15/10/2022
မြို့ပြတိုက်ပွဲတွေဖော်ဆောင်တဲ့အခါ
မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေဖြင့် အသင့်ရှိနိုင်ရန် လိုအပ်သည်များကို တိတ်တဆိတ်ဖွဲ့စည်းပြင်ဆင်ထားရမည်ဖြစ်သည် 📌
🟥 မြို့နယ်/ရပ်ကွက်အလိုက်ဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
🟥 မြို့နယ်/ရပ်ကွက်အလိုက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
🟥 မြို့နယ်/ရပ်ကွက်အလိုက်ဆိုင်ရာမြေပြင်သတင်း၊ လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်စုဆောင်းရေးအဖွဲ့
🟥 စားနပ်ရိက္ခာစုဆောင်းရေးအဖွဲ့
🟥 ဆေးတပ်သား
🟥 ရံပုံငွေစုဆောင်းရှာဖွေရေးအဖွဲ့စသဖြင့် _ ကဏ္ဍအလိုက် လျှို့ဝှက်ကျစ်လျစ်စွာ ဖွဲ့စည်းတည်ထောင်ထားသင့်သည်။
🟥 ကျနော်/ကျမတို့အားလုံးသည် မြို့နယ်နှင့်သက်ဆိုင်သည့် တော်လှန်ရေးလုပ်ငန်းစဥ်များကို ကဏ္ဍအဆင့်အဆင့်အလိုက် လျှို့ဝှက်သိပ်သည်းစွာဖြင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။
🟥 ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် မိမိတို့လမ်း ၊ ရပ်ကွက် ၊ မြို့နယ်များကို စစ်ဖိနပ်အောက်မကျရောက်စေဘဲ လွတ်မြောက်နယ်မြေဖြစ်စေရန်အလို့ဌာ ကျရာကဏ္ဍမှ အတူတကွ အားဖြည့်ပါဝင်ကြရန် လိုအပ်သည်။
🟥 မြို့ပြတိုက်ပွဲများ မစတင်မှီ ယခုအချိန်မှစ၍ လျှို့ဝှက်ပြင်ဆင်ထားရန် လိုအပ်သည်📍
🟥 အစစအရာရာအတွက် ကြိုတင်ပြင်ဆင်ခြင်းသည် ဖြစ်ပေါ်လာမည့်/ကြုံတွေ့ရနိုင်သည့် ကိစ္စအရပ်ရပ်အတွက် အထောက်အပံ့ကောင်းတစ်ခုသဖွယ်ရစေနိုင်မည်ဖြစ်သည်။
15/10/2022
ရန်အောင်ကေ့က သာမန်ကြည့်ရင်တော့ ပါစင်နယ် အပုတ်ချ သူတို့ချင်း ဘာညာတွေ တံဆိပ်ကပ်နိုင်ကြပေမယ့်
ကိုကျော့်အနေနဲ့ကတော့ တလရအတွက် တကယ့်ကို အနုပညာ သမားခြင်းကို ရန်ငါပြတ်ပြီ ပြောလို့ရပြီ
တနည်း မင်းမော်ကွန်းဟာ တလရ ဆိုတာထက် နိုင်ငံပြည်သူအတွက် ဘက်က အပြည့်အ၀ကို ရပ်တည်ပြီး
သူ့အနုပညာ လောက (သားချင်း) တွေကိုတောင်မှ လုံး၀ကို အားမနာ မခွင့်လွတ် မညှာတာပဲ ရန်ငါအပြတ်နဲ့
နိုင်ငံပြည်သူဘက်မပါသူ သစ္စာဖောက်သူတွေကို အပြီးပြတ် ရှောင်ဖယ်ခွာဖို့ ရှင်းလင်းနေပြီး
လာမည့် တလရအပြီး နိုင်ငံသစ်ခေတ်ဦးအလွန်မှာ အနုပညာ မျိုးဆက်နဲ့ အသစ်အတွက် တကယ့်ကို မြေလှန် ရီဗော်လူးရှင်း လုပ်နေသူတစ်ဦးပါဆိုတာ
တကယ့်ကို အနုပညာရပ်၀န်း(ကိုယ့်ကျင့်၀တ် - တရား)အတွက် လိုအပ်နေသူတစ်ဦးမို့
မိမိအနေဖြင့်လည်း ပေါကားတွေကို ပေါကားရီဗော်လူးရှင်း Event ဂရုမှာ ဦးဆောင်ပြီး မြေလှန်တိုက်ခဲ့သူ တစ်ဦးအနေဖြင့် ၀မ်းသာ ကျေးဇူးတင် လေးစားလျှက်
တချိန် လက်ဆွဲနှုတ်ဆက်ပြီး အနုပညာနယ်မြေသစ်အတွက် ကြိုဆို ထူထောင်ခွင့် ရချင်ပါသေး၏ဟု !
#မင်းတော်၀င် Ⓜ️
15/10/2022
" ပြည်သူထမှ စစ်တပ်ကျမည် "
လာမည့် တလရအပြီးကာလမှာ ကျောင်းတွေမှာ မိမိဝါသနာပါသည့် အားကစားတွေနဲ့အတူ မတက်မနေရ ကိုယ်ခံပညာ အားကစားတရပ်ကို သူငယ်တန်းကစလို့ မျိုးဆက် ကလေးတွေကို သင်ကြားပေးမှ ဖြစ်လိမ့်မယ်
ဒါမှ စိတ် သတ္တိ တာ၀န် ပြည့်၀စွာဖြင့် ခံစားမှုနဲ့အညီ ထကြွပြီး မိမိနဲ့ ၀န်းကျင်ကို ကာကွယ်ပေးနိုင်သူတွေအဖြစ် အမြဲအသင့်ရှိနေစေမှာ ဖြစ်ပြီး တိုင်းပြည်အရေးပေါ်ဖြစ်ရင်လည်း တလရ တပ်သားတွေအဖြစ် ချက်ခြင်းပြောင်းလဲ ဆောင်ရွက် ကူညီ ပါ၀င် ဦးဆောင် ပူးပေါင်းနိုင်ကြအောင် ဆိုင်ရာ မိမိ၀န်းကျင်နဲ့ နယ်မြေဒေသ မြို့ရွာတွေအား
