FREDA

FREDA

Share

Founded in 1996, FREDA is a non-political, non-profit and non-government organization in the forestry sector of Myanmar.

01/06/2026

ငှက်ကြည့်ခြင်းသင်တန်းလေးကို အသေးစိတ်ပြန်လည်ကြေငြာပေးပါမယ်ရှင့် စိတ်ပါဝင်စားမှု့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

Photos from FREDA's post 26/05/2026

၂၆.၅.၂၀၂၆

မင်းမူနေကြလေပြီ

Dr.စန်းဝင်း(FREDA)

၁၉၈၃ ခုနှစ်သစ်တောဘွဲ့ရပြီး ၁၉၈၄ မှ ၁၉၉၂ အထိ (၉)နှစ်ကြာ သာယာဝတီခရိုင်အတွင်းက လက်ပံတန်း၊ မင်းလှ၊ သာယာဝတီမြို့နယ်များအတွင်းရှိ သစ်တောကြိုးဝိုင်းတွေထဲမှာ တာဝန်ထမ်းခဲ့ ရပါတယ်။ ရွှေဝါမြိုင်မြေပြန့်ကြိုးဝိုင်း၊ မုက္ခာကြိုးဝိုင်း၊ ကဒင်ဘီးလင်းကြိုးဝိုင်း၊ သစ်တောရိုး မြေပြန့်ကြိုးဝိုင်း၊ ကုန်းဘီးလင်း၊ သုံးဆယ်ကြိုးဝိုင်းတွေထဲမှာပေါ့။

ဒီနေရာမှာစကားစပ်မိလို့ပြောရရင် အင်းစိန်ကြက်ဖြူကန်ကြိုးဝိုင်း၊ မှော်ဘီဝါးနက်ချောင်း ကြိုးဝိုင်း၊ သာယာဝတီမြို့ သစ်တောရိုးကြိုးဝိုင်း၊ မင်းလှမြို့ ရွှေဝါမြိုင်ကြိုးဝိုင်း၊ အုတ်ဖိုမြို့ ဆတ်ပုတ်ကြိုးဝိုင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်းမှာ ဘရန်းဒစ်ကံကြီးကြိုးဝိုင်း၊ နတ္တလင်းမှာ ဒမငယ် ကြိုးဝိုင်း ဆိုပြီး ပြည်မြို့ရောက်တဲ့အထိ မြေပြန့်ကြိုးဝိုင်းတွေစီတန်းလျှက်ရှိပါတယ်။ အဲဒီကြိုးဝိုင်း တွေကိုဖြတ်ပြီး၊ တချို့ကြိုးဝိုင်းဆိုအနီးအနားကနေဖြတ်ပြီး ရန်ကုန်-ပြည်ရထားလမ်းဖောက် သွားတာပါ၊ ဆိုလိုချင် တာက ၁၈၇၇ခုနှစ်မှာ ရန်ကုန်-ပြည်ရထားလမ်းစတင်ဖွင့်ခဲ့လို့ အဲဒီတုံးက ပြေးဆွဲခဲ့တဲ့ ရထားက ထင်းလောင်စာကို အသုံးပြုဘွိုင်လာအိုးကိုဆူစေကာ ရလာတဲ့ ရေနွေးငွေ့နဲ့ မောင်းနှင်ရတာပါ၊ ဒီရထားကို လော်ကယ် ရထားလို့ခေါ်ပါတယ်၊ ဒီ Local ရထားကို ထင်း supply လုပ်ဖို့ဖော်ပြပါ မြေညီကြိုးဝိုင်းများ ဖွဲ့ထားတာဖြစ်နိုင်ပြီး အဲဒီကြိုးဝိုင်းတွေကို Local supply လို့ခေါ်ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က Local supply ဆိုရင် ဒေသခံထောက်ပံ့ရေးဆိုပြီး အဓိပ္ပယ်ပေါက်နေကြပါတယ်။

သစ်တောမှာ Teak Eradication Working Circle (TEWC) ဆိုပြီးရှိပါတယ်။ ဒီTEWCပြုလုပ်ရခြင်းရည်ရွယ်ချက်က လယ်ကွက်တွေအကြားမှာပေါက်နေတဲ့ လယ်ကြားကျွန်းကို အပြောင်ခုတ်ချင်တဲ့သဘောပါ၊ အကြောင်းရင်းကလယ်ကွက်တွေအကြားမှပေါက်နေတဲ့ ကျွန်းပင်က အကိုင်းအခက်ထွက်တာများလို့ သူထံကရတဲ့ကျွန်းသီး(အများကတော့ ကျွန်းစေ့လို့ခေါ်တယ်)က ‌ပေါက်လာခဲ့ရင် မိလိုက်ဖသားပီပီအကိုင်းများတဲ့၊ အရည်အသွေးမမီတဲ့ ကျွန်းပင်တွေပေါက်လာမှာ စိုးလို့ ဒီလယ်ကြားကျွန်းပင်တွေကိုခုတ်ခိုင်းရတာပါ၊ ဆိုလိုချင်တာကလယ်ကြားမှာတောင်ကျွန်းပင် တွေရှိနေတာ၊ ကျေးလက်ပြည်သူသုံးဖို့ထင်း/မျောတိုင်ဆိုတာအများကြီးရှိပါတယ် သူတို့အတွက်ကြိုး ဝိုင်းထဲ့က ဝါး၊ ထင်းအတွက် သတ်မှတ်တဲ့အခွန်ဆောင်စေပြီး ထုတ်ယူခွင့်လည်းပြုထားပါတယ်။ သူတို့အတွက် Local Supply ကြိုးဝိုင်းမဖွဲ့စည်းခဲ့လောက်ပါ။

