SME Development Department , MOI

SME Development Department , MOI

Share

Government Organization Directorate of Industrial Supervision and Inspection, Ministry of Industry

10/03/2025

ASEAN Social Enterprise Development Program (ASEAN SEDP 4.0) အား လူမှုအကျိုးပြုလုပ်ငန်း(Social Enterprise)များ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်လာမှုအား သတင်းအချက်အလက် ဖြန့်ဝေခြင်း
ASEAN Foundation သည် Tik tok နှင့် SAP တို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ ASEAN Social Enterprises Development Program (ASEAN SEDP) များ ပြုလုပ်၍ အာဆီယံဒေသတွင်းရှိ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ရာ ASEAN SEDP(3.0) အထိ ပြုလုပ်ပြီးဖြစ်ပြီး မြန်မာနိုင်ငံမှ လူမှုအကျိုးပြုလုပ်ငန်းရှင် (၅)ဦး အပါအဝင် စုစုပေါင်း (၇၀) ဦးကို အထောက်အပံ့ပေးခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ASEAN SEDP(4.0) အား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါ သဖြင့် လူမှုအကျိုးပြုလုပ်ငန်း (Social Enterprise)များ လျှောက်ထားနိုင်ရေးအတွက် ASEAN Foundation မှ ဖိတ်ခေါ်ထားပြီး ASEAN SEDP(4.0) မှ ပထမဆု ရရှိသူအနေဖြင့် USD 7000 ရရှိမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံမှ လူငယ်လူမှု အကျိုးပြုလုပ်ငန်း (Social Enterprise) များအနေဖြင့် အသေးစိတ် အချက်အလက်များကို bit.ly/ASEANSEDP4 တွင် ဝင်ရောက်လေ့လာ၍ (၃၁. ၃. ၂၀၂၅) ရက်နေ့တွင် bit.ly/ASEANSEDP4form မှတဆင့် နောက်ဆုံးထား လျှောက်ထားနိုင်ပါကြောင်း Flyer နှင့်အတူ သတင်းကောင်းပါးအပ်ပါသည်။

14/02/2025

MSME ချေးငွေများ လျှောက်ထားနိုင်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏လုပ်ငန်း တိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်း တို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးလျက်ရှိသဖြင့် ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင် များအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့် ဆက်သွယ်၍ ချေးငွေများ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့

11/02/2025
11/02/2025

လုပ်ငန်းရှင်ပေါင်း (၁၉၀) ကျော်မှ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေ

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းရှင်စုစုပေါင်း (၁၉၃) ဦးမှ MSME ထုတ်ကုန်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ရည်ရွယ်၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခ မ်းအနားကို ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၄) ရက်အထိ ကျင်း ပသွားမည်ဖြစ်သည်။

MSME ပြိုင်ပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန ရုံးအမှတ် (၁၆) ၌ ဖေဖော်ဝါရီ (၇) ရက်မှ (၉)ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား (Micro) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်င န်းရှင် (၂၉) ဦး၊ အငယ်စား(small) ထုတ်ကုန်ဆုအတွက် ပြို င်ပွဲဝင်လုပ်ငန်းရှင် (၃၄) ဦး၊ အလတ်စား(medium) ထုတ် ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် (၂၈)ဦး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လု ပ်ငန်းရှင် (၃၅) ဦး၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်ဆုအတွက် သမဝါယမအသင်း (၂၅) သင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် (၄ ၂)ဦး စုစုပေါင်း (၁၉၃) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီးပြို င်ပွဲအမျိုးအစား ခြောက်မျိုးအတွက် ဆု (၃၁) ဆု ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် လုပ်ငန်းရှင်များကို ဖေ ဖော်ဝါရီ (၁၄) ရက်တွင် ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပသည့် တပေါင်းကွင်း၌ ဆုချီးမြှင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Credit Popular

MRTV News Channel 11/02/2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ (ပထမနေ့) စည်ကားများပြားလျက်ရှိ