အကြောင်းက US မှာ လူတိုင်း လနက်၀ယ် ဆောင်လို့ရခြင်းကြောင့် စစ်တပ်အာဏာသိမ်းလို့မရသလို ပြည်သူကို အနိုင်ကျင့်ခြင်းဘေးမှလည်း ကာကွယ်ပြီးသား ဖြစ်တဲ့အတွက်
ကိုယ်တွေလည်း ငယ်စဉ်ကစလို့ ကျောင်းတွေမှာ ကိုယ်ခံပညာ အားကစားတွေ လေ့လာလိုက်စား သင်ယူထားရင် နောင်အနာဂါတ် မိမိနိုင်ငံ ပြည်သူ ၀န်းကျင်အတွက် စိတ်ချအဆင်ပြေကြမယ်ဆိုတာ ယုံကြည်တယ်
ဘာကြောင့်ဆိုတော့ ခုပဲကြည့် စ🦮 ၈၀ လောက်လာတာ ပြည်သူ လူပေါင်း တသောင်းလောက် ထွက်ပြေး ဆိုကတည်းက အဲ့နေရာ ဒေသကို စိတ်ပျက်ပြီး ကျော်သွားလိုက်တယ်
နောက် လူပေါင်း ထောင်ချီရှိနေတာကို စခ ၁၅,ယောက်လောက်က သေနတ်နဲ့ ပစ်ဿတ် မြစ်ထဲ ကန်ချလိုက်တာကို ဝိုင်း ထိုင်ကြည့်နေကြတယ်
တကယ်သာ လုပ်မယ်ဆို လူဦးရေ ထက်၀က် ယောက်ျားသားချည်းစု ၅ထောင်လောက်နဲ့ စခအယောက် ၈၀ ကို လဲလို့ ယှဉ်လို့ရပါတယ်ဆိုတာ သတ္တိရှိမှတို့ သေနတ်ရှိမှတို့မှ မဟုတ်ပါဘူး ဉာဏ်လွှာရှိရင်ကို ရပါတယ်ဆိုတာ
ဒီတော့ တွေးနေမိတယ် မြန်မာကားဆို ဖိုက်တင်ပါမှ ကြည့်တဲ့ တော်လှန်ရေးကားမှ ကြိုက်တဲ့ အညာမြေက လူတန်းစားတွေဟာ ခုလိုအရေးကြတော့ သွေးပျက်ပြီး ထွက်ပြေးနေတာ မြင်မကောင်းရှု့မကောင်းနဲ့ ဘာလုပ်ပေးရမှန်းလည်း မသိနဲ့
တကယ်ဆို ပြည်သူသာ အဓိကနဲ့ ရသလို ရင်ဆိုင် တွန်းလှန်ကြရမည့်အရေးမှာ ဦးဆောင်သူ မျှော်ပြီး ထွက်ပြေးနေကြတာ စိတ်မကောင်းလို့ ဤစာကိုရေးမိတာပါ ဆိုတာက စကိုင်းမြေရဲ့ နေရာတချို့ကို အခြားမြို့ရွာတွေ အတုယူစေချင်တာပါ
လက်ဗလာကနေ နာကျည်းချက်နဲ့ ပြန်တွန်းလှန်ချနေတာ ခုဆို လနက်အစုံနဲ့ အတော်အောင်မြင်နေကြပြီ ထိုလိုပဲ အချို့နေရာတွေ အဲ့လိုလုပ်စေချင်တာပါ မလုပ်နိုင်ရင်တောင် အကြံတောင်း ဘယ်လို ရပ်တည် ယှဉ်ဆိုင်ဖို့ လုပ်ကြမလဲ တွေးဆ ပြောင်းလဲ လုပ်ကြရမည့်အချိန်မှာ
စခအင်အား ဆယ်ဂဏန်းလောက်ကို ကြောက်လန့်ပြီး လူပေါင်း ထောင်းသောင်းချီထွက်ပြေးနေခြင်းတွေဟာ မဖြစ်သင့်တော့သလို စခတွေက အဲလို ကြောက်လေ ပိုဖိလေပါပဲဆိုတာသိသင့်ကြဖို့ ကောင်းပါပြီဗျာ
ဒီတော့ တိုင်းပျက်ဟာ စစ်တပ်ဖျက်လို့ ပျက်နေပြီ နေရာစုံ စစ်ဖြစ်နေပြီဆိုတာ သိရင် ခုကစ ကိုယ်၌ မိမိ၀န်းကျင်နေရာ ဒေသတွေကို ပြောင်းလဲ တည်ဆောက်မှ ရပါတော့မည်ဆိုတာ ကယ်တင်ရှင် မမျှော်ပဲ မိမိသာ ကယ်တင်ရာဟု သဘောထား ဦးဆောင်ပြီး မိမိနေရာဒေသကို ကာကွယ်မှုပြုကြဖို့ရာ အတွက်
အနည်းဆုံး ပြေးပုန်း အဆင့်နဲ့ အားလုံး တုတ် ဓားဆောင်ပြီး ပျောက်ကျားနဲ့ လူအင်အားနဲ့ တက်ခု-တ်အုံး အသာလေး နိုင်တယ် ဒါပြင် မိမိရပ်ရွာ အထိခိုက်မခံလိုဘူး ခေါင်းငုံ့အသေမခံ လည်ဆင်း အရှုံးမပေးချင်ဘူးဆိုလည်း နီးစပ်ရာ PDF ကို ထောက်ပံ့ သတင်းပေး ထိုမှနေ လနက် ဖန်တီး စု ထုတ်လုပ် ၀ယ်ယူနိုင်အောင် ပူးပေါင်း ပြင်ဆင်ထားသင့်ကြပြီဆိုတာ
မဟုတ်ရင်တော့ စခ ဆယ်ဂဏန်းလောက်လေး လာဝိုင်းတိုင်း လူထောင်ချီ ယခုလိုပဲ ထွက်ပြေးနေကြရမည်ဆိုတာနဲ့ ထိုသို့မဖြစ်စေဖို့ မိမိပြည်သူ လူအင်အား အရေအတွက် ရာ ထောင်ချီကိန်းဂဏန်းကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ ခုထဲက အားလုံး ပြင်ဆင် အသင့် ပြောင်းလဲ လုပ်ဆောင်ထားကြပြီး တလရကို တဖက်တလမ်းကနေ ကူညီကြသင့်ပြီဆိုတာ
ဒီပွဲဟာ ပြည်သူပါမှ နိုင်မည့်ပွဲမို့ ပြည်သူသာ အဓိကဆိုတာ သိရင် ဘယ်နတ် ဘုရားမှ အားမကိုးပဲ မိမိတို့ဘာသာလျင် အရှင်သခင်အဖြစ် စိတ်နဲ့ အချိန်မီ နိူးထ ရုန်းထကြွကြပါဟု မိမိပြည်သူများအား အသိ သတိပေး နှိုးဆော်လိုက်ရပါသည်ဟု ခဗျာ !
