နည်းပညာပြန်လည်မျှဝေခြင်း

နည်းပညာပြန်လည်မျှဝေခြင်း

Share

နည်းပညာများ ပြန်လည်မျှဝေခြင်း

Photos from နည်းပညာပြန်လည်မျှဝေခြင်း's post 25/02/2016

DoS ( Denial of Services) Attack အကြောင်း
---------------------------------------------------------

DoS ( Denial of Services ) Attack ဆိုတာဘာလဲ။?

DoS Attack ဆိုတာဟာ Computer Network တွေစတင် ပေါ်ပေါက်လာတဲ့ အချိန်တွေလောက်ကတည်းက ပေါ်ပေါက်နေခဲ့တဲ့ အစောဆုံးနဲ့ အရိုးရှင်းဆုံး Hacking Attack နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။ အဲအရိုးရှင်းဆုံးဆိုတာ Attack စတင်ဖန်တီးပုံကိုပြောတာနော်။ သွားပြီးတော့တော့ အထင်မသေးလိုက်ပါနဲ့။ သူ့ရဲ့ Hacking ( နှောင့်ယှက်ဖျက်ဆီးမှု) စွမ်းရည်ကတော့ တိုက်ခိုက်မှုရဲ့ ဦးတည်ချက် (တိုက်ခိုက်သူရည်ရွယ်ထာတဲ့ ဖြစ်စေချင်တဲ့ ထိခိုက်မှုပမာဏ) ပြီးတော့ တိုက်ခိုက်ခံရတဲ့ Network အဖွဲ့အစည်းရဲ့ Security ပိုင်းဆိုင်ရာ ကြိုတင်ကာကွယ်ထားမှု ( ဥပမာ Firewall ကို ဘယ်လို Configuration တွေနဲ့ တပ်ဆင်ထားတယ်ဆိုတာမျိုးပေါ့) စတာတွေပေါ်မူတည်ပြီးတော့ ထိခိုက်မှုပမာဏဟာ Network ထဲက အဓိက Servers တွေကို Hang သွားစေရုံလောက်ကနေ အဲဒီ Network ကြီးတစ်ခုလုံး အတွင်းပိုင်းအချင်းချင်းရော အပြင်ဘက် တခြား Network တွေနဲ့ပါ လုံးဝ ချိတ်ဆက်မှု ပြတ်တောက်သွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ DoS Attack တွေရဲ့အဓိက ရည်ရွယ်ချက်ကတော့ သူ့ရဲ့မူရင်းအဓိပ္ပာယ်အတိုင်းပါပဲ။ တိုက်ခိုက်ခံရတဲ့ Network ထဲက အဓိက Server တွေအနေနဲ့ သူတို့လက်ရှိပေးနေတဲ့ Services တွေကို ဆက်လက်ပေးနိုင်စွမ်းမရှိအောင်၊ Services တွေပေးနေတာ လုံးဝရပ်ဆိုင်းသွားပြီး အဲဒီ Server တွေ Hang သွားအောင် အဓိက ရည်ရွယ်ပါတယ်။ အဲဒီလို Services တွေပေးနေတာ ရပ်သွားတာ ခဏတဖြုတ်ရပ်သွားတာမျိုးလဲဖြစ်နိုင်သလို လုံးဝရပ်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကတော့ Attack ပေါ်မှာ မူတည်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေပေါ်မှာမူတည်တာပေါ့။ အဲဒီလို Services တွေ ပေးနေတာ ရပ်သွားတယ်ဆိုတာကလည်း Server ကတကယ့်တကယ့်လုံးဝ ဘာမှမလုပ်တော့ဘဲ ရပ်သွားတာမျိုးမဟုတ်ပါဘူး။ အဲဒီလို တိုက်ခိုက်ခံရတဲ့ အချိန်မှာ အဲဒီ Server ရဲ့ တကယ့် Client အစစ်တွေက Server ဆီက ဘာမှ Response ပြန်မရတော့ပေမယ့် Server ကတော့ သူတတ်နိုင်တဲ့ပမာဏထက်ကို ပိုပြီးတော့ Every Second တိုင်းမှာ Response တွေပြန်ပေးနေရပါတယ်။ ဒါဆိုရင် အဲဒီ Response တွေက ဘယ်သူတွေကို ပြန်ပေးနေတာလဲ။ Attacker ဖန်တီးထားတဲ့ Client အတုတွေဆီကို ပြန်ပေးနေရတာပါ။ Attacker ဟာ Client အတုတစ်လုံးထဲနဲ့လည်း Server ဆီကို