MRTV News Channel

19/01/2025

အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းကို တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်စေဖို့ဆိုရင် လေ့လာထားသင့်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ခန်းစာတစ်ခုကတော့ “သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး (Green MSMEs Development)” ပဲဖြစ်ပါတယ်။
https://msmelearning.mm.undp.org/course/preview/63e08b79a7ddd00ae87eaf09
...
သတင်းကောင်းတစ်ခုကတော့ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ သင်တန်းတစ်ခုကို UNDP ရဲ့ "eLearning Portal for MSMEs” မှာ အချိန်မရွေး၊နေရာမရွေး လေ့လာသင်ယူနေနိုင်ပြီဖြစ်ပါတယ်။ ဒီသင်တန်းမှာ အစိမ်းရောင် MSME တွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာတွေသာမက MSME တွေအနေနဲ့ မိမိတို့ရဲ့စီးပွားရေး လုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကိုအလေးထားတဲ့ အစိမ်းရောင်မော်ဒယ်တွေ (Green Models) ဘာကြောင့် ထည့်သွင်းတည်ဆောက်ဖို့ လိုအပ်ကြောင်းကိုလည်း လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
...
ပြောင်းလဲလာတဲ့ ကမ္ဘာ့စီးပွားရေးလောကကြီးမှာ Impact investor တွေဟာ အစိမ်းရောင် MSME တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုပြီးစိတ်ဝင်စားလာကြပါတယ်။ သူတို့အတွက်တော့ အမြတ်ရဖို့ထက် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ သက်ရောက်မှု (Impact) တွေကို ပိုပြီးအလေးထားကြပါတယ်။ ဘဏ်လုပ်ငန်းတွေမှာလည်း Green finance လို့ခေါ်တဲ့ Green MSMEs တွေကိုပဲ ချေးပေးတဲ့ ချေးငွေအမျိုးအစားတွေ ရှိလာပါတယ်။ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ INGO စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း Green MSMEs တွေကိုသာ ပေးတဲ့ ထောက်ပံ့ငွေ (Grant) တွေ ပိုပြီးရှိလာပါတယ်။
...
ဒီသင်တန်းမှာ အစိမ်းရောင် MSME တွေရဲ့ အခန်းကဏ္ဍတွေ၊ အခက်အခဲတွေနဲ့ပတ်သက်ပြီး လက်တွေ့အသုံးချနိုင်မဲ့ လမ်းညွှန်မှုတွေကိုလည်း ထည့်သွင်းရှင်းလင်းထားပါ‌သေးတယ်။ ဒါ့အပြင် အစိမ်းရောင် MSME လုပ်ငန်းဆိုင်ရာ နောက်ခံမရှိတဲ့ သင်တန်းသားတွေအနေနဲ့ ၎င်းတိုရဲ့ စီးပွားရေးလုပ်ငန်းသစ်တွေအတွက် အသုံးဝင်မဲ့ Green MSME ဆိုင်ရာ အကြံဉာဏ်တွေ၊ လမ်းညွှန်မှုတွေကို လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။
...
သင်တန်းပြီးဆုံးသွားတဲ့အခါ MSME တွေအနေနဲ့ လုပ်ငန်းရေရှည်ရပ်တည်နိုင်မဲ့ အလေ့အကျင့်တွေကိုကျင့်သုံးရင်း သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့ အစိမ်းရောင်စီးပွားရေးလုပ်ငန်းမော်ဒယ် (Green Business Model)ကို ဖော်ဆောင်ပြီး စီးပွားရေးအခွင့်အလမ်းများတွေကို ဘယ်လိုဖမ်းဆုပ်ရယူရမလဲဆိုတာ သိရှိနားလည်လာမှာ ဖြစ်ပါတယ်။
...
UNDP Myanmar ရဲ့ eLearning Portal မှာ အကောင့်ဖွင့်ပြီး သင်တန်းတက်နေသူလည်း (8600) ကျော်သွားပါပြီ။ အကောင့်မဖွင့်ရသေးတဲ့သူတွေလည်း အကောင့်ဖွင့်ပြီး မိမိစိတ်ဝင်စားတဲ့စီးပွားရေးဆိုင်ရာသင်တန်းတွေကို မြန်မာစကားနဲ့ အခုပဲ အခမဲ့တက်ရောက်နိုင်ကြောင်း အသိပေးလိုပါတယ်။ အကောင့်ဖွင့်တဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ဒီလင့်ခ်လေးကိုနှိပ်ပြီး အကောင့်ဖွင့်နည်း၊ သင်တန်းရွေးချယ်တက်နည်းဗီဒီယိုကို ကြည့်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။https://www.facebook.com/MMLearningPortal/videos/1561949664633584
...
UNDP Myanmar ရဲ့ eLearning Portal ဟာ ကိုယ်တိုင် လောလောဆယ် စီးပွားရေးလုပ်ငန်းလုပ်နေသူပဲဖြစ်ဖြစ်၊ နောင်တစ်ချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စိတ်ကူးထားသူပဲဖြစ်ဖြစ်၊ တက်လမ်းရှာနေတဲ့ ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ပညာတော်သင်ဆု (scholarship)နဲ့ မဟာတန်းသွားတက်ချင်သူပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားသူတွေအားလုံးအတွက် ထိရောက်ပြီး အကျိုးရှိတဲ့ သင်ခန်းစာတွေကို မြန်မာဘာသာစကားနဲ့ အလွယ်တကူ အခမဲ့လေ့လာနိုင်မယ့် သင်ကြားရေးရင်းမြစ်တစ်ခုဖြစ်ပါတယ်။ အခုတက်နိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (20)အကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/photo?fbid=439855699044039&set=a.255619310801013
ဒါ့အပြင် MSME တွေ အကြံပြုထားတဲ့ ထပ်တိုးသင်တန်းတွေကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မကြာမီတင်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

