Peaceful minded
Dark Red Cherry
information distributor
13/01/2022
တရုတ်တွေအငန်းမရလိုချင်နေတဲ့ မြန်မာမြေရှား (Rare Earth)အကြောင်း - Myanmar Knowledge Unicodeမြေရှား [...]
05/01/2022
Fyi
အခုလိုတော်လှန်ရေးကာလကြီးထဲမှာ ကျောင်းသွားတာကိုရှက်စရာတစ်ခုအဖြစ်နဲ့မြင်နေပြီး မိမိရဲ့ပညာရေးကိုလည်း မရပ်တန့်ချင်ဘူး ဖြစ်နေပါလား။ နိုင်ငံခြားမှာပညာသင်ဖို့ငယ်ငယ်ထဲကစိတ်အားထက်သန်တဲ့လူဖြစ်ပါသလား။
နိုင်ငံခြားမှာ further studies လုပ်ဖို့ရည်ရွယ်ထားပေမဲ့အခုလိုတော်လှန်ရေးကာလမှာဘာဆက်လုပ်ရမလဲဆိုတာမသိဘဲ ရည်မှန်းချက်ပျောက်ဆုံးနေတယ်ဆိုရင်တော့ ဒီ post လေးကိုအချိန်ပေရပြီးအဆုံးထိဖတ်ပေးစေချင်ပါတယ်။👇👇👇👇👇
နိုင်ငံခြားတော့သွားချင်တယ် ဒါပေမဲ့ ၁၀ တန်းမအောင်သေးဘဲ တက္ကသိုလ်သွားတက်လို့ရပါ့မလား။
အဖြေကတော့လုံးဝ(လုံးဝ)ကိုရပါတယ်။
အခုခေတ်မှာ တက္ကသိုလ်ဝင်တန်း ၁၀ တန်းကိုမဖြေဆိုရသေးဘဲ အသက်၁၆နှစ်နဲ့အထက်ရှိရုံနဲ့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာနဲ့မြန််မာနိုင်ငံမှာပဲ အထက်တန်းအောင်လက်မှတ်တစ်ခုယူပြီး နိုင်ငံခြားမှာကျောင်းသွားတက်လို့ရနေပါပြီ။
GED လို့ခေါ်တဲ့ General Educational Development တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံရဲ့ အထက်တန်း အောင်လက်မှတ် အကြောင်းကိုဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။
GED ကအခုဆိုရင်လူတော်တော်များများစိတ်ဝင်စားနေတဲ့ အရာတစ်ခုဖြစ်တဲ့အတွက်ထွေထွေထူးထူးရှင်းပြစရာမလိုလောက်တော့ဘူးလို့ထင်ပါတယ်။
🔎🔎GED ဆိုတာဘာလဲ
GED ဆိုတာအပေါ်မှာဖော်ပြခဲ့သလိုပဲ General Educational development ကိုဆိုလိုတာပါ။ American council on education က ၁၉၄၂ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့တစ်ကမ္ဘာလုံးမှာဖြေဆိုသူပေါင်း သန်း ၂၀ ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။
GED ကိုအမေရိကန်မှာဆိုရင်တော့ homeschooling လုပ်ကြတဲ့ကျောင်းသားတွေ တက္ကသိုလ်၊ကောလိပ်တွေတက်ရောက်ဖို့အတွက် အများဆုံးဖြေကြတဲ့စာမေးပွဲဖြစ်ပါတယ်။
ဒါပေမဲ့အခုအခါမှာတော့ အမေရိကန်မှာရှိတဲ့ homeschooling လုပ်တဲ့ကျောင်းသားတွေသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ တက္ကသိုလ်၊ကောလိပ်တွေက်ို အချိန်တိုတိုအတွင်းစရိတ်သက်သာစွာနဲ့ ပြင်ဆင်ပြီး အထက်တန်းအောင်လက်မှတ်ရလိုသောကျောင်းသားတွေပါဖြေဆိုနေကြပါပြီ
📚📚GED exam မှာဘယ်နှဘာသာဖြေဆိုရတာလဲ
GED exam ကိုဖြေဆိုမဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ အဓိကကအားဖြင့်ဘာသာရပ်လေးခုကိုမဖြစ်မနေဖြေကြရမှာဖြစ်ပါတယ်။