Requests တွေများစွာ ဖန်တီးပေးပို့နိုင်ပါတယ်။ Client အတုလေးများစွာကို ဖန်တီးပြီး Server ဆီကို Every Second တိုင်းမှာ Requests တွေ ပိုမိုများပြားစွာ လည်းဖန်တီးပေးပို့နိုင်ပါတယ်။ Request တွေကတော့ ပုံစံမျိုးစုံ ဖြစ်နိုင်ပါတယ်။ အသုံးအများဆုံးကတော့ "Ping" Request ပါ။ (Command Line Command ပါ။ Computer တစ်လုံးနဲ့တစ်လုံး Network မိမမိ စမ်းတဲ့အခါမှာသုံးတဲ့ Command ပါ။) တခြား Request မျိုးတွေလည်းဖြစ်နိုင်ပါတယ်။ အဲဒီ Requests တွေကို ပြန်လည် Response ပေးနေရတာကြောင့် Server ခမျာ လုံးဝမအားနိုင်တော့ဘဲ တကယ့် Client အစစ်တွေဆီကို Response ပြန်လည်မပေးနိုင်တော့တာဘဲဖြစ်ပါတယ်။ Server ဟာ အဲဒီလိုမျိုး ၀န်နဲ့အား မမျှတလောက်အောင် Non-Stop Response ပြန်ပေးနေရတာ အချိန်အတိုင်းအတာ တစ်ခုကိုကျော်လွန်သွားခဲ့မယ်ဆိုရင်တော့ လုံးဝ တကယ် Hang သွားပါလိမ့်မယ်။ အဲဒီအခါကျရင်တော့ တကယ့် Client အစစ်တွေ မပြောနဲ့ Attacker ဖန်တီးထားတဲ့ Client အတုတွေဆီကိုတောင် လုံးဝ Response ပြန်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါဟာ DoS Attack ကို စီမံဖန်တီးတဲ့ Hacker အများစုရဲ့ အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ DoS Attack ကို တစ်ခါတစ်လေကျရင် နှစ်မျိုးခွဲခြားပြောကြတတ်ပါတယ်။ DoS ( Denial of Services) နဲ့ DDoS ( Distributed Denial of Services ) ဆိုပြီးတော့ပါ။ သူတို့နှစ်မျိုးစလုံးက တိုက်ခိုက်တဲ့ ရည်ရွယ်ချက် နဲ့ တိုက်ခိုက်ပုံနည်းစနစ် တွေမှာ လုံးဝ အတူတူပါပဲ။ ဘယ်မှာကွာသလဲဆိုရင် Attacker တစ်ယောက်ထဲက Client အတုတစ်လုံးထဲနဲ့ တိုက်ခိုက်တာဆိုရင် ဒါမှမဟုတ် IP Address တစ်ခုထဲကနေပဲလှမ်းပြီး တိုက်ခိုက်တာဆိုရင်တော့ အဲဒါဟာ DoS Attack ပါ။ အဲလိုမဟုတ်ဘဲနဲ့ Attacker တစ်ယောက်ထဲကပဲ Client အတုတွေအများကြီး စီမံဖန်တီးပြီး တိုက်ခိုက်တာဆိုရင် ဒါမှမဟုတ် Attacker တွေအများကြီး ( Group တစ်ခုနေနဲ့ပေါ့နော် ) က နေရာအများကြီး ( IP Address ) တွေအများကြီးကနေ တပြိုင်တည်း လှမ်းပြီး တိုက်ခိုက်တာဆိုရင်တော့ အဲဒါဟာ DDoS Attack ပါ။ DDoS Attack ဟာ တိုက်ခိုက်တဲ့ Attacker အနေနဲ့ နည်းပညာပိုင်း ပိုမိုကျွမ်းကျင်သူ ဖြစ်နိုင်တဲ့အပြင် တိုက်ခိုက်ခံရတဲ့ Network အနေနဲ့လည်း ပိုမိုထိခိုက်နိုင်တဲ့ အလားအလာများပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ DDoS Attack ဟာ Request လုပ်မယ့် Client အတုအရေအတွက်ဟာ တစ်လုံးထက် ပိုလို့ပါပဲ။ ဒီတော့ Request ပမာဏဟာလည်း DoS Attack ထက်စာရင် အဆပေါင်းများစွာ ပိုမိုများပြားပါတယ်။ Result အနေနဲ့ကတော့ Server အနေနဲ့ Response ပြန်လုပ်ရတဲ့ ပမာဏဟာလည်း အဆပေါင်းများစွာ ပိုမိုများပြားမှာပါ။

