PPP-People's Pioneer Party Mayangone

PPP-People's Pioneer Party Mayangone

Share

Programmatic Party in Myanmar

01/02/2021
Photos from PPP-People's Pioneer Party Mayangone's post 27/01/2021

ျပည္သူ႔ေရွ႕ေဆာင္ပါတီ မရမ္းကုန္းၿမိဳ႕နယ္ရံုးခန္းတြင္ သံဃာေတာ္မ်ားအားပင့္ဖိတ္ၿပီး အမႈေဆာင္အဖြဲ႕ဝင္မ်ား၊ ပါတီဝင္မ်ားမွဆြမ္း၊ သဃၤန္း၊ နဝကမၼ ကပ္လႈျခင္း၊ အႏၲရာယ္ကင္းပရိတ္တရားေတာ္မ်ားရြတ္ဖတ္ပူေဇာ္ၾကပါသည္....
(၇)ရက္သားသမီးမ်ား ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ...
အမွ်ေပးေဝပါသည္... 🙏🙏🙏
အမွ် အမွ် အမွ်

Photos from PPP-People's Pioneer Party Mayangone's post 14/01/2021
26/12/2020

(unicode)
ပြည်သူ့ရှေ့ဆောင်ပါတီ "အရပ်ဖက် - စစ်ဖက် ဆက်ဆံရေး လုပ်ငန်းစဉ် (၄)ရပ်၊ ဒီမိုကရေစီနှင့် တရားမျှတမှု ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ် (၄)ရပ် " Town Hall Zoom Live တွင် ပြည်သူတစ်ဦးမှမေးမြန်းသော " PPP အနေနဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ဆက်ဆံရေးတည်ဆောက်ရာမှာ ချမှတ်ထားတဲ့ မူဝါဒအရ လက်တွေ့လုပ်ဆောင်နိုင်မည့် Action Plan အကျဉ်းချုပ်ကို သိရှိလိုပါတယ် နှင့်" ပါတ်သတ်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင် မှ ပြန်လည်ဖြေကြားခြင်း
(zawgyi)
ျပည္သူ႔ေရွ႕ေဆာင္ပါတီ "အရပ္ဖက္ - စစ္ဖက္ ဆက္ဆံေရး လုပ္ငန္းစဥ္ (၄)ရပ္၊ ဒီမိုကေရစီႏွင့္ တရားမွ်တမႈ ျပန္လည္ေပါင္းစည္းေရး လုပ္ငန္းစဥ္ (၄)ရပ္ " Town Hall Zoom Live တြင္ ျပည္သူတစ္ဦးမွေမးျမန္းေသာ " PPP အေနနဲ႔ လူ႔အဖြဲ႕အစည္းေတြၾကားမွာ ဆက္ဆံေရးတည္ေဆာက္ရာမွာ ခ်မွတ္ထားတဲ့ မူဝါဒအရ လက္ေတြ႕လုပ္ေဆာင္ႏိုင္မည့္ Action Plan အက်ဥ္းခ်ဳပ္ကို သိရွိလိုပါတယ္ ႏွင့္" ပါတ္သတ္၍ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေဒၚသက္သက္ခိုင္ မွ ျပန္လည္ေျဖၾကားျခင္း