ဘာသာရပ်လေးခုကတော့-
1. Reasoning through language arts (150 minutes) (အင်္ဂလိပ်)
-Grammar and language
-Reading for meaning
-Identifying and Creating Arguments (Extended response)
2. Mathematical reasoning (115 minutes)
(သချာ်)
-Basic Math
-Geometry
-Basic Algebra
-Graphs and Function
3. Science (90 minutes) (သိပ်ပံ)
-Life science (Biology)
-Physical science (Physics + Chemistry)
- Earth and space science
4. Social studies (70 minutes) (လူမှုရေး)
-Civics and Government
-U.S. History
-Economics
-Geography and the world
✏️✏️GED exam ဖြေဆိုဖို့ဘယ်လိုပြင်ဆင်ရမလဲ
အပေါ်မှာဖော်ပြခဲ့သလို GED exam ကိုများသောအားဖြင့် America တွင် homeschooling လုပ်ကြသောကျောင်းသားများအများဆုံးဖြေဆိုကြတဲ့ exam ဖြစ်တဲ့အတွက် self-study လုပ်မယ်ဆိုလည်း အဆင်ပြေပါတယ် သို့သော် သင်ခန်းစာတော်တော်များများက in general သွားတဲ့အတွက်ကြောင့်ကျောင်းသားဘက်မှသင်ခန်းစာနှင့်ပတ်သတ်တဲ့ အခြေခံသဘောတရားများကိုသိရှိနားလည်ထားမယ်ဆိုရင်ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် ၉တန်းအောင် သို့မဟုတ် ၁၀တန်းစာသင်ဖူးသောသူများအတွက်ပိုအဆင်ပြေနိုင်ပါတယ်။ ၈တန်းအောင်လောက်ဆိုရင် အသက် ၁၆ နှစ်ပြည့်တာနဲ့ဖြေဆိုခွင့်ရှိတယ်ဆိုပေမဲ့ chemistry, physics, biology အစရှိသော သိပ္ပံဘာသာရပ်များကိုမထိတွေ့ဖူးသေးသောကျောင်းသားများအတွက် အလွန် struggle ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သောလူများ သို့မဟုတ် self-study မလုပ်လိုသောသူများအတွက် အခုဆိုရင် GED online class များကို သင်တန်းအများအပြားတွင်ရှာဖွေတက်ရောက်နိုင်ပါပြီ။
❓❓GED exam ဖြေဖို့ဘာတွေလိုလဲ
GED exam ဖြေဆိုဖို့အတွက် အသက် ၁၈ ဖြစ်ရမယ်။ အနည်းဆုံးတော့အသက် ၁၆ ဖြစ်ဖို့လိုအပ်ပါတယ်။
အသက်၁၈မပြည့်သေးတဲ့ ၁၆၊၁၇ အရွယ်ကျောင်းသားတွေကတော့ [email protected] ဆီကို gmail ကတစ်ဆင့် consent form လို့ခေါ်တဲ့ age exception waiver form အရင်ဦးဆုံးတင်မှသာလျှင် စာမေးပွဲဖြေဖို့ စာမေးပွဲရက်တွေ ကိုအကောင့်မှာကြည့်လို့ရမှာပါ။
❓❓GED exam ကိုဘယ်လိုဖြေရမလဲ
စစချင်း google မှာဖြစ်ဖြစ် GED.com ဆိုတဲ့ website ထဲကိုဝင်ပြီး gmail နဲ့ GED account တစ်ခုဖွင့်ရပါမယ် ။
အသက်က၁၈ဒါမှမဟုတ်၁၈အထက်ဆိုရင်တော့ဖွင့်ဖွင့်ပြီးချင်းစာမေးပွဲရက်တွေကိုaccount မှာမြင်ရပါမယ်။