ကဲ မင်းမူတဲ့အကြောင်းဆက်ပြောရအောင်။

၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလက မင်းလှမြို့၊ ရွှေဝါမြိုင်ကြိုးဝိုင်း(ရန်ကုန်-ပြည်လမ်းဘေး) အတွင်းက ရွှေဝါမြိုင်ပျိုးဉယျာဉ်မှာ စတင်တာဝန်ထမ်းဆောင်ရပါတယ်၊ ထိုစဉ်က ပဲခူးတိုင်း၊ သစ်တောဦးစီးမှူး (ထိုစဉ်ကညွှန်ကြားရေးမှူးဟုမခေါ်ပါသေးပါ)ဖြစ်သူ ဦးစိန်ဝင်းက ပျိုးပင်ပေါက်(၃) ပင်ကို စာ‌ရေးသူ အားပေးခဲ့ပြီး ပျိုးဉယျာဉ်တွင် ပျိုးထောင်စိုက်ပျိုးရန်မှာခဲ့ပါတယ်။

ယင်းပျိုးပင်များမှာ အကေရှား(Acacia-auriculiformis) အပင်ဖြစ်ပါတယ်။

Acacia genera တွင် မျိုးစိတ် ၁၀၈၀/၁၀၈၅ထိရှိပြီး Acacia အတော်များများ (90%) လောက်၏ မူရင်း‌ဒေသမှာ Australia တိုက်ဖြစ်သည်ဟုသိရပြီး၊ အနဲငယ်သော မျိုးစိတ်များကသာ အရှေ့တောင်အာရှနဲ့ မာဒါစကာအချို့ ပစ္စပိတ်ကျွန်း(ဉပမာ-ဟာဝိုင်ယီ)တို့က မူရင်းဒေသများ ဖြစ်ကြပါတယ်။

Acacia-auriculiformis ၏ မူရင်းဒေသမှာ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှားအရှေ့ပိုင်းဒေသ ဖြစ်သည်ဟုသိရပါတယ်။

Acacia mangium မှာလည်း ဩစတေးလျအရှေ့မြောက်ပိုင်း၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား အရှေ့ဖျား ဖြစ်သည်ဟုသိရသည်။

ဆိုပါစို့တိုင်းဦးစီးမှူး(ထိုစဉ်ကသစ်တောမင်းကြီးဟုလည်းခေါ်)ဦးစိန်ဝင်းက A-auriculiformis (၃)ပင်ပေးခဲ့ပြီး အပင်ကအကြီးမြန်ပြီးထင်းအတွက်အလွန်ကောင်းသည် ဟုပြောခဲ့သည်၊ အကြီး မြန်တဲ့အပင်လို့လည်းပြောသွားပါသေးတယ်။ နောက်ပိုင်းတွင် ထင်းလောင်စာ အတွက် A-auriculiformis သာမက Acacia mangium ပါစိုက်ပျိုး လာသည်ကို တွေ့ရပါတယ်။

မင်းလှ၊ လက်ပံတန်းမြို့နယ်များတာဝန်ထမ်းဆောင်ပြီး သာယာ၀တီမြို့နယ်ရောက်တော့ သုံးဆယ်သစ်တောကြိုးဝိုင်းအပြင် မြေညီမှာရှိတဲ့ သစ်တောရိုးသစ်တောကြိုးဝိုင်းကိုပါ ထင်းစိုက်ခင်း အတွက် ကြီးကြပ်ခဲ့ရတယ်၊ သစ်မျိုးကတော့ Acacia mangium ပေါ့။

ဒီမှာ Acacia mangium ကို ရွာသားတချို့က “အဲဒီသစ်မျိုးက အပွင့်-ပွင့်ရင်-အသက်ရှုကြပ်လာလို့” မစိုက်ကြဖို့ ကန့်ကွက်လာကြပါတယ်။ မန်ဂျီယံအပွင့်က အဝါရောင်ရှိပြီး ဝတ်မှုံ လေး တွေအများအပြား လေထဲလွင့် ကုန်တော့ အသက်ရှုလမ်းကြောင်းထဲက တဆင့်အဆုပ်ကို ရောက်ပြီး အသက်ရှုကြပ်တယ်လို့ထင်ပါတယ် ဆိုပါစို့ ထင်းအတွက်ကောင်းပေမဲ့ ကျန်းမာရေး ရှုထောင့်ကနေ ကန့်ကွက်ခံရဘူး တဲ့သစ်မျိုးပါ။

ပင်စင်ယူပြီးနောက် ဖရီဒါအသင်းမှာဝင်ရောက်လုပ်ကိုင်ပါတယ်၊ မန်ဂျီယံတော့မစိုက်ရပေမဲ့ ဒီရေတော အပင်(၂)မျိုး(၃)မျိုးကို အလေးပေးစိုက်နေရပါတယ်။ (အမှန်ကတော့ မျိုးအစေ့ကလည်း အဲဒီ(၂)မျိုး၊ (၃)မျိုးသာရနေလို့ပါ)၊ ဖရီဒါအသင်းမှာ သူများကကူညီပေးခဲ့တဲ့ ဖားကူးလှေတစင်း ရှိပါတယ်၊ စပါးတင်း(၅၀၀)ဆန့် လောက်လှေကြီးပါ။

