ဖယောင်းတိုင် ဥပဒေစာပေ

ဖယောင်းတိုင် ဥပဒေစာပေ

Share

ဥပဒေရေးရာစာအုပ်များအား အနယ်နယ်အရပ်

Photos from လူထုလက်ရုံး စာစဉ်'s post 01/06/2021
25/05/2021

အာဏာရှင်က လက်နက်ပြပြီး အာဏာလုကာ လူသတ် ခြိမ်းခြောက် လာတော့ တော်လှန်ဖို့ရာက ကျွန်မတို့တာဝန်ဖြစ်လာပြီ။ ဓားသွားလည်းထက်စေရမည်၊ ကလောင်သွားလည်း ထက်စေရမည်။

#လူထုလက်ရုံး-စုပေါင်းရုန်းကာ-အာဏာရှင်ကို ဆွဲချပါ။

လူထုလက်ရုံးစာစဉ် ပေ့ဂျ်လေးကို like & share လေးလုပ်ပေးပါရှင့်၊ စာမူများလည်း တောင်းခံပါတယ်။

မူရင်းပို့စ်အား Crdပေးပါသည်။
https://www.facebook.com/%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8-%E1%80%85%E1%80%AC%E1%80%85%E1%80%89%E1%80%BA-104853935134335/

လူထုလက်ရုံး စာစဉ် Newspaper

21/04/2021

#ဒုတိယအကြိမ်
ဘာအတွက် လိုအပ်တာလဲ၊ ဘယ်အပိုင်း ဘယ်လိုသုံးဖို့
ဘာဝယ်ဖို့ လိုတာလဲ မမေးပါနဲ့။
ဗျူဟာတစ်ခု စတင်အကောင်အထည်ဖော်ဖို့
လိုအပ်ချက်တွေဖြည့်တင်းဖို့ ငွေလိုပါတယ်။
အားလုံးကိုယ်စား ကိုကြွယ်ကပဲ
ပလန်ကို ချမပြဘဲ
ယုံကြည်မှုနဲ့ အလှူခံဖို့
သူရဲကောင်းချုပ်ကြီးရဲ့
တာဝန်ပေးအပ်ခြင်းကို ခံရတယ်။
ကဲ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးသမားတွေက
လုံခြုံရေးစိတ်ချရာနေရာတွေ ရွေးချယ်ပြီး
လေ့ကျင့်ရေးသင်တန်းတွေပေးရတယ်၊ သင်တန်းသား သူရဲကောင်းတွေကို ကျွေးမွေးဖို့ ‌ကြံဖန်ရတယ်။ တော်လှန်ရေးမှာ အသုံးပြုမဲ့ လက်နက်မျိုးစုံ တီထွင်သူ ပညာရှင်ညီငယ် ညီမငယ်တွေက
တီထွင်ရတယ်။
လိုအပ်သမျှ အချိန်မီဝယ်ဖို့
(၂)ဖွဲ့စလုံးအတွက် ကျွန်တော်က ငွေကြေးရှာဖန်ရတယ်။
အခုဆို (၂)ဖွဲ့လုံးအတွက် ငွေကြေးလိုအပ်ချက်တွေဟာ
ကျွန်တော့်ခေါင်းပေါ် ပုံလာပြီ။
ထောင်အပြင် တန်းမရှိတော့တဲ့
ကျွန်တော်ကပဲ ရှေ့ထွက်အရဲစွန့်ပြီး
ရံပုံငွေရှာဖန်ရတယ်။
အဲ့တော့ ကျွန်တော့်ခေါင်းပေါ်ကအပူကြီးကို
ဖြေလျော့ဖို့ ကျွန်တော့်မိတ်ဆွေတွေကိုပဲ
ကျွန်တော်က အပူပြန်ကပ်ရတော့မယ်။
Wave , Kpay ကြိုက်ရာနဲ့သာ
အပူဖြေလျော့ပေးကြပါတော့။
Wave Money- Kpay = 09422947200