အသက်၁၈နှစ်အောက် ၁၆၊၁၇ တွေကတော့အပေါ်ကပြောခဲ့သလိုပဲ consent form အရင်တင်ရပါမယ်။
❓❓GED exam ကိုဘယ်မှာဖြေမလဲ
မြန်မာနိုင်ငံမှာတော့ အခုလောလောဆယ်ထိ exam ဖြေဖို့ကျောင်းသားလက်ခံပြီးစာမေးပွဲကျင်းပနေတဲ့ exam center တစ်ခုပဲရှိပါသေးတယ်။
MICT Park, Hlaing Township, Yangon မှာရှိတဲ့ IMCM exam center မှာဖြေလို့ရပါတယ်။
(အခုတော့ crown education က GED exam center အဖြစ်ဆောင်ရွက်ဖို့ approved ဖြစ်ပြီးပေမဲ့ စာမေးပွဲဖြေလို့တော့မရသေးဘူးလို့ကြားသိရပါတယ်)
💸💸GED exam fees တွေကရောဘယ်လောက်လဲ
မြန်မာနိုင်ငံမှာအခုလက်ရှိတော့တစ်ဘာသာကို $80 ကျပါတယ်။ လေးဘာသာဆိုတော့စုစုပေါင်း $320 ပါ။
🎖🎖GED scores တွေကိုရောဘယ်လိုမျိုးသတ်မှတ်လဲ
တစ်ဘာသာကို စုစုပေါင်း အမှတ် 200 ဖိုးစီဖြေရပါတယ်။
လေးဘာသာစုစုပေါင်းကတော့ အမှတ် 800 ပါ။
145= Passing score
165-174=College ready
175-200=College+Credit ဆိုပြီးသတ်မှတ်ထားပါတယ်
(ထိုင်းမှာရှိတဲ့ private university တွေကတော့ တစ်ဘာသာကိုအောင်မှတ် ၁၄၅ ရှိရုံနဲ့ ဝင်ခွင့်လျှောက်ထားလို့ရတယ်လို့ပြောကြပါတယ်)
🎓 🎓 GED result ကိုဘယ်နိုင်ငံ၊ဘယ်တက္ကသိုလ်/ကောလိပ်တွေကလက်ခံလဲ
ယေဘုယျအားဖြင့် အမေရိကန်မှာရှိတဲ့ Harvard university လိုကမ္ဘာ့ထိပ်တန်း university တွေကအစ colleges and universities 98% လောက်ကလက်ခံပြီး ထိုင်းကpublic/privateကျောင်းအများအပြားနဲ့ japan က private university တစ်ချို့အပါအဝင် Singapore, Australia, New Zealand, Canada အစရှိသော ကမ္ဘာ့နေရာအသီးသီးမှာရှိတဲ့နိုင်ငံတွေက တက္ကသိုလ်တွေ ကောလိပ်တွေကအသိအမှတ်ပြုလက်ခံလာကြပါတယ်။
အသေးစိတ်ကိုတော့ အောက်က website မှာအလွယ်တကူ ကိုယ်ရှာချင်တဲ့ကျောင်းနာမည် ဒါမှမဟုတ် နိုင်ငံကိုရိုက်ပြီး ရှာကြည့်လို့ရပါတယ်။
https://ged.com/en/university-acceptance/
ဒီလောကိဆိုရင်တော့ GED exam နဲ့ပတ်သတ်ပြီး အနည်းနဲ့အများသိရှိနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ၁၀တန်းမအောင်သေးတဲ့ကျောင်းသားများအနေနဲ့လည်း study abroad လုပ်ဖို့အခွင့်အရေးရှိသေးတာမို့ စိတ်ဓာတ်မကျဘဲ ကိုယ်ရည်မှနိးရာပန်းတိုင်သို့ ဇွဲရှိရှ်ိနဲ့ကြိုးစားပြီး အရောက်သွားကြပါ။
Content by Z🐯and Daphne🌿
02/01/2022
Fyi
21/12/2021
Fyi
😊 GED စာမေးပွဲအကြောင်း
GED (General Education Development) စာမေးပွဲကို American Council on Education နဲ့ Pearson Education တို့ ပူးပေါင်းကြီးမှုးကျင်းပတာ ဖြစ်ပါတယ်။ ဒီစာမေးပွဲဟာ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ရဲ့ အထက်တန်းအောင်ပညာရေး (Grade 12) နဲ့ ညီမျှတဲ့ high school equivalency စာမေးပွဲတစ်ခုဖြစ်ပါတယ်။