#မင်းတော်၀င် Ⓜ️
15/10/2022
" ရန်ငါပြတ် ကြေငြာချက် "
____________________________________
" ငွေရှိ လုပ်ငန်းရှင်တွေ စ🦮တွေက ရိုက်နှပ်ဖမ်း ငွေညစ်လို့ ပြေးနေကြတဲ့ "
သိပ်ချိုမြိန်တဲ့ သတင်းတပုဒ်ပါပဲ
$အချောင်နေ လူတန်းစားတွေ စ🦮တွေက ဖမ်း ရိုက်နှပ် ငွေညစ်ရင် သိန်းတထောင်လောက် ပေးရတာ
အကယ်၍ NUG က အခွန်ကောက်ရင် PDF တွေက အလှူခံရင် ဓားမြသာသာပုံစံတွေနဲ့ ဆက်ဆံပြောဆိုနေတာ ခုတော့ မှတ်ကြပြီလား
ဖမ်းတယ် ရိုက်နှပ်တယ် သိန်းတထောင်ပေးမှ ပြန်လွှတ်တယ် အကယ်၍ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေသာ တလရအတွက်ဆိုပြီး အဲလိုလုပ် ငွေပြန်ပေးမယ်ဆိုရင်တောင်
အော်ချက်ထုတ်ပြီး မျိုးစုံအပုတ်ချ စွတ်စွဲကြမှာဆိုတော့ တလရလည်း မပါ မကူ ကြားနေလို ခွထိုင်လို စ🦮တွေကို လည်စင်းပေးနေကြတာ မရှက်တာ
ခံကြ သားရီးတို့ ငါတို့အလှည့်ကြ အခွန်ကောက်လို့ ခုလို အော်မယ်ဆို စခဒလံအဖြစ်သွတ်သွင်းပြီး အပျောက်ပါ ပိရိခိုင်းမှာ ရှင်းလား
$ကျိုးမပေးတဲ့ လူတန်းစားတွေ တလရကို မဖျက်စီးရုံတမယ် ကိုယ်ချင်းမစာပဲ ထိုင်ကြည့်နေလို့ ကြာနေတာ
ဒီတော့ မင်းတို့နဲ့တန်တာ စစ်ဖိနပ်အောက်ပဲဆိုတော့ ဒီတလရမှာ မအလနဲ့အတူ အကုန် ရေစုန်မျော ဆေးကြောပစ်ရမည့် ဆန်ကုန်မြေလေး အပေါစားကောင်တွေ
နိုင်ငံ ပြည်သူအတွက် စိတ်ဓာတ် ကိုယ်ကျင့် မကောင်းတဲ့ တဘို့ထဲနွား တနေရာထဲ စုံလုံးကန်း ောာမသူတွေ
ကိုယ့်နေရာပဲ ကွက်သာယာ ဖျာ၀င်ခင်း အချောင်နေ စား ခေတ်ပျက်မှာ ဂွင်ဖန် ကြီးပွား လုပ်စားချင်နေကြလိုသူတွေ
ဒီတော့ ဆူံးဖြတ်ကြတော့ မအလောာယပ်မှာလား ပြည်သူ့အတွက် ကူညီမှာလား မင်းတို့ $ငွေ အလကား မယူဘူး ဓားပြလည်း မတိုက်ဘူး တန်ရာကြေးပဲ အခွန်ဆောင်ရ ကောက်ကြမှာ
ဒါဟာ နိုင်ငံတော်အတွက် အထူးသဖြင့် မင်းတို့ပါ ဘေးကင်းစေဖို့ ပြည်သူအတွက် တွန်းလှန် တိုက်ပွဲဖော်ဆောင်နေတဲ့ တလရအတွက်ဖြစ်တယ်ဆိုတာ သိရင်ကို
မင်းတို့ သူဌေးလို 🦮လိုကောင်တွေ $ပေါက်တွေပိတ် ပြည်သူကို ငှဲ့ညှာ အခွန်ကောက်ခံမှုကို ကြည်ဖြူစွာနဲ့ လက်ခံ ပေးချေသင့်ကြပြီလေဆိုတာ ငါတို့က ပြည်သူ့ကိုယ်စား တော်လှန်ရေးအတွက် ကြေငြာတယ်ကွာ
NUG PDF ကို အခွန်မပေးဆောင်သူ ပြည့်ရန်သူနဲ့ စ🦮 ောာမ ဒလံတွေ သို့ စ🦮အားပေး စစ်ဖိနပ်ယပ် အောက်ကျို့ခစား ကျွံသာသာကောင်ကောင်တွေဆိုတာ
နွေဦးတော်လှန်ရေးက လူမျိုး နိုင်ငံအတွက် ရပ်တည်ရေးအရပါ သေချာ ရန်ငါပြတ်နဲ့ ဆုံးဖြတ် ခွဲခြား ပြုမူ မြေလှန်ထားပြီဆိုတာ သိကြ !
#မင်းတော်၀င် Ⓜ️
21/07/2022
မြန်မာပြည် ထိပ်ဆုံးရောက်သွားပါပြီ
မအလရဲ့ စွမ်းပကားကြောင့် 😃
21/07/2022
🔳 အရေးဟဲ့ အကြောင်းဟဲ့ဆို ကိုယ်လွတ်ရုန်းပြည်ပထွက်ပြေး တကိုယ်ကောင်းသမားတွေက ၁ သောင်းတန်၊ ၅ ထောင်တန်ဖျက်သိမ်းတော့မယ် အသံကလွှင့်ပီ
ပြည်ပမှာ ဇိမ်ကျနေတဲ့သူတွေက ဒုက္ခတွင်းထဲက ပြည်သူကို ရေနစ်ရာဝါးကူထိုးပေးနေကြတာ
သူတို့က တိုင်းပြည်ပျက်ဒုက္ခရောက်ဖို့ ဝိုင်းလုပ်ကြ
ပျက်ပီဆိုမှ ပြန်လာပီး ဖျာလာခင်း ကယ်တင်ရှင် ဆရာကြီးတွေလုပ်ဖို့ ပြည်ပကနေ အခန့်သားထိုင်စောင့်နေကြတာ
- ကျော်ကြီး(MDY)
01/12/2021
Coup d'état မှသည် Coup de grâce ဆီသို့
********************
မင်းအောင်လှိုင် နှင့် အပေါင်းအပါများ၏ ပြည်သူက တရားဝင် တင်မြှောက်ထားသော အစိုးရအား ဖြုတ်ချ ခဲ့သည့် လုပ်ရပ်သည် နိုင်ငံတွင်း တွင် သာမက ဒေသတွင်း တွင်ပါ ဆိုးရွားသည့် အကျပ်အတည်းကြီး ကျရောက်လာနေပြီ ဖြစ်သည်။
အာဏာသိမ်း ယုံနှင့် အားမရသေးပဲ လူထု ခေါင်းဆောင်များကို လက်စားချေ သည့်
အနေဖြင့် ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ခုံရုံးတင်လာခဲ့မှု များကြောင့် သိက္ခာ ကုန်းကောက်စရာ မရှိအောင် ဖြစ်လာနေသည်။
