Biology for students

Biology  for  students

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Biology for students, Public & Government Service, 168 yinnmar Street, Yangon.

Photos from Biology  for  students's post 21/07/2018

SAMPLE QUESTION

01/04/2018

➡Weight of Brain: 1300-1400 gm in human adult
➡Normal Blood Pressure (B.P.): 120/80 mm Hg
➡Universal blood donor: O
➡Universal blood recipient: AB+
➡ Average body weight: 70 kg
➡Normal body temperature: 37 degree celsius
➡ Breathing Rate at rest: 12-16/minute
➡Number of Spinal Nerves: 31 pairs
➡Largest Endocrine Gland: Thyroid gland
➡ Gestation period: 40 weeks or 9 calendar months
➡ Normal Heart Beat at rest: 72 beats per minute
➡ Largest Gland: Liver
➡ Largest Muscle in the body: Gluteus Maximus or Buttock Muscle
➡ Smallest Muscle in the body: Stapedius
➡Largest Artery: Aorta
➡Largest Vein: Inferior Vena Cava
➡Largest and longest Nerve: Sciatic Nerve
➡ Longest Cell: Neurons (nerve cells)
➡Minimum distance for proper vision: 25 cm
➡Pulse rate: 72 per minute
➡Thinnest Skin: Eyelids
➡Weight of Heart: 200-300

08/02/2018

Cell Divison ( ဆဲလ်ကွဲပွားခြင်း)
Mitosis & Meiosis အား နားလည်ခြင်း

သက်ရှိတွေဟာ ဆဲလ်ကွဲပွားခြင်းနည်းလမ်းနဲ့ ရှင်သန်ကြီးထွားကြပါတယ် ။ ဆဲလ်တစ်ခုတည်းသာရှိသော သက်ရှိတွေဟာလည်း မူလလက်ရှိ chromosomes အရေအတွက်နဲ့ အရည်အသွေးမကျစေပဲ နောက်ထပ်ဆဲလ်တစ်ခု ပွားနိုင်ပါတယ် ။

မည်သို့ဆိုစေကာမူ ဆင် ၊ မြင်း ၊ ကျွဲ ၊ လူ စသော ဆဲလ်များစွာရှိသည့် သက်ရှိများသည်လည်း မူရင်းဆဲလ်တစ်လုံးကတည်းက စတင်ခဲ့ကြတာချည်း ဖြစ်၏ ။ အရာတိုင်းက ၁ ကနေစသည်ဟု ဆိုသလိုပေါ့။

ဒီတော့ ဆဲလ်ကွဲပွားခြင်း ( cell division ) နှစ်မျိုး ရှိပါတယ် ။
1. Mitosis
2. Meiosis တို့ပဲ ဖြစ်ပါတယ် ။

Mitosis ဆိုတာကတော့ ဆဲလ်မှာရှိတဲ့ Chromosome အရေအတွက်အတိအကျနဲ့ အရည်အသွေးမပျက်ပဲ လုံးဝချွတ်စွတ် တူညီသော နောက်ဆဲလ်တစ်ခု ထွက်ပေါ်လာခြင်းပါ။ Chromosome အရေအတွက် 46 က နောက်တစ်ခုမှာလဲ 46 ဒါမျိုးပေါ့ ။ အတိအကျရတယ် ။

Meiosis ဆိုတာကတော့ ဆဲလ်တစ်ခုရဲ့ chromosome အရည်အသွေးအပြည့်နဲ့ အရေအတွက် တစ်ဝက်တိတိသာလျှင်ပါရှိသော ဆဲလ်ကွဲပွားခြင်း ဖြစ်စဉ်ပါ။

ဒီနေရာမှာ မေးစရာရှိလာပါပြီ ။ မေးတတ်သူအဖို့ပေါ့ ။ ဆဲလ်ဆိုတာ ကွဲပွားရင်ပြီးပြီပဲ ။ ပထမနည်း Mitosis နည်းနဲ့တင် မလုံလောက်ဘူးလား ။ သက်ရှိအားလုံးဟာ Meiosis နည်းနဲ့ ဆဲလ်ကွဲပွားရင် Chromosome တစ်ဝက်ပဲ ရှိတော့တာဆိုတော့ ဘယ်လိုလုပ်အဆင်ပြေနိုင်မလဲ ။ စသဖြင့် မေးခွန်းတွေပေါ့ ။