ဒီအောင်လက်မှတ်ကိုရဖို့ ဖြေဆိုရမယ့် ဘာသာရပ်လေးခုရှိပါတယ်။ အဲ့ဒါတွေကတော့
1. Reasoning through language arts (RLA) (155 minutes)
2. Mathematical reasoning (120 minutes)
3. Science (95 minutes)
4. Social studies (75 minutes) စတဲ့ဘာသာရပ်များပဲဖြစ်ပါတယ်။
ဒီဘာသာရပ်လေးခုကို ဖြေဆိုဖို့ စုစုပေါင်းကြာမြင့်ချိန်က 7 နာရီနဲ့ 25 မိနစ်ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အမှတ်ရရှိတဲ့သူတွေကို အမေရိကန်အထက်တန်းပညာရေး (Grade 12) နဲ့ ညီမျှတယ်လို့အသိအမှတ်ပြုတဲ့လက်မှတ် ရရှိမှာ ဖြစ်ပါတယ်။
GED လက်မှတ်ကိုပြင်ဆင်ဖြေဆိုမယ့် ကျောင်းသူကျောင်းသားတွေဟာ သုံးလ/ငါးလဝန်းကျင် သင်တန်းတက်ပြင်ဆင်ခြင်း သို့မဟုတ် Self-Study လုပ်ပြီး GED Approved Test Center တစ်ခုခုမှာမှတ်ပုံတင်ပြီးဖြေလို့ရပါတယ်။ သတ်မှတ်ထားတဲ့စာမေးပွဲဖြေဆိုနိုင်တဲ့အသက်က 18 နှစ်ပါ။ 18 နှစ်မပြည့်သေးရင် အနည်းဆုံး အသက် 16 နှစ်ပြည့်ဖို့လိုအပ်ပြီး Age Exception Waiver Form ကိုမိဘအုပ်ထိန်းသူမှလက်မှတ်ရေးထိုး တင်သွင်းရပါတယ်။
GED ဟာ ကုန်ကျစရိတ်အလွန်သက်သာတဲ့ အထက်တန်းကျောင်းဒီပလိုမာနဲ့ညီမျှတဲ့ အစားထိုးစာမေးပွဲတစ်ခုဖြစ်ပြီး ပညာရေး တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ ကျောင်းသားလူငယ်တွေဟာ GED စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အဆင့်မြင့်ပညာရေးခရီးကိုဆက်လက်လျောက်လှမ်းနိုင်ပါတယ်။
😊 GED အောင်လက်မှတ်ကို ရရှိဖို့ စာမေးပွဲမှာ အမှတ်ဘယ်လောက်ရဖို့ လိုအပ်ပါသလဲ။
GED အောင်လက်မှတ်ကို ရရှိနိုင်ဖို့ ဖြေဆိုရတဲ့ ဘာသာရပ်လေးခုအနက် ဘာသာရပ်တစ်ခုချင်းစီမှာ အနည်းဆုံး 145 မှတ်ရဖို့လိုပါတယ်။ တစ်ဘာသာချင်းစီအတွက် အများဆုံးရနိုင်တဲ့အမှတ်ကတော့ 200 ပါ။ အမှတ်ပိုကောင်းတယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတချို့လည်းရှိပါတယ်။
145 မှတ်ကတော့ အနိမ့်ဆုံးအောင်မှတ်ပါ။
165-174 မှတ်အတွင်းကိုတော့ College Ready အဖြစ်သတ်မှတ်ပါတယ်။ ဆိုလိုတာကတော့ ဖြေဆိုသူဟာ ကောလိပ်မှာသင်ကြားရမယ့် ဘာသာရပ်တွေအတွက် အဆင်သင့်ဖြစ်နေပြီး ကောလိပ်မတက်မီ လိုအပ်လေ့ရှိတဲ့ placement test သို့မဟုတ် developmental education requirements တွေကို မလိုအပ်တော့ဘဲ အဆင့်မှီတယ်လို့ ဆိုလိုပါတယ်။