23/12/2020

Unicode
၁။ လက်ရှိ အချိန်ကာလဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ ယဥ်ကျေးမှုတွေနဲ့ ပြည့်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လို့ ကြိုးပမ်း တည်ဆောက်ကြရမယ့် အချိန်အခါပဲဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံဖြစ်အောင်လို့ ဆောင်ရွက်ကြတဲ့နေရာမှာ “ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အဆောက်အအုံအသစ်တွေ၊ လူမှုဆက်ဆံရေးပုံစံသစ် တွေကို ပြောင်းလဲပြီး တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ဓလေ့ထုံးတမ်းတွေကိုလည်း လိုက်နာကျင့်သုံးကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲ ကျင့်သုံးမှုတွေနဲ့အတူ မဖြစ်မနေ ဆောင်ရွက်ကြရမယ့် ကိစ္စရပ်တစ်ခုကတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပုံသဏ္ဌာန် အသစ်တစ်ခုကို ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်လို့ ဆောင်ရွက်ကြရမယ့် ဖြစ်စဥ်ပဲဖြစ်ပါတယ်။”
Zawgyi
၁။ လက္ရွိ အခ်ိန္ကာလဟာ ျမန္မာႏိုင္ငံကို ဒီမိုကေရစီ ယဥ္ေက်းမႈေတြနဲ႔ ျပည့္ဝတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္လာေအာင္လို႔ ႀကိဳးပမ္း တည္ေဆာက္ၾကရမယ့္ အခ်ိန္အခါပဲျဖစ္ပါတယ္။ ဒီမိုကေရစီ ႏိုင္ငံျဖစ္ေအာင္လို႔ ေဆာင္႐ြက္ၾကတဲ့ေနရာမွာ “ ဒီမိုကေရစီ စံႏႈန္းစံထားေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္တဲ့ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရး အေဆာက္အအုံအသစ္ေတြ၊ လူမႈဆက္ဆံေရးပုံစံသစ္ ေတြကို ေျပာင္းလဲၿပီး တည္ေဆာက္ၾကဖို႔ လိုအပ္ပါတယ္။ ဒီမိုကေရစီ ဓေလ့ထုံးတမ္းေတြကိုလည္း လိုက္နာက်င့္သုံးၾကရမွာ ျဖစ္ပါတယ္။ အဲဒီလို ေျပာင္းလဲ က်င့္သုံးမႈေတြနဲ႔အတူ မျဖစ္မေန ေဆာင္႐ြက္ၾကရမယ့္ ကိစၥရပ္တစ္ခုကေတာ့ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးပုံသဏၭာန္ အသစ္တစ္ခုကို ပီပီျပင္ျပင္ ျဖစ္ေပၚလာေအာင္လို႔ ေဆာင္႐ြက္ၾကရမယ့္ ျဖစ္စဥ္ပဲျဖစ္ပါတယ္။”

22/12/2020

(unicode)
ပြည်သူ့ရှေ့ဆောင်ပါတီ "အရပ်ဖက် - စစ်ဖက် ဆက်ဆံရေး လုပ်ငန်းစဉ် (၄)ရပ်၊ ဒီမိုကရေစီနှင့် တရားမျှတမှု ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ် (၄)ရပ် " Town Hall Zoom Live တွင် ပြည်သူတစ်ဦးမှမေးမြန်းသော " နိုင်ငံရေးပါတီများရဲ့ နိုင်ငံရေးသီလ၊ နိုင်ငံရေးသိဏ္ခာအပေါ်အစမ်းသပ်ခံနိုင်မှုနှင့်" ပါတ်သတ်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင် မှ ပြန်လည်ဖြေကြားခြင်း
(zawgyi)
ျပည္သူ႔ေရွ႕ေဆာင္ပါတီ "အရပ္ဖက္ - စစ္ဖက္ ဆက္ဆံေရး လုပ္ငန္းစဥ္ (၄)ရပ္၊ ဒီမိုကေရစီႏွင့္ တရားမွ်တမႈ ျပန္လည္ေပါင္းစည္းေရး လုပ္ငန္းစဥ္ (၄)ရပ္ " Town Hall Zoom Live တြင္ ျပည္သူတစ္ဦးမွေမးျမန္းေသာ " ႏိုင္ငံေရးပါတီမ်ားရဲ႕ ႏိုင္ငံေရးသီလ၊ ႏိုင္ငံေရးသိဏၡာအေပၚအစမ္းသပ္ခံႏိုင္မႈႏွင့္" ပါတ္သတ္၍ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေဒၚသက္သက္ခိုင္ မွ ျပန္လည္ေျဖၾကားျခင္း

22/12/2020

(Unicode)
၁။ လေးစားရပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့တကွအားလုံးမင်္ဂလာပါရှင်။ကျမကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင် ဖြစ်ပါတယ်။ ကျမအနေနဲ့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီးအပြုသဘော အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ (၂၂-၅-၂၀၂၀)

