02/06/2026
🌧️🥱 ညနေဘက်ဆို ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ ဘာစားစား ခံတွင်းမတွေ့ ဖြစ်နေလား❓
ဒါဆိုရင်တော့ လျှာပေါ်တင်လိုက်တာနဲ့ အချိုဓာတ်လေး စိမ့်ထွက်သွားမယ့် T&T 'သရက်ယိုအချို' နဲ့ ခံတွင်းလိုက်စေမယ့် 'သရက်ယိုအစပ်' လေး ဆောင်ထားဖို့ လိုနေပြီနော်🥭
T&T ရဲ့ သရက်ယိုက အရောင်ဆိုးဆေးတွေ၊ တာရှည်ခံဆေးတွေ လုံးဝမပါဘဲ သဘာဝ အသီးစစ်စစ်ကို ပျားရည်၊ သကြားတို့နဲ့ ယိုထိုးထားတာမို့ ကလေးရော လူကြီးပါ စိတ်ချလက်ချ စားလို့ရပါတယ်။
အချိုပဲ ကြိုက်ကြိုက်၊ အစပ်ပဲ ကြိုက်ကြိုက်... နှစ်မျိုးလုံး T&T မှာ အဆင်သင့်ရှိတယ်နော်🥭✨
📦 မှာယူလိုပါက Chat box မှာ ဆက်သွယ်နိုင်ပါတယ်ရှင့်။
#ဆိုးဆေးမပါ_တာရှည်ခံဆေးမသုံး_TandT_ယိုစုံအကောင်းဆုံး #စိတ်ချစွာစားTandTယိုစုံလေးများ
28/05/2026
⏰ T&T ချစ်သူတို့အတွက် June လ ပိတ်ရက်ရှည် ရှိကြောင်း Reminder လေး ⏰
ဇွန်လထဲမှာ T&T ရဲ့ Order ပိတ်ရက် ရှိတာမို့လို့ T&Tချစ်သူတို့ အဆင်ပြေအောင် ထပ်မံပြီးကြိုတင်အကြောင်းကြားပေးပါရစေနော်။
🚫 Order ပိတ်မယ့် ကာလက 5 June, 2026 မှ 18 June, 2026 အထိပါ။
✅19 June, 2026 မှာတော့ ပုံမှန်အတိုင်း Online Order များပြန်လက်ခံပေးမှာဖြစ်ပါတယ်။
ရက်ရှည်ပိတ်မှာဖြစ်လို့ ပိတ်ရက်အတွင်း အပျင်းပြေ စားဖို့ဖြစ်ဖြစ်၊ အမြဲဆောင်ထားဖို့ဖြစ်ဖြစ် အခုကတည်းက ကြိုတင် Order တင်ထားဖို့လည်း မမေ့နဲ့ဦးနော်။
27/05/2026
ဒီလို ရာသီဥတုမျိုးမှာ လျှာလည်သွားစေမယ့် T&T ယိုစုံ ... 🤤🌶️
ချိုစပ်လေး ကြိုက်လား၊ ချဉ်စပ်လေးလား၊ ဒါမှမဟုတ် ရှူးရှူးရှဲရှဲ အစပ်ဂိတ်ဆုံး အရသာလား⁉️ ကြိုက်တာရွေး 😍
အချဉ်ပေါင်း၊ ယိုစုံဆိုရင် အရသာ ကွဲကွဲပြားပြားနဲ့ စုံစုံလင်လင် မြည်းရမှ ကျေနပ်တတ်တဲ့ သူတွေအတွက် T&T ရဲ့ လူကြိုက်များတဲ့ ယိုစုံအရသာ (၇) မျိုးကို စိန်ဂေဟာ (လှည်းတန်း Branch) မှာ ဝယ်ယူနိုင်ပါတယ်ရှင်။
▪️အစေ့လွတ်ပုလဲဆီးသီးအချို
▪️အစေ့လွတ်ပုလဲဆီးသီးအစပ်
▪️အစေ့လွတ်ပုလဲဆီးသီးဂိတ်ဆုံး
▪️သစ်သီးယိုစုံအစပ်
▪️သရက်ယိုအစပ်
▪️မရမ်းယိုအစပ်
▪️အစေ့လွတ်ထိုင်ဝမ်ဆီးသီးအစပ်
