Arakan National Network-ရခိုင်အမျိုးသားကွန်ရက်

Arakan National Network-ရခိုင်အမျိုးသားကွန်ရက်

Share

A Political Organization(OR)ANN is any entity that is involved in the political process. Political Organization

28/02/2026

ား #လက်ခံတွေ့ဆုံ #ဖြစ်ခဲ့စဉ်
===============================
"(၂၀၂၅)ခုနှစ်ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်အင်အားစုတွေလဲ အနိုင်မရခဲ့သလို တစ်ပါတီထဲဘဲကြီးစိုးသွားတဲ့အတွက်- လာမဲ့အစိုးရဟာ အားလုံးပါဝင်နိုင်မဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်ရဲ့အထွေထွေပြဿနာတွေကို ဖြေရှင်းနိုင်မဲ့ အစိုးရပုံစံမျိုး ဖြစ်ရန်လို.." 📣 Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝

➖ဦးတင်ထူးအောင်(ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ)

/

20/02/2026

ူးနိုင်းရွှေဆိုင်က #ရွှေထည်ပစ္စည်း_၃၄_မျိုး #ပျောက်ဆုံးခဲ့မှုနဲ့ #ဆက်စပ်သိမ်းဆည်းခံတိုက်ခန်းကိစ္စ #လာမည့်ဖေဖော်ဝါရီလ_၂၄ရက်နေ့ဆုံးဖြတ်မည်
==========================================
#ရခိုင်အမျိုးသားကွန်ရက် တာဝန်ရှိသူများသည် ဖော်ပြပါအမှုဖြစ်စဉ်ကာလ(၃)နှစ်အတွင်း နိုင်ငံသားတစ်ယောက်အခွင့်အရေးဆုံးရှုံးနစ်နာမှုရှိ၍ တောက်လျောက်ရပ်တည်ပေးခဲ့သလို ဖမ်းဆီးထောင်ချခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့်အခါလည်း အဆိုပါ ရခိုင်အမျိုးသမီးငယ်အား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြသည်။ သည့်အပြင် ယနေ့အချိန်ထိ ကျွန်ုပ်တို့ရခိုင်အမျိုးသားကွန်ရက် Legal Teamအနေဖြင့်လည်း အမှုမဖြစ်မှီကပင်ဝယ်ယူထားသည့် ဖော်ပြပါ ဆက်စပ်သိမ်းဆည်းခံ မိသားစုတိုက်ခန်းကိစ္စ ပြန်လည်ရရှိရေးအတွက် ဥပဒေအရ ရင်ဆိုင်စရာရှိသည်များကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်...။
Htoo AunguArakan National Network-ရခိုင်အမျိုးသားကွန်ရက်ရက် 📝

#ဖခင်ဖြစ်သူကိုယ်တိုင် #ရခိုင်အမျိုးသားကွန်ရက်ရုံး၌ #ကျွန်ုပ်တို့အားလာရောက်တိုင်တန်းခဲ့စဉ်Link➖ https://m.facebook.com/story.php?story_fbid=864046265085050&id=100044390530712

/

09/01/2026

#အဝီးရောက်ရခိုင်လူထုရဲ့"ဘ၀လုံခြုံမှုနိန့် ဂုဏ်သိက္ခာအတွက်" အရေးကြီးဆုံးအချိန်ဖြစ်ပနာ အထွေထွေအကျပ်အတည်း..ပိတ်မိနီရေနိုင်ငံရေးကြားမှာ ရွီးချယ်ရစော်ဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်ဝန်ကြီးလောင်းကို ရွီးချယ်မှုမမှားဖို့ လိုပါရေ..📣 Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက်

➖ဦးတင်ထူးအောင်(ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ)

/

Photos from Arakan National Network-ရခိုင်အမျိုးသားကွန်ရက်'s post 20/11/2025

#ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌဦးတင်ထူးအောင် လက်ရှိလုပ်ဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရလျှင် ဆက်လက်အကောင်အထည်ဖော်ဆောင် သွားမည့်မူဝါဒများ-📣