175-200 အတွင်းအမှတ်ကိုတော့ College Ready + Credit လို့သတ်မှတ်ထားပြီး ဖြေဆိုသူရဲ့ အရည်အချင်းဟာ 10 college credit hours အတွက် အဆင့်မှီတယ်လို့ ဆိုလိုပါတယ်။
တတ်နိုင်သလောက် အမှတ်ကောင်းအောင်ဖြေဖို့ တိုက်တွန်းပါတယ်။ အမှတ်ကောင်းကောင်းရတာဟာ ကိုယ့်ပညာရေးလမ်းခရီးမှာ မိမိကိုယ်ကိုပိုပြီး ယုံကြည်ချက်တိုးစေသလို ကျောင်းလျှောက်ထားရာမှာလည်း အကူအညီဖြစ်ပါတယ်။ တက္ကသိုလ်၊ကောလိပ်တွေတချို့မှာ သူတို့ကျောင်းဝင်ခွင့်အတွက်ရရှိရမဲ့ အနည်းဆုံး GED အမှတ် (ဥပမာ။ ။ အနည်းဆုံး တစ်ဘာသာ 150 တချို့က 160) ဆိုပြီးသတ်မှတ်ထားတာမျိုးလည်းရှိပါတယ်။ အမှတ်မြင့်မြင့်နဲ့ စာမေးပွဲအောင်တာဟာ သင်ကြားပေးတဲ့ဆရာအတွက်ရော မိဘတွေအတွက်ရော ပျော်ရွှင်စေတဲ့အတွက် သားရွှေအိုးထမ်းလာတာမြင်ရသလို ဖြစ်ရပ်မျိုးလို့ ဆိုပါရစေ။
GED စာမေးပွဲကို ဖြေဆိုဖို့ ACE အသိအမှတ်ပြု Test Center မှာ ကိုယ်တိုင် သွားဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုရာမှာတော့ ကွန်ပျူတာနဲ့သာ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေအရ လိုအပ်မယ်ဆိုရင် Accomodation Status ကို တောင်းလို့ ရပြီး အဲဒါဆိုရင်တော့ ဖြေဆိုချိန်လည်း ပိုရမှာ ဖြစ်သလို နားနေချိန်ကိုလည်း ပိုပေးမှာ ဖြစ်ပါတယ်။
GED စာမေးပွဲဖြေဆိုရန်အတွက် ဘာသာရပ်တစ်ခုကို $80 ဝန်းကျင်စာမေးပွဲကြေးပေးသွင်းရတာကြောင့် စုစုပေါင်း $320 + Exam Center Fees လိုအပ်ပါမယ်။ စာမေးပွဲဖြေရာမှာ သတ်မှတ်အမှတ်ကိုမရခဲ့ရင် အချိန်စောင့်စရာမလိုဘဲ ဘာသာရပ်တစ်ခုကို သုံးကြိမ်ထိ ပြန်လည်ဖြေဆိုနိုင်ပါတယ်။ သုံးကြိမ်နောက်ပိုင်း ဖြေမယ်ဆိုရင်တော့ ရက်ပေါင်း 60 စောင့်ရမယ်လို့ ged.com မှာဖော်ပြထားပါတယ်။
စာမေးပွဲဖြေဆိုဖို့အတွက်ကတော့ ဘာသာရပ် 4 ခုကို တစ်ခါတည်းဖြေနိုင်သလို ဘာသာရပ်တစ်ခုချင်းစီလည်း မိမိအဆင်ပြေတဲ့နှုန်းနဲ့ ဖြေဆိုနိုင်ပါတယ်။ တစ်ရက်ကို နှစ်ဘာသာအများဆုံးပဲ ဖြေဆိုသင့်ပါတယ်။ ဒီလိုဖြေဆိုခြင်းက အကောင်းဆုံး ရလာဒ်တွေကို ရနိုင်ဖို့နဲ့ စိတ်ဖိစီးမှု့တွေကိုလည်း လျော့ချရာရောက်ပါလိမ့်မယ်လို့ အကြံပြုပါတယ်။ (ကျနော့်အမြင်သက်သက်ပါ။)
😊 GED အောင်လက်မှတ်က သင့်အတွက် ဘယ်လိုကောင်းကျိုးတွေ ရှိမလဲ။
သင်ဟာ GED အောင်လက်မှတ်ကို ရရှိခဲ့ပြီဆိုတာနဲ့ သင့်ရဲ့ပညာအရည်အချင်းဟာ Grade 12 level (အထက်တန်းအဆင့်) ရှိတယ်လို့ အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။