17/01/2025

📢 “ဘဏ်များနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေများလျှောက်ထားရယူခြင်း (Access to Loans from Banks and MFIs) ဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ"
...
သင်က လုပ်ငန်းချဲ့ထွင်နိုင်ဖို့အတွက် ချေးငွေနဲ့ဘဏ္ဍာရေးအခွင့်အလမ်းတွေကို ရှာဖွေရယူလိုတဲ့ MSME စီးပွားရေးလုပ်ငန်းရှင်၊ စွန်ဦးတီထွင်သူတစ်ယောက်လား ❓
ဒါဆိုရင်တော့ ချေးငွေနဲ့ဘဏ္ဍာရေးအရင်းအမြစ်တွေကို ဘဏ်တွေ၊ အသေးစားငွေ‌ရေးကြေးရေးလုပ်ငန်းတွေကနေ အောင်မြင်စွာ လျှောက်ထားရယူနိုင်ဖို့ တတ်ကျွမ်းထားသင့်တဲ့ နည်းဗျူဟာနဲ့ လက်တွေ့လမ်းညွှန်မှုတွေကို လေ့လာနိုင်မဲ့ “ဘဏ်များနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေများလျှောက်ထားရယူခြင်း (Access to Loans from Banks and MFIs) အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲက ကြိုဆိုနေပါတယ်။
...
ဒီအွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲမှာ
📌 UNDP Myanmar ရဲ့ Access to Loans from Banks and MFIs သင်တန်းကို မိတ်ဆက်ခြင်း
📌 ငွေကြေးစီမံခန့်ခွဲမှုနဲ့ ချေးငွေလျှောက်ထားခြင်းတွေကို အသေးစိတ်ရှင်းလင်းခြင်း
📌 ပိုမိုနားလည်သဘောပေါက်နိုင်စေဖို့ လုပ်ငန်းဖြစ်ရပ်တွေနဲ့ နှိုင်းယှဥ်လေ့လာခြင်း
📌 လက်တွေ့ဆောင်ရွက်နိုင်မဲ့ နည်းဗျူဟာများဆွေးနွေးဝေမျှခြင်းတွေကို

ကော်ပိုရိတ်နဲ့ MSME တွေရဲ့ ချေးငွေလျှောက်လွှာတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး ချေးငွေတွေကို ဆန်းစစ်အတည်ပြုရာမှာ ဘဏ်လုပ်ငန်းအတွေ့အကြုံ (၇) နှစ်ကျော်ရှိတဲ့ ဆရာကနေ ဦးဆောင်ဆွေးနွေးပေးသွားမှာဖြစ်လို့ မပျက်မကွက်တက်ရောက်လေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။
...
အစီအစဥ်အသေးစိတ်
📅 နေ့ရက် - ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၅ (စနေနေ့)
🕒 အချိန် - နံနက် (၁၀) နာရီမှ (၁၂) နာရီ။
📌 စာရင်းပေးသွင်းရန်လင့်ခ် - https://bit.ly/3BTB9do
[စာရင်းပေးသွင်းထားတဲ့ အီးမေးလ်ကတစ်ဆင့် တက်ရောက်ရမဲ့ Zoom Meeting လင့်ခ်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။]