၂။ နာယကကြီးရှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အထက်ပါဥပဒေကြမ်းအပေါ်မှာ ငွေကြေး
ဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာအမှတ်စဉ် (၃/၂၀၂၀) ရဲ့ စာမျက်နှာ ၉ နဲ့ ၁၀ မှာ ဖော်ပြထားတဲ့ နိုင်ငံ တော်ပိုင်စီးပွားရေး အဖွဲ့အစည်းများရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုနဲ့စပ်လျဉ်းပြီး ဆွေးနွေးလို ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မပါ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများရဲ့ ဖြည့်စွက်တောင်းခံငွေဟာ ကျပ် ၁,၇၉၄.၄၀၂ ဘီလီယံရှိပြီး စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ကျပ် ၂,၆၆၀.၉၈၇ ဘီလီယံ ရဲ့ ၆၇.၄၃% ရှိတာကို တွေ့ရပါတယ်။

၃။ နာယကကြီးရှင့် အထက်ပါ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ အသုံးစရိတ် အမျိုးအစား လေးခုပါဝင်ပြီး ပထမ အသုံးစရိတ် အမျိုးအစားဟာ နိုင်ငံတော်သို့ ရငွေ အဖြစ်ပေးသွင်းရန် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ နဲ့ နိုင်ငံတော်ထည့်ဝင်ငွေတို့ ဖြစ်ပါတယ်။
နာယကကြီးရှင့် ပါဝါပွိုင့် အသုံးပြုခွင့်ပေးပါ။ အစီရင်ခံစာ အပိုဒ် ၁၅ (က) အသုံးစရိတ်အမျိုးအစားအလိုက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ဇယားစဉ်(၁) မှာ နိုင်ငံတော်သို့ ရငွေအဖြစ်ပေးသွင်းရန် ကျပ် ၁,၅၅၆.၂၀၄ ဘီလီယံဖြစ်ပြီး နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများရဲ့ စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုရဲ့ ၈၆.၇၂% ရှိနေတာကို တွေ့ရပါတယ်။

၄။ နာယကကြီးရှင့် အထက်ဖော်ပြပါ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများရဲ့ နိုင်ငံတော်သို့ ရငွေအဖြစ် ပေးသွင်းရမဲ့ အခွန်အခများကို အသုံးစရိတ်မှာ ထည့်သွင်းဖော်ပြတောင်းခံခြင်းဟာ သဘောတရား ဥပမာအနေနဲ့ ပြောရရင် အကြွေးပေးရန်ရှိသူက အကြွေးရရန်ရှိသူထံ စရိတ်အနေနဲ့ ဖော်ပြတောင်းခံပြီး အကြွေးပြန်ဆပ်တဲ့ သဘောဖြစ်နေပါတယ်။

၅။ နာယကကြီးရှင့် ဒုတိယအချက်အနေနဲ့ အစီရင်ခံစာရဲ့စာမျက်နှာ ၁၀ မှာ နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများမှ နိုင်ငံတော်သို့ပေးသွင်းရမဲ့ အခွန်အခများထဲမှာ ပါဝါ ပွိုင့်မှာပြထားတဲ့အတိုင်း နှစ် အဆက်ဆက် ပေးသွင်းရန် ကျန်ရှိတဲ့ ကြွေးကျန်စာရင်းကိုတွေ့ရမှာဖြစ်ပါတယ်။
(၁) မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ကျပ် ၄၆၂.၈၆၂ ဘီလီယံ
(၂) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကျပ် ၂၁၆.၂၆၁ ဘီလီယံ
(၃) အမှတ် (၁) သတ္တုတွင်း လုပ်ငန်း ကျပ် ၇.၂၄၆ ဘီလီယံ နဲ့
(၄) မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ကျပ်၁၉.၅၈ ဘီလီယံ အသီးသီးနဲ့ စုစုပေါင်း နိုင်ငံတော်ပိုင်အဖွဲ့ အစည်းလေးခုရဲ့ နှစ်အဆက်ဆက်ပေးသွင်းရန် ကျန်ရှိတဲ့ ကြွေးကျန်စုစုပေါင်း
ကျပ် ၇၀၅.၉၄၉ ဘီလီယံ ကိုလည်း အခု နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးမှာ ထည့်သွင်း တောင်းခံထားတာကိုတွေ့ရပါတယ်။

