13/02/2025
Cool Master ရဲ့ ချစ်တဲ့ Royal Customer များကို သတင်းကောင်းလေးပေးပါရစေရှင်။
ကျမတို့ရဲ့ အင်ဂျင်နီယာများမှ လူကြီးမင်းတို့ နေအိမ်အား အချိန်နဲ့ တပြေးညီ လင်းနေဖို့အတွက် ဆိုလာ တပ်ဆင်ပေးခြင်းလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ပေးနေပါပြီရှင်။
ဖျာပုံမှာရှိတဲ့ မီးလုံး ဝမရသေးတဲ့ ရွာမှ နေအိမ်အား ဆိုလာ တပ်ဆင်ပေးနေသော မြင်ကွင်းလေးပါရှင်။
လူကြီးမင်းတို့ အသုံးပြုချင်သော ပမာဏအား ပြောလိုက်ရုံဖြင့် ကျမတို့အင်ဂျင်နီယာမှ အခမဲ့ စျေးနှုန်းတွက်ချက်ပေးမှာဖြစ်သောကြောင့်
Ph.09885177828,09682803360 ကို
ဟဲလိုလေးတော့ လုပ်လိုက်နော်။
04/05/2024
ဒီနှစ် မင်မင် တရားစခန်းဝင်နေတာကော အလုပ်များနေတာကြောင့် ဆုတောင်းလေးကို ခုမှ တင်ပေးလိုက်ရပါတယ်ရှင်။
မီးတွေလဲ မမှန် ဝင်ငွေတွေချိန်သုံးနေရချိန်မှာ မင်တို့ ပစ္စည်းတွေ ရောင်းရမှာ အားနာမိလို့.
ရာသီဥတု အရမ်းပူတဲ့အတွက် မင်ရဲ့ ချစ်တဲ့ customer များ အေးတဲ့နေရာလေးမှာ ရွေးနေပြီး ရေများများသောက်ကြပါနော်။
မဖြစ်မနေ ပစ္စည်းလေးတွေ ဝယ်ရမယ်ဆိုရင်လဲ မင့်ကို အပြေးလေးသတိရမိပေးပါနော်။
Cool Master ရဲ့ Customer များ တယောက်မကျန် အယောက်ချင်းစီတိုင်း,
ရာဟုသားနှင့်(၇)ရက်သားသမီးများ,သူငယ်ချင်းများ နှင့် မိတ်ဆွေများ အမျိုးများ အားလုံးအားလုံးအတွက်
ယနေ့စ၍
နောင်နှစ်တွေအထိ
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ
သုခ ပြည့်ဝနိုင်ပါစေ...
ဘေးရန်ကင်းစင်းပြီး
ပြီးပြည့်စုံတဲ့ ဘဝတွေ
ပိုင်ဆိုင်ပြီး
လိုအင်ဆန္ဒတွေ
ပြည့်ဝပါစေကြောင်း နှင့် စိတ်ရှိသမျှ လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့
ဆုမွန်ကောင်း တောင်းအပ်ပါသည်။
🙏🙏🙏🙏🙏
❤❤❤
06/03/2024
Finished Installation.
Rhoto Project.
Our Customer is my vitamin
Thank a lot for your support.
22/02/2024
မိခင်ကုမ္ပဏီနှင့်အတူ အစဥ်အမြဲ ကြိုးစားနေမှာပါ Cool Master.
Royal Customer ကြီးများရဲ့ အားပေးပံ့ပိုးမှု့တွေကြောင့် 2010မှ စပြီး ယနေ့တိုင် ရှင်သန်နေနိုင်တာ Cool Master ပါ။
မိခင်ကုမ္ပဏီနှင့်တကွ Customer အယောက်ချင်းစီတိုင်း ကျေးဇူးအထူးတင်ရှိရင်း ဆက်လက်ကြိုးစားသွားပါ့မယ်ရှင်။
လူကြီးမင်းတို့၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် Peace Myanmar Electric Holding Co., Ltd. မှ 𝗔𝘂𝘁𝗵𝗼𝗿𝗶𝘇𝗲𝗱 𝗜𝗻𝘀𝘁𝗮𝗹𝗹 𝗮𝗻𝗱 𝗦𝗲𝗿𝘃𝗶𝗰𝗲 (𝗔𝗜𝗦) အဖွဲ့များကို မြို့နယ်များအလိုက် စီစဉ်ထားရှိပါတယ်။
Yangon Head Office & Showroom
No.137/139, Botahtaung Pagoda Road, Botahtaung Township, Yangon.