💡 လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ချေးငွေနဲ့ ဘဏ္ဍာရေးအထောက်အပံ့များကို အောင်အောင်မြင်မြင်ရရှိနိုင်စေဖို့ အခုပဲ စာရင်းပေးသွင်းတက်ရောက်လိုက်ပါ။
...
မှတ်ချက်။ ။ ဒီသင်တန်းကို ကြိုတင်လေ့လာထားပြီး ပါဝါပွိုင့်တွေကို ဒေါင်းလုတ်ဆွဲထားချင်ရင်တော့ အောက်ကလင့်ခ်လေးနှိပ်ပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။
https://msmelearning.mm.undp.org/course/preview/675013ec3f2bc1bcebe82bef

03/12/2024

📢📢MSMEများတတ်ကိုတတ်ထားသင့်သည့် သင်တန်း
အ​ကြောင်းသတင်းအချက်အလက်မျှ​​ဝေခြင်း📢📢📢

MSME တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းကို တိုးချဲ့တော့မယ်ဆိုရင် မဖြစ်မနေလိုအပ်လာတာကတော့ ငွေကြေးအရင်းအနှီးပဲဖြစ်ပါတယ်။ ဒီငွေကြေးအရင်းအနှီးကို
debt financing (ဘဏ်တွေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေကပေးတဲ့ ချေးငွေ) နည်းလမ်း သို့မဟုတ် equity financing (မိမိလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေကတစ်ဆင့် ငွေကြေးရရှိခြင်း) နည်းလမ်းနဲ့ ဖြည့်ဆည်းလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ equity financing လုပ်ချင်ရင် စိန်ခေါ်မှုတွေ အများကြီးရှိနေသေးတဲ့အတွက် debt financing ကိုပဲ အသုံးပြုကြတာ များပါတယ်။
...
မြန်မာနိုင်ငံက MSMEs တွေအနေနဲ့ debt financing လုပ်တဲ့နေရာမှာလည်း အခက်အခဲတွေ ကြုံနေရပါတယ်။ အထူးသဖြင့် ဘဏ်တွေက ချေးငွေတွေကို ရယူရာမှာ စနစ်တကျ ကြိုတင်ပြင်ဆင်မှုအားနည်းတဲ့အတွက် ချေးငွေတွေ လျှောက်ထားရာမှာ ပယ်ချခံရတာ (reject) များပါတယ်။ ဒီလိုဖြစ်နေရတာကလည်း ချေးငွေပေးတဲ့အခါ ဘဏ်တွေက ဘာတွေကို အသေးစိတ်ကြည့်တာလဲ၊ ဘယ်ပေတံတွေနဲ့တိုင်းပြီး ချေးငွေပေးသလဲဆိုတာကို MSME အများစုက သေသေချာချာမသိလို့ ဖြစ်ပါတယ်။ အခုတော့ UNDP Myanmar က ဒီကွက်လပ်ကို ဖြည့်ဆည်းပြီး “Access to Loans from Banks and MFIs (ဘဏ်များနှင့် MFIs များထံမှ ချေးငွေများ လျှောက်ထားရယူခြင်း” ဆိုတဲ့ သင်တန်းကို UNDP Myanmar ရဲ့ eLearning Portal for MSMEs မှာ မကြာမီ မြန်မာဘာသာစကားနဲ့ အခမဲ့ လေ့လာသင်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
...
ဒီသင်တန်းကို မြန်မာနိုင်ငံရှိ ဘဏ်တွေနဲ့ MFIs တွေရဲ့ ချေးငွေနဲ့ပတ်သက်တဲ့ဌာနတွေမှာ နှစ်ပေါင်းများစွာ ချေးငွေလုပ်ငန်းအတွေ့အကြုံရှိတဲ့ ဆရာတစ်ဦးက စနစ်တကျ ပြုစုထားတာဖြစ်လို့ လေ့လာသင်ယူတွေအနေနဲ့ လက်တွေ့အသုံးချနိုင်တဲ့ အသိပညာနဲ့ ဗဟုသုတတွေ ရရှိနိုင်မှာဖြစ်ပြီး ဘဏ်တွေ၊ MFIs တွေထံကနေ ချေးငွေတွေ လျှောက်ထားရာမှာ ထိထိရောက်ရောက် ပြင်ဆင်လာနိုင်မှာ ဖြစ်ပါတယ်။
...
https://msmelearning.mm.undp.org/ မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
မြန်မာဘာသာစကားနဲ့ အခု တက်နိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (18) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/photo?fbid=439855699044039&set=a.255619310801013
...
UNDP Myanmar ရဲ့ eLearning Portal for MSMEs ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/company/e-learning-portal-for-msmes/?viewAsMember=true
Viber: https://invite.viber.com/?g2=AQAsLo9aRL8%2BJFD5gqMAD3haTSHzG018a0TNOP6hUhWG0r%2BIooTwIw94dPaWa15S