၆။ အဲ့ဒါကြောင့် ကျမသိလိုတာကတော့ အဘယ်ကြောင့် နှစ်စဉ် အမြတ်ရနေကြတဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နှစ်အဆက်ဆက် ကြွေးကျန်ခွင့်ပြုခဲ့တာလဲဆိုတာနဲ့ နိုင်ငံတော်သို့ ပေးသွင်းရမဲ့ အခွန်အခများအတွက် နိုင်ငံ့ဘဏ္ဍာကဘဲ အသုံးစရိတ်ခေါင်းစဉ်နဲ့ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံခွင့် ရှိနေရတာလဲ ဆိုတဲ့အချက်တွေဘဲဖြစ်ပါတယ်။ နာယကကြီးရှင့် ကျမရဲ့ ထောက်ပြဆွေးနွေးချက်
တွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ အကျိုးအတွက်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာမှာ ဒီလို ပမာဏကြီးမားစွာ လွဲချော်နေတာကို တာဝန်ရှိသူများအနေနဲ့ ဘယ်လိုဖြေရှင်းဆောင်ရွက်မှာလဲ ဆိုတာကို မေးခွန်းထုတ်လိုပါတယ်။
၇။ နာယကကြီးရှင့် အချုပ်အားဖြင့်ပြောရရင် ကျမတို့မြန်မာနိုင်ငံအနေနဲ့ လိုငွေပြဘတ်ဂျက်နဲ့ တိုင်းပြည်တည်ဆောက်နေရပြီး ဘတ်ဂျက်လိုငွေကိုလည်း ပြည်တွင်းပြည်ပ ချေးငွေများရယူပြီး ဖြည့်ဆည်းနေရတဲ့အချိန်မှာ မလိုလားအပ်ဘဲ ဘတ်ဂျက်လိုငွေ ပိုမိုများပြားစေတဲ့ အထက်ဖော်ပြပါဖြစ်စဉ်များကို ကုစား ဘို့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲခြင်းနဲ့ နိုင်ငံတော်ပိုင်စီးပွားရေးများ ပြုပြင်ပြောင်းလဲရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အချိန်ကျရောက်ပြီဖြစ်ပါကြောင်း အလေးအနက်ထား တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။

(zawgyi)
၁။ ေလးစားရပါေသာ ျပည္ေထာင္စုလႊတ္ေတာ္ နာယကႀကီးနဲ႔တကြအားလုံးမဂၤလာပါရွင္။က်မကေတာ့ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဒါက္တာသက္သက္ခိုင္ ျဖစ္ပါတယ္။ က်မအေနနဲ႔ ၂၀၁၉-၂၀၂၀ ခု၊ ဘ႑ာႏွစ္ ျပည္ေထာင္စု၏ ေနာက္ထပ္ဘ႑ာေငြခြဲေဝ သုံးစြဲေရး ဥပေဒၾကမ္းနဲ႔ စပ္လ်ဥ္းၿပီးအျပဳသေဘာ အႀကံျပဳေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ (၂၂-၅-၂၀၂၀)

၂။ နာယကႀကီးရွင့္ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီရဲ႕ အထက္ပါဥပေဒၾကမ္းအေပၚမွာ ေငြေၾကး
ဆိုင္ရာသုံးသပ္ခ်က္ အစီရင္ခံစာအမွတ္စဥ္ (၃/၂၀၂၀) ရဲ႕ စာမ်က္ႏွာ ၉ နဲ႔ ၁၀ မွာ ေဖာ္ျပထားတဲ့ ႏိုင္ငံ ေတာ္ပိုင္စီးပြားေရး အဖြဲ႕အစည္းမ်ားရဲ႕ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈနဲ႔စပ္လ်ဥ္းၿပီး ေဆြးေႏြးလို ပါတယ္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မပါ ႏိုင္ငံေတာ္ပိုင္စီးပြားေရး အဖြဲ႕အစည္းမ်ားရဲ႕ ျဖည့္စြက္ေတာင္းခံေငြဟာ က်ပ္ ၁,၇၉၄.၄၀၂ ဘီလီယံရွိၿပီး စုစုေပါင္း ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈ က်ပ္ ၂,၆၆၀.၉၈၇ ဘီလီယံ ရဲ႕ ၆၇.၄၃% ရွိတာကို ေတြ႕ရပါတယ္။

