Okayama University Japan Educational Information Center, Myanmar OJEIC

Okayama University Japan Educational Information Center, Myanmar OJEIC

Share

OJEIC (1)Yangon office, The Japan Foundation, Yangon,1st Floor,No70,Nat Mauk Lane(1),Bahan T/S,Yangon

(Unicode)
ဂျပန်သို့ပညာသင် သွားလိုသည့် ကျောင်းသားကျောင်းသူများနှင့်စိတ်ပါဝင်စားသူများ မည်သူမဆိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
(Zawgyi)

25/02/2026

🧑🏻‍🎓👩🏻‍🎓ဂျပန်နိုင်ငံရဲ့ နာမည်ကြီး နိုင်ငံပိုင်တက္ကသိုလ် ၆ ကျောင်း (SixERS) မှာ တက်ရောက်နေကြတဲ့ စီနီယာတွေရဲ့ စကားသံတွေ နဲ့ အတွေ့ အကြုံ တွေကို နားထောင်နိုင်မဲ့ 🤩"Study in Japan Seminar for ASEAN: Universities Across Japan – Sempai Voices"🤩

✅Register now:
📌https://forms.gle/rKuXP29cfaMXrSjY8

🤗ဒီအွန်လိုင်းပွဲလေးကတော့ 2026 ခုနှစ် မတ်လ 6 ရက်(သောကြာနေ့)မှာ အင်္ဂလိပ် ဘာသာနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ် ၆ ကျောင်း (SixERS) မှာ လက်ရှိတက်ရောက်နေတဲ့ အာဆီယံနိုင်ငံမှ စီနီယာတွေက ကျောင်းတစ်ကျောင်းချင်းစီအကြောင်းကို မိတ်ဆက်ပြောကြားပေးသွားမှာဖြစ်ပါတယ်။

🤩ဒါ့အပြင် သိလိုရာမေးမြန်းနိုင်မဲ့ Group Consultation Sessions တွေ နဲ့ ဂျပန်ပညာတော်သင်အတွက် လိုအပ်တဲ့အခြေခံအချက်အလက်တွေကိုပါ ရှင်းပြ‌ပေးမဲ့ Study in Japan: General Information Session လည်း ပါဝင်သွားမှာဖြစ်တဲ့အတွက် ဂျပန်ပညာတော်သင်ကိုစိတ်ဝင်စားတဲ့သူတိုင်း တက်ရောက်ကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

📅Date: March 6,2026(Friday)
⏰Time:1:00pm - 2:30pm (Myanmar Time)

🎓ပါဝင်သွားမဲ့ တက္ကသိုလ် တွေကတော့
・Chiba University
・Niigata University
・Kanazawa University
・Okayama University
・Nagasaki University
・Kumamoto University တို့ဖြစ်ပါတယ်။

🤩Register now:
📌https://forms.gle/rKuXP29cfaMXrSjY8

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 25/02/2026

👨🏻‍🎓 Undergraduate, Graduate နှစ်မျိုးလုံးကို အင်္ဂလိပ်ဘာသာဖြင့်ပညာသင်ယူနိုင်မဲ့ Ritsumeikan Asia Pacific University (APU)

🏫Ritsumeikan Asia Pacific University (APU) ဟာဆိုရင် Oita ပြည်နယ် (Kyushuကျွန်း) မှာရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ APU မှာဆိုရင် ကျောင်း၀င်ခွင့်ကို နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေနှင့် ဂျပန်ကျောင်းသား၊ကျောင်းသူတွေကို ၅၀-၅၀ အချိုးနဲ့ လက်ခံလျက်ရှိပါတယ်။ ဂျပန်စာမသင်ထားတဲ့ နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေအတွက် ဂျပန်စာအတန်းတွေလည်း ပြင်ဆင်ပေးထားပါတယ်။

▶️Undergraduate
▪️College of Sustainability and Tourism (ST)
▪️ College of Asia Pacific Studies (APS)
▪️ College of International Management (APM)
▶️Graduate School
▪️ Graduate School of Asia Pacific Studies
▪️ Graduate School of Management တို့ဖြစ်ပါတယ်။

📝International Undergraduate Admissions
⏰Application Period for 2026 September Enrollment
GFA5: Jan 22 ~ Mar 4, 2026

👉🏻2026 Applications Handbook:https://admissions.apu.ac.jp/resource/ln/0c74fb2fdef6fe86c7ef6a9b29e621b41c0fcad2/ApplicationHandbook_UG_OutsideJapan_ENG_26.pdf