အားလုံးအတွက် သတင်းအချက်အလက် 📣📣📣
Project Management သမားတွေအတွက် Free AI Course 🧑‍🏫 တတ်​ရောက်နိုင်မည့် သတင်းအချက်ပလက်မျှ​ဝေခြင်း(AI ​ခေတ်မှာAIအ​ကြောင်းတီးမိ​ခေါက်မိရှိထားသင့်ပါသည်)

ဒီတခါ‌တော့ Project Management နယ်ပယ်မှာလုပ်ကိုင်နေတဲ့ လူတွေအတွက်အသုံးဝင်မယ့် “Generative AI Overview for Project Managers” ဆိုတဲ့ Free AI Course နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီ Course ကိုတော့ Project Management Institute (PMI) ကပို့ချမှာဖြစ်ပါတယ်။ PMI က ကမ္ဘာပေါ်မှာရှိတဲ့ Professional Project Manager တွေစုပေါင်းထားတဲ့ Membership Association တစ်ခုဖြစ်ပါတယ်။

အခု Course မှာ Project Manager တွေသိထားရမယ့် Project Management မှာအသုံးပြုရမည့် AI Tool တွေ၊အသုံးပြုပုံတွေနဲ့ လက်ရှိ Project Management Field ထဲမှာလုပ်ကိုင်နေကြတဲ့ Professional တွေရဲ့အတွေ့အကြုံတွေကိုသင်ကြားရမှာပဲဖြစ်ပါတယ်။ Course Duration အနေနဲ့ 1 နာရီပဲကြာမြင့်ပါတယ် Certificate Course မဟုတ်ပါ။ LinkedIn Profile နဲ့ချိတ်ဆက်ပြီးအကောင့်ဖွင့်ရင်တော့ Professional Development Units (PDUs) တိုးပါလိမ့်မယ်။

ကောမန့် အောက်က Link မှာ ဝင်ရောက်လျှောက်ထားနိုင်ပါပြီ။ 👇👇👇

#‌alexsvlog

Project Management သမားတွေအတွက် Free AI Course 🧑‍🏫

#အားလုံးအတွက်သတင်းအချက်အလက်
ဟွာ​ဝေ မှပညာရှင်​တွေရဲ့mentoringလုပ်​ပေးခြင်း,အကြံ​ပေးခြင်း ကိုရရှိ
မည့်အစီအစဥ်

𝗖𝗮𝗹𝗹𝗶𝗻𝗴 𝗮𝗹𝗹 𝗔𝗦𝗘𝗔𝗡 𝘀𝗺𝗮𝗹𝗹 𝗮𝗻𝗱 𝗺𝗲𝗱𝗶𝘂𝗺 𝗲𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 𝗼𝘄𝗻𝗲𝗿𝘀!

Ready to upgrade your business in the ever-evolving digital era?

𝗔𝗽𝗽𝗹𝘆 𝗻𝗼𝘄 𝗳𝗼𝗿 𝘁𝗵𝗲 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗦𝗸𝗶𝗹𝗹𝘀 𝗼𝗳 𝗔𝗦𝗘𝗔𝗡 𝗦𝗠𝗘𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 and take advantage of expert mentorship, network with investors, and tailored training!

Submit your application by 13 December 2024, 23.59 (GMT+7) at [Bit.ly/EDS_ASEAN]Bit.ly/EDS_ASEAN

Comment your favourite SMEs below and help them seize this exclusive opportunity! 👇

📩 For inquiries, contact us at: [email protected]

02/12/2024

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးမှု

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ဒုတိယနေ့ စာတမ်းဖတ်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ယနေ့နံနက်ပိုင်းတွင် Parallel Session သုံးခုဖြင့်ကျင်းပပြီး မွန်းလွဲပိုင်းတွင် Plenary Session ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးတို့ တက်ရောက်အားပေးကြသည်။

