M.A Lawyer's Group

M.A Lawyer's Group

Share

ဥပဒေဆိုင်ရာ ဗဟုသုတများ ရစေရန်နှင့် မူခင်းကိစ္စများ ဆွေးနွေးတိုင်ပင်နိုင်စေရန်။

Photos from M.A Lawyer's Group's post 08/08/2023

မူရင်း # credit

06/07/2023

မြန်မာဓလေ့ထုံးတမ်းဥပဒေအရအမွေ
# # # # # # # # # # # # # # # # # # # # # #
ခွဲဝေပုံအခြေခံမူ (၄)ရပ်
# # # # # # # # # # # # # # #
၁။ လင်သေလျှင် လင်၏ဥစ္စာပစ္စည်းအရပ်ရပ်ကို မယားက အမွေဆက်ခံရရှိသည်။ မယားသေလျှင် မယား၏ဥစ္စာပစ္စည်းအရပ်ရပ်ကို လင်က အမွေဆက်ခံရရှိသည်။

၂။ အမွေခံထိုက်သူတို့ကိုရွေးချယ်ရာတွင် သွေးနီးသွေးဝေးကိုထောက်ချင့်ရခြင်း။သွေးနီးရှိကသွေးဝေးအမွေခံမထိုက်။

၃။ သွေးနီးသွေးဝေးစိစစ်ရာတွင် တစ်မိတည်းမှမွေးဖွားသူတို့သည် မိတူဖကွဲ ဖတူမိကွဲ မွေးဖွားသူတို့ထက် တစ်ဆင့်နီးသည်ဟု ယူဆရမည်။

၄။ အမွေသည်စုန်နိုင်လျှင်မဆန်စေရ။မစုန်နိုင်၍ဆန်ရလျှင်လည်းလိုသည်ထက်ပို၍ မဆန်စေရ
__________________________________
၁။ လင်သေလျှင် လင်၏ဥစ္စာပစ္စည်းအရပ်ရပ်ကို မယားက အမွေဆက်ခံရရှိသည်။ မယားသေလျှင် မယား၏ဥစ္စာပစ္စည်းအရပ်ရပ်ကို လင်က အမွေဆက်ခံရရှိသည်။

*** လင်မယားနှစ်ဦးတွင် သြရသဝေစု ရယူပိုင်သည့် သားကြီး သမီးကြီးရှိလျှင် ကျန်ရစ်သူ လင် သို့မဟုတ် မယားက လင်မယားနှစ်ဦးပိုင်ပစ္စည်းအရပ်ရပ်၏ ၄ ပုံ ၃ပုံ ရရှိသည်။သြရသမှာ ကျန် ၄ပုံ ၁ပုံ ရရှိသည်။

*** ကျန်ရစ်သူ လင် သို့မဟုတ် မယားက အိမ်ထောင်အသစ်ထူထောင်လျှင် ပထမအိမ်ထောင်မှ သားသမီးတို့သည် လင်မယားနှစ်ဦးပိုင် ဥစ္စာပစ္စည်းအရပ်ရပ်၏ တစ်ဝက်ကို ထို သားသမီးများက တောင်းခံခွင့်ရှိသည်။

*** လင်သည်မယားတစ်ယောက်ထက်မကထားရှိ၍ ထိုမယားတို့အနက် တစ်ဦးဦးသည် လင် အရင် ကွယ်လွန်ခဲ့လျှင် ကွယ်လွန်သူမယား၏ သားသမီးတို့သည် ဖခင်ထံမှ မိမိတို့အမိ ပိုင်ဆိုင်ခွင့်ရှိသမျှကို အမွေအဖြစ်တောင်းခံနိုင်သည်။
[ ရန်ကုန်စီရင်ထုံး အတွဲ(၈) စာ - ၅၂၄ ]
__________________________________
၂။ အမွေခံထိုက်သူတို့ကိုရွေးချယ်ရာတွင် သွေးနီးသွေးဝေးကိုထောက်ချင့်ရခြင်း။သွေးနီးရှိကသွေးဝေးအမွေခံမထိုက်။ ကို ရှင်းလင်းခြင်း

***သေသူ၏ အမွေကို ဖခင်၏နှမ နှင့် မိခင်ဖခင်နှစ်ဖက်လုံးမှတော်စပ်သည့် တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမတို့ ယှဉ်ပြိုင်လုကြသည်။

*ဖခင်၏နှမ*
--------------------
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘမှဘိုးဘွားသို့အဆန် - ၁ဆက်
ဘိုးဘွားမှဦးကြီး ဦးလေးအစရှိသူများသို့အစုန် - ၁ဆက်