➖ကျောင်းသားလူငယ်များအတွက် ဈေးကွက်လိုအပ်မှုနဲ့အညီ ကျောင်းသားလူငယ်ဗဟိုပြု ပညာရေးအတွက် ပံ့ပိုးကူညီပြီး ဗလငါးတန်ဖွံ့ဖြိုးမှုအတွက် အားကစားနှင့်အနုပညာကဏ္ဍအား မြှင့်တင်ပေးရေး၊

➖ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းထိမ်အပါအဝင် ရခိုင်မျိုးနွယ်စုရွှေ့ပြောင်းလုပ်သားများစွာရဲ့ဘဝလုံခြုံမှုနှင့် တစ်ခြားတိုင်းရင်းသားများအလယ် အလုပ်အကိုင်အခွင့်အလမ်းများ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေး၊

➖ရန်ကုန်ရောက် ရခိုင်လူမှုအသိုင်းအဝန်းအတွက် (၂၄)နာရီကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ရခိုင်ပြည်ဘေးအန္တရာယ်ကယ်ဆယ်မှုအတွက် ရခိုင်လူမှုအဖွဲ့အစည်းပေါင်းစုံနှင့်ပေါင်းစပ်ညှိနှိုင်းပြီး အမျိုးသားရန်ပုံငွေတစ်ရပ်နှင့် Arakan Community Centerတစ်ခု စနစ်တကျဖြစ်ပေါ်လာရေး၊

➖ငြိမ်းချမ်းရေးနှင့်အမှန်တရားအတွက် ရခိုင်အပါအဝင်မျိုးနွယ်စုများအားလုံး လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့်တိုင်းရင်းသားအခွင့်အရေးများကို တစ်ခြားသောပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် တန်းတူညီမျှစွာ ရရှိခံစားနိုင်ရေး၊

➖ရခိုင်အပါအဝင်မျိုးနွယ်စုများ၏ စာပေယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်မပျက်စီးအောင်ထိန်းသိမ်းစောင့်ရှောက်မှုများတွင် တစ်တပ်တစ်အားပံ့ပိုးကူညီဆောင်ရွက်ပေးရေး-[ဥပမာ-ဦးဥတ္တမပန်းခြံရှိ ဆရာတော်ဦးဥတ္တမရုပ်ထုအား ရှေးမူမပျက်ထိန်းသိမ်းစောင့်ရှောက်ပြီး အဆင့်မြှင့်တင်ရေး]။📚 Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝

ဦးတင်ထူးအောင်
ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း
ရန်ကုန်တိုင်းဒေသကြီး

/

14/11/2025

#လေးဝတီ_FMနှင့် #ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌဦးတင်ထူးအောင် #အင်တာဗျူး 📻
==========================================
#ရခိုင်ရေးရာဝန်ကြီးနေရာ ဝင်ပြိုင်ဖို့လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့တွန်းအားကတော့ ဒီတိုင်းပြည်ရဲ့အခြေအနေဟာ အထွေထွေအကျပ်အတည်းကြောင့် အောက်ဆုံးထိရောက်နေပြီ၊ ရခိုင်အပါအဝင်အားလုံး ဒေသတွင်းနိုင်ငံတွေတောင် အကျိုးသက်ရောက်မှုရှိလာတာပေါ့။ လူငယ်အတော်များများဟာလည်း ထိုင်းတို့၊မလေးတို့ကို ရွှေ့ပြောင်းလုပ်သားတွေအဖြစ်ရောက်ကုန်ကာ ဒီလိုအခြေအနေမျိုးဟာ အခုဆိုပြည်တွင်းမှာ Zero Setting(လုံးဝအောက်ဆုံးအခြေအနေမျိုး)..ဒီအခြေအနေက ကျွန်တော်တို့ ဘယ်လိုရုန်းထွက်ကြမလဲ စဉ်းစားတဲ့အခါ လောလောဆယ် အလုံးစုံ ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေးမဟုတ်ယင်တောင် ဒီရွေးကောက်ပွဲနဲ့ထွက်ယင် အဝေးရောက်ရခိုင်လူထုအတွက် အကောင်းဆုံးတစ်ခုများဖြစ်မလားဆိုတဲ့ မျှော်လင့်ချက် ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ✊