၃။ နာယကႀကီးရွင့္ အထက္ပါ ႏိုင္ငံေတာ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားရဲ႕ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈမွာ အသုံးစရိတ္ အမ်ိဳးအစား ေလးခုပါဝင္ၿပီး ပထမ အသုံးစရိတ္ အမ်ိဳးအစားဟာ ႏိုင္ငံေတာ္သို႔ ရေငြ အျဖစ္ေပးသြင္းရန္ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ နဲ႔ ႏိုင္ငံေတာ္ထည့္ဝင္ေငြတို႔ ျဖစ္ပါတယ္။
နာယကႀကီးရွင့္ ပါဝါပြိဳင့္ အသုံးျပဳခြင့္ေပးပါ။ အစီရင္ခံစာ အပိုဒ္ ၁၅ (က) အသုံးစရိတ္အမ်ိဳးအစားအလိုက္ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈ ဇယားစဥ္(၁) မွာ ႏိုင္ငံေတာ္သို႔ ရေငြအျဖစ္ေပးသြင္းရန္ က်ပ္ ၁,၅၅၆.၂၀၄ ဘီလီယံျဖစ္ၿပီး ႏိုင္ငံေတာ္ပိုင္ စီးပြားေရးအဖြဲ႕အစည္းမ်ားရဲ႕ စုစုေပါင္း ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈရဲ႕ ၈၆.၇၂% ရွိေနတာကို ေတြ႕ရပါတယ္။

၄။ နာယကႀကီးရွင့္ အထက္ေဖာ္ျပပါ ႏိုင္ငံေတာ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားရဲ႕ ႏိုင္ငံေတာ္သို႔ ရေငြအျဖစ္ ေပးသြင္းရမဲ့ အခြန္အခမ်ားကို အသုံးစရိတ္မွာ ထည့္သြင္းေဖာ္ျပေတာင္းခံျခင္းဟာ သေဘာတရား ဥပမာအေနနဲ႔ ေျပာရရင္ အေႂကြးေပးရန္ရွိသူက အေႂကြးရရန္ရွိသူထံ စရိတ္အေနနဲ႔ ေဖာ္ျပေတာင္းခံၿပီး အေႂကြးျပန္ဆပ္တဲ့ သေဘာျဖစ္ေနပါတယ္။

၅။ နာယကႀကီးရွင့္ ဒုတိယအခ်က္အေနနဲ႔ အစီရင္ခံစာရဲ႕စာမ်က္ႏွာ ၁၀ မွာ ႏိုင္ငံေတာ္ပိုင္စီးပြားေရး လုပ္ငန္းမ်ားမွ ႏိုင္ငံေတာ္သို႔ေပးသြင္းရမဲ့ အခြန္အခမ်ားထဲမွာ ပါဝါ ပြိဳင့္မွာျပထားတဲ့အတိုင္း ႏွစ္ အဆက္ဆက္ ေပးသြင္းရန္ က်န္ရွိတဲ့ ေႂကြးက်န္စာရင္းကိုေတြ႕ရမွာျဖစ္ပါတယ္။
(၁) ျမန္မာ့ေရနံႏွင့္ သဘာဝဓါတ္ေငြ႕လုပ္ငန္း က်ပ္ ၄၆၂.၈၆၂ ဘီလီယံ
(၂) ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း က်ပ္ ၂၁၆.၂၆၁ ဘီလီယံ
(၃) အမွတ္ (၁) သတၱဳတြင္း လုပ္ငန္း က်ပ္ ၇.၂၄၆ ဘီလီယံ နဲ႔
(၄) ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း က်ပ္၁၉.၅၈ ဘီလီယံ အသီးသီးနဲ႔ စုစုေပါင္း ႏိုင္ငံေတာ္ပိုင္အဖြဲ႕ အစည္းေလးခုရဲ႕ ႏွစ္အဆက္ဆက္ေပးသြင္းရန္ က်န္ရွိတဲ့ ေႂကြးက်န္စုစုေပါင္း
က်ပ္ ၇၀၅.၉၄၉ ဘီလီယံ ကိုလည္း အခု ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲေရးမွာ ထည့္သြင္း ေတာင္းခံထားတာကိုေတြ႕ရပါတယ္။