ရိုသေစွာဖြင့်
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
၂၁-၄-၂၀၂၁

Photos from ဖယောင်းတိုင် ဥပဒေစာပေ's post 18/04/2021

ကျွန်တော်တို့အသံတိတ်မသွားကြပါဘူး။
လျှပ်စစ်မီးလာသည်ဖြစ်စေ ၊ မလာသည်ဖြစ်စေ ရေနွေးအိုးတည်ဖို့ ကျွန်တော်တို့ တောထဲ ထင်းခွေထွက်နေကြပါတယ်။
လျှပ်စစ်မီး မလာတော့လည်း တောထဲက ကိုယ့်အားကိုယ်ကိုးပြီး ခွေလာတဲ့ ထင်းနဲ့ပဲ ချက်ကြတာပေါ့။
လျှပ်စစ်မီးလာရင်တော့ အကောင်းသားပေါ့ဗျာ။ ၃မိနစ်ရေနွေးအိုးလေးနဲ့ ကျိုချက်လိုက်တာပေါ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ငြိမ်မနေကြပါ။
အားလုံး နီးစပ်ရာတောမှာ အသီးသီးထင်းခွေထွက်နေကြပါတယ်။
သင်ရော ထင်းခွေထွက်ဖို့ အသင့်ဖြစ်နေပြီလား?

ကြုံတုန်းလေး စကားလက်ဆောင်လေးပေးချင်တာကတော့
(လျှပ်စစ်နဲ့ပဲကျိုကျို၊ ထင်းမီးနဲ့ပဲကျိုကျို ရေအေးကနေ ရေနွေးဖြစ်တာအတူတူပါပဲ။ ကွာခြားချက်က အချိန်ကာလနဲ့ ခွန်အားစိုက်ထုတ်ရမှု နှစ်ခုပါပဲနော်။ အရေးတော်ပုံ အောင်ရမည်။)

Photo crd - ရဲဘော်သုံးကျိတ်မှတ်တမ်းပုံများထဲမှ အမှတ်တရကူးယူဖော်ပြပါသည်။

#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
၁၈-၄-၂၀၂၁

12/04/2021

#၅၀၅-က နှင့် တော်လှန်ရေးခရီး
ကျွန်တော်တို့ရဲ့ တော်လှန်ရေးခရီးစဉ်မှာ
အင်းအားကောင်းကောင်း ၊ ပလန်ကောင်းကောင်းနဲ့ ဆောင်ရွက်လာသူလို့ ထင်မြင်ပြီဆိုရင် ပုဒ်မ ၅၀၅-က တပ်ပြီး လမ်းကြောင်းပေါ်ကနေ ခပ်ခွာခွာဖြစ်သွားအောင်
လုပ်တာဟာ အကြမ်းဖက်စစ်သူပုန်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။

ပုဒ်မ ၅၀၅-က တပ်လိုက်တော့ ရှေ့မထွက်တော့ဘူ၊
လက်ရှောင်မယ်၊ ပုန်းမယ်၊ လုပ်စရာအစီအစဉ်တွေ အတွက် ထိုသူပုန်းရှောင်နေတာနဲ့ပဲ လုပ်ရမဲ့ အစီအစဉ်တွေ နှောင့်နှေးမယ်။ ဒီလိုရည်ရွယ်ချက်နဲ့ပဲ ဒီကောင်တွေက ပုဒ်မတပ်ပြီး ပွဲလှန့်မယ်။

နယ်ဒေသတွေကို ထိထိရောက်ရောက်နဲ့ တိုက်ရိုက်သတင်း ထုတ်ပြန်မဲ့ ဒို့တောရွာ တော်လှန်ရေးသတင်းလော်စပီကာ အစီအစဉ်လေး စမလို့ပဲရှိသေး ပုဒ်မတပ်ပြီး ပွဲလှန့်ပြီ။

အကွက်တွေရိုးလိုက်တာ အားတီတို့ရာ။
တော်လှန်ရေးမှာ ပါဝင်ပြီဆိုကတည်းက
အသက်စွန့်ကြိုးပမ်းဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးသား။
အကယ်၍ မင်းတို့က ဖမ်းလို့ မိခဲ့ရင် အချုပ်ထဲထည့်မယ်။ နှိပ်စက်မယ်။ နာကျင်တဲ့ဝေဒနာတွေပေးမယ်။ နှစ်တွေအများကြီး အကျဉ်းချထားမယ်။ အသက်ကို သေစေမယ်။
ဒါပဲမို့လား။ ဘာပဲဖြစ်ဖြစ်ပေါ့ကွာ သေရုံအပြင် ပိုလုပ်မရပါဘူး။ ဒါတွေအားလုံးကို ပြုံးပြုံးကြီးရင်ဆိုင်နိုင်မယ်ဆိုတာ ဆုံးဖြတ်ပြီးမှ ဒီတော်လှန်ရေးမှာ ငါတို့ထကြွနေတာဖြစ်တယ်။