#အဲ_ဆုံးဖြတ်လိုက်ရတဲ့အခါတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်/မဖြစ်ဆိုတာကတော့ အဓိကပါဝင်ကြီးကြပ်ဆောင်ရွက်နေတဲ့ UECအပေါ်မှာမူတည်သလို ကျွန်တော်တို့ဒီမှာရှိနေတဲ့အင်အားစုတွေက ဘယ်လောက်ထိန်းကျောင်းနိုင်မလဲဆိုတဲ့ အချက်တွေပေါ်မှာလဲ မူတည်တာပေါ့။ ကျွန်တော့်ဘက်ကလဲ စဉ်းစားတဲ့အခါ ကျွန်တော့်ရဲ့ဖြတ်သန်းမှုသမိုင်း၊ နောက် ကျွန်တော်ဟာလဲ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ ဖြတ်သန်းလာတဲ့သူတစ်ယောက်ဖြစ်တယ်။ Democratic Wayနဲ့အတူ လာတဲ့လူတစ်ယောက်ဖြစ်တယ်။ အဲတော့..ကျွန်တော်တို့ရဲ့ ပေးဆပ်မှုသမိုင်းကို အလဟဿဖြစ်သွားနိုင်လားဆိုတဲ့အချက်ကို ကျွန်တော့်ဘက်ကလဲ ပြန်စဉ်းစားရတာပေါ့..ရင်းနှီးမြှုပ်နှံမှုက အရမ်းကြီးတာကိုး ဒီရွေးကောက်ပွဲက..။ 🚨

#ဒီရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့သူဟာ ရွေးကောက်ပွဲပြီးရုံနဲ့ ပြီးသွားလို့မရဘူး၊ ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာမဲ့ အစိုးရနဲ့အတူ စိန်ခေါ်မှုပေါင်းမြောက်မြားစွာကို ဖြေရှင်းနိုင်မဲ့ လူပုဂ္ဂိုလ်ဝန်ကြီးမျိုးဖြစ်ဖို့ လိုတာပေါ့၊ ဒါကြောင့် ကျွန်တော်တို့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ အဓိကဆုံးဖြတ်ပြီးတော့ အင်အားစုတွေရဲ့တိုက်တွန်းမှုနဲ့ ဒီရန်ကုန်မှာရှိနေတဲ့ရခိုင်လူဦးရေ သုံးသိန်းကနေငါးသိန်းကြားရဲ့ နိစ္စဓူဝပြဿနာတွေ နိုင်ငံတကာမှာရှိနေကြတဲ့ ရခိုင်တွေရဲ့လူကုန်ကူးခံရတဲ့ကိစ္စတွေ နောက်ပြီးတော့လုပ်ငန်းခွင်ဒဏ်ရာရမှုပြဿနာတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးပြဿနာတွေစတဲ့ ဒီစိန်ခေါ်မှုပြဿနာပေါင်းစုံကို ဘယ်သူဖြေရှင်းပေးမလဲ(?) ဆိုတဲ့အချက်နဲ့တင် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်လာရခြင်း ဖြစ်တယ်..။ နောက်ပြီးတော့ တစ်ချို့လူကုန်ကူးမှုပြဿနာတွေဟာ ဥပမာ-G to G(အစိုးရအချင်းအချင်း)ဖြေရှင်းရမဲ့ ပြဿနာတွေဖြစ်တယ်၊ အခုကျတော့ ကျွန်တော်တို့မှာ Political Legitimacyအရ အာဏာမရှိဘူး၊ ဒီလိုအာဏာမရှိတဲ့အခါ ကျွန်တော်တို့ဒီပြဿနာတွေကို ဖြေရှင်းရတာ အရမ်းခက်ခဲတယ်..။ ⚖️ Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝

ဦးတင်ထူးအောင်
ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း
ရန်ကုန်တိုင်းဒေသကြီး

