Myanmar Padauk Co., Ltd.

Myanmar Padauk Co., Ltd.

Share

Moving Together ... Growing Forever! Our historical event was started in Year 2000. They, therefore, registered and founded MYANMAR PADAUK TRADNING CO. LTD.

The founders were two local business men, who intended to take part international & local business sectors in matching with Myanmar Economic structure. In the very first step of our business activities are Export & Import of all kind of products of Mynmar to and from China, Asian Region, Europe Region and America Region. In year 2002, MYANMAR PADAUK TRADING CO., LTD become one of the main supplie

07/01/2026

🎬 PADAUK RUN 2025 – Event Recap! 🏃‍♂️🔥
Thank you to all runners, volunteers, and supporters who made this event a huge success ❤️


Photos from Myanmar Padauk Co., Ltd.'s post 25/12/2025

Our Christmas 🎄 Gift 🎁Exchange 💌 Program brought smiles, laughter, and togetherness to our workplace.☃️
Thank you to everyone who joined and made this celebration special.🎉🎊
Wishing you all a Merry Christmas! ✨




Photos from Myanmar Padauk Co., Ltd.'s post 23/12/2025

🏃‍♀‍🏃‍♂‍ 3Km & 5Km Running Event Highlights 🏅- Part 4


Photos from Myanmar Padauk Co., Ltd.'s post 15/12/2025

🏃‍♀‍🏃‍♂‍ 3Km & 5Km Running Event Highlights 🏅- Part 3


Photos from Myanmar Padauk Co., Ltd.'s post 15/12/2025

🏃‍♀‍🏃‍♂‍ 3Km & 5Km Running Event Highlights 🏅- Part 2


Photos from Myanmar Padauk Co., Ltd.'s post 13/12/2025

🏃‍♀‍🏃‍♂‍ 3Km & 5Km Running Event Highlights 🏅- Part 1
ယနေ့ 📅 13 December 2025 မနက်ခင်းအေးချမ်းသော အချိန်တွင်
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော Myanmar Padauk Group of Companies ရှိ Company ခွဲများမှ 3Km & 5Km Running Event တွင် ပါဝင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအားလုံး၏
💪 အားမာန်
🔥 စိတ်အားထက်သန်မှု
🤝 အတူတကွပါဝင်မှု တို့ဖြင့် ပြည့်နှက်ခဲ့သည့် အမှတ်တရ ပုံရိပ်များ ကို မျှဝေလိုက်ပါတယ်။
“Padauk Run” ပွဲသို့ ပါဝင်ဆင်နွှဲအားပေးကြသော ဝန်ထမ်းမောင်နှမများ၊ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများ၊ နေရာဌာနအသီးသီးမှ ပံ့ပိုးကူညီပေးသူများ၊ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိလူကြီးမင်းများ နှင့်အတူ Padauk Run ပွဲဖြစ်မြှောက်အောင် ကူညီသူအားလုံးတို့အား ကျေးဇူး အထူးတင်ရှိပါတယ်။ ပါဝင်ဆင်နွှဲကြတဲ့ ဝန်ထမ်းမောင်နှမ အားလုံးဟာ Winner များ ဖြစ်ကြပါတယ် 👏
Padauk Run နှင့် အတူနောက်နှစ်မှာလည်း ထပ်မံ ဆုံတွေ့ကြပါစို့ …