🎉 ထူးချွန်တဲ့ကျောင်းသား၊ကျောင်းသူတွေကို 30%, 50%, 65%, 80%, 100% ကျောင်းလခ လျှော့ချပေးတဲ့ Tuition Reduction Scholarship၊ အဆောင်ထောက်ပံ့ပေးတဲ့ AP House Global Community Scholarship အပြင် ကျောင်းဝင်ခွင့်ရပြီးနောက်ပိုင်းလျှောက်ထားနိုင်တဲ့ JASSO Scholarship (48,000 JPY per month) အခွင့်အရေးလည်းရှိပါတယ်။

🏫Homepage: https://en.apu.ac.jp/home/
🏫Undergraduate Admission: https://admissions.apu.ac.jp/admissions/how_to_apply/
🏫Scholarship: https://admissions.apu.ac.jp/costs_scholarships/tuition_reduction_scholarship/

24/02/2026

🌟GEDနဲ့လျှောက်ထားနိုင်တဲ့ ပုဂ္ဂလိကတက္ကသိုလ် J.F. Oberlin Universityက ပါ၀င်မဲ့ ပညာတော်သင်ဆွေးနွေးပွဲ 🌟

📢2026 ခုနှစ် မတ်လ 4 ရက်နေ့ နေ့လယ် 2 နာရီအချိန်မှာ ကျင်းပပြုလုပ်မဲ့ ပညာတော်သင်ဆွေးနွေးပွဲမှာတော့ ဂျပန်နိုင်ငံရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်တဲ့ J.F. Oberlin University က Guest Speaker အနေနဲ့ ကျောင်းဝင်ခွင့်လိုအပ်ချက်၊ ပညာသင်ဆုအကြောင်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
💁‍♀️ဒါ့အပြင် MEXT Scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဂျပန်နိုင်ငံတက္ကသိုလ်အသီးသီးရဲ့ ပညာသင်ဆုအကြောင်းတွေကိုပါ မိတ်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်တက်ရောက်နိုင်ပါတယ်။

🔺စာရင်းသွင်းလျှောက်ထားရန်လင့်ခ်🔺
https://forms.gle/RqJFxAuYXgbsebzj7

【ပညာတော်သင်ဆွေးနွေးပွဲ】
【留学アドバイザーによる留学相談会】

ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ မတ်လ၏ ပညာတော်သင်ဆွေးနွေးပွဲတွင်  J.F. Oberlin University က တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမည့် အစီအစဉ်လည်း ရှိပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။

○ နေ့ရက်နှင့်အချိန်။ ။ မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ် (ဗုဒ္ဓဟူးနေ့)
နေ့လယ် ၂နာရီ မှ ၄နာရီအထိ
※၂၀၂၆ခုနှစ် ဧပြီလ၏အချိန်စာရင်းကို မကြာမီ ကြေညာသွားပါမည်။
○ ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
○ စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://forms.gle/RqJFxAuYXgbsebzj7
○ ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, J.F. Oberlin University

日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。3月の相談会は桜美林大学の紹介セッションがあります。ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

○日時: 2026年3月4日(水)14時~16時
     ※2026年4月の日程は後日お知らせ致します。

○開催形式: オンライン(Zoom)

○予約フォームリンク: https://forms.gle/RqJFxAuYXgbsebzj7

○アドバイザー: MAJA、OJEIC
 
○ゲスト: 桜美林大学

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 24/02/2026

🏆ကျောင်းလခလျှော့ချပေးတဲ့ အခွင့်အရေးတွေနဲ့ English-taught program များစွာရှိတဲ့ ~ Ritsumeikan University

💁🏻‍♀️နာမည်ကြီး Private University တစ်ခုဖြစ်တဲ့ Ritsumeikan University ဟာဆိုရင် တည်ထောင်နှစ်ပေါင်းတစ်ရာကျော်ရှိနေပြီဖြစ်ပြီး Kyoto, Shiga နဲ့ Osaka မြို့တွေမှာ campus တွေရှိပါတယ်။ ဂျပန်လိုတက်‌ရောက်နိုင်တဲ့ဌာနတွေအပြင် English ဘာသာနဲ့ တက်ရောက်နိုင်တဲ့ Program တွေလည်းများစွာရှိပါတယ်။

Ritsumeikan University ရဲ့ English-medium Undergraduate Program တွေကတော့
🔹College of Global Liberal Arts (GLA) (Dual degree program with The Australian National University)
🔹College of International Relations, Global Studies (GS)
🔹College of Policy Science, Community and Regional Policy Studies (CRPS)
🔹College of Information Science and Engineering (ISSE)
🔹College of International Relations, Joint Degree Program with American University (JD) တို့ဖြစ်ပါတယ်။

✅2026 September Intake
🎓GLA, GS major, CRPS major
⏳ Application Period-3: 2026/2/18 Wed - 2026/3/10 Tue