* မိခင်ဖခင်နှစ်ဖက်လုံးမှတော်စပ်သည့်
========================= တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမ*
======================
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘမှဘိုးဘွားသို့အဆန် - ၁ဆက်
ဘိုးဘွားမှဦးကြီး ဦးလေးအစရှိသူများသို့အစုန် - ၁ဆက်
ဦးကြီး ဦးလေးတို့မှ တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများသို့ အစုန် - ၁ဆက်
***သွေးနီးသူမှ သွေးဝေးသူကိုထုတ်ပယ်သည့် အခြေခံမူအရ ဖခင်၏နှမ သည် တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများ ကို အမွေမှ ထုတ်ပယ်သည်။
[ ဦးဖေကြီး နှင့် ဦးပျိုး ရန်ကုန်စီရင်ထုံး အတွဲ(၃) စာ-၂၇၁ ]
__________________________________
၃။ သွေးနီးသွေးဝေးစိစစ်ရာတွင် တစ်မိတည်းမှမွေးဖွားသူတို့သည် မိတူဖကွဲ ဖတူမိကွဲ မွေးဖွားသူတို့ထက် တစ်ဆင့်နီးသည်ဟု ယူဆရမည်။ အမွေသည်စုန်နိုင်လျှင်မဆန်စေရ ။
========================

*** အမွေသည်စုန်နိုင်လျှင် မဆန်စေရ အခြေခံမူအရ ကွယ်လွန်သူ၏ညီမများသည် ကွယ်လွန်သူ၏ အစ်ကိုဖြစ်သူကိုအမွေမှ ပယ်ထုတ်သည်။
[ လင်ကာဂင် နှင့် မစ္စစ်အိုင်းရစ် မောင်စိန် ၁၉၅၅ မတစ(တရားလွှတ်တော်ချုပ်).စာ - ၁၅ ]
__________________________________
မစုန်နိုင်၍ဆန်ရလျှင်လည်းလိုသည်ထက်ပို၍
=============================== မဆန်စေရ ။
========

*** သေသူ၏ဦးလေး နှင့် တူ တို့ယှဉ်ပြိုင်လုကြသည်

*ဦးလေး*
-------------
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘမှဘိုးဘွားသို့အဆန် - ၁ဆက်
ဘိုးဘွားမှဦးကြီး ဦးလေးအစရှိသူများသို့အစုန် - ၁ဆက်

*တူ*
-------
သေသူမှမိဘသို့အဆန် - ၁ဆက်
မိဘများမှညီအစ်ကိုမောင်နှများသို့ အစုန် - ၁ဆက်
ညီအစ်ကိုမောင်နှမများမှတူ တူမများသို့ အစုန် - ၁ဆက်

*** အမျိုး ၃ဆက်ဖြစ်၍ အနီးအဝေးတူနေသော်လည်း မစုန်နိုင်၍ဆန်ရလျှင်လည်းလိုသည်ထက်ပို၍ မဆန်စေရ အခြေံမူအရ တူ က တစ်ခါသာဆန်ရပြီး ဦးလေးသည် နှစ်ခါဆန်ရသဖြင့် သေဆုံးသူ၏တူသည် ဦးလေးကိုအမွေမှပယ်ထုတ်သည်။
[ မတင် နှင့် မရွှေဆင့် ရန်ကုန်စီရင်ထုံး အတွဲ(၄) စာ-၂၇ ]

Credit :U Ko Ko Aung

Photos from M.A Lawyer's Group's post 02/07/2023

မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့် မြေနှင့်အိမ်ကို မှတ်ပုံတင်ထားခြင်းမရှိဘဲ ဝယ်ယူသူသည် ဝယ်ယူထားသောအရပ်စာချုပ်ဖြင့် ထိုမြေနှင့်အိမ်ကို ပိုင်ဆိုင်ကြောင်း မြွတ်ဟကြေညာပေးစေလိုမှုဖြင့် တရားစွဲဆို ခြင်းမပြုနိုင်။

ဒေါ်တီ နှင့် ဒေါ်ခင်သန်း(၂၀၀၀ပြည့်နှစ်၊ မတစ၊ စာ-၁၁၉)