/

08/11/2025

#အခုရွေးကောက်ပွဲက မျှမျှတတဖြစ်မယ်ဆိုယင်တော့ ကိုယ်စားလှယ်အများစုက ကြံ့ခိုင်ရေးဖြစ်ပေမဲ့ အစိုးရအဖွဲ့ထဲမှာ ဖွဲ့စည်းပုံအရကို ကျွန်တော်တို့ဟာ ရခိုင်တစ်နေရာ ကရင်တစ်နေရာပါပြီးသား ဥပမာ-ဝန်ကြီးချုပ်ရှိမယ်၊ စည်ပင်ဝန်ကြီးရှိမယ်၊ နယ်လုံဝန်ကြီးရှိမယ်၊ ရခိုင်ဝန်ကြီးရှိမယ်၊ ကရင်ဝန်ကြီးရှိမယ်..အဲတော့ ဝန်ကြီးငါးပါးမှာ နှစ်ပါးဟာရွေးကောက်ခံဖြစ်တဲ့အတွက် ညှိနှိုင်းဆောင်ရွက်မှုအတိုင်းအတာတစ်ရပ်အထိ ရှိနေမှာဖြစ်ပေမဲ့ ရခိုင်ထဲက ရခိုင်ကိုတကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တက်လာယင်တော့ ရခိုင်အရေးတွေကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်သလို အစိုးရအဖွဲ့အတွင်းမှာလည်း သမ္မတဦးသိန်းစိန်အစိုးရထက် မလျော့တဲ့အနေအထားတစ်ခုကို ရောက်ဖို့တော့ ကျွန်တော်တို့မျှော်လင့်ထားတယ်။ အဲဒီအတွက်လည်း (သမ္မတဦးသိန်းစိန်အစိုးရထက် မလျော့တဲ့အနေအထားတစ်ခုကို) မရောက်ရောက်အောင်သွားမယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ချက်.ချထားတယ်..။ Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝

ဦးတင်ထူးအောင်
ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း
ရန်ကုန်တိုင်းဒေသကြီး

/

06/11/2025

#ဇာအခြေအနီမျိုးမှာမဆို #ရခိုင်အမျိုးရို့ #အမျိုးသားညီညွတ်မှုနဲ့ #တာဝန်သိမှုတိကို #ကျွန်တော်အမြဲယုံရေ📣

ဲ့ ွီးကောက်ပွဲရလာဒ် သုံးဆက် သက်သီပြချက်တိအရ➖ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာ ပြည်ထောင်စုပါတီတိစော် ဇာလောက်ဘင်လုပ်လုပ် ဇာပိုင်ဘင်ကြံကြံ ရခိုင်အမျိုးရို့အမျိုးသားညီညွတ်မှုနဲ့တာဝန်သိမှုတိကြောင့် ရခိုင်အမှတ်တံဆိပ်တိရာ အမြဲတမ်းစည်းလုံးညီညွတ် အောင်ကြောင်းဖြာပါရေ-[ဒေချင့်စော် ငြင်းမရရေ လက်တွီ့နိုင်ငံရေး သက်သီပြချက်တိပါ၊ ၂၀၂၀-တုန်းကလဲ ထူးခြားဖြစ်စဉ် ရန်ကုန်တစ်တိုင်းလုံး ကျွန်တော့်အောင်နိုင်ရေးရုံးတိမှာ မဲပီးဖို့အတွက် ပုံစံ-၃က နဲ့ဖြည့်ခရေ မဲဆန္ဒရှင်အမျိုးရို့ရှစ်ထောင်ကျော်ပါရေ]..📚 Tin Htoo Aung

ဦးတင်ထူးအောင်
ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း
ရန်ကုန်တိုင်းဒေသကြီး

/

03/11/2025

" #ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးလောင်း) ကျွန်ုပ်ဦးတင်ထူးအောင်၏ကိုယ်ရေးအကျဉ်းနှင့် လူထုနှုတ်ခွန်းဆက်စကား"🙏🙏🙏