📖 Application Handbook 2026:https://en.ritsumei.ac.jp/e-ug/apply/aohb26.pdf

✨နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူတွေကို အနည်းဆုံး ကျောင်းလခ 20% လျှော့ချပေးပြီး ထူးချွန်တဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် ကျောင်းလခ 50% (သို့) 100% လျှော့ချ‌ပေးတဲ့ Tuition Reduction Scholarship အခွင့်အရေးလည်းရှိပါတယ်။ ဒါ့အပြင် JASSO Scholarship နဲ့ GLA (Dual Degree Program), JD (Joint Degree Program) တွေအတွက် အခြား scholarship အခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🔺Programs: https://en.ritsumei.ac.jp/e-ug/programs.html/?version=English
🔺How to Apply: https://en.ritsumei.ac.jp/e-ug/apply/howto.html/
🔺Scholarship: https://en.ritsumei.ac.jp/e-ug/financial_info/scholarships.html/?version=Englis

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 23/02/2026

📣2026 ခုနစ် October လကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်မဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ် University of Tsukuba ရဲ့ Japan-Expert (Bachelor Degree) Program

👨🏻‍🎓👩🏻‍🎓 University of Tsukuba ရဲ့ Japan-Expert (Bachelor Degree) Program ဟာဆိုရင် ဂျပန်နိုင်ငံ (သို့) မိမိနိုင်ငံမှာရှိတဲ့ ဂျပန်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ဆန္ဒရှိတဲ့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံကိုပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ 4-year Undergraduate Program တစ်ခုဖြစ်ပါတယ်။

JEP မှာ ရွေးချယ်သင်ကြားနိုင်တဲ့ Courseတွေကတော့
▪️Agricultural Science Course
▪️Healthcare Course
▪️Japanese Art and Design Course
▪️Japanese Language Teacher Training Course တို့ဖြစ်ပါတယ်။

👩🏻‍🏫Program ရဲ့ပထမနှစ်ဝက် 6လမှာ ဂျပန်ဘာသာကိုသာ အဓိကသင်ယူရမှာဖြစ်ပါတယ်။ Internship Program လည်းထောက်ပံ့ပေးထားပြီး သင်ယူခဲ့တဲ့ဘာသာရပ်ရဲ့နယ်ပယ်ကိုအမှန်တကယ်ကျွမ်းကျင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေကိုလည်း လေ့ကျင့်ခွင့်ရမှာဖြစ်ပါတယ်။

✅Eligibility To Apply
1.12နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) September 30,202612နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) GCE A-Level, IB, Abitur စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2.Japanese Language Proficiency: N3 level နှင့်အထက်ရှိထားသူ။ (JLPT, J.TEST, TOP-J, AP, EJU)
‼️🚨Japanese Language Teacher Training Course အတွက် N2 level နဲ့အထက်ရှိရန် လိုအပ်ပါတယ်၊🚨

✅Japanese Art and Design Course အတွက် Art Works တွေကိုပါတင်ပြရန်လိုအပ်ပါတယ်။ ကျောင်းဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening နဲ့ Interview အပေါ် မူတည်ရွေးချယ်မှာဖြစ်ပြီး၊ Interview အကြောင်းအရာတွေကို Application Guidline မှာ လေ့လာနိုင်ပါတယ်။

⏰Online Application Period: Friday, February 27 (from 12 p.m. JST), to Thursday, March 19 (until 5 p.m. JST), 2026
🚨Application Documents must be received by Thursday,March 28, 2026

📌Application Guidelines:https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2025/12/f64e1be39448935005e1d39ee93e3786.pdf

ထူးချွန်ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းလခလျော့ချပေးခြင်းနဲ့ HealthCare Course မှ ကျောင်းသားကျောင်းသူတွေအတွက် Imagawa FUTURE Fund Scholarship: 80,000yen/month + 50,000yen (only for one time enrollment) စတဲ့ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။ ဒါ့အပြင်JASSO Scholarship နဲ့ ကျောင်းဝင်ခွင့်ရပြီးနောက်ပိုင်းလျှောက်ထားလို့ရတဲ့ Private Foundationတွေက ပေးအပ်တဲ့ ပညာသင်ဆုအခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သတ်တဲ့အသေးစိတ် အချက်အလက်တွေကို အောက်ပါwebsiteတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
🪻University of Tsukuba : https://www.tsukuba.ac.jp/en/
🪻JEP : https://jp-ex.tsukuba.ac.jp/en/
🪻Scholarship :https://jp-ex.tsukuba.ac.jp/en/support/