မင်းတို့ ဦးရင် မင်းစား။ ငါဦးရင် ငါစားမယ်။

မင်းတို့တပ်တဲ့ ပုဒ်မကြောင့် တော်လှန်ရေးဆိုင်ရာ ငါ့လုပ်ငန်း ငါ့အစီအစဉ်တွေ ဘယ်တော့မှ နှောင့်နှေး မသွားစေရဘူးဟေ့။

ဒါနဲ့စကားမစပ် ငါတို့ရဲ့ ဒို့တောရွာ တော်လှန်ရေးသတင်းလော်စပီကာ အစီအစဉ်က အောင်မြင်စွာ စတင်တော့မယ်။
ပုန်းမနေဘူး ဝုန်းနေမှာ။

ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)

Photos from ဖယောင်းတိုင် ဥပဒေစာပေ's post 11/04/2021

မိဘပြည်သူအပေါင်း မင်္ဂလာပါခင်ဗျ။
#မြန်မာ့နည်းမြန်မာ့ဟန်သတင်းအချက်အလက်စီးဆင်းမှု
📻 ဒို့တောရွာ တော်လှန်ရေး သတင်းလော်စပီကာ 📻

အင်တာနက်လိုင်းများ စတင်ဖြတ်တောက်ခံရစဉ် ကတည်းက
နိုင်ငံအဝှမ်း သတင်းအချက်အလက်စီးဆင်းမှုများနှောင့်နှေးခဲ့ရပါသည်။
ကျေးလက်တောရွာဒေသများတွင်မူ သတင်းအချက်အလက်စီးဆင်းမှု
လုံးဝ ပြတ်တောက်နေခဲ့ရသည်မှာ ယနေ့အချိန်အထိပင်ဖြစ်ပါသည်။

ဤပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဖက်ဒရယ် FM ကဲ့သို့သော လေဒီယိုလိုင်းကို
တီထွင်ဖန်တီးထုတ်လွှင့်နေသည်ဆိုသော်လည်း ၎င်းဖက်ဒရယ်FMအား ရန်ကုန်မြို့ရှိ မြို့နယ်များတွင်သာ ဖမ်းယူနားဆင်နိုင်သေးသည်ဟု သိရပါသည်။ နိုင်ငံအဝှမ်းရှိ ကျေးလက်တောရွာဒေသများ အထိ ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းနေဆဲဟုသာ သိရှိရပါသည်။

ထို့အပြင် နွေဦးတော်လှန်ရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စာစောင်များ၊ သတင်းစဉ်များ၊ လက်ကမ်းဝေများအဖြစ် အန္တရာယ်များကြားမှ နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းဖြန့်ဝေနေကြသူများလည်းရှိပါသည်။ မြို့ပေါ်ရပ်ကွက်အသီးသီးတွင် နေထိုင်ကြသော ပြည်သူများအတွက်မူ ဤကဲ့သို့ ဖြန့်ဝေပေးခြင်းများသည် များစွာအကျိုးရှိလှပါသည်။ သို့သော် အမှန်တကယ် သတင်းအချက်အလက်များရရှိ သိရှိကြရန် လိုအပ်လှသော ကျေးလက်တောရွာများအတွက်မူ သိသိသာသာ ထူးခြားမှု မဖြစ်လှပေ။ ဤသည်မှာလည်း လမ်းခရီး အခက်အခဲများ၊ ပြန့်ပွားမှုအတွက်ကုန်ကျစရိတ် များ အစရှိသည့် အခက်အခဲများကြောင့်ဖြစ်ပေသည်။

ဖုန်းမက်ဆေ့ဖြင့် သတင်းအချက်အလက်များ ပြန့်ပွားနေကြသည်လည်း ရှိပါသည်။ ဤသို့ဆောင်ရွက် ချက်များသည် အင်မတန်ကောင်းမွန်လှပါသော်လည်း ကျေးလက်တောရွာဒေသများသို့ သတင်းအချက်အလက် အပြည့်အဝထောက်ပံ့ပေးနိုင်မှုနှုန်း အနည်းငယ်သာဖြစ်နိုင်ပါလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သတင်းအချက်အလက်ပြန့်ပွားရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက် ကြသူများအား ကျေးဇူးတင် လေးစားမိပါသည်။
🙋🙋🙋🙋🙋🙋🙋🙋