လှေကရေချိုရေငံစပ်ဧရိယာဖြစ်တဲ့ မော်လမြိုင်ကျွန်း (မော်ကျွန်းဟုအတိုကောက်ခေါ်) က ဝယ်လာပြီး ရေငံဒေသဖြစ်တဲ့ လပွတ္တာမှာထားတော့ ဒီပိုးကြောင့်လှေဝမ်းဘိုက်မှာ ဆွေးမြေ့ ပေါက်လာပါတယ်၊ ဒေါက်တင်ဖို့ လိုလာပြီပေါ့၊ ‌ဒေါက်တင်တယ်ဆိုတာလှေပြင်တာကို ပြောတာပါ။ သစ်စျေးကို လပွတ္တာရှိလှေလွန်းတင်တဲ့နေရာမှာ မေးကြည့်တော့ ကျွန်းသစ်ကတစ်တန်(ကျပ်သိန်း ၁၅၀-၂၀၀)၊ ပျဉ်းကတိုး က တစ်တန်(၁၁၀)သိန်းနဲ့ အဲဒီမန်ဂျီယံသစ်က ၁ တန်ကို ကျပ် (၄၂)သိန်းတဲ့ ကျန်တဲ့ သကၤန်း၊ ပျဉ်းမကတစ်တန် သိန်း(၈၀)ဝန်းကျင်၊ ဒါပေမဲ့သကၤန်းသားကရှားသွားပြီး စျေးသာရှိ တော့တာ၊ သစ်မရှိတော့ဘူး။ သစ်ပွသားတွေဖြစ်တဲ့ မအူတို့၊ ဘိုင်တို့ ဆိုရင်(သိန်း၄၀)ဝန်းကျင်နဲ့ ပြီတော့ သစ်ပွသားဖြစ်လို့ ခနပဲခံမယ်တဲ့၊ လှေပြင်ခက“ပေ”နဲ့ယူတယ် ၁ ပေ၄၀၀၀ိ/-မှ၄၅၀၀ိ/-တဲ့၊ လှေအခြေအနေပေါ်မူတည်ပြီး ကျပ်သိန်း(၁၂၀) ကုန်ကျနိုင်ပါသတဲ့ “အင်ဂျင်ကိုင်ခမပါသေး” ကိုယ်စိတ်ထဲမှာ လွန်ခဲ့တဲ့အနှစ်(၄၀)ကျော်က အခြေအနေကို တဖြည်းဖြည်း မြင်ယောင် လာပြီး “ထင်းအတွက်သာသုံးတဲ့သစ်၊ ကျန်းမာရေး ထိခိုက်စေလို့ ကန့်ကွက်ခံရတဲ့သစ်ဖြစ်တဲ့ မန်ဂျန် သစ်ပင်တောင်မှ အရေးပါနေပြီး မင်းမူနေပါလားလို့” တွေးမိပါတော့တယ်။

26/05/2026

🦉 "ငှက်ကလေးတွေရဲ့ ကမ္ဘာထဲသို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ခြင်း" 🌳

ဖရီဒါအသင်းသူ/အသင်းသားများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ချစ်မြတ်နိုးကြတဲ့ ဆရာ/ဆရာမများနှင့် ညီအစ်ကိုမောင်နှမများတို့ရေ

သဘာဝပတ်ဝန်းကျင် ဂေဟစနစ်မှာ အရေးပါလှတဲ့ ငှက်မျိုးစိတ်လေးတွေအကြောင်းကို စနစ်တကျ လေ့လာနိုင်ဖို့အတွက် ဖရီဒါအသင်း (FREDA) ကြီးက ပထမဦးဆုံးအကြိမ်အဖြစ် "ငှက်ကြည့်ခြင်း (Bird Watching) သင်တန်း" ကို မကြာမီ အချိန်အတွင်းမှာ ဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင်။ 📢

✨ ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?

(၁) ငှက်များရဲ့အမည်ကိုသိလိုသူများနှင့် ငှက်မျိုးစိတ်လေးတွေရဲ့ အပြုအမူနဲ့ အလှတရားကို ခံစားချင်သူများ
(၂) သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို စိတ်ဝင်စားသူများ
(၃) စိတ်အပန်းပြေမယ့် ဝါသနာအသစ်တစ်ခုကို မွေးမြူချင်သူများ
(၄) စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည် 👉

📅 သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေ့ရက်နှင့် သင်တန်းကြေး အသေးစိတ်ကိုတော့ မကြာမီမှာ ထပ်မံကြေညာပေးသွားမှာဖြစ်လို့ FREDA Page လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

အသေးစိတ်ကို စိတ်ဝင်စားလို့ ကြိုတင်စုံစမ်းချင်တယ်ဆိုရင်တော့ Comment မှာဖြစ်စေ၊ Message Box မှာဖြစ်စေ မေးမြန်းထားနိုင်ပါတယ်ရှင်။ 💚

12/05/2026

"ဖြေးဖြေးလျှောက်၊ ခြေသံ မပြင်းနဲ့"
ဒေါက်တာစန်းဝင်း(သစ်တောတက္ကသိုလ်)

လောကမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သူများကို အတုယူအားကျစရာ ပုဂ္ဂိုလ်များ အဖြစ် ကျွန်တော့်အနေနဲ့ မှတ်ယူလေ့ရှိပါတယ်။ ကျွန်တော့အနေနဲ့ အားကျစရာလေးတစ်ခု ဖြစ်ပြီး စိတ်ထဲမှာ အမြဲမှတ်မိနေတာလေးကို တိုတို တုတ် တုတ်ဖောက်သည်ချလိုပါတယ်။ အားကျစရာဖြစ်သလို ကိုယ့်ရဲ့ သစ်တော သယံဇာတကို တိုင်း တစ်ပါး သားတစ်ယောက်အနေနဲ့ အစွမ်းကုန် ကာကွယ်သွားလို့ အံ့သြ စရာလည်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာမူရင်းစာရေးသူရဲ့ အင်္ဂလိပ်စာရေးဟန်နဲ့ သူ့ခံစား ချက်ကို စာဖတ်သူများ သိစေလို၍ အင်္ဂလိပ်လို တစ်ချို့တဝက် ထည့်သွင်းထားပါတယ်။