➖ရခိုင်ပြည်သူတိ စိတ်မချမ်း/မသာဖြစ်နီကတ်လို့ အေခုမှ ဖော်ပြလိုက်ခြင်း ဖြစ်ပါရေ..📣

/

31/10/2025

#လက်တွီ့ကျကျချစ်လို့ #ပြောရေမှတ်ပါ📣
=============================
#ကိုယ်ရွီးလိုက်တေ ရခိုင်ဝန်ကြီးစော် အဆင့်မှီပညာရေးတိဟိဖို့လိုရေပိုင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အသက်အရွယ်ဆိုင်ရာ ကန့်သတ်ချက်တိအပြင်..ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်တိအရ စွမ်းဆောင်ရည် ပြည့်မှီနီဖို့လဲ လိုပါရေနန်း။ ယင်းမှရာ အစိုးရအဖွဲ့ထဲမှာ ရခိုင်အမျိုးရို့ မျက်နှာမငယ်ဘဲ ကျန်အစိုးရအဖွဲ့ဝင်တိပါ လေးစားအားကျရရေ စွမ်းဆောင်ရည်မြင့် ကိုယ်ရို့ဝန်ကြီးတစ်ပါးကို ပိုင်ဆိုင်နိုင်ပါဖို့-[နိုင်ငံတကာမှာတော့ မဲဆန္ဒရှင်ပြည်သူလူထုက ခေါင်းဆောင်တိကို ဒေပိုင် ကျန်းမာရေးစစ်ဆေးချက်တိနဲ့လည်း တိုင်းတာ ရွီးချယ်ကတ်ပါရေ]..။ 🏆

#မဟုတ်ကေ နိုင်ငံရေးစိန်ခေါ်မှုနဲ့အကျပ်အတည်းတိကြားမှာ မကြာခဏဖောက်ထွက်ပံ့ပိုးကူညီနီရဖို့ ရန်ကုန်တိုင်း(၄၅)မြို့နယ်ရောက် ရခိုင်လူဦးရေသုံးသိန်းကျော်ငါးသိန်းနီးပါးအတွက် မလွယ်ပါနန်း-[ဒေချင့်စော် စိတ်ကူးယဉ်မဟုတ်တေ လက်တွီ့ကျကျရင်ဆိုင်ရဖို့ လက်တွီ့နိုင်ငံရေး(Real Politics)ပါရေ၊ မိုးလင်းလာကေ ဆေးတစ်ပုံ၊နာတာရှည်ရောဂါတစ်ပုံနဲ့ ဆုံလည်ကုလားထိုင်ထက်က လက်ညှိုးထိုးခိုင်းဖို့ စိတ်ကူးယဉ်နီလို့ ရရေ နေရာမျိုးမဟုတ်ပါရေ။] 🚨

#ရန်ကုန်တိုင်းဒေသကြီးဆိုစော် မွန်အမျိုးပိုင်ဘူမိနက်သန် နေရာဖြစ်ပနာ ပဒေသာစုံယဉ်ကျေးမှုစီးပွားရေးမြို့တော် သံတမန်ထွက်ပေါက် ဖြစ်တေအတွက် တစ်ချို့ကိစ္စပြဿနာတိစော် ချက်ချင်း(Just Do It)ဖြေရှင်းပီးရပါရေ။ ကျွန်တော့်လုံခြုံရေးကို တာဝန်ခံလိုက်ပီးဖို့လူမဟိလို့..အကျွန်ကားမမောင်းတတ်လို့ ကျွန်တော်သွီးတိုးဆီးချိုတက်ပနာ မထိုင်မထနိုင် ဒရိုင်ဘာမဟိလို့ဆိုလို့ မရပါနန်း[တစ်ချို့ကိစ္စတိက ဂျိမ်းစဘွန်း007ပိုင် ဖြေရှင်းပီးရရေ ကိစ္စတိအများကြီးဟိပါရေ၊ နောက်မှရာ ဥပဒေစိုးမိုးမှု(Law Enforcement)တိက လိုက်လာစော်ပါ]..။🏃‍♂️ Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက်

ဦးတင်ထူးအောင်
ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း
ရန်ကုန်တိုင်းဒေသကြီး