အကြမ်းဖက်စစ်သူပုန်ကောင်စီမှ ဤကဲ့သို့ သတင်းအချက်အလက်စီးဆင်းမှု
ပြတ်တောက်အောင် လုပ်လေလေ ကျွန်ုပ်မှလည်း ကျေးလက်တောရွာများသို့
သတင်းအချက်အလက်များ အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ချင်လေပဲ။
တွေ့ကြပြီပေါ့ကွာ-----။

နည်းပညာဆိုင်ရာအတက်ပညာများ သင်ယူခဲ့သူမဟုတ်လေတော့ ဂြိုလ်တုကြီးတွေ၊ အင်တာနက် တွေ၊ တီဗွီချန်နယ်တွေ၊ လေဒီယိုလိုင်းတွေ ဖန်တီးပြမှာ မဟုတ်ပါ။

📢 သို့ပေမဲ့ ကျွန်တော်အထက်မှာပြောခဲ့သလိုမျိုး ကျေးလက်တောရွာများသို့ တစ်ချိန်တည်း တစ်ပြိုင်တည်း သတင်းအချက်အလက်များ နေ့စဉ်ပုံမှန် တိုက်ရိုက်ထုတ်လွှင့်သွားပါလိမ့်မယ်။
(၁) သတင်းအချက်အလက်စုဆောင်းခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှုတို့တွင် ပါဝင်ကူညီမည့် ပရဟိတ တော်လှန်ရေးလူငယ်များ လိုအပ်ပါ၍ ဖိတ်ခေါ်အပ်ပါသည်။
(၂) ထို့အပြင် ဆောင်ရွက်မည့်ပစ္စည်းဆောင်တာများအတွက် ကုန်ကျစရိတ်အနည်းငယ်များပြားသည့် အတွက် ငွေကြေးအင်အားစိုက်ထုတ်ပါဝင်မည့် လူပုဂ္ဂိုလ်များကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
(၃) သတင်းအချက်အလက်ပေးပို့ခြင်း/လက်ခံခြင်း/ဖြန့်ဖြူးခြင်းများကို ပူးပေါင်းဆောင်ရွက်မည့်
ကျေးလက်တောရွာနေ နယ်မြေခံ တော်လှန်ရေးသူရဲကောင်းများလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ပါ၍ ဖိတ်ခေါ်အပ်ပါသည်။
📣 GSM အထိုင်ဖုန်းအဟောင်းအသစ်များ၊ ဟမ်းစက်အဟောင်း/အသစ်များလည်း ပေးပို့လှူဒါန်းနိုင်။( Answer Automatically စနစ်ပါဝင်သော ဟမ်းစက်ဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။)

🚫ဤဆောင်ရွက်ချက်သည် ကျွန်ုပ်အတွက် အလွန်အင်မတန် အန္တရာယ်များလွန်းလှပါသည်။ အချိန်မရွေး အကြမ်းဖက်စစ်သူပုန်၏ လက်တွင်း ကျရောက်နိုင်ပါသည်။ ဤအကြောင်းအချက်များကို ကြိုတင် သိရှိထားပြီးဖြစ်ပါသော်လည်း အန္တရာယ်ရှိ၍နောက်ဆုတ်လေလေ အောင်မြင်မှု မရလေလေ ဖြစ်မည်ဆိုး၍ မိဘပြည်သူတို့အကျိုးကိုရှေ့ရှု့ကာ စွန့်စားလုပ်ဆောင်လိုက်ရခြင်းဖြစ်ပါသည်။

🚫 ဤဆောင်ရွက်မှုတွင် အထက်ပါ အချက်(၁),(၂),(၃) တို့တွင်ဖော်ပြထားသော ပါဝင်မှုအသီးသီး အတွက် ပါဝင်သူအပေါ်တွင် အန္တရာယ်တစ်စုံတစ်မျှ ငြိစွန်းနိုင်ခြင်းမရှိပါ။ အားလုံးအတွက် ဘက်ပေါင်းစုံမှ အန္တရာယ်ကင်းပြီး ကျွန်ုပ်တစ်ဦးတည်းထံသို့သာ အန္တရာယ်ကျရောက်နိုင်သော စီစဉ်ချက်ကို စီစဉ်ထားခြင်းဖြစ်ပါကြောင်း လုံးဝ(လုံးဝ) တာဝန်ယူအပ်ပါသည်။