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 22/02/2026

🎓ဂျပန်မှာကျောင်းလျှောက်တဲ့အချိန်မှာပဲဖြစ်ဖြစ် ၊ အလုပ်လျှောက်တဲ့အချိန်မှာပဲဖြစ်ဖြစ် စာရွက်စာတမ်းစိစစ်ခြင်းအဆင့်အပြီးမှာတော့ အင်တာဗျူးအဆင့်ကိုကျော်ဖြတ်ဖို့လိုလာပါပြီ။

🧐အရင်ဆုံး အင်တာဗျူးမဖြေခင်မှာ မိမိကိုယ်ကိုစစ်ဆေးခြင်း(self-analysis)၊ ‌‌ကျောင်းနဲ့ကုမ္ပဏီအကြောင်း၊ လျှောက်ရခြင်း ရည်ရွယ်ချက်၊ မိမိရဲ့ အားသာချက်တွေနဲ့အတွေးအမြင်တွေကို ကြိုတင်ပြင်ဆင်သိရှိထားဖို့လိုပါတယ်။

အင်တာဗျူးကို လူတွေ့ နဲ့ အွန်လိုင်း ဆိုပြီး ( ၂ )မျိုးခွဲနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့အွန်လိုင်းအင်တာဗျူးဖြေတဲ့အချိန်မှာ ကြိုတင်ပြင်ဆင်လေ့လာထားသင့်တဲ့ အချက်တွေကိုဖော်ပြပေးချင်ပါတယ်။

📌အွန်လိုင်းအင်တာဗျူးရက်မတိုင်ခင်မှာ ကြိုတင်လုပ်ဆောင်ထားသင့်တဲ့အချက်တွေကို စစ်ကြည့်ရအောင်။

✅အင်တာဗျူးအချိန်မှာ အသုံးပြုမဲ့ device (Computer, Laptop, Smartphone, Tablet)မှာ ရှိတဲ့ အွန်လိုင်းပလက်ဖောင်းက Update ဖြစ်နေလား?
✅လက်ရှိသုံးနေတဲ့အင်တာနက်လိုင်းကကောင်းနေလား?
✅ကင်မရာဘက်ကနေကြည့်ရင် မိမိအနောက်ဘက်မှာ ပိုစတာ (သို့) အဝတ်တွေနဲ့ ရှုပ်ပွနေလား?
✅အင်တာဗျူးအချိန်မှာ သုံးမဲ့အခန်းက အလင်းရောင်ကောင်းကောင်းရနေလား?
✅ဝတ်မဲ့ဝတ်စုံက တွန့်ကြေနေလား?
✅ကင်မရာဘက်ကနေကြည့်ရင် မိမိရဲ့ ကိုယ်အပေါ်ပိုင်းတ တစ်ဝက်ကသေချာပေါ်နေလား?
✅Microphone volume က အရမ်းကျယ်နေလား (သို့) တိုးနေလား?
✅အင်တာဗျူးချိန်မှာ ဘေးပတ်၀န်းကျင်ကအသံတွေက ဆူညံနေနိုင်လား?
✅ မိမိရဲ့အကောင့်နာမည်နဲ့ပရိုဖိုင်ပုံမှာ မသင့်တော်တဲ့ နာမည်ပြောင် (သို့ ) Anime ဇာတ်ကောင်ပုံတွေ ဖြစ်နေလား?

အွန်လိုင်းအင်တာဗျူးနေ့မှာ သတိထားလုပ်ဆောင်သင့်တဲ့အချက်တွေကတော့-
📌အင်တာဗျူးမစခင် ၅ - ၁၀ မိနစ်ဝန်းကျင်လောက်မှာ သတ်မှတ်ထားတဲ့ အွန်လိုင်းပလက်ဖောင်းပေါ်ကို ကြိုတင်ရောက်ရှိနေရပါမယ်။
📌အင်တာဗျူးမေးခွန်းတွေကို ပြန်ဖြေတဲ့အချိန်မှာ အသုံးပြုနေတဲ့ device ရဲ့ ကင်မရာကို ကြည့်ပြီး သွက်သွက်လက်လက်နဲ့ စကားလုံးကွဲအောင် ပြန်လည်ဖြေကြားရပါမယ်။
📌ရုတ်တရက် အင်တာနက်လိုင်းမရပါက စိတ်မလှုပ်ရှားဘဲ တာဝန်ခံကို ဖုန်း (သို့) မက်ဆေ့ချ်နဲ့ ချက်ချင်းအကြောင်းကြားရပါမယ်။
📌အင်တာဗျူးသူရဲ့ မေးခွန်းကိုကောင်းကောင်းမကြားရပါက မက်ဆေ့ချ် (သို့) Chat box မှာရေးပြီး အသိပေးရပါမယ်။
📌အသုံးပြုနေတဲ့ device က ရုတ်တရက်ပျက်သွားပါက အခြား device ကိုချက်ချင်းအသုံးပြုနိုင်အောင် ပြင်ဆင်ထားရပါမယ်။
📌အင်တာဗျူးပြီးဆုံးသွားပါက ကျေးဇူးတင်စကားပြောပြီး အင်တာဗျူးသူထွက်ပြီးမှ အွန်လိုင်းပလက်ဖောင်းကနေ ထွက်ရပါမယ်။