ဒီတော့ ဒီကိစ္စကို ရှင်းဖို့လိုလာပြီ။
Mitosis ဆိုတာက မျိုးအောင်ပြီးသား ဆဲလ်တွေမှာ ဖြစ်ပွားတာပါ။ ပြီးတော့ ဆဲလ်တစ်လုံးတည်းရှိသောသတ္တဝါတွေ ၊ လိင်မဲ့မျိုးပွားနည်းဖြင့် မျိုးပွားကြတဲ့ သက်ရှိတွေမှာ ဒီ Mitosis နည်းနဲ့ပဲ ဆဲလ်ကွဲပွားပါတယ်။ လူ နဲ့ သက်ရှိတွေဟာ မွေးဖွားပြီးခါစမှ သေးငယ်တယ် ။ တဖြည်းဖြည်း ကြီးထွားလာတယ် ။
[ ဘာကြောင့် Giant လိုမျိုး အကြီးကြီးထိဆက်မကြီးထွားပဲ အသက်ရွယ်တစ်ခုမှာ ဆဲလ်ထပ်မပွားလဲဆိုတာကတော့ နောက်မှပြောပြပေးပါမယ် ။ အခုတော့ မမေးပါနဲ့ဦး ] အဲ့တော့ ဆဲလ်လေးတွေပျက်စီးသွားမယ် ၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားမယ်ဆိုရင် အဲ့နေရာမှာ ဆဲလ်အသစ်လေးတွေ ပြန်လည်အစားထိုး မွေးဖွားလာတာပေါ့ ။ ဒါကြောင့် Mitosis နည်းကလည်း အရေးကြီးပါတယ် ။

Meiosis ကတော့ သက်ရှိတစ်ကောင်မွေးဖွားဖို့အတွက် အစပြုခြင်းပါပဲ ။ လိင်ဖြင့် မျိုးပွားသော သက်ရှိတိုင်းမှာ ဒီ Meiosis နည်းသာမရှိရင် မျိုးဆက်ပွားနိုင်မှာ မဟုတ်ပါဘူး ။ အဖေဆီက မျိုးပွားကောင် နဲ့ အမေဆီက မျိုးပွားဥ - ကိုယ်စာလှယ်လေးတွေက အချင်းချင်းတွေ့တဲ့အခါ Meiosis စဖြစ်လာတာပါပဲ ။ ဒီကိစ္စမှာ သဘာဝတရားကြီးက အရမ်းဆန်းကျယ်တယ် ။ ပုံမှန်အတိုင်း အဖေ့မျိုး နဲ့ အမေ့မျိုးကို ပေါင်းစပ်ရင် အဖေ့ဆီက chromosome 46 နဲ့ အမေ့ဆီက chromosome 46 - total 92 chromosomes ဖြစ်သွားပြီး ဆဲလ်တစ်လုံးဖြစ်ပေါ်ဖို့ အခြေအနေမဟန်တော့ဘူး။ ဒီတော့ သဘာဝကိုယ်၌က chromosome 46 ခုကို စာရွက်တစ်ရွက် အလယ်ကခေါက်လိုက်သလို အရည်အသွေးတူတဲ့ chromosomes တစ်ဝက်တိတိ ခေါက်ထားလိုက်တယ် ။ ( ရူပဗေဒေသမားတွေအတွက် Symmetry သဘောတရားကို သုံးထားတယ် ) ဒီတော့မှ အဖေ့ဆီက တစ်ဝက် ၊ အမေ့ဆီက တစ်ဝက် နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတဲ့ မျိုးအောင်ဥကလေးဖြစ်ပေါ်လာတာပေါ့။ ကယ် Zygote ဆိုတဲ့ ဆဲလ်လေးတစ်လုံးလဲ အတိအကျဖြစ်ကော ကျန်တဲ့တာဝန်က Mitosis ရဲ့ တာဝန်ဖြစ်ပြီပေါ့။

ဒါဆို Mitosis နဲ့ Meiosis ကို အခြေခံ ဂဃနဏတော့ နားလည်ပြီပေါ့ ။ ကျန်တဲ့ အဆင့်တွေကတော့ အောက်မှာ တစ်ပုံချင်း ဖိကြည့်ပါ။
crd #
မှတ်ထားသမျှ စုစည်း၍ရေး၏ - Htet Arkar

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


168 Yinnmar Street
Yangon