Parallel Session V တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးမှု ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင်ကိုးဦးတို့က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော ပြည်တွင်းအသေးစား ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေအားလေ့လာခြင်း၊ မြန်မာအစိုးရ၏ ချေးငွေထောက်ပံ့မှု အစီအစဉ်များနှင့် မြန်မာ MSMEs များ၏ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုဇုန်များ၏ အခန်းကဏ္ဍ၊ မြန်မာ့ MSME စွမ်းအားဖြင့် နိုင်ငံ့ ဘဏ္ဍာတိုးမြှင့်ရေး၊ MSME နှင့် နိုင်ငံဖွံ့ဖြိုးဖို့ ခေတ်မီနည်းစနစ်ဖြင့် အားလုံးပူးပေါင်းလုပ်ကြစို့၊ မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် အနာဂတ်အလားအလာအား လေ့လာဆန်းစစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အသေးစားနှင့် အလတ်စား စားသောက်ကုန်လုပ်ငန်းများ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကိုလေ့လာခြင်း၊ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များ၏ Soft Skills ကို လေ့လာခြင်း၊ စားသောက်ကုန် လုပ်ငန်းကဏ္ဍမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြု၍ ပြည်တွင်းစီးပွားရေး မြင့်မားလာစေရန် မူဝါဒအကြံပြုတင်ပြချက် စာတမ်းခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က သဘာပတိအဖြစ် ဆောင်ရွက်သည်။

https://www.moi.gov.mm/news/64491

01/12/2024

MSME တွေ၊ စီးပွားရေးလုပ်ငန်းတွေသာမက NGO၊ CSO၊CBO စတဲ့ အဖွဲ့အစည်းတွေအားလုံးအတွက် အသုံးဝင်မယ့်သင်တန်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) ဖြစ်ပါတယ်။
...
လုပ်ငန်းအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) ဆိုတာကတော့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်မှု၊ အခက်အခဲတွေကြားဆက်လက်ရပ်တည်နိုင်မှုနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေတွေအပေါ်မှာ လိုက်လျောညီထွေနိုင်မှုတို့နဲ့ သက်ဆိုင်ပါတယ်။ ဒီသင်တန်းမှာ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) နဲ့ပက်သက်တဲ့ သဘောတရားတွေ၊ ပုံစံတွေကို တင်ပြပေးထားသလို လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲ၊အကျပ်အတည်းတွေကြားမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် မဟာဗျူဟာတွေဖြစ်တဲ့ Organizational Change နဲ့ Development processes တွေကိုလည်း ရှင်းလင်းဆွေးနွေးပေးထားပါတယ်။
...
UNDP Myanmar ရဲ့ "eLearning Portal for MSMEs"မှာ အောက်ကလင့်ခ်လေးနှိပ်ပြီးလုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) သင်တန်းကို အခုပဲ အခမဲ့ လေ့လာနိုင်ပါတယ်။ Final test ဖြေဆိုအောင်မြင်ရင် UNDP ကပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကိုလည်း အခမဲ့ရရှိမှာ ဖြစ်ပါတယ်။
https://msmelearning.mm.undp.org/course/preview/63c77730a7ddd00ae87e86a2?fbclid=IwY2xjawFIv-pleHRuA2FlbQIxMAABHToebzGayL5ZWdQMvliJDwtTn6GwSFepC2he7z5OGDkrM-6b0m69FQT8tA_aem_99u2uzc-1vR_fQxDl_hSBA
...
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာတော့ အကောင့်ဖွင့်ပြီး သင်တန်းတက်နေသူ (7200) ကျော်သွားပါပြီ။ အကောင့်မဖွင့်ရသေးတဲ့သူတွေလည်း အကောင့်ဖွင့်ပြီး မိမိစိတ်ဝင်စားတဲ့စီးပွားရေးသင်တန်းတွေကို အခုပဲ အခမဲ့တက်နိုင်ကြောင်း သတင်းကောင်းမျှဝေပေးလိုက်ပါတယ်။ အကောင့်ဖွင့်တဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ဒီလင့်ခ်လေးကိုနှိပ်ပြီး အကောင့်ဖွင့်နည်း၊ သင်တန်းရွေးချယ်တက်နည်းဗီဒီယိုကို ကြည့်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
...
UNDP Myanmar ရဲ့ "eLearning Portal for MSMEs" မှာ မြန်မာဘာသာစကားနဲ့ အခမဲ့ တက်နိုင်တဲ့ သင်တန်း (18) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/photo?fbid=439855699044039&set=a.255619310801013

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address

No 53, Conner Of Kyeik Wine Pagoda Road And Mindama Road, Mayangone Towhship
Yangon
NIL

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30