🤗အွန်လိုင်းအင်တာဗျူးဖြေရမှာကို စိတ်လှုပ်ရှားနေတယ်ဆိုရင် အင်တာဗျူးရက်မတိုင်ခင် မိမိရဲ့သူငယ်ချင်း (သို့ ) မိသားစုတွေနဲ့ အင်တာဗျူးပုံစံကို ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။🤗

ဂျပန်ကိုပညာ‌တော်သင်သွားဖို့ ၊ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ရည်ရွယ်ထားကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Job Hunting Guide for International Students 2027 ကိုကိုးကားပြီး ဒီpostလေးကို ဝေမျှပေးလိုက်ပါတယ်။
�https://www.jasso.go.jp/en/ryugaku/after_study_j/job/__icsFiles/afieldfile/2026/01/27/guide_2027_all_e.pdf

🤗OJEIC ရုံးခန်းမှာ ပညာတော်သင်ဆွေးနွေးမှုတွေကို အခမဲ့ဆွေးနွေးပေးနေပါတယ်။
OJEIC ရဲ့ Facebook Messenger ၊ Email နဲ့ Phone တွေကနေတစ်ဆင့် ကြိုတင်ဘိုကင်ယူနိုင်ပါတယ်။
📅တနင်္လာနေ့ မှ သောကြာနေ့အထိ (အများပြည်သူ ရုံးပိတ်ရက်များမပါ)
⏰မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ဆွေးနွေးနိုင်ပါတယ်။
🌸OJEIC Facebook - https://www.facebook.com/StudyinJapanOfficeYangon/
🌸Email - [email protected]
🌸Phone - 09-784716570, 09-459343340

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 22/02/2026

⚙️😎English Track နဲ့ လေ့လာနိုင်တဲ့ Shibaura Institute of Technology(SIT) ရဲ့ Innovative Global Program(IGP)

Shibaura Institute of Technology (SIT) ကတော့ 1927 ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုမြို့မှာတည်ရှိပါတယ်။

🤩SITမှာ ရှိတဲ့ College of Engineering ရဲ့ Undergraduate Program တစ်ခုဖြစ်တဲ့ Innovative Global Program (IGP) ကတော့ 2020ခုနှစ်မှ ဖွင့်လှစ်ထားတာဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။

👌🏻👩🏻‍💻IGP ရဲ့ အားသာချက်ကတော့ Research-Based Learning နဲ့ ပညာသင်ယူနိုင်မှာဖြစ်ပြီး ကျောင်းသူ‌‌ကျောင်းသားတွေဟာပထမနှစ်ကတည်းက laboratory ထဲမှာ research project တွေလက်တွေ့လုပ်ရင်း သင်ယူနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Laboratory rotation လို့ခေါ်တဲ့ lab တွေကို အလှည့်ကျလေ့လာတဲ့ စနစ်လည်းရှိပါတယ်။
👩🏻‍💻Graduation Thesis အတွက် ကိုယ်ပိုင်အဖွဲ့ရှိမှာဖြစ်ပြီး အခြားသုတေသနပညာရှင်တွေနဲ့အတူတူဆွေးနွေးလေ့လာရမှာဖြစ်ပါတယ်။

🤩IGP မှာလေ့လာနိုင်မဲ့ Major courses ကတော့
Applied Chemistry
Computer Science
Mechanical Engineering
Electronics Engineering
Materials Science
Engineering Education တွေပဲဖြစ်ပါတယ်။

✅Eligibility to apply
1.အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ပြီး ၁၂နှစ်တာပညာရေးအောင်မြင်ပြီးဆုံးထားသူ (သို့) GCE A-Level, IB စသည်ဖြင့်ဖြေဆိုအောင်မြင်ထားသူ ။
2. TOEFL-iBT / IELTS / TOEIC L&R/S&W (4 skills) စသည့်ဖြင့် ဖြေဆိုထားသူ။
🔗How to Apply: https://igp.shibaura-it.ac.jp/apply/apply&tuition.html