သူကတော့ ကျွန်တော်တို့ရဲ့ သစ်တောအုပ်ချုပ်မှုကို အုတ်မြစ်ချပေးခဲ့တဲ့ Sir.Dietrich Brandis ပါ။ ဂျာမာန်လူမျိုးပါ။ Sir.Dietrich Brandis က ၁၈၅၆ခုနှစ်၊ ဇန်နဝါရီလ ကုန်မှာမြန်မာပြည် ရောက်လာပါတယ်။ ဇနီးသည်က Lord Dalhousie ရဲ့ အမျိုးအနွယ် ထဲကပါ။ သူနဲ့သူဇနီးသည် မြန်မာပြည်ကို ရောက်ပြီး မကြာမီမှာပဲ ဇနီးကို ရန်ကုန်မှာ ချန်ရစ်ကာ ၁၈၅၆ ခုနှစ် ဇန္နဝါရီလကုန်မှ မေလ မိုးကျသည်အထိ ပဲခူးရိုးမ တောထဲမှာ ၅ လကြာတာဝန်ထမ်းဆောင်ခဲ့ပါတော့တယ်။ ဒီတော့သူက သစ်တောများ စီမံအုပ်ချုပ်ဖို့အတွက် အခြေခံ အုပ်မြစ်(၃)ခု ချမှတ် လိုက်ပါတော့တယ်။
အဲဒါတွေကတော့
(၁)သစ်တောက နှစ်စဉ်ထုတ်ပေးနိုင်သော သစ်ထွက်နိုင်မှုထက် ပိုမခုတ်
ယူရန်နှင့် သဘာဝ သစ်တောများကာကွယ်ရန်၊
(၂)သစ်တောကရရှိသော ဝင်ငွေကို သစ်တောအုပ်ချုပ်မှုတွင် ပြန်သုံးပြီး နိုင်ငံအတွက်အပိုငွေ များရရှိရန်နှင့်
(၃) သစ်တောအတွင်း နဲ့ သစ်တောပတ်ဝန်းကျင် ၌ လူအားလုံး
ကျေးလက်ပြည်သူများအပေါင်းအသင်းမိတ်ဆွေဖြစ်စေဖို့ဆိုတာ တွေဖြစ်ပါတယ်။ ဒီအခြေအနေ(၃) ရပ်ကို လေ့လာကြည့်ရင် ယနေ့ပြောကြားနေတဲ့ Sustainable Forest Management Concept ဆိုတာပါဝင်နေတာတွေ့ရသလို Social Forestry ဆိုတာလည်း မကျန်ခဲ့ပါဘူး။

သူရဲ့မြန်မာပြည်သစ်တောမှာတာဝန်ထမ်းဆောင်မှုကာလ (၆)နှစ်အတွင်း အားကျ စရာ တွေအများအပြားထဲက တစ်ခုကတော့ ထိုခေတ် သစ်ကုန်သည်တွေက ကျွန်းပင်ကို နှစ်စဉ် တောထွက် ထက်ပိုပြီး ခုတ်ယူလိုတဲ့ကိစ္စ မဖြစ်မြောက်အောင် ကာကွယ်ပေးခဲ့တာ လေးပဲဖြစ်ပါတယ်။

ရန်ကုန် မြို့ဆိုတာ (၁၈)ရာစု လောက်တုန်းက ကျွန်းသစ်တင်ပို့ရောင်း ချတဲ့မြို့အနေနဲ့သာ နာမည်ကြီးပြီး စီကားလာတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပါတယ်တဲ့။ မြန်မာပြည်ဟာ ထိုစဉ်က ဆန်တင်ပို့မှုကို မ,စတင်နိုင်ခဲ့သေးပါဘူး။ ပြောရရင် ဆန် စပါးလုပ်ငန်းမထွန်းကားသေးပါဘူး။ ရန်ကုန်မှာရှိတဲ့ကုန်သည်တွေဟာ သူတို့ရဲ့ ကျွန်းသစ်တင်ပို့တဲ့ လုပ်ငန်း မြန်မြန်ကြီးပွား ဖွံ့ဖြိုးစေလိုပြီး သစ်တော အုပ်ချုပ် မှုစနစ်အရကျွန်းသစ်ထုတ်ယူမှု ကန့်သတ်ထားခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြ ပါတယ်။

Sir.Dietrich Brandis သစ်တောအုပ်ချုပ်မှုအခြေမူ အပိုဒ်(၁)ပါအတိုင်း သစ်တောက နှစ်စဉ်ထုတ်ပေးနိုင်သော သစ်ကို သတ်မှတ်တွက်ချက်ပြီး အဲ့ဒီအ တိုင်း လိုက်နာ ဆောင်ရွက်စေ ပြီး တဖက်ကလည်း ကုန်သည်တို့နဲ့ အခင်မပျက် နေပေး ခဲ့ပါတယ်။ ကုန်သယ်များက စျေးကွက် ဝင်ရောင်းချရသမျှ ကျွန်းပင်အားလုံး ခုတ်ရောင်းချင်နေကြပြီး နှစ်စဉ် တောထွက် ကန့်သတ် ထားတာ ကို ဖြေလျော့ ပေးဖို့တောင်းဆိုကြပါတယ်။