ကဲ .. လှည်းတန်းနား ရောက်ရင်ဖြစ်ဖြစ်၊ စိန်ဂေဟာ လှည်းတန်းမှာ Shopping ထွက်ရင်းဖြစ်ဖြစ် T&T ဝယ်ခဲ့ဖို့ မမေ့နဲ့နော်🛒❤️
22/05/2026
𝐓&𝐓 ချစ်သူတို့ အသည်းစွဲ ပုလဲဆီးသီးနဲ့ထိုးထားတဲ့ယိုစုံလေးတွေ အကုန်လုံး 𝐑𝐞𝐚𝐝𝐲 ပဲနော်‼️
ဆီးသီးအသားလုံးဝမမာပဲ ဝါးလိုက်တိုင်းတဖောက်ဖောက်နဲ့ အရသာစပ်စပ်လေးကိုမှ အစေ့ထွေးထုတ်စရာမလိုဘဲ အားရပါးရဝါးစားချင်ရင် "အစေ့လွတ်ပုလဲဆီးသီးယိုစုံ 𝐒𝐞𝐫𝐢𝐞𝐬" ထဲမှာ
(𝐙𝐏 - 𝟏𝟕) အစေ့လွတ်ပုလဲဆီးသီးအချို
(𝐍𝐏 - 𝟎𝟐) အစေ့လွတ်ပုလဲဆီးသီးအစပ်
(𝐍𝐏 - 𝟎𝟑) အစေ့လွတ်ပုလဲဆီးသီး𝐃𝐨𝐮𝐛𝐥𝐞 𝐒𝐩𝐢𝐜𝐲 နဲ့
(𝐍𝐏 - 𝟎𝟒) အစေ့လွတ်ပုလဲဆီးသီးဂိတ်ဆုံး ဆိုပြီး 𝐒𝐩𝐢𝐜𝐲 𝐋𝐞𝐯𝐞𝐥 (၄) မျိုးတောင် ရှိတာနော်။
အဲ့ဒါအပြင် သစ်သီးယိုစုံ နဲ့ အညာဆီးယိုကိုလည်း အစပ် 𝐋𝐞𝐯𝐞𝐥 (𝟐) မျိုးနဲ့ တလုတ်စာ၊ 𝐙𝐢𝐩 𝐏𝐚𝐜𝐤 ဆိုပြီး နှစ်သက်ရာ ထုတ်ပိုးမှုပုံစံကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။
(𝐙𝐏 - 𝟎𝟏) သစ်သီးယိုစုံအစပ် (𝐙𝐢𝐩 𝐏𝐚𝐜𝐤)
(𝐙𝐏 - 𝟎𝟐) စပ်စပ်လန်သစ်သီးယိုစုံအစပ် (𝐙𝐢𝐩 𝐏𝐚𝐜𝐤)
(𝐙𝐏 - 𝟎𝟓) အညာဆီးယိုအစပ် (𝐙𝐢𝐩 𝐏𝐚𝐜𝐤)
(𝐙𝐏 - 𝟎𝟔) အညာဆီးယိုရှယ်အစပ် (𝐙𝐢𝐩 𝐏𝐚𝐜𝐤)
(𝐓𝐋 - 𝟎𝟏) တလုတ်စာသစ်သီးယိုစုံအစပ်
(𝐓𝐋 - 𝟎𝟐) တလုတ်စာစပ်စပ်လန်သစ်သီးယိုစုံအစပ်
(𝐓𝐋 - 𝟎𝟒) တလုတ်စာအညာဆီးယိုအစပ်
(𝐓𝐋 - 𝟎𝟓) တလုတ်စာအညာဆီးယိုရှယ်အစပ်
အစေ့လွတ်ပုလဲဆီးသီးချစ်သူတွေ ရွေးချယ်ဝယ်ယူနိုင်တဲ့ 𝐓&𝐓ရဲ့ အစေ့လွတ်ပုလဲဆီးသီးနဲ့ပက်သတ်တဲ့ယိုစုံထုတ်ကုန် 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လေးကို 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 လုပ်ပေးလိုက်ပါတယ်နော်။
အချဉ်ပေါင်းကြိုက်တဲ့သူတွေကတော့ လက်မလွှတ်တမ်း စမ်းကြည့်သင့်တဲ့ 𝐓&𝐓 ရဲ့ စွဲမက်ဖွယ်အရသာစုံပေါ့ရှင်။
ကဲ ဘယ်အရသာကို အရင်မြည်းကြည့်ချင်လဲ❓
𝐒𝐭𝐨𝐜𝐤 ရှိတုန်း အမြန်လေး မှာထားလိုက်တော့ဗျို့💨
‼️𝐎𝐫𝐝𝐞𝐫 မှာတဲ့ခါ လွယ်ကူမြန်ဆန်အောင် သက်ဆိုင်ရာယိုစုံရဲ့ 𝐎𝐫𝐝𝐞𝐫 𝐂𝐨𝐝𝐞 လေးတွေပြောပြီးမှာပေးဖို့ 𝐫𝐞𝐪𝐮𝐞𝐬𝐭 လုပ်ပါရစေနော်✨
20/05/2026
"အရသာထူးကဲ၊ လျှာပေါ်မှာစွဲ၊ T&T ထိုင်ဝမ်ပေါင်း ရှယ်ပဲ" 😋✨
အရသာမှာ တကယ်ကို ရှယ်ဖြစ်တဲ့ T&T ထိုင်ဝမ်ပေါင်းအစပ် ရမယ်နော်။