ခရစ်ယာန် ကျမ်းစာအုပ် များ အဆိုအရ အကြင်သူသည် ကမ္ဘာကြီးတခုလုံး ကို စိုးမိုးနိုင်သည် ဆိုစေဦး မိမိ၏ ကိုယ်ကျင့် သိက္ခာ၊ ဝိညာဉ် ပျောက်ဆုံးသွားပါက မည်သို့ အကျိုးရှိနိုင်ပေဦးမည်နည်း ဆိုသည့် စကားကို အမှတ်ရစရာ ဖြစ်လာခဲ့ရသည်၊ ထိုသို့သော ပုဂ္ဂိုလ်မျိုးအား ဘုရားသခင်၏ လက်စားချေ ဒဏ်ခတ်ခြင်းကို မလွဲမသေ ခံရမည်ဟုလည်း ဆိုထားပေသည်။
တဖက်တွင် ၎င်းတို့ အမုန်းကြီး မုန်းနေသော ဒေါ်အောင်ဆန်းစုကြည် အဖို့က ဂုဏ်သိက္ခာ တက်ပြီးရင်း တက်လာနေပြီ ဖြစ်သည်။ ပုံတွင် ဘရပ်ဆဲလ် ရှိ ဥရောပ သမဂ္ဂ အီးယူ တွင် သူမ အား ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြသည်မှာ မည်မျှ ဂုဏ်ယူစရာ ကောင်းသည့် မြင်ကွင်း ပင် တည်း၊ သို့သော် ယခုအခါ လူတောပင် မတိုးနိုင်ရှာတော့သော လူများက သေနတ်ကြီး တကားကားဖြင့် ဟိုအမှု၊ ဒီအမှု ဆိုကာ စဉ်းစားရသမျှ စွဲချက်တင်လာခြင်းပင် ဖြစ်သည်၊ နောင်လည်း လာပေဦးမည်။
ယမန် နေ့က နိုင်ငံတော် အတိုင်ပင်ခံမှ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် သွားရေးလာရေး အစဉ်ပြေစေရန် ရဟတ်ယာဉ် ဝယ်ယူခဲ့မှု နှင့် ငှားရမ်း အသုံးပြုခဲ့မှု အား အကျင့်ပျက် ခြစားသည် ဆိုကာ နောက်ထပ် တမှု ထပ်တိုးလိုက်ပြန်၍ စုစုပေါင်း ၁၂ မှု ရှိသွားပြီ ဖြစ်သည်။ လက်ရှိ စွဲဆိုထားသော ၁၁ မှု အတွက် စုစုပေါင်း ထောင်ဒဏ် ၁၀၂ နှစ်အထိ စီရင်ခံရနိုင်ဖွယ် ရှိပြီး ထပ်တိုးအမှု အတွက် က ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
သို့သော် ယမန်နေ့က စီရင်ချက် ချမည့် အရေးကို
အကြောင်းပြချက် တစုံတရာ မပေးပဲ တပတ် ရွှေ့ဆိုင်းလိုက်ပြန်သည်။
၎င်းတို့ လုပ်ရပ်များကို လေ့လာ ဝေဖန်ရန် ကြိုးစားပါက ပုံမှန် စိတ်ဖြင့် အကျိုးသင့် အကြောင်းသင့် စဉ်းစား ဆင်ခြင်ကြည့်၍ မရ၊ မိမိတို့၏ အသိညဏ် အဆင့်ကို အောက်ဆုံးထိ ဆွဲချထားနိုင်မှသာ အနီးစပ်ဆုံး မှန်ကန်ဖို့ ရှိနိုင်ပေ၏။
လက်ရှိတွင် ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက် မကျသေး၍လော၊ ထို အစည်းအဝေး တွင် အဖွဲ့ဝင် အဖြစ် ပါဝင်နေသော တရုတ်က စစ်ကောင်စီအား ကုလ အနေဖြင့် ပစ်ပယ်ထားပါက ပိုဆိုးလာနိုင်သည်ဟု အကြောင်းပြချက်မျိုး နှင့် ခုခံ ကာကွယ်မည်ဟု မျှော်လင့်ရသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် နိုင်ငံ၏ တရားဝင် တင်မြှောက်ထားသော လူထု ခေါင်းဆောင်အား ပြစ်ဒဏ် စီရင်မည် ဆိုက ၎င်းတို့ပြောသမျှ သဲထဲ ရေသွန် ဖြစ်သွားရမည်က သေချာသည်။
ထို့အတွက်လည်း မည်သို့မျှ အကြောင်းပြချက် မပေးပဲ စီရင်ချက် ချမည့် အရေးကို တပတ် ရွှေ့ဆိုင်းလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏ တရားစီရင်ရေးစနစ် အား အာဏာသိမ်း အုပ်စုက နိုင်ငံ ရေး လှည့်ကွက် တရပ်သဖွယ် မှောက်လို မှောက် သွန်လိုသွန် လုပ်ချင်တိုင်း လုပ်ကာ မလိုမုန်းထားသူ များကို ထောင်ထဲ ပို့နေခြင်း သက်သက်သာ ဖြစ်ကြောင်း သိသာနေပြီ ဖြစ်သည်။
နောက်ထပ် ထင်ရှားသော သက်သေ တခု အဖြစ် နိုင်ငံတကာ အလယ်တွင် မှတ်ကျောက်တင်ခံနိုင်ခဲ့သည့် ရွေးကောက်ပွဲ အား အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး စစ်ဝါဒီတို့၏ အထောက်အထားမဲ့ မလိုတမာ စွပ်စွဲချက် များကို တပြားသားမျှ အလျော့မပေးပဲ ပြည်သူတို့၏ လိုလားချက်များကို အခိုင်အမာ ကာကွယ်ပေးခဲ့သည့် ရွေးကော်ဥက္ကဌ ကြီး ဦးလှသိန်း နှင့် အဖွဲ့ဝင် နှစ်ဦး အား မည်သည့် အပြစ်ဒဏ် မှ စီရင်ချက် မချရမှတ်သေးပဲ နေပြည်တော်ရှိ နရသိန် အကျဉ်းထောင်ကြီးသို့ ပို့ဆောင်လိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိတွင် NLD ထိတ်တန်း ခေါင်းဆောင်များ နှင့် အစိုးရ အဖွဲ့တွင် ပါဝင်ခဲ့သူ စုစုပေါင်း ငါးဆယ်ကျော်သည် စွဲချက် မျိုးစုံ ဖြင့် အကျဉ်းချ ခံနေရပြီ ဖြစ်သည်။
သို့သော် နယူတန်၏ တတိယ နိယာမအရ သက်ရောက်မှု တိုင်း အတွက် တန်ပြန်လာမှုက ရှိစမြဲပင်။