Tel : (01) 8 202376 (01) 8 296688
Yangon Service Center
No.171, Mya Nandar Street, Tharkayta Industrial Zone, Tharkayta Township, Yangon.
Office Phone: 09-73065824, 09-73065825, 09-444484488, 09-444483388
Mandalay Branch
Block (900), 78th St (Between 42St & Theik Pan Street), Mahar Aung Myay Township, Mandalay.
Office Phone: 09 441019004, 09 441019005
Hotline: 09 444487744
Naypyitaw Branch
No.160, Thiri Anawyahtar (16) Street,
Thiri Yadanar Shopping Complex, Zabu Thiri Township, Nay Pyi Taw.
Office Phone: (067) 3 420794, 3 421306, 3 421307,
Hotline: 09 444488411
03/02/2024
Arrive
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းက ကြီးမှူးကျင်းပပြုလုပ်မည့်
ကွန်ပြူတာပညာရှင်များအသင်း၏၂၅ နှစ်မြောက်ငွေရတု အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မည့်
MSMEs များနဲ့ Digital Myanmar
ဆွေးနွေးပွဲကို
MSMEs များနဲ့ Digital Myanmar
ဆွေးနွေးပွဲကို
Digital ဆိုင်ရာ အသိပညာများ
Digital payment ဆိုင်ရာများ
Panel discussion များ
Korea နိုင်ငံ ၏ Motivation ဆိုင်ရာ အကြောင်းအရာများပါဝင်မှာဖြစ်သည့်အတွက် လုပ်ငန်းရှင်များအတွက် အကျိုးရှိစေမည့် ဆွေးနွေးပွဲဖြစ်ပါသည်။
06/01/2024
ပညာလဲရ ဝမ်းလဲ ဝမည့် အလုပ်ပါ။
ရိုးသားကြိုးစားပြီး သင်ယူချင်စိတ် တတ်ချင်စိတ် မခိုမကပ်စိတ် အပြည့်ရှိသော အလုပ်သင်ဝန်ထမ်းနှင့် Air-Con service,Insallation,ကျွမ်းကျင် ဝန်ထမ်းများ အလိုရှိသည်။
လိုအပ်သောအရည်အချင်းများ
ပညာအရည်အချင်း-AGTI,(Other Degree)နှင့် အနည်းဆုံး ၁၀တန်းရှိရမည်။အသက် ၁၈နှစ်ပြည့်ပြီးသူနှင့် ၃၅နှစ်ကြား မရမ်းကုန်းမြို့နယ်အနီး နေသူ ဦးစားပေးမည်။