၆။ အဲ့ဒါေၾကာင့္ က်မသိလိုတာကေတာ့ အဘယ္ေၾကာင့္ ႏွစ္စဥ္ အျမတ္ရေနၾကတဲ့ ႏိုင္ငံေတာ္ပိုင္ စီးပြားေရးလုပ္ငန္းမ်ားကို ႏွစ္အဆက္ဆက္ ေႂကြးက်န္ခြင့္ျပဳခဲ့တာလဲဆိုတာနဲ႔ ႏိုင္ငံေတာ္သို႔ ေပးသြင္းရမဲ့ အခြန္အခမ်ားအတြက္ ႏိုင္ငံ့ဘ႑ာကဘဲ အသုံးစရိတ္ေခါင္းစဥ္နဲ႔ ျဖည့္စြက္ခြင့္ျပဳေငြအျဖစ္ ေတာင္းခံခြင့္ ရွိေနရတာလဲ ဆိုတဲ့အခ်က္ေတြဘဲျဖစ္ပါတယ္။ နာယကႀကီးရွင့္ က်မရဲ႕ ေထာက္ျပေဆြးေႏြးခ်က္
ေတြဟာ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသူႏိုင္ငံသားမ်ားရဲ႕ အက်ိဳးအတြက္ျဖစ္ၿပီး ျပည္သူ႔ဘ႑ာမွာ ဒီလို ပမာဏႀကီးမားစြာ လြဲေခ်ာ္ေနတာကို တာဝန္ရွိသူမ်ားအေနနဲ႔ ဘယ္လိုေျဖရွင္းေဆာင္႐ြက္မွာလဲ ဆိုတာကို ေမးခြန္းထုတ္လိုပါတယ္။
၇။ နာယကႀကီးရွင့္ အခ်ဳပ္အားျဖင့္ေျပာရရင္ က်မတို႔ျမန္မာႏိုင္ငံအေနနဲ႔ လိုေငြျပဘတ္ဂ်က္နဲ႔ တိုင္းျပည္တည္ေဆာက္ေနရၿပီး ဘတ္ဂ်က္လိုေငြကိုလည္း ျပည္တြင္းျပည္ပ ေခ်းေငြမ်ားရယူၿပီး ျဖည့္ဆည္းေနရတဲ့အခ်ိန္မွာ မလိုလားအပ္ဘဲ ဘတ္ဂ်က္လိုေငြ ပိုမိုမ်ားျပားေစတဲ့ အထက္ေဖာ္ျပပါျဖစ္စဥ္မ်ားကို ကုစား ဘို႔ ျပည္သူ႔ဘ႑ာ စီမံခန႔္ခြဲေရး ျပဳျပင္ေျပာင္းလဲျခင္းနဲ႔ ႏိုင္ငံေတာ္ပိုင္စီးပြားေရးမ်ား ျပဳျပင္ေျပာင္းလဲေရး ကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ဖို႔ အခ်ိန္က်ေရာက္ၿပီျဖစ္ပါေၾကာင္း အေလးအနက္ထား တိုက္တြန္းရင္း နိဂုံးခ်ဳပ္အပ္ပါတယ္ရွင့္။

Photos from PPP-People's Pioneer Party Mayangone's post 21/12/2020

(unicode)
ပြည်သူ့ရှေ့ဆောင်ပါတီ
People's Pioneer Party (PPP)
--------------------------------------
၂၀.၁၂.၂၀၂၀ ရက်နေ့တွင်
မရမ်းကုန်းမြို့နယ်၊ပြည်သူ့ရှေ့ဆောင်ပါတီ (၃)ရပ်ကွက် ခိုင်ရွှေဝါလမ်း မိသားစုလမ်းသန့်ရှင်းရေးဆောင်ရွက်ခြင်းလမ်းတလျောက်ထုံးဖြူးခြင်းများအားရာအိမ်မူး၊ဆယ်အိမ်မူးတို့နှင့်ပူပေါင်း၍ pppပါတီအဖွဲ့ဝင်တို့မှ စုပေါင်း၍ လုပ်အားဒါန ပြုလုပ်ခဲ့ကြပါသည်။
မိဘပြည်သူများအားလုံး ရောဂါဘေးမှ ကင်းဝေးပြီး ကျန်းမာချမ်းသာစေရန် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