ထိုင်ဝမ်ဆီးသီးအသားထူထူအိအိလေးကို ရှောက်၊ နာနတ်တို့လို ရာသီပေါ်သီးနှံတွေရဲ့အရသာပါရောနှောပြီး ပျားရည်၊ သကြားတို့နဲ့ ပေါင်းစပ်ကာထိုးထားတဲ့ မြန်မာ့လက်ရာယိုစုံလေးပါ။
တစ်ခါစားဖူးရင် ထပ်ခါထပ်ခါ တမ်းတနေရမယ့် အရသာမျိုးမို့ အသည်းစွဲဖြစ်ဖို့ ရာနှုန်းပြည့် အာမခံတယ်နော်😉💯
ဒီနေ့ပဲ အိမ်ကလူတွေအတွက်ကော၊ ကိုယ့်အတွက်ပါ ဝယ်ထားလိုက်တော့ရှင် 🛍️
#စိတ်ချစွာစားTandTယိုစုံလေးများ
#ဆိုးဆေးမပါတာရှည်ခံဆေးမသုံးTandTယိုစုံအကောင်းဆုံး
18/05/2026
ချစ်ရတဲ့ Customer တို့ရေ... T&T က ဇွန်လထဲမှာ ခေတ္တခဏ အားဖြည့်အနားယူဦးမှာမို့ Order ပိတ်မယ့်ရက်လေးတွေကို အသဲလေးပေးပြီး မှတ်ထားပေးကြပါဦးနော်😉✨
📅 Order ပိတ်မယ့်ရက်က 5 June, 2026 မှ 18 June, 2026 အထိပါ။
‼️"ဟာ... စားချင်တာလေးတွေ ရှိတယ်" ဆိုရင်တော့ အခုကတည်းက ကြိုတင်မှာထားလိုက်နော်။
14/05/2026
အညာမြေရဲ့ အငွေ့အသက် .. T&T အညာဆီးယိုအစပ်🍯
ဆီးယိုဆိုတာထက် ပိုတဲ့ အရသာကို ပေးနိုင်ဖို့အတွက် အစေ့လွတ်ပုလဲဆီးသီးကို အညာစတိုင် ထန်းလျက်နဲ့ မန်ကျည်းအနှစ်ကို အချိုးကျကျ ပေါင်းစပ်ယိုထိုးထားပါတယ်။ ဓာတုအရောင်ဆိုးဆေးတွေ မပါဘဲ သဘာဝအတိုင်း ယိုထိုးထားလို့ ကလေးရော လူကြီးပါ စိတ်ချလက်ချ စားလို့ရတဲ့ယိုစုံလေးပေါ့။
✅ အညာဆီးယိုအစပ် နဲ့ အညာဆီးယိုရှယ်အစပ်ဆိုပြီး Spicy Level (၂) မျိုးရွေးချယ်နိုင်ပါတယ်။
✅ လေလုံ Zip pack နဲ့ တလုတ်စာထုပ်ဆိုပြီး ထုတ်ပိုးမှုပုံစံ (၂) မျိုး ရွေးချယ်စရာ ရှိပါတယ်။
▪️(ZP -05) အညာဆီးယိုအစပ် Zip Pack
▪️(ZP - 06) အညာဆီးယိုရှယ်အစပ် Zip Pack
▪️(TL -04) တလုတ်တာအညာဆီးယိုအစပ်
▪️(TL - 05) တလုတ်စာအညာဆီးယို ရှယ်အစပ်
💰(၁) ထုပ် - ၂၅၀၀ ကျပ်
အညာဆီးယိုအရသာစစ်စစ်ကိုမှ မြည်းစမ်းချင်ရင်တော့ T&T ကို သတိရလိုက်တော့နော်။
12/05/2026
City Mall Online App ကနေလည်း T&T ယိုစုံလေးတွေမှာလို့ရတယ်နော် ချစ်တို့ရေ ✨
ချိုချိုချဉ်ချဉ် မြန်မာ့ယိုစုံအနှစ်သာရကိုမှ ကြိုက်တယ်ဆိုရင် T&T ယိုစုံလေးတွေက အသင့်တော်ဆုံးပဲ👍
City Mall Online ကနေ
✅ အစေ့လွတ်ပုလဲဆီးသီးအချို