မှတ်ချက်။မတတ်တာ သင်ချင်စိတ်ရှိရင် သင်လို့ရသည်
***အလိုက်သိဖို့တော့လိုသည်။
***ကြိုးစားချင်စိတ်ရှိဖို့လိုသည်။
***ရိုးသားဖို့လိုသည်။
***အကျင့်စာရိတ္တ အထူးကောင်းမွန်ပြီး ကိုယ်ကျင့် တရားကောင်းဖို့ လိုသည်။
***စည်းကမ်းလိုက်နာဖို့လိုသည်။
***ကိုယ့်တာဝန် ကိုယ်သိပြီး တာဝန်ကျေဖို့လိုသည်။
***လိုအပ်ရင် လိုအပ်သလို နယ်ထွက်ရမည်။အချိန်ပိုဆင်းရ. မည်။
***ခဏတာ ဝင်လုပ်ချင်သူများ လုံးဝလာမလျောက်ရ.
***ဇွဲ လုံ့လ ဝီရိယ မရှိသူများ လာမလျောက်ရ။
အထက်ပါ အချက်များရှိ မရှိ ကိုယ့်ကိုကိုယ် ဆန်းစစ်ပြီးမှ အလုပ်လာ လျှောက်ပါရန်မေတ္တာရပ်ခံပါသည်။
Cv နှင့် လိုအပ်သော စာရွက်စာတမ်း များအား viber
သို့ဖြစ်စေ(15.1.24)နောက်ဆုံးထားပြီး အောက်ပါ
လိပ်စာသို့ ပေးပို့ပါရန်။
အမှတ်(၅၉)သမာဓိလမ်း,ကမ္ဘာအေးစာတိုက်,
မရမ်းကုန်း။
ဖုန်း095177828(viber)
02/01/2024
Cool Master Air-Con Service မှာ ရိုးသားကြိုးစားသော လူငယ်များ အတွက် အခြေခံ Air-Con သင်တန်းကို ပညာဒါနဖွင့်လှစ်ပေးပါမယ်။
၁။အသက်၁၈နှစ် မှ ၃၀ နှစ်အတွင်း ဖြစ်ရပါမယ်။
၂။အခြေခံပညာအထက်တန်းအဆင့် ရှိရပါမယ်။
၃။သင်တန်းကာလအတွင်း သင်တန်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား မလိုက်နာပါက သင်တန်းမှ ထုတ်ပယ်ခြင်းခံရမည်။
၄။သင်တန်းသား ၅ဦးသာ လက်ခံမည်ဖြစ်ပြီး interview ဖြေဆိုအောင်မြင်သူမှသာ တက်ရောက်ခွင့်ပြုမည်။
၅။သင်တန်းကာလမှာ စာတွေ့ လက်တွေ့ ၃လ တိတိ ဖြစ်ပါသည်။
သင်တန်းအတွက်လိုအပ်သောစာရွက်စာတမ်းများ
၁။မှတ်ပုံတင်မိတ္တူ
၂။ပညာအရည်အချင်း ထောက်ခံစာ
၃။အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ
၄။(၆)လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံ ၂ ပုံ
၅။အိမ်ထောင်စုစာရင်းမိတ္တူ
၆။ကိုယ်ရေးရာဇဝင်နှင့်အတူ အောက်ပါလိပ်စာသို့ ၂၀.၁.၂၀၂၄ ရက် နောက်ဆုံးထားပြီး Viber မှ လျှောက်ထားနိုင်ပါသည်။
သင်တန်းတည်နေရာ။(၅၉)သမာဓိလမ်း,ကမ္ဘာအေးစာ
တိုက်.မရမ်းကုန်း.၀၉၅၁၇၇၈၂၈
သင်တန်းကာလ ။၁.၂.၂၄ မှ ၃၀.၄.၂၄ ထိ
မှတ်ချက်။ ။Air-Con သင်တန်းမည်သည့်နေရာမှ မတက်ထားသူများသာဖြစ်ရပါမယ်။
ရည်ရွယ်ချက်။ ။ကြိုးစားချင်စိတ်ရှိပြီး ငွေကြေးမတတ်နိုင်သူများအတွက် အခွင့်အရေးတစ်ရပ်အနေဖြင့် မိမိတို့ တတ်မြောက်ထားသည့်ပညာအား ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။အမှန်တကယ် မတတ်သေးသောသူများအား ဦးစားပေးခြင်းဖြစ် ကုသိုလ်ယူပါ။
သင်တန်းအောင်မြင်ပါက အလုပ်လုပ်ချင်သုများ အလုပ်ပါခန့်ပေးမည်။
01/01/2024
၂၀၂၄ နှစ်သစ်မှစ၍ ရာဟုသားနှင့်တကွ(၇)ရက် သားသမီးများ ကမ္ဘာသူ ကမ္ဘာသားများ အားလုံး မကြောင့်မကျဘဲ ပူပင်သောက ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။စီးပွား ဥစ္စာ ဒီရေအလား တိုးတက်ကြပြီး အသက်ရှူတိုင်း ငွေဝင်ကြပါစေ။အိမ်သစ် ရုံးသစ် စက်ရုံအသစ်တွေ ဝယ်နိုင်ပြီး Air-Con သစ်တွေ အများကြီး တပ်နိုင်ကြပါစေ။
31/12/2023