နိုင်ငံတော် အတိုင်ပင်ခံ လက်ထက်တွင် ရိုဟင်ဂျာ အရေး ဆန္ဒထုတ်ဖေါ်သူများက အာဂျင်တီနား တရားရုံးတွင် စတင် တရားစွဲခဲ့ခြင်းဖြစ်ပြီး ဗြူနိုအေရိစ် ခရိုင်တရားရုံးက ပယ်ချခဲ့ခြင်းကို အယူခံ ဝင်ခဲ့၍ အထက် တရားရုံးက အောက်ရုံး၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး တရားစွဲဆိုခွင့် ပြုခဲ့ခြင်းပင် ဖြစ်သည်။
နိုင်ငံတကာ တရားရုံး အိုင်စီဂျေ မှ မြန်မာနိုင်ငံသည် ရိုဟင်ဂျာ များ အပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့ပါသည်ဟု ဂမ်ဘီယာ မှ စွပ်စွဲခဲ့ခြင်း အပေါ် နိုင်ငံ အဖို့ သမိုင်း အဆက်ဆက် အမည်းစက် တင်မည့် အရေးကြောင့် သွားရောက် လျှောက်လဲခဲ့ရခြင်းပင် ဖြစ်သည်။
သမိုင်းတလျှောက် မင်းအောင်လှိုင်ကြောင့်ဟု မည်သူမျှပြောနေမည် မဟုတ်ပဲ မြန်မာ ဆိုပြီး အမည်တပ်က၍ လူမျိုးတုန်း သတ်ဖြတ်ခဲ့သည့် နိုင်ငံဟု ရေးသားလာကြပေတော့မည်။
ထို့အတွက် သူမ၏ အမှန်တရား တန်ဖိုးထားသည့်
ကိုယ်ကျင့်သိက္ခာကို အထင်လွဲခံခဲ့ရသည်၊ သူမအပေါ် နိုင်ငံတကာ မှ အမြင် မကြည်လင်ခဲ့ကြ၊ ခုထိလည်း နိုဘယ်ဆုရှင်များ က သူမလွတ်မြောက်ရေး အတွက် ရေငုံနှုတ်ပိတ် နေကြဆဲပင် ဖြစ်သည်။
ယခု မင်းအောင်လှိုင်အား နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး အိုင်စီစီမှ စွဲချက်တင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်၍ အိုင်စီ ဂျေ ၏ တရားလိုပြ ရှေ့နေကြီးများက ၎င်းတို့ ရရှိထားပြီးသား သက်သေများ ဖြင့် အမှု တည်ဆောက်ရန် လုံးပမ်းနေပြီ ဖြစ်သည်။
အိုင်စီစီသည် လူပုဂ္ဂိုလ် တဦးချင်းအပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှု အတွက် တာဝန်ခံမှု ရှိစေရန် တရားစွဲဆိုသည့် နိုင်ငံတကာ တရားရုံးလည်း ဖြစ်သည်၊ ထိုသို့သော အရေးကို နိုင်ငံတော် အတိုင်ပင်ခံ အနေဖြင့် မည်သို့မျှပင် ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။
မြန်မာ သည် ရောမစာတမ်းကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများ အတွက် ထိခိုက်မှု ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်က အိုင်စီစီ အား ဦးတိုက် လျှောက်ထားလာမှု အပေါ် သဘောတူလိုက်ခြင်းပင် ဖြစ်သည်။
အိုင်စီစီသည် စစ်ခေါင်းဆောင်များအတွက် ရွေး၍ သဘောတူ ပေးခဲ့ခြင်း မဟုတ်၊ မြန်မာကဲ့သို့ လက်မှတ်ရေးထိုးထားခြင်း မရှိသည့် ဆီရီယားရှိ စစ်ခေါင်းဆောင်များအားလည်း အိမ်နီးချင်း ဂျော်ဒန် နိုင်ငံ၏ တိုင်တန်းမှု ဖြင့် အမှု လက်ခံ စီရင်နေသည့် အစဉ်အလာက ရှိပြီးလည်း ဖြစ်သည်။
မင်းအောင်လှိုင်အား တရားရုံးသို့ လာရောက် ထုချေရန် ဆင့်ခေါ်မည်၊ ပျက်ကွက်ပါက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်မည်၊ ထိုသို့ ဖြစ်လာပါက မင်းအောင်လှိုင် အဖို့ နိုင်ငံ အပြင်သို့ ထွက်လိုပါက သက်ဆိုင်ရာ နိုင်ငံမှ ၎င်းအား ဖမ်းဆီးခြင်း မပြုပါဟူ သော ကတိခံဝန်ချက်ကို အရင်ဆုံး ရယူရတော့မည် ဖြစ်သည်။ ဖမ်းဝရမ်း ထုတ်ထားခံရသူအားလည်း မည်သူမျှ တရားဝင် ဆက်သွယ်ရဲကြတော့မည် မထင်ပေ။
ယနေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ရုရှားတပ်များ ယူကရိန်းနယ်စပ်တွင် စုရုံးလာနေသည့် အတွက် အကယ်၍ ယူကရိန်းကို ကျုးကျော်လာပါက "ဆိုးရွားသော အကျိုးဆက်များ" ဖြစ်ပေါ်လာလိမ့်မည်ဟု ရုရှားကို သတိပေးလိုက်သည်။
ရုရှားလို နိုင်ငံကြီးကိုပင် အမေရိကန်မှ ထိုသို့ ပြောရဲ ပါလျက် မြန်မာ စစ်ခေါင်းဆောင်များ အား ထိုသို့ ပြင်းထန်သော စကားလုံးများ သုံးကာ အဘယ်ကြောင့် မပြောနိုင် ဖြစ်နေကြရသနည်း။
ပြည်သူ့အားဖြင့် တော်လှန်ရေးကြီး အောင်ရမည်!!!
01/12/2021
#မင်းတို့ကြောင့်_ပိုပြီးတော်လှန်ဖြစ်တယ်
ညက တမှေးအိပ်ပျော်သွားတဲ့အချိန် စစ်ကြောရေးမှာ အ--တ်ခံလိုက်ရတဲ့ ငါ့သူငယ်ချင်း သက်ပိုင်ထူး
(ခေါ်)အလီ ကို အိပ်မက်မက်တယ်။ ငါနိုးလာတော့
မင်းအဖမ်းမခံရခင် ရက်ပိုင်းအလိုလောက်က နေ့
ရက်တွေအကုန်လုံး ပုံရိပ်ပြန်ပေါ်လာတယ်။
ဇွန်လပိုင်း ၁၈ ရက်နေ့၊ အမေစုမွေးနေ့ရောက်တော့