🚫 လာမည့် ရက်ပိုင်းများအတွင်း စတင်အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ရည်မှန်းထားသည့် အတွက် အထက်ပါ အချက်(၁),(၂),(၃)တို့၌ ပါဝင်မည့် တော်လှန်ရေးသူရဲကောင်းများ အနေဖြင့် ၁၅-၄-၂၀၂၁ရက်နေ့ နောက်ဆုံးထား စာရင်းပေးဆက်သွယ်ကြပါရန် လေးစားစွာတင်ပြအပ်ပါသည်။
လုပ်ငန်းစဉ်အသေးစိတ်ကို သီးခြားရှင်းပြဆောင်ရွက်ပါမည်။
Cbသို့ လာရောက် ဆက်သွယ်ပြောဆိုပါ။

📣 နယ်ဒေသမှ မိမိတို့၏ ဆွေမျိုးသားချင်းများထံသို့ ဤအစီအစဉ်တွင်ပါဝင်ရန် ထပ်ဆင့်ဆက်သွယ် ချိတ်ဆက်ပေးပါ။
ကျေးရွာမှ သတင်းလက်ခံသူအဖြစ် ဆောင်ရွက်ပေးမည့်
လူနှင့် ရနိုင်သမျှ ချိတ်ဆက်ပေးပါ။

ကျေးလက်တောရွာဒေသများသို့ နေ့စဉ်သတင်းအချက်အလက်များ
အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်စီးဆင်းစေရမည်။

ရိုသေစွာဖြင့်
ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
📻 ဒို့တောရွာ တော်လှန်ရေး သတင်းလော်စပီကာ 📻
09789720036 (ဆက်မရပါက) Cbတွင်စာပို့ပါ။
radio
#ဒို့တောရွာ #တော်လှန်ရေးသတင်း #လော်စပီကာ

၁၁-၄-၂၀၂၁

(တက်ကျွမ်း၍တော့မဟုတ်ပါ၊ တက်စွမ်းသမျှ ကြံဖန်ကြိုးစားမှုတစ်ခုမျှသာဖြစ်ပါသည်။)
ကျေးဇူးပြု၍
ကျွန်တော့်ကို ကျေးရွာအသီးသီးမှ
Radio လှိုင်းဖြင့် သတင်းလက်ခံ/ဖြန့်ဝေပေးနိုင်မည့်
ကျေးရွာနေ တော်လှန်ရေးသူရဲကောင်းများဖြင့်
ချိတ်ဆက်ပေးကြပါခင်ဗျာ။
ဤပို့စ်အား ယခုလက်ရှိကျေးရွာနေပြည်သူများ
မြင်တွေ့နိုင်လိမ့်မည်မဟုတ်ပါ။
ထို့ကြောင့် မိမိတို့နှင့် ဖုန်းအဆက်အသွယ်ရှိသော
ကျေးရွာနေပြည်သူများနှင့် ကျွန်ုပ်အား ချိတ်ဆက်ပေးကြပါ။
ဤပို့စ်အားမြင်တွေ့သူ တစ်ဦးက
ရွာ ၃ရွာမှ လူ၃ဦးနှုန်းဖြင့်သာ
ဆက်သွယ်ပေးနိုင်လျင်
အဆင်ပြေလှပါပြီ။
ကျန်သော လုပ်ငန်းစဉ်များ
ထိုသူများနှင့် တိုင်ပင်လုပ်ဆောင်သွားပါမည်။
ကျွန်ုပ်တို့အားလုံး ပါဝင်ပူးပေါင်းပေးလျှင် သို့မဟုတ် ဤပို့စ်အား မြင်တွေ့သူမှ နယ်ခံကျေးရွာသားတစ်ဦးနှုန်း
ကျွန်တော်နှင့်ချိတ်ဆက်ပေးလျှင်ပင် ဤသတင်းစီးဆင်းမှု အစီအစဉ် မုချအောင်မြင်ပြီ။
သင်အချိန်ခဏပေးခြင်းဖြင့် ကူညီကြိုးပမ်းစွမ်းဆောင်လိုက်ပါ။)
👉👉👉 https://www.facebook.com/doetawywar.radio/

