ဒလမြို့နယ် လျှပ်စစ်မန်နေဂျာရုံး - yesc

ဒလမြို့နယ် လျှပ်စစ်မန်နေဂျာရုံး - yesc

Share

Dala YESC, MOEE. လျှပ်စစ်နှင့်ပတ်သက်သော သတင်းအချက်အလတ်များ သိရှိစေရန်

02/05/2022

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
========================================================================
ယ​နေ့(၂.၅.၂၀၂၂)ရက်​​နေ့ ည(၂၀:၃၅)နာရီအချိန်ခန့်တွင် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 230kV သပြေဝ-မြင်းခြံ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခဲ့ပြီး Sunco နှင့် V Power ဓာတ်အားပေးစက်များ မှ 300MW ခန့် ဓာတ်အားလျော့နည်းသွားခဲ့ရာ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ယာယီ ဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်​ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများထံသို့ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

12/04/2022

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
==========================================================
၁။ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 230kV မန်စံ-ရွှေစာရံအမှတ်(၁၊၂)ဓာတ်အားလိုင်းသည် ယမန်နေ့ (၁၁.၄.၂၀၂၂) ရက်နေ့ညဦးပိုင်းအချိန်ခန့်တွင် လေမိုးပြင်းထန်မှုကြောင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ၊ဘော်ရွာအနီး တာဝါတိုင်အမှတ်(၃၉၅) Suspension တိုင်သည် လေပြင်းမုန်တိုင်းတိုက်ခတ်၍ ကျိုးကျပျက်စီးကာ (၁၁.၄.၂၀၂၂)ရက်နေ့(20:01) နာရီအချိန်ခန့်တွင် မဟာဓာတ်အားလိုင်းအပြစ်ဖြစ်ပွားခဲ့ရပါသည်။
၂။ အဆိုပါဓာတ်အားလိုင်းအပြစ်ဖြစ်ပွားမှုကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးနိုင်မှု (400)MW ခန့် လျော့နည်းလျှက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသော အချိန်များ၌ အရေးပေါ်ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်နေရပါသည်။
၃။ 230kV မန်စံ-ရွှေစာရံအမှတ်(၁၊၂)ဓာတ်အားလိုင်းအပြစ်ဖြစ်မှုအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အချိန်နှင့် တပြေးညီ ပြုပြင် ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်ရခြင်းအပေါ် နားလည်သည်းခံပေးနိုင်ပါရန် မိဘပြည်သူများထံသို့ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေကော်ပိုရေးရှင်း

11/04/2022

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
=======================================================================
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယ​နေ့(၁၁.၄.၂၀၂၂)ရက်​​နေ. (၂၀:၀၀)
နာရီအချိန်ခန့်တွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ယာယီ ဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်​ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများထံသို့ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

07/03/2022
07/03/2022

အသိပေးပန်ကြားချက်
=================
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ (၆.၃.၂၀၂၂)ရက်နေ့တွင် အများပြည်သူသို့ပန်ကြားချက်၌ (၁၂.၃.၂၀၂၂)ရက်နေ့မှ(၁၈.၃.၂၀၂၂)ရက်နေ့အတွင်း ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြပါရန် အသိပေးပန်ကြားအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Photos from ဒလမြို့နယ် လျှပ်စစ်မန်နေဂျာရုံး - yesc's post 07/03/2022

နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာကာလအတွင်း လျော့နည်းထုတ်လုပ် ဖြန့်ဖြူးသွားမည့်အပေါ် အများပြည်သူသိရှိနိုင်ရန် အသိပေးပန်ကြားခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် လက်ရှိကာလ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၆၆၇.၈) မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံးအပူစွမ်းအင် ဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှ (၁၅၀၀.၃) မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက် များမှ (၈.၉) မဂ္ဂါဝပ်ခန့် စုစုပေါင်း (၂၁၇၇) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ် ပို့လွှတ်လျက်ရှိပြီး၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူသုံးစွဲလိုမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး (၃၄၀၀) မဂ္ဂါဝပ်ခန့်၊ ညဘက်တွင် အများဆုံး (၃၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး တစ်နေ့တာ ပျှမ်းမျှဓာတ်အားသုံးစွဲလိုမှုမှာ (၂၆၀၀) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပါသည်။

၂။ ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့် ရှိပါသည်။ သို့သော်လည်း LNG ဓာတ်အားပေးစက်ရုံများ ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ်အား ပေးစက်ရုံ များမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းများသည် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် လုံခြုံရေးရယူ၍ ပြင်ဆင်ခြင်းလုပ်ငန်း များဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ ဓာတ်အားလိုင်း(၃)လိုင်း မှ နိုင်ငံတော်ဓာတ်အား စနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက် လျက်ရှိရာ စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အား ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၃။ ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်နေရသည့် ပမာဏလျော့နည်းစေရန်အတွက် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသလို တဖက်မှလည်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား (၆၀) မဂ္ဂါဝပ်ခန့်အား နိုင်ငံတော် ဓာတ်အားစနစ်သို့ (၁၀-၂-၂၀၂၂) ရက်နေ့မှစတင်၍ ထပ်တိုးဖြန့်ဖြူးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ အဆိုပါဓာတ်အားပေးစက်ရုံမှ (၁၅၀) မဂ္ဂါဝပ်ထိ ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

၄။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား (၁၄၅၅) မဂ္ဂါဝပ် ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း (၁၃၀) သန်းကို အသုံးပြု၍ ဓာတ်အား (၆၆၈) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို (၁၂-၃-၂၀၂၂) ရက်နေ့မှ (၁၈-၃-၂၀၂၂) ရက်နေ့ထိ ဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရှိသော်လည်း ပိုက်လိုင်းအတွင်း ကျန်ရှိနေ သော ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ စုစုပေါင်းဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးနိုင်တော့ မည်ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်း အသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ထပ်မံလျော့နည်းသွားမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၃၃၄) မဂ္ဂါဝပ်ခန့် အပါအဝင် စုစုပေါင်း လျော့နည်းသွားမည့် (၁၃၀၄)မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အား လျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ပြည်သူ လူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေး နိုင်ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

03/03/2022

ဓာတ်အားသုံးစွဲသူများသို့ ပန်ကြားချက်

25/02/2022

ဒလမြို့နယ်၊ ဒလသ‌င်္ဘောအဆင့်မြင့်တင်ခြင်းလုပ်ငန်းအတွက် လိုအပ်သော 33kV ကောင်းကင်ဓာတ်အားလိုင်းပေ(၃၆၀၀)အား 36kV SAC 185mm²,(14)M Concrete Pole ဖြင့် Single Circuit တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ဒလမြို့အတွင်းရှိရပ်ကွက်များနှင့်ကျေးရွာအားလုံး (၂၆.၂.၂၀၂၂)ရက်နေ့ (၁၀:၀၀)မှာ (၁၆:၀၀) အထိ (ပုံမှန်ပြုလုပ်နေကျ L/S မပါ) ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ဒလမြို့နယ်လျှပ်စစ်မန်နေဂျာရုံး

Photos from ဒလမြို့နယ် လျှပ်စစ်မန်နေဂျာရုံး - yesc's post 05/02/2022

လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး
==========================

Photos from ဒလမြို့နယ် လျှပ်စစ်မန်နေဂျာရုံး - yesc's post 30/01/2022

လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး
===============================================================

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Dala/Twanty Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00