Crd Rick

Photos from M.A Lawyer's Group's post 01/07/2023

* #အဆိုလွှာကိုပယ်ခြင်း နှင့် #ပလပ်ခြင်း
၏ ကွဲပြားခြားနားမှု*

အဆိုလွှာကိုပယ်ခြင်း၏အကျိူးသက်
ရောက်မှုမှာ အမှုကိုပလပ်ခြင်း၏အ
ကျိူးသက်ရောက်မှု နှင့်ကွဲပြားခြား
နားသည်။
အဆိုလွှာကိုပယ်ခြင်းသည်အမှု၏အ
ခြေခံကိုနုတ်သိမ်းလိုက်သည်ဖြစ်၍
အမှုကိုအလျဥ်းမစွဲဆိုဘိသကဲ့သို့အ
ကျိူးသက်ရောက်သည်။
အမှုကိုပလပ်ခြင်းမှာ အမှုတည်ရှိခြင်း
ကိုအသိအမှတ်ပြုလျှက်အမှုရပ်စဲသွား
ခြင်းကိုညွှန်ပြသည်။

အဆိုလွှာကိုပယ်လျှင်တရားစွဲဆိုရန်
အကြောင်းအရာတစ်ရပ်တည်းနှင့်စပ်
လျဥ်း၍ အမှုသစ်ထပ်မံစွဲဆိုခြင်းကို
အမိန့် ၇ နည်း ၁၃ က တားမြစ်ပိတ်ပင်
ခြင်းမရှိချေ။

အမှုကိုပလပ်လျှင်မူ တရားစွဲဆိုနိုင်ရန်
အကြောင်းအရာတစ်ရပ်တည်းအပေါ်
အမှုသစ်စွဲဆိုခြင်းကို ပိတ်ပင်ခြင်းခံရ
မည်ဖြစ်သည်။
မန်နေဂျာမြန်မာ့စီးပွားရေးဘဏ်
နှင့်
ဦးဟန်မြင့်
၁၉၉၉ မ.တ.စ.စာ - ၁၆၃

Crd # T.K.S

01/07/2023

🏗️🏗️🏗️စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦ ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။
------------------------------------------------
Crd - post owner

Photos from M.A Lawyer's Group's post 28/06/2023

တရားမမှုကို ရုပ်သိမ်းပါက ရုံးခွန်တော်ပြန်၍ ရလိုသည့်ကိစ္စ။
Crd #

28/06/2023

#မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းဆိုတာ #ဘယ်စာအုပ်လဲ

၁။ ဆရာခင်ဗျား။ မြန်မာစာသတ်ပုံနဲ့ပတ်သက်ပြီး ဘယ်သတ်ပုံကျမ်းကို အဓိကထား သုံးစွဲသင့်ပါသလဲ ခင်ဗျ။ အရှင်ဥက္ကံသမာလာ ရဲ့ ဝဏ္ဏဗောဓနသတ်အင်းမှာပါတဲ့ သတ်ပုံတွေအတိုင်း ရေးသားသုံးစွဲလို့ရပါသလား ခင်ဗျား။
၂။ ဆရာခင်ဗျာ မြန်မာစာသတ်ပုံမှန်တဲ့ စာအုပ်ဆိုရင် ဘယ်စာအုပ်ကို ညွှန်းလိုပါသလဲ ခင်ဗျာ
မြန်မာအဘိဓာန်တွေ၊ သတ်ပုံကျမ်းတွေက များတယ်။ လက်ထဲမှာရှိတဲ့ သတ်ပုံ ကိုးကားစရာ စာအုပ်များ -
၁။ ဝဏ္ဏဘောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ)
၂။ ကဝိဓဇသတ်ပုံကျမ်း (ဦးစံချစ်)
၃။ မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်)
၄။ မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ)
၅။ ဝေါဟာရတ္ထပကာသနီ (ကျော်အောင်စံထား ဆရာတော်ဘုရားကြီး)
၆။ မြန်မာ့စွယ်စုံကျမ်းတစုံ (၁၅) အုပ်
၇။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်တစုံ ၃၂ အုပ်
၈။ ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန်
၉။ ကဝိလက္ခဏာ သတ်ပုံကျမ်း
၁၀။ ၁၉၇၈ ထုတ် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း
၁၁။ ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန်
၁၂။ ကဝိလက္ခဏာ သတ်ပုံကျမ်း https://kupdf.net/download/_5a3a2d9be2b6f5045a2c2cad_pdf
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀)
( က – စ ) အတွဲ – ၁
https://drive.google.com/file/d/1W5NXMl1mgfo1feIVat4PRihd9-1NN74m/view?fbclid=IwAR2JbcThlY-8dF0rNzmCH7COiWIxpOVW-lmTtOpm5wR0B5hjMFseXoIFejU
( ဆ – န ) အတွဲ – ၂
https://drive.google.com/file/d/1W6lv0dxz4MIp6Fc8H0Su-PgIRBTvdx2c/view?fbclid=IwAR3MPRC0AwiQ6OTe_OlT71zaohWREZSuYwqcgOcN2RMLbnqtZSNM6s4UXrQ
( ပ – ယ ) အတွဲ – ၃
https://drive.google.com/file/d/1W7XjL32D9cthDX6_Ur68fUFvs_ijoqq6/view?fbclid=IwAR21Rw2s3frCNVpu9mnc5UFYPbz6S8je9cq4TBUc3-3gAkzwGPPt6Ps9qSs
( ရ – ဠ ) အတွဲ – ၄
https://drive.google.com/file/d/1WAmLiFf-MZgHQ7GTGE8Ze9U4518BGztv/view?fbclid=IwAR2nABaUqzZFbMuNVg6GAbzZkx6Kq6TZCpC8ac9FHUo87OyPQRWUHdQM6JI
( အ ) အတွဲ – ၅
https://drive.google.com/file/d/1WCE1X2PG3dkMO-y6IDKIkvp4FITmNC-B/view?fbclid=IwAR2nABaUqzZFbMuNVg6GAbzZkx6Kq6TZCpC8ac9FHUo87OyPQRWUHdQM6JI
အဘိဓာန်တွေတိုင်းမှာ သိလိုတာ အစုံးပချင်မှသာ ပါမယ်။ ခေတ်သဘာအရ အသစ်ပေါ် ဝေါဟာရတွေကိုလည်း တိုးများလာတယ်။ အဲတော လိုက်ရှာရတယ်။ ဘယ်ကနေရှာမလဲကတော့ အတွေ့အကြုံနဲ့ ပညာ။ စာလုံးတချို့မှာ မူကွဲတွေ ၂-၃ လုံးရှိတယ်။ တရားသေယူတာ မသင့်ပြန်။ မသင့်မှန်တာကို မယူခြင်းကလည်း ပညာ။