Photos from နည်းပညာပြန်လည်မျှဝေခြင်း's post 09/02/2016

Photoshop နဲနဲလေးတတ်ရုံနဲ့ ဖန်တီးနိုင်ဖို့ပါ...
မျှဝေပေးလိုက်ပါတယ်...

Photos 01/02/2016

♪ 4G နည်းပညာကို ခွင့်ပြုပါက ဝန်ဆောင်မှု စတင်နိုင်ပြီဟု Ooredoo ပြော ♫

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် 4G ဝန်ဆောင်မှုအတွက် ဆက်သွယ်ရေး ရေဒီယိုလိုင်းများ ချထားပေးပါက ၎င်းတို့အနေဖြင့် 4G ဝန်ဆောင်မှုပေးအပ်ရန် အသင့်အနေအထားတွင် ရောက်ရှိနေသည်ဟု Ooredoo က ကြေညာလိုက်သည်။

လက်ရှိအချိန်၌ ၎င်းတို့သည် မည့်သည့်ဆက်သွယ်ရေး အော်ပရေတာမှ ပေးအပ်ခြင်းမရှိသေးသည့် 3G မိုဘိုင်းဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍ ဝန်ဆောင်မှုပေးအပ်နေသည်ဟုလည်း သတင်းထုတ်ပြန် ပြောဆိုခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာများအနက် Ooredoo သည် အနည်းဆုံးသော အသုံးပြုသူ အရေအတွက်ကို ပိုင်ဆိုင်ထားပြီး အသုံးပြုသူ အရေအတွက်မှာ ၆ သန်းကျော်ရှိသည်ဟု သိရသည်။

“အသုံးပြုသူအားလုံးက 4G ကို သုံးဖို့ အသင့်ဖြစ်နေပါပြီ။ Ooredoo ရဲ့ဆင်းမ်ကတ်အားလုံးကလည်း 4G အသုံးပြုဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်” ဟု Ooredoo ၏ စီအီးအိုဖြစ်သူ Mr. Rene Meza က ပြောသည်။

2G နှင့် 3G ကွန်ရက် နှစ်မျိုးစလုံးကို ဝန်ဆောင်မှုပေးအပ်နေသည့် Telenor က 4G ကွန်ကို အသုံးပြုသူ လိုအပ်ချက် ရှိလာသည့်အခါ ၎င်းတို့အနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်သည့် အနေအထားတွင်ရှိသည်ဟု သတင်းများ ထုတ်ပြန်ပြောဆိုထားသော်လည်း Ooredoo သည် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဆင်းမ်ကတ် စတင်ရောင်းချစဉ်ကတည်းက 4G စနစ် အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များကို တစ်ပါတည်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“နည်းပညာအားဖြင့် 4G အတွက် အသင့်ဖြစ်နေပါပြီ။ ဆင်းမ်ကတ်အသစ်တွေ လဲလှယ်အသုံးပြုဖို့ မလိုအပ်တဲ့အတွက် ကျွန်တော်အရောင်းဆိုင်တွေမှာ ဆင်းမ်ကတ်လဲလှယ်ဖို့ တန်းအရှည်ကြီးစီပြီး စောင့်ဆိုင်းရတာ မရှိတော့ဘူးပေါ့” ဟု Mr. Rene Meza ဆိုသည်။