29/03/2025

ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် အချက်များ
မြန်မာနိုင်ငံရှိ ဒေသတော်တော်များများတွင် မြေငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ထိခိုက် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရပါတယ်။
အခုလို အခက်အခဲများ အတူတကွရင်ဆိုင်နေရချိန်မှာ အများပြည်သူများ သတိပြုနိုင်စေဖို့ ငလျင်ဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
✅ ငလျင်လှုပ်ခတ်ပြီးနောက် သတိပြုရန်
နောက်ဆက်တွဲငလျင်များသည် နောက်နာရီပိုင်းအတွင်း (သို့) ရက်အနည်းငယ်အထိ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် ပျက်စီးနေသည့် အဆောက်အဦးများနှင့် ဝေးရာတွင်နေပြီး အန္တရာယ်ကင်းသည့်နေရာလွတ်သို့ အမြန်ဆုံး ရွှေ့ပြောင်းပါ။
✅ ဒဏ်ရာရှိမရှိစစ်ဆေးပြီး လိုအပ်ပါက အကူအညီတောင်းခံရန်
သင်ကိုယ်တိုင် (သို့မဟုတ်) အခြား ဒဏ်ရာရသူများရှိပါက ချက်ချင်းကျန်းမာရေးဝန်ဆောင်မှု ရယူပါ။
ငလျင်လှုပ်ခတ်နေချိန်အတွင်း မလိုလားအပ်သည့် မီးဘေးအန္တရာယ်ကို ရှောင်ကြဉ်ရန် ဂတ်စ်နှင့် လျှပ်စစ်များ အသုံးမပြုပါနှင့်။
✅ စိစစ်အတည်ပြုထားသည့် သတင်းများကိုသာ ယုံကြည်ရန်
တရားဝင်သတင်းအရင်းအမြစ်များမှ နောက်ဆုံးရသတင်းများကိုသာ လိုက်နာယုံကြည်ပြီး မှားယွင်းသောသတင်းများ ဖြန့်ဝေခြင်းကို ရှောင်ကြဉ်ပါ။
✅ အချင်းချင်း ဖေးမကူညီရန်
စေတနာ့ ဝန်ထမ်းများမှ ငလျင်ဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဒေသများသို့ လိုအပ်သည့် အကူအညီများပေးနေသလို သင့်ရဲ့ သေးငယ်သည့် ကူညီမှုကနေ ကြီးမားသည့် သက်ရောက်မှုဖြစ်စေနိုင်သည့်အတွက် တတ်နိုင်သမျှ အချင်းချင်း ဖေးမကူညီပါ။

29/03/2025

လက်ရှိဖြစ်ခဲ့ပေါ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံအနှံအပြားမှာ ထိခိုက်ပျက်စီး ဆုံးရှုးမှုများ ဖြစ်ပွားခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် မြန်မာပြည်သူ၊ ပြည်သားများအားလုံး အခက်အခဲများကို ကျော်လွှားနိုင်ပြီး ဘေးကင်းလုံခြုံကြပါစေကြောင်း
ဆုတောင်းဆန္ဒပြုအပ်ပါတယ်ခင်ဗျာ🙏🙏🙏

Photos from Myanmar Padauk Co., Ltd.'s post 08/03/2025

မီးဘေး လုံခြုံရေးအတွက် အသိပညာပေးခြင်း နှင့် မီးငြိမ်းသတ်နည်းမှ လက်တွေ့သရုပ်ပြ လေ့ကျင့်ပေးခြင်း။




Photos from Myanmar Padauk Co., Ltd.'s post 11/01/2025

Happy Birthday Chairman 🥳🎂🎉🎊

မွေးနေ့မှ စ၍
နောင်နှစ်ပေါင်းများစွာ
ကျန်းမာ၊ချမ်းသာ၍
ချစ်ရသော မိသားစု ၊ လုပ်ဖော်ကိုင်ဖက်များ နှင့်အတူ
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း
ဝန်ထမ်းများ ကိုယ်စား ဆုတောင်းပေးလိုက်ရပါတယ်။



Photos from Myanmar Padauk Co., Ltd.'s post 23/12/2024

Myanmar Padauk Trading & Power Company Limited မှ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုအား ဂုဏ်ပြုခြင်း နှင့် နှစ်သစ်တွင် ပိုမိုခိုင်မာ ကောင်းမွန်သော စိတ်ကူးစိတ်သန်းများ၊ ခွန်အားများ တိုးတက်လာစေရန်အတွက် ချောင်းသာကမ်းခြေ (ဖိုးကုလားကျွန်း) သို အပန်းဖြေ ခရီးစဥ် ပိုဆောင်ပေးခြင်း၊ Team Building Activities များ ဆောင်ရွက်ခြင်း နှင့် ကလေးငယ်များ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရန် အ.မ.က စာသင်ကျောင်းအား လှူဒါန်းမှု အမှတ်တရ ပုံရိပ်များအား မျှဝေပေးလိုက်ပါတယ် 🥰✨