20/12/2020

နိုင်ငံသားတိုင်းဟာ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကုန် အစအဆုံး မသိဘူးနားမလည် ဘူး ဆိုရင်တောင် အခြေခံမူတွေကိုလောက်တော့ အထိုက်အလျောက်နားလည်သင့်ပါတယ်။ အခြေခံဥပ ဒေဆိုတာ တကယ်တမ်းတော့ အုပ်ချုပ်မယ့် အစိုးရရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားဖို့ ရေးဆွဲထားတာပါပဲ။ သာမန်ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ အပ်နှင်းထားတဲ့အာဏာကို ထင်ရာစိုင်း ပြီး တရားလက်လွတ် မတရားအသုံးမပြုနိုင်ဖို့အတွက် အစိုးရရဲ့ အာဏာကို ကန့်သတ်ပေးထားတာ ဖြစ်ပါ တယ်။ဒါကြောင့် အခြေခံဥပဒေတွေကို ရေးဆွဲတဲ့အခါမှာ ပြည်သူတွေက ပါဝင်ရေးဆွဲရတာဖြစ်ပါတယ်။ ပြီးတော့မှ ပြည်သူတွေကိုယ်တိုင်က လိုလိုချင်ချင်နဲ့သဘောတူလက်ခံမှ အတည်ပြုပြဋ္ဌာန်းကြရတာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အစိုးရနဲ့ ပြည်သူတွေကြားမှာ သဘောတူစာချုပ်ချုပ်တဲ့ သဘောပဲဖြစ်ပါ တယ်။ ဒါကြောင့် အခြေခံဥပဒေကို မသိနားမလည်သေးရင် ဒီမိုကရေစီစနစ်ကို ကောင်းကောင်း နားမလည်သေးတာပါပဲ။
ပြည်သူ့နီတိ
Source by KEM( Burma )
ႏိုင္ငံသားတိုင္းဟာ ကိုယ့္ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အကုန္ အစအဆုံး မသိဘူးနားမလည္ ဘူး ဆိုရင္ေတာင္ အေျခခံမူေတြကိုေလာက္ေတာ့ အထိုက္အေလ်ာက္နားလည္သင့္ပါတယ္။ အေျခခံဥပ ေဒဆိုတာ တကယ္တမ္းေတာ့ အုပ္ခ်ဳပ္မယ့္ အစိုးရရဲ႕ အာဏာနဲ႔ လုပ္ပိုင္ခြင့္ေတြကို ကန္႔သတ္ထားဖို႔ ေရးဆြဲထားတာပါပဲ။ သာမန္ျပည္သူေတြက ယုံယုံၾကည္ၾကည္နဲ႔ အပ္ႏွင္းထားတဲ့အာဏာကို ထင္ရာစိုင္း ၿပီး တရားလက္လြတ္ မတရားအသုံးမျပဳႏိုင္ဖို႔အတြက္ အစိုးရရဲ႕ အာဏာကို ကန္႔သတ္ေပးထားတာ ျဖစ္ပါ တယ္။ဒါေၾကာင့္ အေျခခံဥပေဒေတြကို ေရးဆြဲတဲ့အခါမွာ ျပည္သူေတြက ပါဝင္ေရးဆြဲရတာျဖစ္ပါတယ္။ ၿပီးေတာ့မွ ျပည္သူေတြကိုယ္တိုင္က လိုလိုခ်င္ခ်င္နဲ႔သေဘာတူလက္ခံမွ အတည္ျပဳျပ႒ာန္းၾကရတာပဲ ျဖစ္ပါတယ္။ တနည္းအားျဖင့္ အစိုးရနဲ႔ ျပည္သူေတြၾကားမွာ သေဘာတူစာခ်ဳပ္ခ်ဳပ္တဲ့ သေဘာပဲျဖစ္ပါ တယ္။ ဒါေၾကာင့္ အေျခခံဥပေဒကို မသိနားမလည္ေသးရင္ ဒီမိုကေရစီစနစ္ကို ေကာင္းေကာင္း နားမလည္ေသးတာပါပဲ။
ျပည္သူ႔နီတိ
Source by KEM( Burma )

