စပ်ပါဝင်တဲ့ပမာဏသုံးခုရဲ့ ပုံစံတစ်ခုချင်းစီမှာ သူ့ရဲ့ရန်သူတွေကိုဖျက်စီးပစ်ဖို့ ဒါမှမဟုတ် လွတ်မြောက်ဖို့ ဘယ်တော့မှ လမ်းမရှိခဲ့ပါဘူး။
31/03/2016
တစ်ချို့ ဘရိုတွေမေးပါတယ် တင်ပြီးသား Hero တွေအကြောင်းကို။ Dota 2 MM ထဲမှာက တင်တဲ့ Post တွေအရမ်းများလို့ ပြန်ရှာရတာလုံးဝမလွယ်ပါဘူး။ အဲ့ဒါကြောင့် ဒီ Page လေးကိုထောင်ဖြစ်သွားတာပါ။ ဒီ Page လေးကို Like ထားပေးပါ။ ပြီးတော့ ဘရိုတို့ friend တွေထဲက ဖတ်ချင်တဲ့သူတွေရှိရင်လဲ ဖတ်လို့ရအောင် Share ပေးပါ။ ကျနော နောက်ကို ဒီ Page ထဲမှာပဲ Story လေးတွေတင်သွားပေးပါ့မယ်။ အရင်ကဟာတွေ မဖတ်လိုက်ရတဲ့ ဘရိုတွေအတွက်လဲ ပြန်တင်ပေးပါ့မယ်။ ကျေးဇူးအများကြီးတင်ပါတယ်။