ခရီးစဥ်တွင် ဝန်ထမ်းများ Team Work ညီညီ ပျော်ရွှင်စွာ ယှဉ်ပြိုင်ဆောကစားကြသော ပုံရိပ်များနှင့် Company ဝန်ထမ်းများမှ စုပေါင်း၍ ပုသိမ်မြိုနယ် အောင်မင်္ဂလာကျွန်းရှိ အမှတ် (၁၅၃) အခြေခံပညာမူလတန်းကျောင်းသို ကျောင်းတွင် လိုအပ်သော သန့်စင်ခန်း အသစ် ဆောက်လုပ်ရန် အလှူငွေ ပေးအပ်ခြင်းနှင့် စာသင်ကျောင်းရှိ ကျောင်းသားကျောင်းသူ ကလေးငယ်များအား စာရေးကိရိယာများ၊ မုန့်များ လှူဒါန်းပေးဖြစ်ခဲ့ပါတယ်...
ယခုလို ခရီးစဥ်တွင် ကျောင်းအတွက် အဓိက လိုအပ်နေသော သန့်စင်ခန်းအသစ်အား လှူဒါန်းပေးနိုင်ခဲ့ခြင်းအတွက် များစွာ ဝမ်းမြောက်ပီတိ ဖြစ်ခဲ့ရပါတယ်။
ခရီးစဥ်တလျှောက်ပျော်ရွှင်ခဲ့ရပြီး လှူဒါန်းဖြစ်ခဲ့သော အလှူဒါနများအပေါ် ကုမ္ပဏီနှင့် ဝန်ထမ်းများမှလည်း ပျော်ရွှင်ဝမ်းမြောက်ပီတိ ဖြစ်ပြီး ကုမ္ပဏီ နှင့် အတူ ရှေ့ဆက်တိုးတက်အောင်မြင်မှုများဆီသို အတူတကွ ကြိုးပမ်းသွားကြရန် ရည်မှန်းလျှက် ပျော်ရွှင်ခဲ့ရသော ခရီးစဥ်လေးအား မျှဝေလိုက်ရပါတယ် 🌊🏝🐚💙






Photos from Myanmar Padauk Co., Ltd.'s post 27/11/2024

🌊✨ Myanmar Padauk Engineering & Construction🌴☀️ ကုမ္ပဏီတွင် ဝန်ထမ်းများ၏ကြိုးစားအားထုတ်မှုအား ဂုဏ်ပြုခြင်း နှင့် ပိုမိုခိုင်မာ ကောင်းမွန်သော စိတ်ကူးစိတ်သန်းများ၊ ခွန်အားများတိုးတက်လာစေရန်အတွက် သာယာလှပသော ချောင်းသာကမ်းခြေ အပန်းဖြေခရီး နှင့် ပုဂံဘုရားဖူးခရီးများ တွင် မမေ့နိုင်သောအမှတ်တရများကိုဖန်တီးခဲ့မှုပုံရိပ်များ။ 🌊

ဝန်ထမ်းများ၏ သွက်လက်လန်းဆန်းသော လှုပ်ရှားမှုများနှင့်အတူ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများကို ခံစားရင်း ရယ်မောခြင်း နှင့် ပျော်ရွှင်မှုတိုဖြင့် ခွန်အားသစ်များရရှိစေခဲ့ပါသည်။

🏖❤️ ဤကဲ့သိုသော အခိုက်အတန့်များသည် အလုပ်-ဘဝ ဟန်ချက်ညီမှုနှင့် ဝန်ထမ်းများ၏ ပျော်ရွှင်မှုတိုကို အဓိကဦးစားပေးသည့် Myanmar Padauk Engineering & Construction ကုမ္ပဏီ ၏ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းကို ကျွန်ုပ်တိုအား အမြဲ သတိတရ ရှိနေမည်ဖြစ်တော့သည်။

နောက်ထပ် စွန့်စားမှု၊ အောင်မြင်မှုများကို အတူတကွ ရယူကြပါစို 🥂✨



&ConstructionCompany

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


519/521, Lower Pazundaung, Pazundaung Township
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00