Wai Yan Ye Yint Burmese Daily Vlog
My wish is to stay always like this, living quietly in a corner of nature....
28/02/2025
ညရောက်တဲ့အခါ တစ်နေ့တာဖြစ်ပျက်သမျှကို
အပြန်လှန် မျှဝေဖို့ လူတစ်ယောက်ရှိနေတဲ့အခါ
ဘဝဟာ နွေးထွေးတာပဲ ။
အရေးကြီးတဲ့ အရာမဟုတ်လည်း
ပြောပြလိုက်ရင် ဖြစ်ခဲ့သမျှက ပိုထူးခြားသွားသလို
ခံစားရစေတယ် ။
ပြဿနာလို့ ထင်တဲ့အရာတွေလည်း
သူ့ဆီပြောပြလိုက်ရင် တစ်ဝက်လောက်က
အဆင်ပြေသွားစေတယ် ။
တကယ်တော့လေ တစ်နေ့တာ ဖြစ်သမျှ
မျှဝေဖို့ … ရယ်စရာတွေပြောဖို့
အခက်ခဲတွေ ရင်ဖွင့်ဖို့ လူတစ်ယောက်ရှိနေရင်
ဖြတ်သန်းရတဲ့ နေ့တွေဟာ အရမ်းခက်ခဲမနေတော့ဘူး ။
သူဟာ ချစ်သူရည်းစား သူငယ်ချင်း ဘယ်သူဖြစ်ဖြစ်
ထပ်တူထပ်မျှ ခံစားနားလည်ပေးနိုင်ရင် ရပြီ ။
တိတ်ဆိတ်ခြင်း နှင့် အမှောင်ထုဟာ
အထီးကျန်တဲ့ ခံစားချက်မျိုး ဖြစ်စေတတ်တာမို့
လူတွေဟာ ညဘက်ရောက်ရင် အိမ် ကို
လွမ်းလာတတ်ကြသတဲ့ ။
အဲ့ဒီအခါမျိုးမှာ အိမ် နဲ့တူတဲ့ လူတစ်ယောက်
ကိုယ့်အတွက်ရှိနေရင် ညတွေဟာ
အထီးကျန်စရာ မရှိတော့ဘူး တဲ့ …. ❤️
နားထောင်ကောင်းလိုက်တဲ့အချစ်ဇာတ်လမ်းလေး❤
😔
Natural Smile... 😍😍
03/12/2023
လျှောက်ချင်ကြရင် 😁😁😁
Road to 2024 with you😍
22/09/2023
တချို့အချစ်တွေကတကယ်စစ်တယ်ဗျ
သိပ့်တန်ဖိုးရှိလွန်းတယ်😢😢😢
22/09/2023
မုန်တိုင်းပဲလာလာ လေပဲတိုက်တိုက် တစ်ပွင့်ထဲလည်း ပွင့်ရဲရမယ်။
တစ်ပွင့်ထဲဆိုပေမဲ့ လွင့်ကြဲသွားမယ် မထင်နဲ့။
ကိုယ်ရှင်မှ ကိုယ်သန်ရမဲ့ ခေတ်ကြီးမှာ ဘယ်သခင်မှ အားမကိုးဘူး။
ကိုယ်သာလျှင် သခင် ကိုယ်သာလျှင် ဘုရင်မို့ ကိုယ့်ကိုကိုယ်သာ အားထားရာပါ။
ဘဝဆိုတာ လိုချင်တာ အကုန်ရနေမှ ပျော်ရမယ်လို့ မဆိုလိုပါဘူး။
ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို နှစ်သက်တက်ရင် ပျော်စရာပဲ မဟုတ်လား။
ရှိတာလေးနဲ့ လှအောင်ဝတ် ရှိတာလေးနဲ့ ဝအောင်စား ရောင့်ရဲတက်ရင်လည်း ပျော်စရာပဲလေနော်။
ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီး ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။
ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီးပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။
သူများ ဘဝကိုအားကျနေရုံနဲ့တော့ မိမိဘဝ တောက်ပလာမှာ မဟုတ်ဘူးနော်။
သစ်ရွက်လေး ကြွေရုံနဲ့တော့ သစ်ပင်ကြီး သေမသွားပါဘူး။
ကြယ်လေးတွေ ကြွေရုံနဲ့တော့ ကောင်းကင်ကြီး မသေပါဘူး။
ပန်ပုတစ်ရုပ် လှဖို့ဆိုရင်တော့ထွင်းထုလိုက်ရတဲ့အသားစတွေ ရှိတက်စမြဲပဲလေ။
လဲလို့သာ ပြန်မထကျရင် လူဆိုတာ တွားသွားသတ္တဝါတွေ ဖြစ်ကုန်မှာပေါ့ဗျာ အားမလျှော့ပါနဲ့။
မပြည့်စုံခွင့်တောင် ရှိသေးတာပဲကွယ် ကြိုးစားခွင့်လည်း ရှိပါသေးတယ်။
အနင်းခံမြက်တွေ တဖန် ရှင်သန်လာပြီဆိုရင် သာမန်မြက်တွေထက် ပိုမာတယ်ဆိုတာ သိထားပါ။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
693