GED အောင်လက်မှတ်ကို ရရှိထားခြင်းဟာ သင့်ရဲ့ အဆင့်မြင့်ပညာရေးအတွက်လည်း အခွင့်အလမ်းကောင်းများ ရရှိနိုင်မှာဖြစ်ပါတယ်။ GED အောင်လက်မှတ်ကို US မှာရှိတဲ့ နှစ်နှစ်တက်ရတဲ့ ကောလိပ်အားလုံးနီးပါးနဲ့ တချို့သော တက္ကသိုလ်တွေက လက်ခံကြပါတယ်။ ဥရောပနိုင်ငံတွေက ကောလိပ်တွေနဲ့ အာရှမှာရှိတဲ့ ကောလိပ်တွေ၊ တက္ကသိုလ်တွေကလည်း GED အောင်လက်မှတ်ကို အသိအမှတ်ပြုလက်ခံပါတယ်။ အသေးစိတ်ကိုတော့ https://ged.com/en/university-acceptance/?lang=en မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
တခြားသော တက္ကလိုလ်ဝင်ခွင့် စာမေးပွဲတွေနဲ့ ယှဉ်ရင် GED နဲ့တက်ရောက်နိုင်တဲ့ တက္ကသိုလ်ကနည်းပါးပေမယ့် ဖြေဆိုဖို့လွယ်ကူမှု့နဲ့ ကုန်ကျစရိတ်သက်သာတာ၊ ပြင်ဆင်ချိန်တိုတောင်းတာ စတဲ့အချက်တွေကတော့ GED အောင်လက်မှတ်ရဲ့ အားသာချက်တွေပါ။ ကျနော်သင်တဲ့ ကျောင်းသားအများစုကတော့ Thailand နဲ့ US ရှိတက္ကသိုလ်တွေ ကောလိပ်တွေမှာ တက်ရောက်ပညာသင်ကြားနေကြပါတယ်။
😊 GED အောင်လက်မှတ်နဲ့ ပညာသင်ဆုလျောက်လို့ရမလား။
GED အောင်လက်မှတ်တစ်ခုတည်းနဲ့ scholarship လျောက်ဖို့ မလုံလောက်ပါဘူး။ (US က ကောလိပ်တွေမှာတော့ Finalcial aid ဒါမှမဟုတ် scholarship လျောက်နိုင်တဲ့အခွင့်အရေးရှိပါတယ်။) ဒါကြောင့်မို့ ကိုယ်က ပညာသင်ဆုလိုချင်ရင် GED အပြင် SAT သို့မဟုတ် ACT စတဲ့စာမေးပွဲတွေကို ထပ်မံဖြေဆိုဖို့လိုပါတယ်။ ဒါ့အပြင် ဘာသာစကားကျွမ်းကျင်မှု့ စာမေးပွဲတွေဖြစ်တဲ့ IELTS/TOEFL/Duolingo English Test စတဲ့စာမေးပွဲတွေကိုပါ ပညာသင်ဆုလျောက်မယ်ဆိုရင် လိုအပ်ပါလိမ့်မယ်။
😊😊 GED က အထက်တန်းပညာရေးကို မပြီးဆုံးသေးတဲ့ အရွယ်ရောက်ပြီးသူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကိုပဲ ကျနော်တို့ အာရှနိုင်ငံတချို့မှာက ပုံမှန်ပညာရေးကို ရယူဖို့အခက်အခဲရှိနေသူတချို့က ရွေးချယ်စရာတစ်ခုအဖြစ်နဲ့ တက်ရောက်ရယူကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုကာလမှာတော့ ပုံမှန်တက်ရောက်နိုင်တဲ့ကျောင်းတွေလည်း မဖွင့်သေးတာကြောင့် GED ဟာ အထက်တန်းအဆင့်ရှိ အသက် 16 နှစ်နဲ့အထက်ကျောင်းသားတွေအတွက် အသက်သာဆုံး၊ အချိန်အတိုဆုံးနဲ့ ရယူနိုင်တဲ့ ပညာရေးအောင်လက်မှတ်ဖြစ်ပါတယ်။ စရိတ်အများအပြားမသုံးချင်တဲ့ ကျောင်းသားတွေအတွက် ပြည်တွင်းမှာဖွင့်ထားတဲ့ နိုင်ငံတကာတက္ကသိုလ်တွေ အပြင် အနီးဆုံး Thailand က Universities တွေကလည်း လက်ခံတဲ့အောင်လက်မှတ်ဖြစ်လို့ စရိတ်စကသိပ်မများပဲ အဆင့်မြင့်ပညာရေးကို တက်ရောက်လိုသူတွေအတွက် ယူထားသင့်တဲ့လက်မှတ်တစ်ခုဖြစ်ပါတယ်။