✅2026 Fall Enrollment
⏰2nd Application Period: February 27– March 13, 2026, 23:59 (JST)
📌Application Guideline:
https://igp.shibaura-it.ac.jp/assets/img/common/ApplicationGuideline.pdf
‌🤔ကျောင်းဝင်ခွင့်ကိုတော့ A Web-based presentation ၊ interview နဲ့ Internet Based Testအ‌ပေါ်ကိုကြည့်ပြီးရွေးချယ်သွားမှာဖြစ်ပါတယ်။

🔗University HP: https://www.shibaura-it.ac.jp/en/
🔗IGP program: https://igp.shibaura-it.ac.jp/
🔗Curriculum: https://igp.shibaura-it.ac.jp/academics/curriculum.html

✨Want to study in Japan? Join our Telegram channel and get Study in Japan information straight to your phone! ✨
📌https://t.me/ojeicmyanmar

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 21/02/2026

🌸GEDနဲ့ လျှောက်ထားနိုင်ပြီး Liberal Arts ဘာသာရပ်တွေကို ‌လေ့လာနိုင်တဲ့ J.F. Oberlin University🌸

🙋🏻‍♀️ဒီတစ်ခေါက် 2026 ခုနှစ် မတ်လ 4 ရက်နေ့ နေ့လယ် 2 နာရီအချိန်မှာ ကျင်းပပြုလုပ်မဲ့ ပညာတော်သင်ဆွေးနွေးပွဲမှာတော့ ဂျပန်နိုင်ငံရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်တဲ့ J.F. Oberlin University က Guest Speaker အနေနဲ့ပါဝင်သွားမှာဖြစ်ပါတယ်။

🤩ဒီပွဲလေးကနေ J.F Oberlin University ရဲ့ ကျောင်းဝင်ခွင့်လိုအပ်ချက်၊ ပညာသင်ဆုအကြောင်းတွေကို သိရှိနိုင်မဲ့အပြင် သိလိုရာကို မေးမြန်းနိုင်မဲ့ Q&A Session လည်း ပါဝင်သွားမှာဖြစ်တဲ့အတွက် မတ်လ 4 ရက်နေ့ နေ့လယ်၁၂ နာရီကို နောက်ဆုံးထား စာရင်းသွင်းပြီး တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
✅စာရင်းသွင်းလျှောက်ထားရန်လင့်ခ်
📌:https://forms.gle/RqJFxAuYXgbsebzj7

🌸J.F.Oberlin Universityဟာ Tokyoမြို့ Machida မှာ တည်ရှိပြီး Liberal Artsဘာသာရပ်ကို အလေးထားသင်ကြားပေးနေတဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း (38) နိုင်ငံက တက္ကသိုလ်၊ကောလိပ်ပေါင်း 183ခု နဲ့ ချိတ်ဆက်ထားပါတယ်။

🎓ဘွဲ့ကြိုတန်းအတွက် လျှောက်ထားနိုင်တဲ့ ဘာသာရပ်တွေကတော့
College of Arts and Sciences
College of Global Communication (JP or Eng Track)
College of Business Management
College of Health and Welfare
College of Education and Social Transformation
College of Preforming and Visual Arts တို့ဖြစ်ပါတယ်။

✅လျှောက်ထားရန်အခြေခံလိုအပ်ချက်
1. ၁၂ နှစ်တာပညာရေးပြီးဆုံးအောင်မြင်ထားသူ (သို့) GCE A level, Abitur, IB, GED စသဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2. လျှောက်ထားလိုတဲ့မေဂျာပေါ်လိုက်ပြီး သတ်မှတ်ထားတဲ့ ဂျပန်စာအရည်အချင်းရှိသူ။
3. TOEFL iBT-61 / TOEIC L&R-600 / IELTS 5.5 နှင့်အထက်ရှိသူ။ (For College of Global Communication Eng Track)

✅Application Procedure ကျောင်း၀င်ခွင့်ကိုတော့ စာရွက်စာတမ်းစိစစ်ခြင်း၊ Essay နဲ့ အင်တာဗျူးရလဒ်အပေါ်မူတည်ပြီး ရွေးချယ်မှာဖြစ်ပြီး လျှောက်ထားရန်လိုအပ်ချက် အသေးစိတ်ကို Application guideline မှာလေ့လာနိုင်ပါတယ်။
📌Application Guideline: https://admissions.obirin.ac.jp/news/8055/

🏆Scholarship အနေနဲ့ ထူးချွန်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းလခလျှော့ပေးတဲ့အစီအစဥ်၊ JFOU Honors Scholarship ၊ JASSO Scholarship နဲ့ တခြားပုဂ္ဂလိကအဖွဲ့အစည်းတွေက ပေးတဲ့ Scholarship တွေလည်း ရှိပါတယ်။ အသေးစိတ်ကို အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
📌https://admissions.obirin.ac.jp/en/admissions/scholarships/

