Thaton People's Guerillas - သထုံပြည်သူ့ပြောက်ကျားများ
လွတ်လပ်တရားမျှတပြီးလူ့အခွင့်အရေးအ?
10/05/2023
ကျတော်တို့အဖွဲ့၏ လိုအပ်တဲ့နေရာမှာအသုံးပြုနိုင်ရန်ကူညီထောက်ပံ့ပေးပါသော ကိုအောင်နိုင်+မဝေလွင်ဦးတို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
12/03/2023
မိဘပြည်သူများခင်ဗျား
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေး
ဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ KNU/KNLA
တပ်မဟာ (၁) အခြေစိုက် PDF သထုံခရိုင်
အမှတ်(၂)တပ်ရင်း၏ တရားဝင်စာမျက်နှာ
အဟောင်းသည် အကြောင်းအမျိုးမျိုးကြောင့် ပျက်
သွားပါသဖြင့် ယခု ဤ " Thaton District - PDF
Battalion No.2 " အမည်ရှိ page ကို
PDF သထုံခရိုင်အမှတ်(၂)တပ်ရင်း၏ တရားဝင်
လူမှုကွန်ရက်စာမျက်နှာအဖြစ်အသုံးပြုသွားမည်
ဖြစ်ကြောင်း မိဘပြည်သူများကိုအသိပေးကြေငြာအပ်
ပါသည် ။
CRD District - PDF Battalion No.2
Page Link ⬇️
https://www.facebook.com/profile.php?id=100090981487193
20/01/2023
20.1.2023
Thaton People's Guerillas - သထုံပြည်သူ့ပြောက်ကျားများ ( TPG ) အဖွဲ့ကိုစတင်တည်ထောင်ခဲ့သူလူနည်းစုထဲကတစ်ဦးဖြစ်တဲ့ အာဇာနည်သူရဲကောင်း နေမင်းညို (ခ) နုနု ရဲရင့်မြင့်မြတ်စွာကျဆုံးတာ ဒီနေ့ဆို တစ်နှစ်ပြည့်ပါပြီ ။
ကျွန်တော်တို့ TPG ရဲဘော်များဟာ ဤဆုံးရှုံးမှုအတွက် ယခုချိန်ထိ ပူဆွေးနေရဆဲပါပဲ ။
ပြောစရာစကားလုံးများလည်းမဲ့နေဆဲပါပဲ
12/11/2022
ပွဲတွေဆက်တိုက်ကနိုင်ရန် ပြည်သူတေအားလုံးပါဝင်ကူညီပေးကြပါအုံးခင်ဗျာ။
# သထုံပြည်သူ့ပြောက်ကျား (TPG)
# တပ်ရင်း(2) .တပ်ခွဲ(၁)
# ပြည်သူ့အားဖြင့်အရေးတော်ပုံမုချအောင်မြင်ရမည်။
https://m.facebook.com/story.php?story_fbid=1649601305477209&id=385165108587508
19/10/2022
ဖရယ်ဒီမိုကရေစီအား လိုလား၍ အကြမ်းဖက်စစ်ကောင်စီအား
အမြစ်ပြတ် ချေမှုန်းနိုင်ရန် ခေတ်သစ်အားမာန်အဖွဲ့မှ စေတနာထက်သန်စွာ ကူညီထောက်ပို့ပေးပါသောထိုက်ဘတ် ၈၅၀၀ ဘတ် တိတိကိုကျွန်တော်တို့ သထုံပြည်သူ့ပြောက်ကျား(ဝါ) အမှတ်(၂) PDFတပ်ရင်း/တပ်ခွဲ(၁)မှ
လက်ခံရရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အကျွနိုပ်တို့အနေဖြင့် ပြည်သူများကျွေးသော ထမင်းကိုစားကာ
ပြည်သူများ၏ အကျိုးစီးပွားအား ရှေးရှု၍ ပြည်သူများ၏
အသက်အိုးအိမ်စည်းစိမ်အား မိမိတို့ အသက်နှင့် ရင်းကာ
ကာကွယ်စောင့်ေရှာက်သွားပါမည်ဟု ကတိသစ္စာပြုအပ်ပါသည်။
# သထုံပြည်သူ့ပြောက်ကျား ( TPG) (ဝါ) တပ်ခွဲ(၁)
# တပ်မဟာ(၁) /တပ်ရင်း(၂)
# တောင်ပိုင်တိုင်း
12/10/2022
သတင်းကျွတ် အခါသမယမှာ ကျွန်တော်တို့ သထုံပြည်သူ့ပြောက်ကျား PDF မှ တော်လှန်ရေး ရဲဘော်များအနေဖြင့် အရှေ့တန်းစစ်မြေပြင်ရောက်နေပါသော်လည်း မြန်မာ့ထုံးတမ်းအစဉ်အလာအရ မိမိတို့ပေါ်တွင် ကျေးဇူးရှိကြသော မိဘ ဆရာသမားများ နွေဦးတော်လှန်ရေး(ဝါ) စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အင်တိုက်အားတိုက် နှင့်တော်လှန်ရေးကို စွမ်းစွမ်းတမံလုပ်ဆောင်ရန်ထောက်ပို့ကူညီပေးနေသော ပြည်သူတစ်ရပ်လုံးအား ဂါရဝပြု အရိုအသေပေးလျှက်ကန်တော့လိုက်ပါသည်။ (တော်လှန်ရေး ညီကိုများကိုမုန့်ဖိုးများလဲပေးနိုင်ပါသည်)
# အရေးတော်ပုံမုချအောင်မြင်ရမည်
# သထုံပြည်သူ့ပြောက်ကျား
# တပ်ခွဲ(၁)
06/10/2022
ကျနော်တို့ ( TPG) သထုံပြည်သူ့ပြောက်ကျားအဖွဲ့မှ
လိုအပ်သော ဆေးဝါးများကိုကူညီထောက်ပို့ပေးပါသော သထုံမြို့မှ မချောလေးများအဖွဲ့ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခဗျာ.....