Credit to ==> Internet Journal

Photos 29/01/2016

“ZTE က Nubia Prague S ကိုကြေညာ”


*****************************************
*****************************************
(Unicode Version)

“ZTE က Nubia Prague S ကိုကွညော”

ZTE က Nubia Prague S စမတ်ဖုန်းကိုကြေညာလိုက်ပါတယ်။ My Prague Model နဲ့ အတော် ဆင်တူပါတယ်။ မျိုးဆက်သစ်လို့ ပြောလို့ရပေမယ့် ကွဲပြားမှုအနည်းငယ်ပါရှိပါတယ်။ ZTE Nubia Prague S မှာ ၅.၂ လက်မ FullHD 1080p Display တပ်ဆင်ထားပါတယ်။ Octa-Core Snapdragon 615 CPU မောင်းနှင်မှာဖြစ်ပါတယ်။ 3GB RAM, 64GB Internal Storage ထည့်သွင်းထားပြီးmicroSD Card ထည့်သွင်းနိုင်ပါတယ်။ My Praugeကို တော့ 2GB RAM/16GB Internal Storage နဲ့ 3GB RAM/32GB Internal Storage နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera ကို LED Flash တစ်ခုနဲ့တွဲဖက်ထားပြီးအရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ မျိုးဆက်သစ်မှာမျက်စိကို စစ်ဆေးနိုင်တဲ့ Iris Scanner ပါရှိပါတယ်။ ထိတွေ့မှုကိုအာရုံခံနိုင်တဲ့ ထောင့်စွန်းများကိုအသုံးပြုပြီးဖုန်းကိုအသုံးပြုနိုင်တဲ့ Nubia FiTနည်းပညာ ပါရှိပါတယ်။ အရွယ်အစားအပြည့်အစုံမှာ 148.2 x 72.5 x 6.8mm ဖြစ်ပြီး မျိုးဆက်သစ်ဟာမော်ဒယ်အဟောင်းရဲ့ ၅.၅ မီလီမီတာထက် ပိုမိုကြီးမား ပါတယ်။အဲဒီအတွက် ပိုမိုကြီးမားတဲ့ ဘက်ထရီကိုထည့်သွင်းပေးထားမယ်လို့ ယူဆရပေမယ့် 2200mAh Battery ကိုသာတပ်ဆင်ပေးထားပါတယ်။ အလေးချိန်အပိုင်းမှာပိုမိုပေါ့ပါးပြီး ၁၃၅ ဂရမ်သာရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး Nubia Prague S ကိုငွေနဲ့ နှင်းဆီရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ဆယ်လူလာဆက်သွယ်မှုအပေါ်မူတည်ပြီး တရုတ်ယွမ် ၂၃၉၉ ( ဒေါ်လာ ၃၆၅) နဲ့ ယွမ် ၃၄၉၉ ( ဒေါ်လာ ၃၈၀) ဖြင့် ယခုလ ၂၃ ရက်နေ့တွင်ရောင်းချပေးမှာဖြစ်ပါတယ်။

Photos 29/01/2016

Firmware တင်နည်းများ စုစည်းမှု

Blog site ပေါင်းစုံကနေ ရှာဖွေကူးယူထားသမျှ firmware တင်နည်းတွေကို e-book အဖြစ် စုစည်းပြီး တင်ပေးလိုက်ပါတယ်.. Huawei, HTC, Sony, Samsung, iPhone, Lenovo အစရှိသမျှ ဖုန်း firmware တင်နည်းတွေ ပါ ပါတယ်.. အကုန် စုံပြီလို့တော့ မဟုတ်သေးပါဘူး.. Model မတူပေမယ့်လည်း အမျိုးအစားတူ တစ်ခုကို နားလည်ရင် ကျန်တာတွေလည်း အလိုလိုနားလည်သွားမှာပါ..
Download link တွေလည်း အပြည့်အစုံပါ ပါတယ်.. မူရင်းရေးသားသူအရေး အ သားအတိုင်း တင်ပေးထားပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း Huawei တစ်မျိုး သာနားလည်ပါတယ်.. ကျန်တာ မသိပါဘူး.. Huawei မှာတောင်မှ မသိတာလည်းရှိ ပါသေးတယ်.. ကျွန်တော့်လိုပဲ မသိသေးသူများအတွက် အထောက်အကူကောင်းတစ်ခု ဖြစ်စေလိမ့်မယ် လို့ မျှော်လင့်မိပါတယ်..