09/04/2021

ကြေညာချက်အမှတ်(၇/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်)
================
နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းထားကြောင်း ကြေညာချက်

ရည်ညွှန်းချက်။ ။ ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၃/၂၀၂၁ ဆုံးဖြတ်ချက်။

၁။ ယခုအချိန်သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်အာဏာအား လက်နက်အားကိုးဖြင့် အကြမ်းဖက်လုယူထားသည့် အချိန်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းကောင်း အရာထမ်း၊ အမှုထမ်းများသည် ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်းစဉ် (CDM) ဖြင့် ရဲဝံ့ စွန့်စားစွာ အာခံတော်လှန်နေသည့် အခါသမယဖြစ်သည်။

၂။ နိုင်ငံ့ဝန်ထမ်းကောင်း အာဇာနည်များ၏ ထိရောက်အောင်မြင်သည့် ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်းစဉ် (CDM) ကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ့အုပ်ချုပ်ရေးယန္တရားအား ပုံမှန်လည်ပတ်နိုင်ခြင်း မရှိဘဲ အကျပ်အတည်းဆိုက် အထိနာလျက်ရှိပါသည်။

၃။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် (CDM) လှုပ်ရှားမှု ဆောင်ရွက် နေသည့် ဝန်ထမ်းများအား လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက် အရေးယူနေသော်လည်း ထိရောက်အောင်မြင်မှုမရှိသည့်အတွက် ဝန်ထမ်းသစ်များ ရွေးချယ်လေ့ကျင့် ခန့်ထားနိုင်ရန် အလုပ်လျှောက်လွှာများခေါ်ယူ၍ အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

၄။ မိမိတို့ ပြည်သူ့အစိုးရသည် အာဏာသိမ်းစစ်ကောင်စီမှ တရားမဝင်အာဏာလုယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှစ၍ နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ခန့်ထားခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ အားလုံးကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြောင်း အသိပေးအပ်ပါသည်။

၅။ သို့ပါ၍ ပြည်သူ့အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ စစ်အုပ်စုဩဇာခံ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန^အကြီးအကဲများက ရွေးချယ်ခန့်အပ်သော မည်သူကိုမျှ နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအမှတ်မပြုသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ အပေါင်းပါများအဖြစ် သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
မူရင်း_CRPH_ https://www.facebook.com/102780861847894/posts/148167940642519/

#၂၀၀၈ခြေဥမီးရှို့သင်္ဂြိုဟ်လိုက်ခြင်း 01/04/2021

#၂၀၀၈ခြေဥမီးရှို့သင်္ဂြိုဟ်လိုက်ခြင်း
မီးရှို့လိုက်ရုံနဲ့ ဥပဒေတစ်ခုပျက်သွားသလားတဲ့။
CRPHကလည်း ကြေညာပြီးပြီ။
ပြည်သူတွေရဲ့ ရင်ထဲဆန္ဒအရလည်း မီးရှို့လိုက်ပြီ။
ဒီလိုအခြေအနေမှာ မီးရှို့လို့ ဥပဒေတစ်ခုပျက်သလား လာမမေးနဲ့ ငါတို့ရင်ထဲကကိုက နှစ်နှစ်ကာကာ မီးရှို့ချင်နေလို့ ရှို့တာ။ ကဲ ဘာပြောမလဲ ပြောစမ်း။
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)

#၂၀၀၈ခြေဥမီးရှို့သင်္ဂြိုဟ်လိုက်ခြင်း #၂၀၀၈ခြေဥမီးရှို့သင်္ဂြိုဟ်လိုက်ခြင်းမီးရှို့လိုက်ရုံနဲ့ ဥပဒေတစ်ခုပျက်သွားသလားတဲ့။CRPHကလည်း ကြေညာပြီးပြီ.....

31/03/2021

ကြေညာချက် အမှတ် ( ၂၀/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။
================
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း။

၁။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ ခိုင်မာသော လိုလားတောင့်တချက်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရားတို့ကို အခြေခံသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဖြစ်သည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် စစ်အာဏာရှင်ဝါဒ သက်ဇိုးရှည်စေရန် ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်သည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီး ဖြစ်သည်။

၄။ အာဏာရှင်စနစ် ပပျောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဒီမို ကရေစီအင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြုပြဋ္ဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။

၅။ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။
မူရင်း-CRPH

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon
11421