#အရေးတော်ပုံ အောင်ကိုအောင်ရမည်....
ကျနော်တို့ ( TPG) သထုံပြည်သူ့ပြောက်ကျားအဖွဲ့မှ
လိုအပ်သော ဆေးဝါးများကိုကူညီထောက်ပို့ပေးပါသော သထုံမြို့မှ မချောလေးများအဖွဲ့ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခဗျာ.....
#အရေးတော်ပုံ အောင်ကိုအောင်ရမည်....
02/08/2022
မင်္ဂလာပါ....
Thaton Generation Z နဲ့ The Guys from Thuwanabumi တို့ ပူးပေါင်းပြီးတော့ ဘာ Projectလုပ်နေလဲဆိုတာသိချင်လား ?
စိတ်ဝင်စားပြီးတော့ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ဖြစ် ပါဝင်ကူညီလိုသူများအနေဖြင့် အောက်ပါ link တွေမှာဝင်ပြီးတော့အသေးစိတ်ဖတ်ရှုနိုင်ပါတယ် ။
Thaton Generation Z
https://www.facebook.com/101108915383304/posts/422580886569437/
The Guys from Thuwanabumi
https://www.facebook.com/107473462028552/posts/118759807566584/?app=fbl
သြဂုတ်၁ရက် ၂၀၂၂ ခုနှစ်
ယမန်နေ့ ဇူလိုင်လ(၃၁)ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်တွင်
ဒုံဝန်းနှင့် နှင်းပုလဲအကြားရှိ ဘီးလင်းမြို့နယ်ရှိ ရထားလမ်းတစ်နေရာတွင် PDFသထုံခရိုင်အမှတ် (၂) တပ်ရင်းရှိ PDFတပ်ခွဲ(၃)နှင့်တပ်ခွဲ(၂)တို့ပူးပါင်း၍ စစ်ကောင်စီတပ်သားများကိုတင်ဆောင်လာသောရထားတစ်စင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည် ။
မိုင်းဆွဲပြီးနောက်မကြာမီ ည ၁၁ နာရီ ၂၅ မိနစ် အချိန်တွင် ရှေ့ပြေးရထားတစ်စင်းက အခင်းဖြစ်ပွားရာနေရာကိုအခြေအနေလာကြည့်ပြီး နောက်နေ့မနက် ဩဂုတ်လ (၁)ရက်နေ့ မနက် 6နာရီတွင် ထိုနေရာသို့ လူနာတင်ကားနှစ်စီးလာရောက်ခဲ့ပါသည် ။
ထိခိုက်သေဆုံးမှုအား ဆက်လက်စုံးစမ်းဆဲ ဖြစ်သည်။
မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များနှင့်ခရီးအတူသွားလာခြင်းမျိုးကိုရှောင်ရှားစေလိုပါသည် ။
https://fb.watch/eDIne_pEAK/
အမှတ်၂ PDFတပ်ရင်း
သထုံခရိုင်
25/07/2022
မိဘပြည်သူအပေါင်း မင်္ဂလာပါဗျာ
ဒီနေ့ အကုန်လုံးကဝမ်းနည်းကြေကွဲကြသလို တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုအရှိန်မြှင့်တင်ဖို့လိုပါတယ် ။
ယခုမိဘပြည်သူများကိုအသိပေးလိုတာကတော့အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်တည်ရှိသော သထုံခရိုင်နယ်မြေတစ်ဝှမ်းလုံးတွင်ဖြစ်ပွားမည့် မြို့တွင်း တောတွင်း စစ်ရေးလှုပ်ရှားမှုသတင်းများကို ယခု အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏လက်အောက်ခံ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ(page)ဖြစ်တဲ့ သထုံခရိုင်အမှတ်(၂)တပ်ရင်း page တွင် ဖော်ပြပေးသွားပါမည် ။
ကျွန်တော်တို TPGအဖွဲ့အနေဖြင့်လည်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ PDF တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့အနေဖြင့် အမှတ်(၂)တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်သွားမည်ဖြစ်ပြီး တော်လှန်ရေးလုပ်ငန်းစဥ်များကို အမှတ်(၂)တပ်ရင်း၏ လုပ်ငန်းစဥ်များအဖြစ်ဆက်လက်ဆောင်ရွက်သွားပါမည်ဖြစ်သည့်အကြောင်း မိတ်ဆွေများအားလုံးကို လေးစားသမှုဖြင့် တရားဝင် အသိပေး တင်ပြပေးလိုက်ပါသည်။
သထုံခရိုင်အမှတ် (၂) တပ်ရင်း၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ -
https://www.facebook.com/thatonregionpdf/
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
