13/04/2026
သင်္ကြန်နှစ်သစ်ကူးအခါသမယတွင် ပျော်ရွှင်ခြင်း၊ ကျန်းမာချမ်းသာခြင်းများနဲ့ အောင်မြင်မှုများ ပြည့်စုံကြပါစေလို့ CLUB 15 Sports Complex မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
CLUB 15 SPORTS COMPLEX
အမှတ် (၇) ၊ တပင်ရွှေထီးလမ်း ၊
ကျောက်ရေတွင်း ၊ မရမ်းကုန်း (၅) ရပ်ကွက် ၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Mobile: 09-661-600-024; 09-661-600-048
08/04/2026
သင်္ကြန်ပိတ်ရက်များဖြစ်သော ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ CLUB 15 ကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
CLUB 15 SPORTS COMPLEX
အမှတ် (၇) ၊ တပင်ရွှေထီးလမ်း ၊
ကျောက်ရေတွင်း ၊ မရမ်းကုန်း (၅) ရပ်ကွက် ၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Mobile: 09-661-600-024; 09-661-600-048
14/02/2026
💖 Happy Valentine’s Day
from all of us from CLUB 15💖
01/01/2026
အေးချမ်းနှစ်လိုဖွယ်ကောင်းတဲ့ နှစ်သစ်အကြိုအချိန်ကာလမှာ ပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် နှစ်သစ်မှာ ယုံကြည်မှုအပြည့် ၊ ခွန်အားသစ်တွေနဲ့ စတင်နိုင်ပါစေလို့ CLUB 15 မိသားစု မှ ဆုမွန်ကောင်း တောင်းပေးပါတယ်။✨
06/12/2025
ရေကူးတာက ပျော်စရာကောင်းရုံတင်မကပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားစေပြီး အဆီပိုတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေနိုင်တဲ့ အားကစားတစ်မျိူးဆိုလည်း မမှားပါဖူး
🔥 ကယ်လိုရီ အများအပြားလောင်ကျွမ်းစေခြင်း
· တစ်နာရီရေကူးခြင်းဖြင့် ကယ်လိုရီ ၄၀၀ မှ ၉၀၀ အထိ လောင်ကျွမ်းစေနိုင်ပါတယ်
· ရေရဲ့ သိပ်သည်းဆကြောင့် ကြွက်သားတွေကို ပိုမိုအားသုံးရခြင်း စတာတွေအပြင်
💪 ခန္ဓာကိုယ်တစ်ခုလုံး လေ့ကျင့်ခန်းဖြစ်ခြင်း
· လက်မောင်း၊ ပခုံး၊ ကျော၊ ဝမ်းဗိုက်၊ ခြေထောက် စတဲ့ ကြွက်သားအားလုံး တစ်ပြိုင်နက်တည်း အလုပ်လုပ်ရခြင်း
· ကြွက်သားများများသုံးရလေ ကယ်လိုရီ ပိုလောင်ကျွမ်းနိုင်ခြင်း
🦵 အဆစ်များကို မထိခိုက်စေခြင်း
· ပြေးခြင်း၊ HIIT လေ့ကျင့်ခန်းတွေနဲ့မတူဘဲ ရေကူးခြင်းက အဆစ်တွေကို မထိခိုက်စေခြင်း
· ဒူးနာ၊ ခါးနာ၊ ဒဏ်ရာရဖူးသူများ၊ ကိုယ်အလေးချိန်များသူများအတွက်လည်း သင့်တော်ခြင်း
⚡ ဇီဝကမ္မဖြစ်စဉ် မြန်စေခြင်း
· ရေကူးပြီးတဲ့အခါ ခန္ဓာကိုယ်က အတန်အသင့်ကြာတဲ့ထိ ကယ်လိုရီတွေ ဆက်လောင်ကျွမ်းနေခြင်း
· ဒါကြောင့် ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီပိုများ လျင်မြန်စွာ ကျဆင်းစေခြင်း
❤️ နှလုံးကျန်းမာရေး ကောင်းမွန်ခြင်း
· ရေကူးခြင်းက အသက်ရှူလမ်းကြောင်းစနစ်နဲ့ နှလုံးကို သန်မာစေခြင်း
· နှလုံးသန်မာလာလေ ခန္ဓာကိုယ်က အဆီပိုတွေကို ပိုမိုထိရောက်စွာ လောင်ကျွမ်းနိုင်ခြင်း
😊 စိတ်ဖိစီးမှု လျော့ကျစေခြင်း
· ရေထဲမှာရှိနေခြင်းက စိတ်ဖိစီးမှုဟော်မုန်း (cortisol) ကို ကျဆင်းစေခြင်း
· စိတ်ဖိစီးမှုနည်းလာလေ အဆီပိုတွေ ပို လောင်ကျွမ်းနိုင်ခြင်း
🌟 ရေရှည်လုပ်ဆောင်နိုင်ခြင်း
· ရေကူးခြင်းက ပျင်းစရာကောင်းတဲ့ treadmill လေ့ကျင့်ခန်းတွေထက် ပိုပျော်စရာကောင်းတာကြောင့် ရေအေးအေးထဲမှာ လေ့ကျင့်ခန်းလုပ်ရတာ လန်းဆန်းပြီး ရေရှည်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်
ဒါကြောင့်...
ရေကူးခြင်းက ကိုယ်အလေးချိန်ကျဖို့အတွက်ထိရောက်မှုအများဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ကယ်လိုရီလောင်ကျွမ်းမှု၊ ကြွက်သားသန်မာမှု၊ ဇီဝကမ္မဖြစ်စဉ်မြန်ဆန်မှု၊ စိတ်ဖိစီးမှုလျော့ကျမှုတို့ကို တစ်ပြိုင်နက်ရရှိစေမယ့် အကောင်းဆုံးသော လေ့ကျင့်ခန်းဖြစ်ပါတယ်။
CLUB 15 ရေကူးကန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်လျှော့ချမှုကို စတင်လိုက်ပါ။
CLUB 15 SPORTS COMPLEX
အမှတ် (၇) ၊ တပင်ရွှေထီးလမ်း ၊
ကျောက်ရေတွင်း ၊ မရမ်းကုန်း (၅) ရပ်ကွက် ၊
မရမ်းကုန်းမြို့နယ်။
Call now to book your workout activities:
📞 09-661 600 024/ 09-661 600 048