ကုန်သည်များရဲ့ အကြောင်းပြချက်ကတော့ ယခုအခါ ပင်လယ်ရေကြောင်း သွားလာရေး အတွက် သင်္ဘောတွေတည်ဆောက်နေရလို့ ကျွန်းသစ်ဟာ မျက်နှာ ပန်းပွင့်ရောင်းပန်း လှနေတာပါ။ နောင်အခါ သစ်နေရာမှာ သံတွေနဲ့ သင်္ဘော ဆောက် လုပ်ခဲ့ရင် ကျွန်းသစ်ဆိုတာ တချိန်က စျေးကွက်အတွင်းက (ဆေး) တစ်မျိုးအနေနဲ့ ကျန်ရစ် သွားခဲ့မှာပါတဲ့။ အဲဒီအခါမှာကျွန်းသစ်စျေးကျပြီး ကျွန်းပင်တွေဟာလည်း တန်ဖိုး မရှိဖြစ်သွားမှာပါတဲ့။ နောက်ဆုံးတာ့ ကျွန်းသစ်ဟာ အသေးအဖွဲ ကိစ္စရပ်လေး ဖြစ်သွားပြီး ကျွန်းတောကြီး ဟာ လည်းတန်ဖိုးမရှိ ဖြစ်သွားမယ်ဆိုတဲ့ သဘောပါပဲ။ စာဖတ်သူများကို မူရင်းသဘောအတိုင်းခံစား ရအောင် Sir Dietrich, Brandis အင်္ဂလိပ်လို ရေးထားတာလေးကို ဖော်ပြလိုက်ပါတယ်။ “ It has already been mentioned that Rangoon in those days had derived its importance mainly from the export of Teak timber and the ship building trade carried on by means of the Teak timber brought from the forests. Teak at that time was the chief article upon which the prosperity of that town depended, for the export of rice, which since has given it a much greater importance, had at that time hardly begun. The merchants of Rangoon naturally desired to see their business increase rapidly and as soon as they realized that the system introduced by me in 1856 would limit the quantity of Teak brought to market…... Personally I made a point of keeping on good terms with them and they tried hard to induce me to allow them to enter the forests and to cut the whole of the marketable trees. With much show of reason, they contended that ships built of teak would soon be a thing of the past, where iron would, in shipbuilding as well as for all other purposes, replace the use of wood. Within a few years the demand for teak would diminish, prices would fall, and in the end, teak would be a drug in the market and the Teak forests would be valueless”.
ကုန်သည်များဟာ ဒီအတွေးအခေါ်နဲ့ Sir, Dietrich Brandis ထံကို ချဉ်း ကပ်လာခဲ့ ပါတယ်။ သစ်တောဆိုတာ စီးပွားရေးအပြင် ပတ်ဝန်းကျင်ထိန်း သိမ်းရေး အတွက် ပါ အရေး ပါလှတဲ့ကိစ္စရပ်ကိုသိတဲ့ Sir, Dietrich Brandis က ကုန်သည်များရဲ့ ဆန္ဒကို မလိုက်လျော ခဲ့ပါဘူး၊ ကုန်သည်များကတော့ သူတို့ယူဆချက်လက်ကိုင်ထားပြီး ကျွန်းတော အားလုံး ခုတ်ရောင်း ခွင့်ပေးဖို့ တနည်းအားဖြင့်သူတို့ အယူအဆ လက္ခံဖို့တောင်းဆိုခဲ့ပါတယ်။

ကုန်သည် များက Brandis ရဲ့သစ်တောအုပ်ချုပ်မှုအယူအဆ (နှစ်စဉ်တိုးပွား လာသော သစ်ထုထည်ထက်ပိုမခုတ်ရေးအယူအဆဟာ)မှားယွင်းကြောင်းကို မြန်မာ ပြည်ရောက် ဥရောပ နိုင်ငံသား များအကြား နဲ့သာမန် အစိုးအရ အမှုထမ်းများအကြားပါ ဝါဒ ဖြန့်ခဲ့ပုံရပါတယ်။ Sir, Dietrich Brandis က အစိုးရ အပေါ် သစ္စာရှိရှိ တာဝန် သိသိထမ်းဆောင်ခဲ့သော်လည်း ကုန်သည်များရဲ့ ပြောဆို ဆွေးနွေး အကြံပြုချက်ကို လက်မခံရင် Sir, Dietrich Brandis ၏ အသက်အန္တရာယ် ကို တောင် အနှောက် အယှက်ပေးမည့်ပုံအထိ ဖြစ်ပေါ်ခဲ့ပုံရပါတယ်။

“ These considerations, they maintained, imperatively demanded the acceptance of their proposals. They appealed to my sense of duty toward the Government which I was serving, to my ambition and to my common sense, and they pictured in the darkest colors the disastrous consequences of a refusal to back their proposals. And with justice they added that they, the merchants, stood not alone in their views, but that these views were shared by the majority of the public officers and European residents of the Province”.

Dietrich Brandis ကျွန်းသစ်ပိုခုတ်ဖို့သဘောမတူတော့ ပဲခူး ဝန်ရှင်တော် မင်းကြီး Sir Phayre ထံ ချဉ်းကပ်ပြန်ရော။ Sir, Phayre လည်းလက်မခံတော့ အိန္ဒိယ ရှိ အစိုးရ အကြီးအကဲ များထံ သွားပြီးချဉ်းကပ်ပြန်ရော။ ဒီတုန်းက မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လို အိန္ဒိယအစိုးရထံကို ချဉ်းကပ်ကြတာပါ။

အိန္ဒိယမှာရှိတဲ့ အစိုးရ အကြီးအကဲများကို သစ်ကုန်သည်များ “ မည်သို့မည်ပုံ ချည်းကပ်လိုက်သည်မသိ၊ “ပဲခူးရိုးမရှိကျွန်းတောများကို ခုတ်ယူစေ” ဆိုတဲ့အ မိန့်ချလိုက်ပြီးအဲဒီအမိန့်ကို ရင်ဝယ်ပိုက်ပြီး ရန်ကုန်ပြန်လာပါတယ်။ Sir, Dietrich Brandis အတွက် တစ်ဖက်က အထက်အမိန့် တဖက်က သူ့ရဲ့ သစ်တောအုပ်ချုပ်မှု အခြေခံမူများ ၂ ခုကြားမှာ ဆုံးဖြတ်ဖို့ဖြစ်လာပါတယ်။