✅ အစေ့လွတ်ပုလဲဆီးသီးအစပ်
✅ အစေ့လွတ်ပုလဲဆီးသီးဂိတ်ဆုံး
✅ သစ်သီးယိုစုံအစပ်
✅ သရက်ယိုအစပ်
ဒီ T&T ယိုစုံအထုပ်သေး (၅) မျိုးမှာယူနိုင်ပါတယ်ရှင့်
ဖုန်းလေးနှိပ်ရုံနဲ့ အိမ်အရောက်လာပို့ပေးမယ့် City Mall App မှာ အခုပဲ Order တင်လိုက်တော့နော်📱
10/05/2026
ကြွပ်ဆတ်ဆတ်မရမ်းကို အချိုလေးကြိုက်လား⁉️အစပ်လေးကြိုက်လား⁉️
T&T မှာ မရမ်းသီးက ယိုထိုးထားသလို ပျော့အိမနေဘဲ အိုးစိမ်ထားလို့ ကြွပ်ဆတ်ဆတ် အရသာလေးက တကယ့်ကို ထူးခြားပါတယ်။ တစ်ခုစားပြီးရင် နောက်တစ်ခု လက်မလွှတ်နိုင်လောက်အောင် ဆွဲဆောင်လွန်းလို့ အချိုကြိုက်ကြိုက်၊ အစပ်ကြိုက်ကြိုက် T&T က အကောင်းဆုံးပဲပေါ့👍
စားကြည့်ပြီးရင် "သိပ်ကောင်း" ဆိုတာထက် ပိုတဲ့စကားလုံး ရှာရခက်သွားလိမ့်မယ်ရှင်✨
ထမင်းစားပြီးနောက် အအီပြေစားမလား❓
ရုပ်ရှင်ကြည့်ရင်း snack အဖြစ်စားမလား❓
စာလုပ်ရင်း အိပ်ချင်ပြေအောင်ပဲစားမလား❓
အသဲတို့စိတ်ကြိုက်ပဲနော်‼️
07/05/2026
စပ်စပ်လေးမှ ကြိုက်ပါတယ်ဆိုတဲ့ အသဲကျော်တွေအတွက် T&T ရဲ့ တလုတ်စာ ရှူးရှဲ (၄) မျိုး ရပါမယ်ရှင့်🔥
💥တကယ်ကို တစ်လုတ်ဆို တစ်လုတ် ထိမိပြီး ယိုစုံအရသာက လျှာပေါ်မှာ စွဲကျန်နေမှာပါ။
T&T ရဲ့ လူကြိုက်အများဆုံး အစေ့လွတ်ပုလဲဆီးသီးနဲ့ယိုထိုးထားတဲ့ သစ်သီးယိုစုံ နဲ့ အညာဆီးယို (2) မျိုးကို အစပ် level (2) မျိုးနဲ့ တလုတ်စာအထုပ်တွေကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
ပျားရည်၊ သကြားကိုသုံးပြီးထိုးထားတဲ့ယိုလေးမို့ အချို၊ အချဉ်၊ အစပ်ကို ပုံမှန်အရသာ ထိထိမိမိ စားချင်သူတွေအတွက် #သစ်သီးယိုစုံအစပ်
ရှူးရှူရှဲရှဲအရသာကြိုက်သူတွေအတွက် #စပ်စပ်လန်သစ်သီးယိုစုံအစပ်
အညာစတိုင်လ် ထန်းလျက်၊ မန်ကျည်း နဲ့ယိုထိုးထားတဲ့ #အညာဆီးယိုအစပ်
အစပ်ပိုကဲတာလေးစားချင်တဲ့သူများအတွက် #အညာဆီးယိုရှယ်အစပ်
(၁) ပါကင်မှာ အထုပ်သေး (၁၀) ထုပ်ပါလို့ နည်းနည်းနဲ့ခဏခဏစားချင်တယ်ဆို T&T တလုတ်စာလေးကိုသာ ဆောင်ထားလိုက်။ အချိန်တိုင်းအတွက် အဖော်မွန်ကောင်းဖြစ်စေမှာ အသေအချာပါပဲ✨
✅ထိမိစားကောင်းတဲ့ မြန်မာ့ယိုစုံလက်ရာကိုစားချင်ရင် T&Tကိုသာရွေးချယ်လိုက်ပါ✅