ပါရမီဖြည့်ဖက်များနှင့် ချစ်သောသူများ ပဌာန်းတူတူပူဇော်ပြီး နှစ်သစ်ကို ကြိုဆိုကြပါစို့နော်။
ပဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ကူးခြင်း🙏🙏🙏
၁။ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်စတင်၍ ဩကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးခြင်း၊ ငါးပါးသီလခံယူခြင်း၊ နတ်ပင့်ခြင်း၊ မေတ္တသုတ်ရွတ်ခြင်းတို့ကို ၁၁ နာရီ ၅၅ မိနစ်တွင်ပြီးဆုံးစေရပါသည်။
၂။ ၁၁ နာရီ ၅၅ မိနစ်မှစ၍ ဟေတုပစ္စယော၊ အာရမဏ္ဏပစ္စယော အစချီ၍ ပဌာန်း ပစ္စယနိဒ္ဒေသနှင့် ပစ္စယုဒ္ဒေသတို့ကို ဆက်လက်ရွတ်ဖတ်ပူဇော်ရပါမည်။
ဆိုလိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့ ပဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ထဲသို့ချဉ်းနင်းဝင်ရောက်ခြင်းဖြစ်ပါသည်။
ထိုသို့ပဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်သို့ဝင်ရောက်ခြင်းဖြင့် ထိုနှစ်တစ်နှစ်လုံးတွင် ကျရောက်နေဆဲ ဒုက္ခမှ လွတ်မြောက်စေခြင်း၊ ကျရောက်လာတတ်သော ဘေးအပေါင်းမှ လုံခြုံစေခြင်း၊ အကြောက်ကိုပြေစေခြင်း၊ အရှုပ်ကိုရှင်းစေခြင်း၊ အညစ်အကြေးကို ကင်းစင်စေခြင်း၊ အငိုတိတ်စေခြင်း၊ ဆိုးနေသောကံကောင်းစေခြင်း၊ နိမ့်နေသောကံမြင့်စေခြင်း၊ မှားနေသောကံ မှန်စေခြင်းနှင့် အတိတ်ဘဝကပါလာသော ဝဋ်ကြွေးတို့မှ ကင်းလွတ်စေကြောင်း ထေရဝါဒ ဗုဒ္ဓစာပေတို့က ဖော်ပြကြပါ၏။
မိသားစုအားလုံး ညီညီညာညာ ရွတ်ဖတ်ပူဇော်ကြပါ။
စံတော်ချိန်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
🙏🙏🙏
09/12/2023
အခြေအနေအရ ပို့စ်တွေမတင်ဖြစ်တာပါ အလုပ်တွေတော့ လုပ်နေသေးပါတယ်ဗျာ
29/11/2023
Happy Birthday MD❤️❤️❤️❤️❤️
Cool Master ရဲ့ MD မွေးနေ့မှသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စိတ်အေးချမ်းသာစွာ ဘဝကို ရင်ဆိုင် ဖြတ်ကျော်နိုင်ပါစေ၊ Cool Master Co. Ltd ကြီးလဲ ဆထက်တိုးပြီး တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
မွေးနေ့ ကိတ်လေးကို သတိတရနဲ့ လက်ဆောင် ပို့ပေးပါသော Peace Myanmar Electric Co,Ltd မှ ဒါရိုက်တာများနှင့် ဝန်ထမ်းများအားလုံးကို ကျေးဇူး အထူးတင်ရှိရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။စီးပွား ဥစ္စာ ဒီရေအလား တိုးတက်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်🙏🙏🙏🙏🙏
17/04/2023
Cool Master ရဲ့ Customer များ တယောက်မကျန် အယောက်ချင်းစီတိုင်း,
ရာဟုသားနှင့်(၇)ရက်သားသမီးများ,သူငယ်ချင်းများ နှင့် မိတ်ဆွေများ အမျိုးများ အားလုံးအားလုံးအတွက်
ယနေ့
နှစ်ဆန်းတစ်ရက်နေ့မှစ၍
နောင်နှစ်တွေအထိ
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ
သုခ ပြည့်ဝနိုင်ပါစေ...
ဘေးရန်ကင်းစင်းပြီး
လိုအင်ဆန္ဒတွေ
ပြည့်ဝပါစေကြောင်း နှင့် စိတ်ရှိသမျှ လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့
ဆုမွန်ကောင်း တောင်းအပ်ပါသည်။
🙏🙏🙏🙏🙏
❤❤❤