👉🏻ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
🔗Website: https://www.obirin.ac.jp/en/
🔗Academic Program: https://www.obirin.ac.jp/en/programs/
🔗Admission: https://www.obirin.ac.jp/en/admissions/undergraduate/
🔗Tuition, Fees and Scholarships: https://www.obirin.ac.jp/en/campus/tuition/

✨Want to study in Japan? Join our Telegram channel and get Study in Japan information straight to your phone! ✨
📌https://t.me/ojeicmyanmar

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 20/02/2026

👨🏻‍🏫👩🏻‍🏫အင်္ဂလိပ်ဘာသာနဲ့ တက်ရောက်နိုင်မဲ့ International University of Japan (IUJ) ရဲ့ PhD program

🎓International University of Japan (IUJ)ဟာဆိုရင် Niigata ပြည်နယ်မှာရှိတဲ့ ဂျပန်နိုင်ငံရဲ့ထိပ်တန်းပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ 1982 ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ပထမဦးဆုံး ဘွဲ့လွန်တန်းကို အင်္ဂလိပ်ဘာသာနဲ့သင်ယူနိုင်တဲ့ တက္ကသိုလ်လည်းဖြစ်ပါတယ်။

🤗IUJ မှာရှိတဲ့ ဘွဲ့လွန်တန်းအားလုံးကို အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင်ပြီး Graduate School of International Relations (GSIR) ရဲ့ PhD program မှာ ရွေးချယ်နိုင်တဲ့ နယ်ပယ်တွေကတော့
✅International Relations Cluster
✅Economics Cluster
✅Public Management Cluster တို့ဖြစ်ပြီး 3 နှစ်ကြာ တက်ရောက်ရမှာပဲဖြစ်ပါတယ်။

✅2026 Fall Intake
📅Application Deadline: April - 17,2026 (Friday)
👨🏻‍💼လက်ခံမည့်ကျောင်းသားဦးရေ - 5 ဦး
✅လျှောက်ထားရန် အခြေခံလိုအပ်ချက်တွေကတော့
1. August 31,2026 မတိုင်ခင် Master ဘွဲ့ ရရှိထားသူ။
2. TOEFL iBT-80 / IELTS-6.5 / TOEIC-800 နဲ့ အထက် ရရှိထားသူ။
3. အသက် ၂၄ နှစ်နဲ့ အထက်ရှိသူ စတဲ့ လျှောက်ထားရန်လိုအပ်တဲ့အသေးစိတ်အချက်အလက်တွေကို Application Guideline မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
📌Application Guideline:https://www.iuj.ac.jp/admission/pdf/2026/Instructions_P_E.pdf

🎓Scholarship အနေနဲ့ JASSO Scholarship, MEXT Scholarship (University Recommendation), Nakayama Memorial Scholarship (100 Premium/90/70/50/30) တို့အပြင် အခြားအစီအစဥ်တွေလည်းရှိပါတယ်။
Scholarships for Non-Japanese Applicants:https://www.iuj.ac.jp/admission/pdf/2026/Sch_Instructions_P_E.pdf

🔗Homepage: https://www.iuj.ac.jp/
🔗PhD: https://www.iuj.ac.jp/phd1/phd/index_en.html

20/02/2026

🎌Japan Education Fair in Yangon 2026 👩🏻‍🏫

🎊ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက် “Japan Education Fair in Yangon 2026” ကို ဖေဖော်ဝါရီလ ၂၁ရက်နေ့နဲ့ ၂၂ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

💁🏻‍♀️ဒီပွဲမှာဆိုရင် ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေနဲ့ ဂျပန်ဘာသာစကားကျောင်းတွေက တာ၀န်ရှိသူတွေကိုယ်တိုင် လာရောက်ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Myanmar Association of Japan Alumni (MAJA), The Japan Foundation, Yangon, Myanmar Japan Center (MJC) နဲ့ Okayama University Japan Educational Information Center, Myanmar (OJEIC) တို့ကလည်း ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

🌟မည်သူမဆို အခမဲ့ပါ၀င်ဆင်နွှဲနိုင်တဲ့အပြင် ဂျပန်ပညာတော်သင်နဲ့ပတ်သက်ပြီး သိလိုရာတွေကို ဆွေးနွေးတိုင်ပင်နိုင်မှာဖြစ်တာကြောင့် ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားသူတိုင်း ဆက်ဆက်ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းလိုက်ပါတယ်။🌟