"ဆက်ရန်ရှိသေးသည်"

10/05/2026

"ကျွန်တော်တို့ရဲ့ [မြန်မာလူငယ်များအတွက် မရှိမဖြစ်လိုအပ်လာသော 'Green Skills' နှင့် ပြည်တွင်း NGO များ၏ အခန်းကဏ္ဍ"] Webinar လေး စတင်ဖို့ မိနစ်အနည်းငယ်ပဲ လိုပါတော့တယ်! ⏳
အခုပဲ Zoom မှာ ဝင်ရောက်နေရာယူထားလိုက်တော့နော်။ ဗဟုသုတအသစ်တွေနဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်တွေ အများကြီး ပြင်ဆင်ထားပါတယ်။
🔗 Zoom Link: • Zoom Join Link: https://us05web.zoom.us/j/7325865920...
• Meeting ID: 732 586 5920
• Passcode: 13111983
ခဏနေရင် ပြန်တွေ့ကြမယ်နော်! ✨"

04/05/2026

ဖရီဒါအသင်း၏ (၃၀) နှစ်ပြည့် ခရီးစဉ်နှင့် ပုလဲရတုအမှတ်တရ

ဖရီဒါအသင်း (FREDA) စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အတူတကွ လက်တွဲပါဝင်ခဲ့ကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်တို့အသင်း၏ (၃၀) နှစ်ပြည့် ပုလဲရတုခရီးစဉ်ကို ဂုဏ်ပြုသောအားဖြင့် "နှစ် (၃၀) ပြည့် အထိမ်းအမှတ် မဂ္ဂဇင်း" ကို ယခု ၂၀၂၆ ခုနှစ်အတွင်း ထွက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

FREDA အသင်း

04/05/2026

(Free Webinar) လူငယ်ထုအတွက် အထူးအစီအစဉ်
"မြန်မာလူငယ်များအတွက် မရှိမဖြစ်လိုအပ်လာသော 'Green Skills' နှင့် ပြည်တွင်း NGO များ၏ အခန်းကဏ္ဍ" “အနာဂတ်ကို ဖန်တီးမည့် လူငယ်ထုနှင့် စိမ်းလန်းသော နည်းပညာများ”
လက်ရှိ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုများကို ကျော်လွှားရန် လူငယ်များ၏ စွမ်းဆောင်ရည်မှာ အဓိကကျသော အင်အားစုဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၀% ကျော်မှာ လူငယ်များဖြစ်သည့်အတွက် "Green Skills" ကို စနစ်တကျ သင်ကြားတတ်မြောက်ထားခြင်းသည် မိမိကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အလွန်အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာပါသည်။
🌟 ဆွေးနွေးမည့် အဓိကခေါင်းစဉ်များ
• မျက်မှောက်ခေတ် ပြဿနာများ: သစ်တောပြုန်းတီးခြင်းနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၏ တကယ့်လက်တွေ့ အကျိုးသက်ရောက်မှုများ။
• စိမ်းလန်းသော နည်းပညာများ: လူငယ်တိုင်း သိထားသင့်သည့် သစ်တောပြုစုထိန်းသိမ်းရေးနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိစေမည့် နည်းပညာများ။
• NGO များ၏ အခန်းကဏ္ဍ: လူငယ်များကို စနစ်တကျ ပံ့ပိုးကူညီပေးနေသည့် ပြည်တွင်း NGO များ၏ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်များ။
________________________________________
📅 အသေးစိတ် အစီအစဉ်
• နေ့ရက်: [၂၀၂၆၊ မေလ ၁၀ ရက် (တနင်္ဂနွေနေ့)]
• အချိန်: [ည ၇:၀၀ နာရီ မှ ၉:၀၀ နာရီအထိ]
• နေရာ: Zoom Video Conferencing (Online)

🔗 တက်ရောက်ရန် လင့်ခ်နှင့် အချက်အလက်များ
သင်တန်းကို အခမဲ့ တက်ရောက်နိုင်ရန် အောက်ပါ Link သို့မဟုတ် ID/Passcode တို့ဖြင့် ဝင်ရောက်နိုင်ပါသည်။
• Zoom Join Link: https://us05web.zoom.us/j/7325865920?pwd=D8aEKsHtbnP5vSkfybaO7PvYePzcOQ.1
• Meeting ID: 732 586 5920
• Passcode: 13111983
မှတ်ချက်: လူဦးရေ ကန့်သတ်ထားသဖြင့် အချိန်မီ ကြိုတင်ဝင်ရောက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
________________________________________
"စိမ်းလန်းသော အနာဂတ်ကို ကျွန်ုပ်တို့ အတူတူ တည်ဆောက်ကြပါစို့"
စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါသည်။

Photos from FREDA's post 20/04/2026

🌿(Free Webinar) မြန်မာလူငယ်များအတွက် မရှိမဖြစ်လိုအပ်လာသော "Green Skills" နှင့် ပြည်တွင်း NGO များ၏ အခန်းကဏ္ဍ

“အနာဂတ်ကို ဖန်တီးမည့် လူငယ်ထုနှင့် စိမ်းလန်းသော နည်းပညာများ”
လက်ရှိ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုများကို ကျော်လွှားရန် လူငယ်များ၏ စွမ်းဆောင်ရည်မှာ အဓိကကျသော အင်အားစုဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်နှင့် မြန်မာနိုင်ငံလူဦးရေ၏ ၅၀% မှ ၅၅% ခန့်မှာ အသက် ၃၀ အောက် လူငယ်များဖြစ်သည့်အတွက် "Green Skills" (စိမ်းလန်းသော နည်းပညာများ) ကို စနစ်တကျ သင်ကြားတတ်မြောက်ရန် အလွန်အရေးကြီးပါသည်။