/

28/10/2025

#ရန်ကုန်တိုင်းမိတ်ဆွေရခိုင်လူထုတိ တိုက်တွန်းမှုအရ ကျွန်တော်ရာ(နိုင်ငံရေးအရ လွတ်လပ်တေတစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖို့) မစဉ်းစားမဆုံးဖြတ်ခကေ ရန်ကုန်မှာ ကြံ့ခိုင်ရေးအပါအဝင် ပြည်မပါတီငါးပါတီနဲ့ အေခုမှရောက်လာရေ တစ်သီးပုဂ္ဂလတစ်ယောက်က တိုင်းရင်းသားရေးရာဝန်ကြီးနေရာယူဖို့ စောင့်နီပါကား(အတိတ်က လက်ဟိအစိုးရနဲ့နီးစပ်တေ လူတိဘားကတစ်ဆင့် ကျွန်တော့်ကိုအစိုးရအဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်မှုတိဟိခတာလဲ ကျွန်တော်မပါဝင်ခပါ၊ အေခုမှ ရွီးကောက်ပွဲဖြစ်လာလို့ ကျွန်တော်ဝင်ပြိုင်ဖို့လုပ်နီရေ ဒေနေရာဟာ ရခိုင်ပြည်နဲ့လဲ မဆိုင်ပါ)..📣

#နောက်..ရွေးကောက်ပွဲက တရုတ်ကမကထလုပ်ပနာ ရုရှားနဲ့အိန္ဒိယထောက်ခံ အာဆီယံလေသံပြောင်းမှုနဲ့အတူ အီးယူကလဲ နောက်..လက်ခံလာဖို့ဖြစ်လို့ ဖြစ်ကိုဖြစ်ပါဖို့-[အမေရိကန်ကျကေတော့ သမ္မတထရမ့်လက်ထက်မှာ အမေရိကန်အကျိုးစီးပွား ပထမဖြစ်လို့ ထည့်ပြောသုံးသပ်စရာ မလိုပါဗျာလ်]..🌎

#ကျွန်တော်ရို့ ရွီးကောက်ပွဲလေ့လာမှုတိအရ မြန်မာနိုင်ငံမှာ ကျင်းပခရေ(၁၉၉၀/၂၀၁၀/၂၀၁၅/၂၀၂၀) ရွေးကောက်ပွဲတိအားလုံးစော် စစ်တပ်နဲ့ဗမာပါတီNLDကတစ်ကြိမ်ကျင်းပခရေ ရွီးကောက်ပွဲချည်းပါရာ တစ်ခါတစ်ရံ တစ်ချို့ကိစ္စတိက ရင်ဆိုင်ရုံကလွဲလို့ တစ်ခြားနည်းလမ်း မရှိလို့ပါ(ပြည်တွင်းမှာနီရေ လူထုအတွက် ဆိုလိုခြင်းပါ)။ ဥပမာ-ထိုင်းနိုင်ငံဆိုကေလဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းစစ်တပ်က အာဏာအကြိမ်ကြိမ်သိမ်းတာလဲ ထိုင်းနိုင်ငံရေးသမားခေါင်းဆောင်တိစော် လူထုနဲ့နိုင်ငံမနစ်နာရအောင် ရွီးကောက်ပွဲနဲ့ဘဲလူထုအကျိုးဆောင်ရွက်လျက်ဟိ(ပုံစံတူ ကူးချရဖို့လို့ မဆိုပါ)..✊

#မှတ်ချက်။ ။ #လာဖို့ရွီးကောက်ပွဲကာလမတိုင်ခင်နဲ့ #ရွီးကောက်ပွဲကာလအတွင်းမှာ #ရခိုင်အမျိုးရို့တစ်စုံတစ်ရာနစ်နာမှုမရှိအောင် #ကျွန်တော့်အနီနဲ့ရွီးကောက်ပွဲဥပဒေများနဲ့အညီ #ဥပဒေအကြံပီးတိ_အောင်နိုင်ရေးကိုယ်စားလှယ်တိ_မဲရုံကိုယ်စားလှယ်တိနဲ့ #စောင့်ကြည့်ထိန်းမတ်ဖို့ပြင်ဆင်နီပါရေ..📣