password : frozen ( အရင်လင့်အဟောင်းနဲ့ ဒေါင်းမိသူများအတွက် password ပါ)

ဒေါင်းရန်
https://www.dropbox.com/s/v68ljjrgq9turty/Firmware_E-Books_by_frozen.rar

http://mcmyatkyawthu.blogspot.မှ မျှဝေတင်ပြလိုက်သည်။

လေးစားစွာဖြင့်....
IT-Guide..N..L..H

Photos 29/01/2016

G, E, 3G, H, H+, 4G, LTE ဆိုတာ ဘာလဲ
===============
အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာ H+ လေးပေါ်လိုက်, 3G ဖြစ်သွားလိုက်နဲ့ တော်ကြာ H ဖြစ်လိုက်, E ဖြစ်လိုက် - - - ဒါတွေက ဘာလဲဆိုတာ သိထားသင့်တယ်ထင်လို့ Post တင်ရခြင်း ဖြစ်ပါတယ်။

H - HSDPA (High Speed Downlink Packet Access) (Year-2006) H+ ထက် ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/sHD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နှုန်းဖြစ်ပါတယ်။

H+ - HSDPA Plus (Year-2011) H ထက် ပိုမြန်တာ အသေအခြာပါပဲ ။
အင်တာနက် မြန်နှုန်း 21 Mb/s ထိရပါတယ်။ ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူကူ
ကြည့်ရှုနိုင်ပါပြီ။
Broadband connection တွေနဲ့တောင်တူတယ်။ 3G - 3rd Generation / UMTS (Year - 2003) ရုပ်ရော အသံပါ (video calling) အင်တာနက်မြန်နှုန်း တစ်ခုဖြစ်ပါတယ်။ စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး, အခုချိန် ဒေါင်းလုပ်မြန်နှုန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။ 20 ရာစု အစ,ပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့်တိုးတက်လာချိန်မှာ ရရှိတဲ့ အင်တာနက်မြန်နှုန်းဖြစ်လို့ 3rd Generation လို့ ခေါ်တာပါ။

E - EDGE (Enhanced Data Rates for GSM Evolution) (Year - 2006) အင်တာနက်မြန်နူန်းက 384Kb/s ။ EDGE ကို 2.75G လို့ ယူဆ,လို့လည်း ရပါတယ်။ 3G မပြည့်ဘူးပေါ့။ 2G ကနေ 3G ဖြစ်လာဖို့carriers ကို အဆင့်မြင့်လိုက်ခြင်းပါ။
E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ်။ G - GPRS (General Packet Radio Service) (Year - 2000) GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နှုန်းတစ်ခုပါ။ 2.5G လို့လည်း ယူဆ,နိုင်ပါတယ်။ 2G ကနေ ပြောင်းလဲလာခြင်းဖြစ်ပြီး webpage တစ်ခုသာမြန်နှုန်းကတော့ 115kb/s ရပါတယ်။

GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲ တိုးတက်သွားခြင်းပါ။

LTE - Long Term Evolution (4G*)
(Year- 2013) မြန်နှုန်းအမြင့်ဆုံးကတော့ LTE ပါ။မြန်နူန်း 100Mb/s အထိ ရပါတယ်။ broadband connection လောက်တော့ သနားပါတယ်တဲ့။ Full HD Videos များကို ကြည့်ရှုခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ LTE ဆိုတာ 4G နဲ့ မတူပါဘူး။ LTE ကိုသာ 4G လို့ မှတ်ယူတတ်ကြပါတယ်။ 4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။ မြန်နှုန်း 1Gb/s ထိ ရှိပါကြောင်း။ ဤမျှသာ။ - ။

Credit: [မေတ္တာဖြင့် ----- (တစ်ခုတည်းသော အဖြေ)]

Page လေးကို Like လုပ်ပေးခြင်းဖြင့် ကူညီကြပါ .