ဆွေးနွေးမည့် အဓိကခေါင်းစဉ်များ
• မျက်မှောက်ခေတ် ပြဿနာများ: သစ်တောပြုန်းတီးခြင်းနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများ။
• စိမ်းလန်းသော နည်းပညာများ: လူငယ်တိုင်း သိထားသင့်သည့် သစ်တောပြုစုထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းပညာများ။
• NGO များ၏ အခန်းကဏ္ဍ: လူငယ်များကို စနစ်တကျ ပံ့ပိုးကူညီပေးနေသည့် ပြည်တွင်း NGO များ၏ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်များ တို့ဖြစ်ပါတယ်။

အချိန်း/နေရက်များကို ထပ်မံကြေငြာပေးပါမည်

"ကျွန်တော်တို့ ဘာကြောင့် စာသင်နေကြတာလဲ?" 10/04/2026

"ကျွန်တော်တို့ ဘာကြောင့် စာသင်နေကြတာလဲ?"

ပညာသင်ကြားခြင်းဆိုတာ စာမေးပွဲအောင်ဖို့တင် မဟုတ်ပါဘူး။ လောကကြီးအကြောင်းကို ပိုမိုသိမြင်လာဖို့နဲ့ အရည်အချင်းရှိတဲ့ လူသားတစ်ယောက်ဖြစ်လာဖို့အတွက်ပါ။

ဗီဒီယိုအပြည့်အစုံကို အောက်ပါ Link ကနေ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ 👇

"ကျွန်တော်တို့ ဘာကြောင့် စာသင်နေကြတာလဲ?" "ကျွန်တော်တို့ ဘာကြောင့် စာသင်နေကြတာလဲ?"ပညာသင်ကြားခြင်းဆိုတာ စာမေးပွဲအောင်ဖို့ ဒါမှမဟုတ် အလုပ်ကောင်းကောင်....

02/04/2026

"တယ်ဟုတ်ပါလား῎

အရင်တပတ်က“ဟုတ်ရဲ့လား”ဆိုပြီးဆောင်းပါးလေးရေးခဲ့ပါတယ်၊အခုတပတ်တော့“တယ်ဟုတ်ပါလား῎ဆိုတဲ့ခေါင်းစဉ်ပေါ့၊ အခုတမျိုး၊ တော်ကြာတမျိုးလို့တော့မထင်ကြပါနဲ့ဦး။ “တယ်ဟုတ် ပါလား”ဆိုတဲ့ စကားမျိုးကို လုပ်ငန်းအောင်မြင်တဲ့အခါပြောလေ့ရှိတဲ့ မြန်မာစကားပါ။ ချီးမွမ်းတဲ့ အနေနဲ့ပြောတာပေါ့။ အခုဒီရေတောမှာ သစ် ၂-၃ မျိုးစိုက်တာ ဂေဟစနစ်မျှချေမရှိခြင်း (Ecosystem unbalance)အကြောင်းဖြစ်ပေမဲ့လို့ အဆိုပါအောင်မြင်နေတဲ့ ဒီရေတောစိုက်ခင်းထဲမှာ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းက ရွာသားတွေ စားဝတ်နေရေးအတွက် “ဂဏန်း” (Crab) မွေးမြူလို့ “အလုပ်ဖြစ်” နေကြတာသိရလို့ရေးမိတာပါ။

ဒီကနေ့ခေတ်မှာ စပါးစိုက်ပျိုးရေးလုပ်ငန်းက လယ်သမားတွေအတွက် အကျိုးအမြတ်သိပ်မရှိ တော့တာသိနေကြပါတယ်။ အကြောင်းရင်းက မြေဩဇာဖိုး၊ လုပ်အားခ၊ စက်၎ားခ စတာတွေအလွန် စျေးမြင့်လာလို့ပါ။

တဖက်မှာတော့ ဖြစ်ထွန်းပြီးသား ဒီရေတောစိုက်ခင်းအပင်တွေအောက်မှာ ဂဏန်းမွေးလို့အသက် မွေးဝမ်းကြောင်း အဆင်ပြေနေတာသိရပါတယ်၊ အခုနေအခါမှာအသက် မွေးဝမ်းကြောင်း အဆင် ပြေ နေရင်အတော်ဝမ်းသာရတာပါ။

စပါးနဲ့ဂဏန်း(၂)ခုကိစ္စကို ဒေသခံလယ်သမားရယ် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းက ဂဏန်း မွေးမြူးသူတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်၊ ၂၀၂၅ခုနှစ်ကပါ။

၁။ စပါးစိုက်ပျိုးခြင်း(၁)ဧက ကုန်ကျစရိတ်နဲ့အကျိုးအမြတ်ရငွေကို အောက်ပါအတိုင်းဖော်ပြ လိုက်ပါတယ်။
(က) စပါးမျိုး - ပေါ်ဆန်းမွှေး
(ခ) ‌ဒေသ - လပွတ္တာ၊ ပိုးလောင်းရွာ
(ဂ) ထွန်ယက်ခ - ၈၀၀၀၀/-
(ဃ) လုပ်အားခ - ၄၀၀၀၀/-(ကန်သင်းပြင်ခြင်းစသည်)
(င) မျိုးစပါး - ၆၀၀၀၀/-(၁တင်းခွဲ)
(စ) ဓါတ်မြေဩဇာ - ၈၅၀၀၀/- (၁၅ပတ်လည်မြေဩဇာ=၁အိတ်)
(ဆ) ရိတ်/ချွေ/လှေ့ - ၁၂၀၀၀၀/-
(ဇ) လုပ်အားခ(စပါးနေလှမ်းခြင်း)-၄၀၀၀၀/-
စုစုပေါင်း(၁)ဧက ကုန်ကျစရိတ် ၄၂၅၀၀၀/- ကျပ်