ဦးတင်ထူးအောင်
ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း
ရန်ကုန်တိုင်းဒေသကြီး

/

24/10/2025

#မိတ်ဆွေရန်ကုန်ရခိုင်အမျိုးရို့ #စိတ်ဆန္ဒများအရ #ရန်ကုန်တိုင်းဒေသကြီး #ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(တစ်သီးပုဂ္ဂလ)အဖြစ် #ဝင်ရောက်ယှဉ်ပြိုင်မည့် #ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌဦးတင်ထူးအောင်၏ #ကိုယ်ရေးအကျဉ်း
===========================================
၁။ အမည် - ဦးတင်ထူးအောင်

၂။ လူမျိုး / ဘာသာ - ရခိုင်/ ဗုဒ္ဓ

၃။ မှတ်ပုံတင်အမှတ် - ၁၁/ရဗန(နိုင်) __________

၄။ မွေးသက္ကရာဇ် - ၁၁၊၃၊၁၉၈၀

၅။ မွေးဖွားရာဇာတိ - ရခိုင်ပြည်၊ စစ်တွေမြို့

၆။ ပညာအရည်အချင်း - ဒုတိယနှစ်(ဥပဒေ)အနောက်ပိုင်းတက္ကသိုလ်၊ Electronic Engineering Diploma(UK)၊ Human Rights, Leadership and Capacity Building Advance Level(American Center)

၇။ လက်ရှိအလုပ်အကိုင် - ရွှေမြင့်မိုရ်စားသောက်ကုန်ထုတ်ပိုးမှုလုပ်ငန်းနှင့် 5D ရုပ်ရှင်ရုံငယ်များ(ယာယီပိတ်ထား)

၈။ အဘအမည် - ဦးသိန်းအောင်(မာန်အောင်)
အလုပ်အကိုင် - ဒု-ညွှန်ကြားရေးမှူး၊ အမှတ်(၁) အခြေခံပညာဦးစီးဌာန(ကွယ်လွန်)။

၉။ အမိအမည် - ဒေါ်တင်ရီ(မာန်အောင်)
အလုပ်အကိုင် - အလယ်တန်းကျောင်းအုပ်ဆရာမကြီး(ကွယ်လွန်)၊အ.လ.က(၅) လှိုင်မြို့နယ်။

၁၀။ အမြဲတမ်းနေရပ်လိပ်စာ - ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

၁၁။ ကိုယ်စားပြုပါတီနှင့်ပါတီတာဝန်/တစ်သီးပုဂ္ဂလ - တစ်သီးပုဂ္ဂလ

၁၂။ ရွေးကောက်ပွဲတင်မြှောက်ခံမည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်။

၁၃။ ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
(က) ပညာသင်ကြားခဲ့ဖူးသောကျောင်း/ကောလိပ်/ တက္ကသိုလ်များမှာ -
❇️သူငယ်တန်း(အ.ထ.က)ပုဏ္ဏားကျွန်းမြို့၊
❇️ပထမတန်း(အ.လ.က)ဇင်ချောင်း/ ကျောက်ဖြူမြို့နယ်၊
❇️ဒုတိယတန်းမှ ခုနှစ်တန်းအထိ (အ.လ.က-၂) ကျောက်ဖြူမြို့၊
❇️ရှစ်တန်း(အ.ထ.က) ကမ်းထောင်းကြီး၊ မြေပုံမြို့နယ်၊
❇️န၀မတန်း(အ.ထ.က)မြေပုံမြို့၊
❇️ဒဿမတန်း(အ.ထ.က)ရမ်းဗြဲမြို့၊
❇️ဥပဒေ(ပထမနှစ်မှဒုတိယနှစ်ထိ)စစ်တွေတက္ကသိုလ်၊ ဒုတိယနှစ်ဥပဒေ(အနောက်ပိုင်းတက္ကသိုလ် ရန်ကုန်)။