မယ့်ညမှာ ငါတို့ခဏတဖြုတ် ပြောင်းရွေ့ခဲ့ရတဲ့ တိုက်
ခန်းဝရံတာပေါ်ကနေ အမေစုအတွက် သံစဉ်တွေဟစ်ကြွေးခဲ့စဉ်က မင်းမပါခဲ့ဘူး။ အဲ့ညမှာ ငါတို့အဖွဲ့ စလိုက်တဲ့ဟစ်ကြွေးသံတွေက ပန်းပဲတန်းမြို့နယ်တစ်ခုလုံး ပါဝင်ခဲ့ကြတာ မင်းမမြင်တွေ့လိုက်ရဘူး။
အမေစုမွေးနေ့ ဇွန်လ ၁၉ ရက်နေ့၊ ငါတို့တစ်ဖွဲ့လုံး
စောက်တည်ရာမရဖြစ်ခဲ့ကြရတဲ့နေ့၊ ငါမှတ်မိနေသေးတယ်။ နေ့လည်ပိုင်းမှာ တိုက်ခန်းကနေ အရင်ဦးဆုံးထွက်ခွာသွားပြီး လမ်းထိပ်မှာစောင့်နေမယ်ဆိုတဲ့တစ်ယောက်၊ ငါတို့မရောက်ခင် မိနစ်ပိုင်းအလိုမှာ စခတွေစောင့်ဖမ်းတာကို ခံလိုက်ရတယ်။ ငါတို့လမ်းထိပ်ထွက်တော့ လမ်းထိပ်ကလူတွေက လူတစ်ယောက်ကိုအခုလေးတင် စခတွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သူ့ရဲ့ကားကိုပါ မောင်းယူသွားကြောင်း ငါ့ကိုလာပြောပြလို့ တိုက်ခန်းမှာကျန်ခဲ့တဲ့ငါတို့အဖွဲ့ ချက်ချင်းအသိုက်ရွှေ့ခဲ့တယ်။ အဲ့နေ့ ငါတို့မိဘတွေအိမ်ကို ခဏပြန်ကြမယ်၊ ပြီးမှ ဆက်ရွှေ့ဖို့စီစဉ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ပြိုင်တူချ၊ အဲ့နေ့ညက မင်းအဖမ်းခံရတဲ့ညပဲ။
ဇွန်လ ၁၉ ရက်နေ့ ညအစောပိုင်း ငါတို့ရောက်ရှိနေတဲ့ မိဘအိမ်တွေရှိတဲ့ရပ်ကွက်ထဲ စခတွေဝင်လာပြီလို့ ဖုန်းcallတွေဝင်လာလို့ ကျောပိုးအိတ်ကို ချက်ချင်းလွယ်၊ ရပ်ကွက်နောက်ပေါက်ကိုပြေးပြီး မင်းအိမ်အနီးမှာ နာရီဝက်အကြာလောက်နေပြီး မင်းဆီဖုန်းတောက်လျှောက်ဆက်ခဲ့တယ်၊ မင်းဆီက အဆက်အသွယ်ပြန်မရခဲ့။ အခြေအနေက မနက်က ပါသွားတဲ့တစ်ယောက်က ငါတို့မစ်ရှင်တွေနဲ့ မသက်ဆိုင်ပေမယ့် အဲ့ဒီလူက ငါတို့တစ်ဖွဲ့လုံးကို ဖော်ကောင်လုပ်တယ်။ ဆိုးတာက မင်းအိမ်မှာ ငါတို့တအုပ်လုံး နေခဲ့ဖူးတော့ ကြမ္မာဆိုးက မင်းကို အမှောင်ခန်းထဲထည့်လိုက်ပုံပဲ။
ဇွန်လ ၂၀ရက်နေ့ မနက် ၁၂ နာရီလောက်မှာ စခတွေ အင်အားအလုံးအရင်းနဲ့ ငါတို့အဖွဲ့တစ်ဦးချင်းစီရဲ့အိမ်တွေကို ဝင်ရောက်စီးနင်းနေတဲ့အချိန် ငါနဲ့ချာတိတ်၂ယောက်က ဘေးကင်းတဲ့နေရာမှာ ရောက်နေပေမယ့် ဖုန်းဆက်သွယ်လို့မရခဲ့တဲ့မင်းကို စိတ်ထဲပူပင်နေမိတာတော့ အမှန်ပါပဲ။
စခတွေက အဲ့အချိန် ရပ်ကွက်ထဲစဝင်တော့ အသက်၁၃နှစ်အရွယ် မောင်ဖိုးစိန်တို့ ကလေးတွေ ဆော့ကစားနေတာကို ဝိုင်းပစ်ခတ်ကြလို့ "ကို.... ရေ...
ဖိုးစိန်လေး ကျည်ဆံထိသွားပြီ"လို့ ငါ့ဆီ မတ်ဆေ့တွေဝင်လာတယ်။ နောက်တော့ ငါတို့အဖွဲ့အိမ်တွေကို မွှေနေတဲ့အချိန် နောက်ဆုံးရောက်လာကြတာ ငါ့အိမ်ပဲ။ ငါ့အိမ်အရှေ့ထိ မင်းကို လူမဆန်စွာ ရိုက်နှက်ထုထောင်းပြီး ခေါ်လာတဲ့မြင်ကွင်း၊ ငါမမြင်လိုက်ရပေမယ့် မင်းဘယ်လောက်နာကျင်နေမလဲ ငါမြင်ယောင်ကြည့်မိတယ်။ ငါဘယ်မှာရှိသလဲမပြောရင် မင်းကို ပစ်--တ်မယ်လို့ သေနတ်နဲ့ထောက်ပြီး စခတွေပြောသွားတဲ့စကား ငါ့အိမ်သားတွေ ပြန်ပြောပြလို့ နာနာကျင်ကျင်နဲ့ ပြန်ကြားရတယ်၊ အခုထိပဲ သူငယ်ချင်းရေ။
နောက်တစ်နေ့မှာ ညက အပစ်ခတ်ခံရတဲ့ ၁၃နှစ်အရွယ် မောင်ဖိုးစိန်လေးရယ်၊ မင်းရယ်၊ အတည်မပြုနိုင်တဲ့ မင်းတို့၂ယောက်ရဲ့ အသက်အန္တရာယ်အကြောင်းတွေ ငါ့ဆီမတ်ဆေ့တွေဝင်လာတယ်။ မင်းက ထွက်ပြေးလို့ သူတို့က ပစ်ခတ်ရတာပါတဲ့၊ ဖိုးစိန်လေးကတော့ သူတို့စခတွေဝင်လာတော့ လက်လုပ်boomနဲ့ထုလို့ ပစ်ခတ်လိုက်ရတာပါတဲ့။ အလိမ်အညာစကားတွေနဲ့ ခွေးပါးစပ်က ချီးနံ့တထောင်းထောင်းမို့ ယနေ့ချိန်အထိ ငါနှာခေါင်းရှုံ့မိနေတုန်းပဲ။
နောက်တော့ ဖိုးစိန်လေးလည်း လေပြွန်ထိပြီး အသက်ဆုံးသွားပြီတဲ့၊ မင်းကိုလည်း စစ်ကြောရေးမှာ ဆုံးတယ်လို့ ဗဟန်းရဲစခန်းက မင်းမိသားစုဆီအကြောင်းကြားပြီးခါမှ၊ မင်းနဲ့ဖိုးစိန်လေး သေသွားတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဖြစ်ကြောင်းကုန်စဉ် ငါချရေးပြတော့ မင်းပြန်ရှင်သန်လာကြောင်း ထပ်ပြီးကလိမ်ကျကြတယ်။ နောက်တော့ မင်းနာရေးကို အားလုံးက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ငါသိရတော့ ငါတို့ဘော်ဒါတွေအားလုံး ဘယ်ဖြေဆယ်နိုင်ပါ့မလဲ..?
