02/09/2023
မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်ခြင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အရေးပါသော လူသားအရင်းမြစ်ဖွံဖြိုးတိုးတက်ရေးသည် ကဏ္ဍစုံ၌အရေးပါလျက် ရှိပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး၊နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများအား လူမှုပတ်ဝန်းကျင်၌ ပြန်လည်ဝင်ဆံ့လာစေရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး၊နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအား နည်းဗျူဟာများ၊နည်းပညာများဖြင့် ပြန်လည်ထူထောင်ရေး(Rehabilitation) လုပ်ငန်းကို အားသွန်ခွန်စိုက်ဆောင်ရွက်နေသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်း၌ စခန်းအခြေပြု (၃)လ သင်တန်း သင်တန်းသားများခေါ်ယူခြင်း
ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်း၌ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းကို
(20.9.2023)ရက်နေ့မှ (19.12.2023)ရက်နေ့အထိ သင်တန်းကာလ (3)လ ဖွင့်လှစ်သင်ကြားပေးမည်။
အဆိုပါသင်တန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊အသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြားပေးခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်ပေးခြင်းစသည်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
(15.9.2023)ရက်နေ့မှ သင်တန်းသားစတင်လက်ခံဆောင်ရွက်လျက်ရှိပါသည်။
သင်တန်းသား (20)ဦးသာလက်ခံဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့်
သင်တန်းတက်ရောက်မည့် သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းကို အတိအကျ လိုက်နာပြီး မူးယစ်ဆေးအမှန်တကယ်ဖြတ်လိုသူဖြစ်ရပါမည်။
01657879,ရုံးချိန်အတွင်း
09402677545
09448019045 စသည့်ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
စိတ်သစ်လူသစ်ဘဝသစ်ဆီသို့ ...
Let's begin a new life...
28/07/2023
စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား
28/07/2023
၂၇-၇-၂၀၂၃
သင်တန်းဆွေးနွေးပို့ချမှု
28/07/2023
၂၆-၇-၂၀၂၃
တတိယနေ့သင်တန်းဆွေးနွေးမှု
25/07/2023
၂၅-၇-၂၀၂၃
ဒုတိယနေ့ သင်ကြားဆွေးနွေးမှု
24/07/2023
၂၄-၇-၂၀၂၃ ရက်နေ့
သင်ခန်းစာများဆွေးနွေးပို့ချမှု
24/07/2023
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီး ကြပ်ရေးမှူးသင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်၊ ဇူလိုင် ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ယနေ့ (၂၄-၇-၂၀၂၃) ရက်၊ တနင်္လာနေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူးသင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် ဆေးဖြတ်ကုသမှုခံယူပြီး ပြန် လည်ထူထောင်မှုခံယူ၍ လူမှု့အသိုင်းအဝိုင်း၌ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရန် လိုအပ်လျက်ရှိကြောင်း၊ မိမိအကျိုး၊ အများအကျိုး ဆောင်ရွက်နိုင်သော မူးယစ်ဆေးဝါးကင်းစင်သည့် လူကောင်းတစ်ယောက် ဖြစ်လာစေရန်အတွက် စေတနာ့ဝန်ထမ်းများ၏ နောက်ဆက်တွဲစောင့်ရှောက်ရေး အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ နောက်ဆက်တွဲ စောင့်ရှောက်မှု လုံလောက်ကောင်းမွန်မှသာ ပြီးပြည့်စုံသော ပြန်လည်ထူထောင်ရေးလုပ်ငန်း ဖြစ်လာနိုင်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် ပြန်လည်ထူ ထောင်မှုခံယူပြီးသူများကို အချိန်ကာလ(၁)နှစ် နောက်ဆက်တွဲ စောင့်ရှောက်မှုပေးရန် လိုအပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် ၂၀၁၈ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အနေဖြင့် (၅)ကြိမ်၊ သင်တန်းသား(၁၀၀)ဦးအား လေ့ကျင့်ပျိုးထောင် ခဲ့ပါကြောင်း၊ စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်း အနေဖြင့် (၅)ကြိမ်၊ သင်တန်းသား(၁၀၀)ဦးအား ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ နောက်ဆက်တွဲ စောင့်ရှောက်မှုပေးရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စေတနာ့
ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းများနှင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်နိုင်ကြောင်း ၊ သင် တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သား၍ လိုက်နာသင်ယူသင့်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါ သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရပ်ဖက်မိတ် ဖက်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့နှင့် သတင်းမီဒီယာများ၊ သင်တန်းနည်းပြများ၊ သင်တန်း သားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းအား သင်တန်းသား (၂၀)ဦးဖြင့် (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားအား နံနက်(၁၀:၂၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
07/09/2022
Community-Based Rehabilitation Program for After-Care Service...
13/05/2022
စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း
သင်ကြားခြင်း
13/05/2022
၁/၂၀၂၂ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ (၁၃.၅.၂၀၂၂)