✨Day 1: Feb 21, 2026 (Sat)
✨Day 2: Feb 22, 2026 (Sun)
⏰Time: 10:00 AM ~ 3:00 PM
🔺Venue: Yangon, M-Tower, 18th floor
🔺Address: No.527, Pyay Road, Kamayut Township, Yangon, Myanmar

📌အခမဲ့ပါဝင်ဆင်နွှဲဖို့ အောက်ပါလင့်ခ်ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLScl4VHtFpJwo-zK4b-DkL4knwfoaOYHv2y0azwON1SKK3999g/viewform?fbclid=IwY2xjawP47QRleHRuA2FlbQIxMABicmlkETFOWktJVjhyZVRvNnUwc1NUc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHgw9Y95_SvJU0IlQu6Zo2sKURZI1eZVVXcsrbnzIgoc8ZWy30fAqFl3o2Dv5_aem_KyF3zQRiv_KWw9LT1ssacw

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 19/02/2026

🏆သမိုင်းအစဉ်အလာကြီးတဲ့ Keio Universityမှာ English ဘာသာနဲ့ပညာသင်ယူနိုင်မဲ့ ~PEARL Program🎓

👨🏻‍🎓👩🏻‍🎓ဂျပန်နိုင်ငံရဲ့ထိပ်တန်း Private University တွေထဲကတစ်ခုဖြစ်တဲ့ Keio University ကို ၁၈၅၈ခုနှစ်မှာ ပညာရေးပညာရှင် Fukuzawa Yukichi ကတည်ထောင်ခဲ့ပါတယ်။ Fukuzawa Yukichi ဟာ ယနေ့ဂျပန်နိုင်ငံမှာအသုံးပြုနေတဲ့ ယန်းတစ်သောင်းတန်မှာဖော်ပြခြင်းခံရတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးလဲဖြစ်ပါတယ်။ Tokyoနဲ့ Kanagawa ပြည်နယ်တွေမှာ main campus တွေရှိပြီး English ဘာသာနဲ့ သင်ယူနိုင်တဲ့ ဘွဲ့ကြိုတန်း Program တွေလည်းရှိပါတယ်။

≪Undergraduate Degree Programs in English≫
Programme in Economics for Alliances, Research and Leadership (PEARL) program ကတော့ The Faculty of Economics ရဲ့ Program ဖြစ်ပါတယ်။လျှောက်ထားနိုင်တဲ့ Application period (၃)ကြိမ်ရှိပြီး နှစ်စဉ်ကျောင်းသားဦးရေ (၁၀၀)ဝန်းကျင်ခန့် ခေါ်ယူလေ့ရှိပါတယ်။

✅လျှောက်ထားရန် အခြေခံလိုအပ်ချက်
1.12နှစ်တာပညာရေးပြီးဆုံး‌အောင်မြင်ထားသူ (သို့) Sep 21,2026 တွင် 12နှစ်တာပညာရေးပြီးဆုံး‌အောင်မြင်မဲ့သူ။
2.အသက် 18 နှစ်နဲ့အထက်ရှိသူ။
3.IB/SAT/ACT စသဖြင့် Standardized Test တစ်ခုခုဖြေဆိုထားသူ။
4.TOEFL iBT or IELTS ဖြေဆိုထားသူ။

✅【2026 September Entry】
⏰Application period 3 : 10:00AM on Feb-27,2026 to 3:00PM on Apr-10, 2026(JST)
📌Application Guidebook:
https://www.keio.ac.jp/en/admissions/undergraduate/pearl/application_guidebook.pdf

🏆JASSO scholarshipအပြင် ထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေကိုပေးအပ်တဲ့ Merit-Based Scholarships နဲ့ စီးပွါးရေးအရ အခက်အခဲရှိတဲ့ကျောင်းသားတွေကိုပေးအပ်တဲ့ Need-based Scholarships စတဲ့ ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။
🏆Scholarship: https://www.keio.ac.jp/en/student-life/scholarships.html

😎ကျောင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
🎓Keio University: https://www.keio.ac.jp/en/
🎓Undergraduate: https://www.keio.ac.jp/en/admissions/undergraduate/
🎓PEARL: https://www.econ.keio.ac.jp/en/undergraduate/pearl
🎓PEARL PV:https://www.econ.keio.ac.jp/en/undergraduate/pearl/pearl_pv
🎓Academic Fees: https://www.keio.ac.jp/en/admissions/fees/
🎓Curriculum: https://www.econ.keio.ac.jp/en/undergraduate/undergraduate-curriculum/curriculumup
🎓Admission: https://www.keio.ac.jp/en/admissions/undergraduate/pearl/

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

https://t.me/ojeicmyanmar

Address


No. 70, 1st Floor, Nat Mauk Lane (1), Bahan Township, Myanmar Yangon
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00