မင်းနာရေးလည်း ငါတို့မလာနိုင်၊ မင်းနောက်ဆုံးအချိန်ထိ မင်းဘေးမှာ ရှိမနေနိုင်ခဲ့လို့ နာကျင်ရတဲ့ဖြစ်ရပ်တွေအကုန်လုံး စခတွေပေါ်ကိုသာ အကုန်ပုံအောချပြီး အခုတော်လှန်ရေးတောက်လျှောက် အပြစ်မဲ့ပြည်သူအားလုံးအတွက်ကော၊ ဖမ်းဆီးခံ တော်လှန်ရေးသမားတွေအတွက်ကော၊ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက်ရော၊ နိုင်ငံရဲ့အနာဂါတ်အတွက်ရော၊ မင်းအတွက်ပါ ပိုပိုတိုးတိုးပြီး ခံပြင်းစိတ်နဲ့ ဆက်ပြီးတော်လှန်နေတယ်။
အဲ့နေ့ညကသာ ငါဆက်တဲ့ဖုန်း မင်းသာကိုင်ခဲ့ရင်၊ မင်းဖုန်းက မင်းမိသားစုလက်ထဲမှာသာ ရှိမနေခဲ့ရင်၊ မင်းအိမ်ထဲအထိဝင်ပြီး မင်းလက်ကိုဆွဲ "ငါတို့ အမြန်ရှောင်ကြရအောင်"လို့ ငါသာ ခေါ်ဖြစ်ခဲ့ရင်၊ အခုတော်လှန်ရေးတလျှောက် ငါ့ဘေးနားမှာ မင်းရှိနေဦးမှာ၊ တောင်းပန်တယ် ငယ်သူငယ်ချင်းရေ..😔
19/11/2021
Mi35 တိုက်ခိုက်ရေး ရဟတ် နဲ့တိုက်နေတယ်တဲ့
CDF(mindat) CDF(Kanpanlet)YDF တို့
ဘေးကင်းကြပါစေ🙏🙏အောင်မြင်ကြပါစေ
တူမီးကို မနိုင်တော့ ရဟတ်ပါသုံး ယီး စတိမ်းကမ်း
အာမေ🖕🖕🖕
19/11/2021
သတိပြု‼
ရန်ကုန်မြို့မှ ပဲခူးမြို့သို့လာမည့်လမ်းတွင်
ပဲခူးမြို့မင်းလွင်ကုန်းမှာ ကားပေါ်ပါလာသူ
လူတစ်ယောက်ချင်းဆင်းခိုင်းကာ စစ်တပ်မှ
စစ်ဆေးမှုတွေပြုလုပ်နေပြီး
ကားအတွင်းပိုင်းတွေလည်း သေချာ
စစ်နေကြတယ်လို့ သတင်းပေးပို့ထားပါတယ်...
............. ..................
အမြန်လမ်း 0 mile မှာ အိမ်စီးကားဆို
ဖုန်းတွေပါ စစ်ပြီး Gallery ထဲဝင်ခိုင်းပါတယ်။
Fb accဆို log outလုပ်ခိုင်းပြီး accတွေကို
ကြည့်ပါတယ်။ တချို့နေရာတွေမှာ မှတ်ပုံတင်၊
ကားလိုင်စင် စစ်တယ်။ လူခန္ဓာကိုယ်ဆိုရင်
လက်မောင်းနှင့် ဂုတ်တွေကို ကြည့်ပြီး
စစ်ဆေးတယ်လို့ ခရီးသွားတဦးမှ
သတင်းပေးပို့လာပါတယ်...
တချို့expressပေါ်ဆိုရင် ရခနဲ့စခ တတ်စစ်ပါတယ်
11:10 am,Nov 19
19/11/2021
တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေး မင်းအောင်လှိုင် ပါဝင်မည့် အရေး
အာဆီယံ အပြင်းအထန် ဆန့်ကျင်
*************************************
တရုတ် အထူး သံတမန်သည် ရှေ့အပတ်ထဲတွင် ကျင်းပမည့် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မင်းအောင်လှိုင်အား တက်ရောက်ခွင့်ပြုရန် လော်ဘီ လုပ်ခဲ့သော်လည်း ခါးခါးသီးသီး ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု သံတမန် သတင်းရပ်ကွက်များ အား ကိုးကားပြီး ရိုက်တာ သတင်းက ဖေါ်ပြခဲ့သည်။
မြန်မာတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကြောင့် နိုင်ငံရေး အကျပ်အတည်းကြီး ဖြစ်ပေါ်လာပြီး ဒီမိုကရေစီ အား နင်းချေ ပြစ်ခဲ့မှု အပေါ် အာဆီယံ နိုင်ငံများက စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ဟု ဆိုသည်။
လက်ရှိတွင် စင်္ကာပူ၊ အင်ဒိုနီရှား၊ မလေးရှား နှင့် ဘရူနိုင်းတို့က နိုဝင်ဘာ ၂၂ တွင် ကျင်းပမည့် အစည်းအဝေး အား မင်းအောင်လှိုင် တက်မည့် အရေးကို ဆန့်ကျင်လျက် ရှိပြီး နိုင်ငံရေး နှင့် မပတ်သက်သူကိုသာ တက်ရောက်ခွင့် ပြုမည့် ဆိုသော အာဆီယံ ခေါင်းဆောင်များ အမျှော်အမြှင် ကြီးစွာ ချမှတ်ထားသည့် မူ ကို မယိမ်းမယိုင် စွဲကိုင်လျက် ရှိသည်။
တရုတ် အထူးသံတမန် ဆွန်ကောရှန်သည် ပြီးခဲ့သည့် အပတ်အတွင်း စင်္ကာပူ နှင့် ဘရူနိုင်း သို့ ရောက်ရှိလာခဲ့ပြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရရန် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု ရမသွားခဲ့ဟု သိရသည်။
သို့သော် မြန်မာသည် ယခု နှစ်အတွက် အာဆီယံ ၏ တရုတ်ရေးရာ ညှိနှိုင်းရေး တာဝန်ခံ အဖြစ် ခန့်အပ်ထားခြင်း ခံထားရပြီး ဖြစ်သဖြင့် ထိုအနေအထားကို အသုံးချ၍ အတင်းတက်ရောက်မည့် အလားအလာ ရှိနေသည်ဟု လည်း ခန့်မှန်းနေကြသည်။
အမျိုးသား ညီညွတ်ရေး အစိုးရမှ “ပျံလွှားအောင်” စစ်ဆင်ရေးဖြင့် ပြည်သူတို့၏ တွန်းလှန်ခုခံစစ်ကို အရှိန် မြှင့်တော့မည်ဟု တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။
ကာကွယ်ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ တနင်္လာနေ့ တရက်တည်းတွင်ပင် ရန်ကုန် နေရာအနှံ့မှာ ပျံလွှားကဲ့သို့ လျပ်တပြက် တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ် ဆင်နွှဲနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် ဗုံးခွဲတိုက်ခိုက်မှု ဆယ်ကြိမ် နှင့် စစ်ကောင်စီတပ်များကို ပစ်ခတ်မှု လေးကြိမ် ပါဝင်ခဲ့သည်။
စစ်ကောင်စီ တပ်သားများ အကြား မိမိတို့ ဘယ်အချိန် အသတ်ခံရမည်လဲ ဆိုသည်ကို ငုတ်တုတ် ထိုင်စောင့် နေရသည့် အဖြစ်မျိုး နှင့် ကြုံနေရလေသည်။
စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မိမိတို့ဖက်မှ နှစ်ရာခန့် ကျဆုံးသွားခဲ့ရပြီ ဟု ဘီဘီစီ နှင့် အင်တာ ဗျူးတွင် ထုတ်ဖေါ်ဝန်ခံခဲ့ရပြီး ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့ ဖက်မှ အကျအဆုံးကို တတ်နိုင်သလောက် လျော့ပေါ့ပြောခဲ့သည့် အစဉ်အလာ ရှိသည်ကို အားလုံးက သိထားကြပြီး ဖြစ်သည်။ ဇော်မင်းထွန်း အနေနှင့် မိမိတို့ အကြမ်းဖက် တိုက်ခိုက်ခံ နေရသည်ကို ပေါ်လွင်စေရန် မျက်ရည်ချူပြလိုက်ခြင်းဖြစ်သည်။
လာမည့် ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီ အစည်းအဝေး နီးကပ်လာသည်နှင့် အမျှ အမျိုးသား ညီညွတ်ရေး အစိုးရအား အကြမ်းဖက် သမားများ အဖြစ် ပုံဖေါ်စေရန် ဘက်ပေါင်းစုံမှ အချိန်ကိုက် ထိုးနှက် တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။
ရစ်ချတ်ဆန်သည် မင်းအောင်လှိုင် နှင့် တွေ့ဆုံပြီး ကိုဗစ် ကာကွယ်ဆေး နှင့် လူသားချင်း စာနာသည့် အကူ အညီများ ပေးရန် လမ်းဖွင့်ပေးနိုင်ခဲ့သည် ဆိုသော်လည်း အမေရိကန် အစိုးရမှ ဂျွန်ဆင်-ဂျွန်ဆင် ကိုဗ် ကာကွယ်ဆေးရည် များ ကို သန်းနှင့် ချီ၍ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း များထံ ပို့ပေးတော့မည် ဖြစ်သည်။ မည်သို့မည်ပုံ ပေးပို့မည် ဆိုသည်နှင့် မည်သည့် အဖွဲ့အစည်းက တာဝန်ယူ ဖြန့်ချီမည်ဆိုသည်ကိုမူ သဲသဲကွဲကွဲ မသိရသေးဟု သတင်းများက ဆိုသည်။
တရုတ် ကိုယ်စားလှယ် ဆွန်ကောရှန်သည် မည်သူနှင့် တွေ့ခွင့်ရမည် မသေချာသေးသော်လည်း နီပွန် ဖေါင် ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါသည် နေပြည်တော်တွင် NLD မှ ဒေါ်စုစုလွင် နှင့် တွေ့ဆုံခွင့် ရခဲ့ကြောင်း သတင်း များက ဆိုသည်။ ဆာဆာကာဝါက သူ၏ သတင်းစာ ရှင်းလင်းပွဲတွင် မည်သူနှင့် တွေ့ဆုံခဲ့ရသည်ကို ထုတ်ဖေါ် ပြောဆိုရန် ငြင်းဆိုသွားခဲ့သည်၊ ဒေါ်စုစုလွင်သည် အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူတို့၏ မြင်ကွင်းမှ စုံးစုံးမြုပ် ပျောက်ကွယ် သွားခဲ့ရာ ပထမဆုံး အကြိမ် သူမနှင့် ပတ်သက်ပြီး သတင်းထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ဆွန်ကောရှန်သည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့်ရရန် ပထမ အကြိမ် လာရောက်စဉ်ကပင် ကြိုးပမ်း ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒုတိယ အကြိမ်တွင် အလားတူ ကြိုးပမ်းဦးမည်ဟု ယူဆရပြီး တရုတ် အစိုးရ အနေဖြင့် မြန်မာ နိုင်ငံရေး တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ပယ်၍ မရကြောင်း စစ်ကောင်စီ ကို သွယ်ဝိုက် သတိပေးလာခြင်း ဖြစ်မည်ဟု ဧရာဝတီက သုံးသပ်ထားသည်။
သို့သော် တရုတ်သည် လက်ရှိတွင် စစ်ကောင်စီ တပ်များ အပြီးသတ် ထိန်းချုပ်လာနိုင်သည့်ဖက်မှ ပုံအော လောင်းထားဆဲ ဖြစ်သည်ဟု အမေရိကန် Foreign Policy မဂ္ဂဇင်းတွင် ရေးသားထားသည်။
အာဏာသိမ်း တပ်များသည် မြန်မာ့သမိုင်းတွင် တခါမျှ မကြုံဖူးသည့် ရက်စက်ကြမ်းကြုပ်သော နည်းမျိုးစုံဖြင့် မြန်မာ လူအဖွဲ့အစည်းကြီး တခုလုံးကို ဗြောင်းဆန်အောင် ဆွဲကိုင်လှုပ်ရမ်းနေသည့် အဖြစ်ကို တရုတ်တို့ ရိပ်စား ရကောင်းမှန်း မသိဘဲ မြန်မာ တို့၏ အနိုင်မခံ အရှုံးမပေးတတ်သည့် ဇာတိမာန် ကို အထင်သေး နေခြင်း ဖြစ်သည်။
နယူတန်၏ တတိယ နိယာမ အရ ထိုသို့သော ရက်စက် ကြမ်းကြုပ်မှုတိုင်းအတွက် တူညီသော အတိုင်းအတာ ဖြင့် ပြန်လည် ထုတ်နှုတ် ရွေး ယူလာမှုကို မလွဲမသွေ ခံကြရပေပေတော့မည်။ မည်သူမျှ ဒီအတိုင်း ခေါင်းငုံ့ခံနေကြမည်ကား မဟုတ်ပေ။
သို့သော် ရန်ကုန်တွင် PDF များ ရန်သူ့လက် ကျရောက်သွားသည့် သတင်း အတွက် စိတ်ပျက် စိတ်မကောင်း ဖြစ်ကြသည်ကို တွေ့ရသော်လည်း ၎င်းတို့နေရာတွင် မိမိတို့မှ မည်သို့ မည်ပုံ တတ်နိုင်သည့် ဖက်မှ တာဝန်ယူကြမည် အထိ တော့ စဉ်းစားခဲ့ကြပုံမျိုး မတွေ့ရပေ။ တော်လှန်ရေး ဆိုသည်က အနိမ့်အမြင့် အကျအရှုံးက ရှိတတ်စမြဲ ဓမ္မတာပေ။
မြန်မာ ပြည်သူများသည် လက်ရှိ တော်လှန်ရေးကြီးသာ မအောင်မြင်ပါက မြို့ရွာများတွင် ရဲစခန်း နှင့် ဝေစားမျှစား လုပ်ကာ အိမ်များကို ဖောက်ထွင်းမည့် လိုင်စင်ရ လုပ်ငန်းကြီး မျိုး ပေါ်ပေါက်လာနိုင်ပြီး ရပ်ကွက် အုပ်ကြီး များကလည်း လူမိုက်များငှားကာ အိမ်ပေါက်စေ့ ဆက်ကြေးများ ကောက်ယူလာကြပေဦးမည်၊ မပေးပါက စစ်တပ်ကို ဆန့်ကျင်သူ အဖြစ် သတင်းပေးမည်ဟု ခြိမ်းခြောက် ခံလာကြရမည့် အန္တရာယ်ကြီး နှင့် အားလုံး မလွှဲမသွေ ရင်ဆိုင်ကြရတော့မည်ကိုလည်း သိရှိနေကြပြီး ဖြစ်သည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!