ဖော်ပြပါစရိတ်တွေက ၂၀၂၅ခုနှစ် စျေးနှုန်းပါ အခုအခါမယ် လုပ်အားခ ၁ ရက် ၂၀၀၀၀ိ/-နဲ့ မြေဩဇာ ၁ အိတ် (၁၇၀၀၀၀-၂၀၀၀၀၀)ထိဖြစ်နေပါပြီ။

စပါးအထွက် - ၁ ဧက (၃၀ မှ ၃၅ တင်း) ၃၅ တင်း x ၂၄၀၀၀/-= ၈၄၀၀၀၀/-(ဒေသအခေါ် ပေါ်ဆန်းမွှေးကို “ဆန်ချော”လို့ခေါ်ပါတယ်၊ ကျန်ဆန်တွေကို “ဆန်ကြမ်း”လို့ခေါ်ပါတယ်၊ ဆန်ချောစပါးက အထွက်နဲပါတယ်၊ စျေးကြကြီးပါတယ်။

အမြတ်ငွေ (၈၄၀၀၀၀-၄၂၅၀၀၀)=၄၁၅၀၀၀/-
ကြာချိန် - ၅(လ) = အမြတ်ငွေ (၁ လ) = ၈၃၀၀၀/ (၄၁၅၀၀၀÷ ၅)

၂။ ဂဏန်းမွေးမြူခြင်း(၁ ဧက) ကုန်ကျစရိတ်က အောက်ပါအတိုင်းဖြစ်ပါတယ်
(က)ဂဏန်းမျိုး (ပဲဂဏန်း ၁ ကီလို ၃၀၀၀/- x ၇၅ ကီလို) = ၂၂၅၀၀၀/-
(ခ) အစာဖိုး(ပထမ-လ)၁ရက် ၃ပိသာ= ၉၀၀၀(၁ရက်) x ၃၀ ရက် = ၂၇၀၀၀၀/-
(ဂ) အစာကျွေး (ဒုတိယ-လ), ၁ရက် ၆ပိသာ x ၃၀ ရက် = ၅၄၀၀၀၀/- (၁၈၀၀၀x၃၀)
(ဃ) လုပ်အားခ (၁) ရက် ၁၅၀၀၀ x ၉၀ ရက် = ၁၃၅၀၀၀/-(၃လ)
(င) ဂဏန်းကန်ဝန်းကျင်ကာရန်လိုသောပိုက်အစိမ်း = ၂၆၃၅၀၀၀/-
ဝင်ငွေ= ၁ဧက(၃)လကြာပြီးနောက် ၃၇၅ ကီလို x ၂၃၀၀၀ = ၈၆၂၅၀၀၀၀/-
(ဆ) ကြာချိန် = (၃) လ (ပြင်ဆင်ချိန်ကာလအပါအဝင်)
(ဇ) အမြတ်ငွေ (၈၆၂၅၀၀၀ - ၂၆၃၅၀၀/-)= ၅၉၉၀၀၀၀/-
(ဈ) ၁ လ အမြတ်ငွေ = ၁,၉၉၆,၆၆၆ ကျပ်
ဆိုပါစို့ (၁)လသိန်း(၂၀) ပေါ့။

ပိုက်စိမ်းဖိုးကို(၁၆၀၀၀၀၀)ကျပ် ထဲ့တွက်ထားသော်လည်း ယင်းပိုက်စိမ်းမှာနောက်တကြိမ် ဂဏန်းမွေးလျှင်လည်း ဆက်၍သုံးနိုင်သေးသည်။

ဘာကြောင့်အမြတ်ကျန်ရသလဲဟု မေးကြည့်သော်ဂဏန်းကို ကျွေးရသောအစာများမှ ဆန်ကွဲကျို ထားသော ထမင်းပစ်နဲ့ငါးနူတ်ငါးဖွဲများသာဖြစ်သောကြာင့် အမြတ်ကျန်ရခြင်းဖြစ်ပါသည်။ ငါးနုတ်၊ ငါးဖွဲမှာ လပွတ္တာတွင် ၁ ပိသာ (၃၀၀၀/-) ဆန်ကွဲမှာလည်း ၁ ပြည်၃၀၀၀/- သာရှိပြီး အစာဖိုးသက်သာလာ သောကြောင့်ဖြစ်သည်။

မွေးဂဏန်းကိုပဲဂဏန်းဟုခေါ်ရခြင်းမှာ ပဲစေ့လောက်သာရှိပြီးသောကြောင့် ပဲဂဏန်းဟုခေါ်ကြပြီး ၁ ကီလိုဆိုလျှင် ဂဏန်းပေါက်များများပြားစွာပါဝင်သည်။ အဓိကအချက်မှာ ဒီရေတောဂေဟစနစ်ကို ဖန်တီးယူနိုင်ခြင်း၊ ဂဏန်းကလည်းဒီရေတောမှာ ပျော်မွေ့သော ဂဏန်းမျိုးဖြစ်ပြန်ခြင်းနဲ့၊ ဂဏန်းစျေး ကောင်းခြင်းတို့ကြောင့် ဤလုပ်ငန်းဖွံ့ဖြိုးရခြင်းဖြစ်သည်။

(၁)ဧက စပါးစိုက်ခြင်းထက် (၁)ဧက ဂဏန်းမွေးခြင်းက ပိုအကျိုးရှိသည်ကိုတွေ့ရသည်၊ ဒါကြောင့်ဒီလုပ်ငန်းက “တယ်ဟုတ်ပါလားပေါ့” တွေးမိတာပါ။ အကုသိုလ်တော့လည်းရှိတာပေါ့လေ။

Dr.စန်းဝင်း
FREDA

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Suite 707, 7th Floor, MWEA Tower, 288-290 Shwedagon Pagoda Road, Dagon Township
Yangon