ဒေါက်တာတင့်ဆွေ

Photos from M.A Lawyer's Group's post 28/06/2023

၀န်ထမ်းတိုင်း သိရှိထားရမည့်
ရုံးစာရေးသားနည်း ပုံစံတွေနဲ့
လိုက်နာရမည့် စည်းကမ်းတွေပါ။

လိုအပ်ချိန် ချက်ချင်းသိနိုင်အောင်
အချက်အလက်တွေကို ရှာဖွေ
စုစည်းပေးလိုက်ပါတယ်။

အဆင်ပြေပါစေ။

Photos from M.A Lawyer's Group's post 24/06/2023

တရားရုံးတွေမှာ ဗုဒ္ဓဘာသာဝင်​​တွေ လက်ထပ်ထိမ်းမြားခြင်း ကျမ်းကျိန်လွှာ/ ကတိသစ္စာပြုလွှာများကို ဘာ့ကြောင့်လုပ်ပေးကြတာလဲ။

တာဝန်လား၊ အခွင့်အာဏာလား၊ လူမှုရေးကိစ္စကို ကူညီဆောင်ရွက်ပေးတာလား။

ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွှာ/ ကတိသစ္စာပြုလွှာ မှတ်ပုံတင်စာအုပ် မည်သို့ ပေါ်ပေါက်လာသလဲ။

အထောက်အထားလေးပါ။

----

လေးစားမှုဖြင့်

ထွန်းမျိုးဌေး

24/06/2023

#မေတ္တာဖြင့်ပေးကမ်းခြင်းနှင့်ပတ်သက်၍..
သိထားသင့်သည့် စီရင်ထုံး(၃)ခု...
@@@@@@@@.W!!!!!!!!!!!!!!!!!!!!!!!!!!

~~~ "မိဘသည် သားသမီးတစ်ဦးအား ပစ္စည်းပေးကမ်းရာ၌ ပစ္စည်းအားလုံးကို ပေးကမ်းခြင်းမဟုတ်လျှင် - မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထိုသို့ပေးကမ်းခြင်းသည် တရားဝင်တည်မြဲသည်။"
[ဒေါ်တုတ်တုတ်ပါ.၄ နှင့် ဒေါ်စိန်စိန်ဝင်း(ခ)ဒေါ်လှကြီးပါ.၃၊ ၂၀၀၃၊ မတစ၊ စာ.၁၁၅]
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