19/12/2020

(unicode)
ပြည်သူ့ရှေ့ဆောင်ပါတီ "အရပ်ဖက် - စစ်ဖက် ဆက်ဆံရေး လုပ်ငန်းစဉ် (၄)ရပ်၊ ဒီမိုကရေစီနှင့် တရားမျှတမှု ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ် (၄)ရပ် " Town Hall Zoom Live တွင် ပြည်သူတစ်ဦးမှမေးမြန်းသော " အရပ်ဖက်စစ်ဖက်ပြန်လည်သင့်မြတ်ရေးအတွက် မီဒီယာတွေရဲ့ အခန်းကဏ္ဏကို မည့်ကဲ့သို့ ပြုလုပ်မလဲဆိုတဲ့" မေးခွန်းနှင့် ပါတ်သတ်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက် တာဒေါ် သက်သက်ခိုင် မှ ပြန်လည်ဖြေကြားခြင်း
(zawgyi)
ျပည္သူ႔ေရွ႕ေဆာင္ပါတီ "အရပ္ဖက္ - စစ္ဖက္ ဆက္ဆံေရး လုပ္ငန္းစဥ္ (၄)ရပ္၊ ဒီမိုကေရစီႏွင့္ တရားမွ်တမႈ ျပန္လည္ေပါင္းစည္းေရး လုပ္ငန္းစဥ္ (၄)ရပ္ " Town Hall Zoom Live တြင္ ျပည္သူတစ္ဦးမွေမးျမန္းေသာ " အရပ္ဖက္စစ္ဖက္ျပန္လည္သင့္ျမတ္ေရးအတြက္ မီဒီယာေတြရဲ႕ အခန္းကဏၰကို မည့္ကဲ့သို႔ ျပဳလုပ္မလဲဆိုတဲ့" ေမးခြန္းႏွင့္ ပါတ္သတ္၍ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္ တာေဒၚ သက္သက္ခိုင္ မွ ျပန္လည္ေျဖၾကားျခင္း

18/12/2020

ႏိုင္ငံတစ္ႏိုင္ငံ ႀကီးပြားတိုးတက္တယ္ဆိုတာဟာ ႏိုင္ငံသားတိုင္း အေျခခံပညာနဲ႔ အသိဉာဏ္ အလုံအေလာက္ရွိမွသာျဖစ္ႏိုင္တာပါ။ အထူးသျဖင့္ ဒီမိုကေရစီစနစ္ ထေျမာက္ေအာင္ျမင္ဖို႔ဆိုတာ လည္းႏိုင္ငံသားတိုင္းရဲ႕ ဉာဏ္ပညာရွိမႈအေပၚမွာ မူတည္ပါတယ္။ႏိုင္ငံသားတိုင္း ဉာဏ္အေျမာ္အျမင္ ရွိေနဖို႔အတြက္ အနည္းဆုံး မူလတန္းပညာေရးကို အသင္မေနရသတ္မွတ္ထားၿပီး ေတာ႐ြာေတြပါ မက်န္ စာသင္ေက်ာင္းေတြကို အလုံအေလာက္ဖြင့္ၿပီး စာေပသင္ၾကားေပးသင့္ပါတယ္။ ခ်မ္းသာၿပီးေငြေၾကးတတ္ႏိုင္တဲ့ မိသားစုက သားသမီးေတြေလာက္ပဲ စာေပသင္ၾကားႏိုင္ေလာက္ေအာင္ ပညာသင္စားရိတ္ႀကီးျမင့္ေနတာဟာလည္း ျပန္ၿပီးစဥ္းစားသင့္တဲ့ ျပႆနာတစ္ခုပဲျဖစ္ပါတယ္။ႏိုင္ငံ ေတာ္အစိုးရရဲ႕ ေနာက္ တာဝန္တစ္ရပ္ကေတာ့ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး တန္းတူညီမွ် ဖြံ႕ၿဖိဳးတိုးတက္ ေစဖို႔အတြက္ အခြင့္အလမ္းေတြ အခြင့္အေရးေတြကို ဖန္တီးေပးရမွာပဲ ျဖစ္ပါတယ္။

ျပည္သူ႔နီတိ
Source by KEM( Burma )

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Room No-311, Muditar Housing-1, D Block, Mayangone Township
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00