ဖုန်းထဲက နေပြီး Free ခေါ်နိုင်စွမ်းရှိတဲ့ - GrooVe IP - Free Calls v2.0.12 Apk 29/01/2016

ဖုန်းထဲက နေပြီး Free ခေါ်နိုင်စွမ်းရှိတဲ့ - GrooVe IP - Free Calls v2.0.12 Apk Android ဖုန်း အသုံးပြုသူတွေအတွက် အထူးလန်းတဲ့ apk လေးတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒီ apk လေးကိုထည့်သွင်လိုက်တာနဲ့ နိုင်ငံခြားတွင်ရှိသောမိသာစု၊ သူငယ်ချင်းချစ်သူတွေ free call ခေါ်ဆောင်နိုင်တဲ့ apkလေးဖြစ်ပါတယ်ဗျာ။ ဒါဆိုရင် ဒီ apk ကိုAndroidဖုန်းတိုင်းတွင်ထည့်သွင်းအသုံးပြုလိုက်ပါ။အသုံးပြုပုံကတော့ Applicat

♪ COC Version အသစ်ထွက်ပြီ - Clash of Clans v8.116.2 Apk (26-Jan) ♫ 28/01/2016

♪ COC Version အသစ်ထွက်ပြီ - Clash of Clans v8.116.2 Apk (26-Jan) ♫ အခုတင်ပေးလိုက်တဲ့ Game လေးကိုတော့ပုံမြင်တာနဲ့ဘော်ဒါတွေရင်းနှီးပြီးသားဖြစ်ပါတယ်။ Clash Of Clans v8.116.2 နောက်ဆုံးထွက် (26-Jan) မနေ့ကမှအသစ်ထွက်ထားတဲ့ Version လေးတင်ပေး လိုက်ပါတယ်ဗျာ။ ဒီဂိမ်းလေးရဲ့ပုံစံလေးက ကိုယ်ပိုင် ရွာငယ်လေးတစ်ခုတည်ဆောက်နိုင်ပါတယ်။ နောက် ပိုင်းမှာစစ်သားတွေဝယ်ယူ စစ်အင်အားတွေ ကြို

Tube MateမှာVedioတွေဒေါင်းလို့မရဘူးလို့ပြောနေတဲ့သူတွေအတွက် Tube Mate Version 2.2.4 22/01/2016

Youtube မှာ vedio ဒေါင်းချင်သူတွေအတွက်ပါ

Tube MateမှာVedioတွေဒေါင်းလို့မရဘူးလို့ပြောနေတဲ့သူတွေအတွက် Tube Mate Version 2.2.4 မင်္ဂလာပါMyanmar Credo Groupမှကြိုဆိုပါတယ်ကျွန်တော်တင်ပေးမဲ့ဆော့ဝဲလေးကTube mate Versionအဟောင်းလေးပါအချို့ဖုန်းတွေမှာTube MateကိုVersionအရမ်းမြင့်ပြီးVedioတွေဒေါင်းလို့မရပဲStoppedဖြစ်သွားသူတွေအတွက်

♪ Galaxy S6 စတိုင်လေးနဲ့သုံးချင်သူများအတွက် - S Launcher Prime (Galaxy S6 Launcher) v3.93 Apk (19-Jan) ♫ 22/01/2016

♪ Galaxy S6 စတိုင်လေးနဲ့သုံးချင်သူများအတွက် - S Launcher Prime (Galaxy S6 Launcher) v3.93 Apk (19-Jan) ♫ ပုံလေးကိုမြင်လိုက်တာနဲ့ပဲဘယ်လို Launcher မျိုးလည်းဆိုတာသိကြမှပါ။ Galaxy S6 စတိုင်လေးနဲ့ လန်းချင်သူများအတွက် တင်ပေးလိုက်တာပါ။ Launcher တစ်ခုဖြစ်တဲ့အတွက် ထွေထွေထူးထူးပြောပြနေ စရာမလိုဘူးလို့ထင်ပါတယ်ဗျာ။ Resolution အနေနဲ့လည်း Galaxy S6 အတိုင်းပဲရုပ်ထွက်ကောင်းမွန် ပါတယ်။ Support လုပ်ပေးနိုင်တဲ့ Launc

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon
Yangon