~~~ "မိခင်က ၎င်းပိုင်ပစ္စည်းအားလုံးကို သမီးတစ်ဦးတည်းအား ပေးကမ်းခြင်းသည် ပျက်ပြယ်သော်လည်း - ထိုပေးကမ်းခြင်းဖြင့် ပေးကမ်းသည့်မြေကွက်ကို ရယူသူက ၁၂ နှစ်ကျော် လက်ရှိထားခြင်းသည် ကျန်အမွေဆိုင်များ၏ ပိုင်ဆိုင်ခွင့်ကို ဆိတ်သုဥ်းသွားစေသည်။"
[ဒေါ်လွန်းပါ.၅ နှင့် ဒေါ်သိန်းရင်၊ ၁၉၉၁၊မတစ၊စာ. ၁၄၉]
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

~~~ "အမွေပစ္စည်းအားလုံးကို ပေးကမ်းခြင်းနှင့်စပ်လျဥ်း၍ _ အမွေရရန်ရှိသူတစ်ဦးက ပေးကမ်းခြင်းကို ပယ်ဖျက်ပေးရန် အမွေရှင်မကွယ်လွန်မီ တရားစွဲဆိုခွင့်မရှိ။"
[ဒေါ်လှပိုပါ.၂ နှင့် ဦးတင်အုန်းပါ.၂၊ ၁၉၉၀၊မတစ၊စာ. ၁၀၄]

Crd #

Photos from M.A Lawyer's Group's post 24/06/2023

အစ္စလာမ် အမွေမှုလေးပါ
မိဘထက်ဦးစွာ ကွယ်လွန်ကိစ္စနဲ့ ကာစည်းလေး ပါဝင်ပါတယ်
Crd #

24/06/2023

◾တိုက်ခန်းအရောင်းအဝယ်အတွက် စရံငွေကိုလက်ခံရယူပြီးဖြစ်သော် လည်း လက်ကျန်ငွေ အပြီးအပိုင် ပေးချေရန် သတ်မှတ်ရက်တွင် မရောင်းတော့ဟု အခန်းရှင်ကပြောသဖြင့် အရောင်းအဝယ်ပျက်သွားပါသည် ။ စာချုပ်ပါ သဘောတူညီချက်ကို ဖောက်ဖျက်တဲ့အတွက် တိုက်ခန်းပိုင်ရှင်ကို တရားစွဲလို့ရမရ သိလိုပါသည်။

◾ပဋိညာဉ် တစ်ရပ်ဖွဲ့ထားတာကိုး။ ဘယ်နေ့ဘယ်ရက်မှာ စရံချတယ်။ ကျန်ငွေဘယ်တော့ချေပါမယ်။ ကျန်ငွေ သွားချေတဲ့နေ့မှာ မရောင်းတော့ဘူး ဆိုတဲ့အခါကျတော့ ဒီပဋိဉာဉ် က တည်နေတယ်လေ။ ဒီ ပဋိဉာဉ်အရ ရောင်းသူပျက်ကွက်တယ်ဆိုရင် စရံနှစ်ဆ လျော်ရပါတယ်။ ဝယ်သူ ပျက် ကွက်ရင်တော့ စရံအဆုံးပေါ့။ ဒါက တော့ တရားမအကြောင်းအရ ပဋိညာဉ်ဖောက်ဖျက်မှုပေါ့။

“ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှု” ဆိုပြီးစွဲလို့လည်း ရပါတယ်။ “တိုက်ခန်းအတွက် ကျန်တဲ့ငွေကိုပေးပါ့ မယ် ပြန်ပြီးရောင်းပေးပါ”ဆိုပြီး လက်ရောက်ရလိုမှုနဲ့ စွဲလို့ရပါတယ်။ ဒါမဟုတ် ဆုံးရှုံးသွားတဲ့ငွေအတွက် စရန် နှစ်ဆကိုတောင်းပိုင်ခွင့်ရှိပါတယ်။ ဒီနေရာမှာ အချိန်ကာလတော့ လိုပါတယ်။ ကာလစည်းကမ်းသတ် ကတော့ လိုပါတယ်။ စတင်ဖောက်ဖျက်တဲ့နေက စပြီး ၃နှစ်အတွင်း တရားစစွဲရပါမယ်။ ၃ နှစ်ကျော်ရင် ဥပဒေက ပေး ထားတဲ့အခွင့်အရေး ဆုံးရှုံးမှာဖြစ်ပါတယ် ဆိုတာဖြေကြားပေးချင်ပါတယ်။

Crd #

CRD~DVBLawlab
#တိုက်ခန်းအရောင်းအဝယ် #စာချုပ်စာတမ်း

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00