😊😊 GED က စာမေးပွဲဖြေဖို့ အချိန်အကြာကြီးပြင်ဆင်ဖို့ မလိုအပ်ပါဘူး။ အခြေခံရှိတယ်ဆိုရင် 3 လ၊ 5 လဝန်းကျင်နဲ့ စာမေးပွဲဖြေလို့်ရတယ်။ English စာအခြေခံကောင်းရှိသူတွေက ကိုယ်တိုင် self-study လုပ်ဖို့ အခွင့်အရေးရှိတယ်။ (ဒီအတွက် သီးသန့် post တင်ပေးပါမယ်။) သတ်မှတ်ထားတဲ့ အမှတ်ကိုကျော်အောင်ဖြေနိုင်ရင် Foundation program တွေကိုတက်စရာမလိုဘူး။ သတ်မှတ်ထားတဲ့အမှတ်ကိုကျော်ဖို့လည်း သိပ်မခက်ဘူး။ ဒါ့အပြင် သင်တန်းကြေးသက်သာတယ်။
IGCSE ကတော့ ပြင်ဆင်ချိန် 1 နှစ်ခွဲလောက် အကြမ်းဖျင်းလိုအပ်တယ်။ ဘာသာရပ်ရွေးစရာများတယ်။ ကိုယ်တိုင် self-study လုပ်ဖို့ resources နည်းတယ်။ IGCSE (O level) ပြီးသွားရင်တောင် တချို့ Universities တွေကို Join တဲ့အခါ Foundation program ထပ်တက်ဖို့ လိုအပ်နိုင်သေးတယ်။ A level ပြီးမှသာ ကျောင်းရွေးရတာပိုအဆင်ပြေတယ်။ သင်တန်းကြေးကတော့ တစ်ဘာသာကို အနည်းဆုံး 60000 ဝန်းကျင်ရှိပါတယ်။
ကွာခြားတာကတော့ GED ကို US နဲ့ Canada က Community Colleges တွေရယ် အာရှမှာဆို Thailand က Universities တွေရယ်က လက်ခံတယ်။ တခြားနိုင်ငံတွေက ကျောင်းတချို့လည်း လက်ခံကြပါတယ်။ #ဒါကြောင့်မို့ ကျောင်းအားဖြင့် ရွေးစရာနည်းတယ်။ US မှာ 4 နှစ်တက်ရတဲ့ Universities တွေကို Join ချင်ရင် GED အပြင် SAT, ACT အောင်လက်မှတ်ပါပြနိုင်ဖို့လိုတယ်။
IGCSE မှာ သင်ယူနိုင်တဲ့ Subject တွေအရ ကိုယ်တက်ချင်တဲ့ဘာသာရပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အခြေခံတခါတည်းလေ့လာလို့လည်းရတယ်။ IGCSE ကတော့ O level အပြီးမှာလျောက်ထားနိုင်တဲ့ကျောင်းလည်းပိုများတယ်။ ဒါပေမယ့် Foundation ထပ်တက်ဖို့လိုအပ်လေ့ရှိတယ်။ ဒါကလည်းကျောင်းပေါ်မူတည်ပြီးကွာခြားတယ်။ A level ပြီးမှသာ ပိုပြီးရွေးစရာများတယ်။
တမျိုးချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေရှိနေတာပါပဲ။ ကိုယ်ကဘယ် major ကိုရွေးချင်တာလဲ။ ဘယ်နိုင်ငံကို prefer ဖြစ်သလဲ။ ဘယ်လောက်ကျောင်းစရိတ်သုံးနိုင်သလဲ စတဲ့အချက်တွေအပြင် တက်မယ့်ကလေးရဲ့ စာအပေါ်စိတ်ဝင်စားမှု့ကိုလည်း တွက်ချက်ပြီးမှ ဘယ် program ကို တက်သင့်သလဲဆုံးဖြတ်ဖို့ ပိုပြီးလွယ်ကူစေပါတယ်။
*** ထပ်ပေါင်းထည့်ပေးရမယ့် စာအုပ် links တွေနဲ့ free learning resources တွေ ကျန်ပါသေးတယ်။ post သပ်သပ်ထပ်တင်ပါဦးမယ်။
#ကူးယူဖော်ပြမယ်ဆိုရင် ကျနော့် page ကို credit ပေးပါ။
#သင်တန်းကြော်ငြာ
GED စာမေးပွဲ ဖြေဆိုနိုင်ဖို့ ဘာသာစုံ သင်တန်းကို ကျနော့်သင်တန်းမှာ အသက်သာဆုံးသင်တန်းကြေးနဲ့ သင်ကြားပေးနေပါတယ်။
သင်တန်းစုံစမ်းရန်ဖုန်း 09 407 444 988
Saya U Aung Soe Moe
04/12/2021
study ...
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
103, A
Yangon