(ခ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမူရေးလုပ်ငန်းဆောင်ရွက်ချက်များ -
❇️ (၂၀၀၅)ခုနှစ်တွင် စတင်ဖွဲ့စည်းသည့် ၈၈’မျိုးဆက်ကျောင်းသားများအဖွဲ့နှင့်အတူ ပါဝင်‌လှုပ်ရှားဆောင်ရွက်ခဲ့၊
❇️ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(EYNG) မူဝါဒနှင့်နိုင်ငံခြားရေးတာဝန်ခံ၊
❇️(၂၀၀၇) စက်တင်ဘာ လူထုလှုပ်ရှားမှုဦးဆောင်ကော်မတီ၊
❇️ရခိုင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေး ပူးပေါင်းကော်မတီ(ရန်ကုန်)ဥက္ကဋ္ဌ၊
❇️ရခိုင်အမျိုးသားကွန်ရက်(ဥက္ကဋ္ဌ)ယနေ့အထိ၊
❇️ရခိုင်ယူနိုက်တက်ဘောလုံးအသင်း(ဒု-ဥက္ကဋ္ဌ)။

(ဂ) "စနစ်တစ်ခု၊ ခေတ်တစ်ခု"ပြောင်းလဲရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ်ကျခံခဲ့ရခြင်းများ -
❇️(၂၀၀၃)ခုနှစ်တွင် စစ်တွေတက္ကသိုလ်၌ ဥပဒေ ဒုတိယနှစ် တက်ရောက်နေစဉ် မမျှတသည့် ဒေသဆိုင်ရာ ဥပဒေများကို ဆန့်ကျင်၍ ထောင်ဒဏ်ကိုးနှစ်ချမှတ်ခံခဲ့ရ-[စစ်တွေအကျဉ်းထောင်၌ (၂၀၀၅)ခုနှစ်ထိ နေထိုင်ခဲ့ရသည်]၊
❇️(၂၀၀၇)စက်တင်ဘာလူထုလှုပ်ရှားမှုတွင် လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ၌ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(EYNG)၏ ဦးဆောင်သူအနေဖြင့် ပါဝင်ခဲ့မှုကြောင့် ၈၈’မျိုးဆက်ကျောင်းသားများနှင့်အတူ ထောင်ဒဏ်(၃၃)နှစ် ချမှတ်ခံခဲ့ရ- [အင်းစိန်အကျဉ်းထောင်၊ မန္တလေးအကျဉ်းထောင်၊ မုံရွာအကျဉ်းထောင်၊ ခန္ဒီးအကျဉ်းထောင်တို့၌ (၂၀၁၂)ခုနှစ်ထိ နေထိုင်ခဲ့ရသည်]...။

#မှတ်ချက်။ ။ ယနေ့အချိန်ထိ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်သည် လက်ရှိအစိုးရ၏ နီးစပ်သူများမှတစ်ဆင့် အစိုးရအဖွဲ့တွင် ပါဝင်ရန်ဖိတ်ခေါ်မှု၌ မပါဝင်ခဲ့ပါ။ Tin Htoo Aung 📝

/

Photos from Arakan National Network-ရခိုင်အမျိုးသားကွန်ရက်'s post 21/10/2025

#မိတ်ဆွေရန်ကုန်ရခိုင်လူထု #စိတ်ဆန္ဒများအရ #ပါဝင်ယှဉ်ပြိုင်သည့် #ကျွန်ုပ်ဦးတင်ထူးအောင် #ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(တစ်သီးပုဂ္ဂလ)၏ #ဥပဒေအကြံပေးများနှင့် #လာမည့်ရွေးကောက်ပွဲကာလမတိုင်မှီနှင့် #ရွေးကောက်ပွဲကာလအတွင်း #ရခိုင်အမျိုးရို့တစ်စုံတစ်ရာနစ်နာမှုမရှိရလေအောင် ➖📣 Tin Htoo Aung 📝

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. (386), Room(B-5), Thudamar Road, F-Quarter, North Okkalapa Township
Yangon
11031