3xvivr Virtual Reality Production

3xvivr Virtual Reality Production

Share

Myanmar professional 360 Virtual Reality Videographers, Immersive Reality Contents creators for comme

We are Myanmar professional 360 Virtual Reality Videographers, Immersive Reality Contents creators for commercial or non commercial Production.

28/12/2020

ကျွန်တော်တို့ ရှေ့ဆက်မယ့် 3D VR AR Photogrammetry ပရောဂျက်တွေ အတွက်

- 360 DSLR Photography Shooting & Editing အတွေ့အကြုံရှိသူ ဝါသနာပါသူ (1/M)
- 3D Modeling & Sculpting အတွေ့အကြုံရှိသူ(1/MF)
- Laser Scanning & Survey Equipment များ အတွေ့အကြုံရှိသူ (1/M)
- Marketing Executives (2/MF)

စတာတွေ လိုအပ်နေပါတယ်။

ဘာစာရွက်စာတမ်းမှ ဘာထောက်ခံစာမှ မလိုပါဘူး။ စဉ်ဆက်မပြတ် လေ့လာသင်ယူချင်စိတ်ရှိပြီး အကောင်းဆုံး လုပ်မယ်ဆိုတဲ့စိတ် ရှိသူ၊ စာရိတ္တကောင်းမွန်ပြီး အများနဲ့ အလုပ်လုပ်ကိုင်နိုင်သူ၊ Commitment ရှိပြီး စိတ်ထက်သန်သူ ၂၅ နှစ်အောက် လူငယ်တွေ ဖြစ်ရပါမယ်။ ခရီးထွက်နိုင်ရမယ်။ လက်တွေ့ သင်ယူလုပ်ကိုင်ကြရမယ့် စမ်းသပ်ကာလရှိပါမယ်။ Marketing အတွက်က ပစ္စည်းရောင်းတဲ့ ကုမ္ပဏီ မဟုတ်ဘဲ နည်းပညာ ဝန်ဆောင်မှုကို ပံ့ပိုးတဲ့ ကုမ္ပဏီဖြစ်ကြောင်း သိရမှာ ဖြစ်သလို ဒီနည်းပညာတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ကြိုတင်လေ့လာထားဖို့ လိုပါမယ်။ ဆက်ဆံရေး ကောင်းမွန်သူ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားတတ်သူ ဖြစ်ရပါမယ်။ ကျောင်းတက်ဆဲ ကျောင်းပြီးခါစ သမရိုးကျ လုပ်ငန်းတွေကနေ ဖောက်ထွက် စိန်ခေါ် လုပ်ကိုင်ချင်သူ ဖြစ်ဖို့လိုပါတယ်။ ဇန်နဝါရီ ၁၅ မတိုင်မီ ဒီအီးမေးလ်ကို CV ပို့ထားပေးနိုင်ပါတယ် သိလိုတာရှိ မေးမြန်းနိုင်ပါတယ်။

[email protected]

Mapping Myanmar 10/12/2020

၂၀၁၇ ကနေ ၂၀၂၁ အခုအထိ ကျွန်တော်တို့ မြန်မာပြည်အနှံ့ Street View လုပ်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ အခက်အခဲ အမျိုးမျိုးကြားထဲကနေ တတ်နိုင်သမျှ လုပ်လာခဲ့ကြတာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ Google က ဆက်သွယ်လာပြီး ၂၀၁၉ ဇန်နဝါရီလထဲမှာ ကျွန်တော်တို့ လုပ်နေတာတွေကို သူတို့ လာပြီး ဗီဒီယို မှတ်တမ်း တင်ခဲ့ကြပါတယ်။ ဒါတွေ လုပ်နိုင်ဖို့ ငွေအား၊ လူအား၊ အချိန်အား အများကြီး သုံးခဲ့ကြရတယ်။ ဒါတွေဟာ အင်မတန် အသုံးဝင်တယ်။ သုံးတတ်ရင် အကျိုးကျေးဇူးများတယ်။ ကူညီခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပညာရဲ့ အလျှင်အမြန် အပြောင်းအလဲတွေနဲ့အတူ နောင်လေးနှစ်မှာ ဒီထက်ပိုလုပ်နိုင်အောင် ကြိုးစားပါဦးမယ်။ ​Google ကိုယ်တိုင်က မှတ်တမ်းလာတင် အသိအမှတ်ပြုခဲ့တဲ့အတွက်လည်း အင်မတန် ပျော်ရွှင်မိတယ်။

Google ရဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။​
https://www.google.com/streetview/success-stories/

Youtube Video က ဒီနေရာမှာပါ​
https://youtu.be/tADINVGQEDQ

Mapping Myanmar Explore Myanmar with this short video showcasing the amazing work of photographer Niya Lynn Seck and his colleagues from 3XVIVR Productions, who are aiming t...

25/10/2020

One of our creation for Pun Hlaing Hospital

Photos from 3xvivr Virtual Reality Production's post 05/09/2020

VR AR သင်တန်းလေးလုပ်မယ် ဆိုကာမှ ကိုဗစ်တကြော့ပြန်နဲ့တိုးပြီး အကုန်ဖျက်လိုက်ရတဲ့အတွက် တက်ဖို့ စာရင်းပေးကြတဲ့ အနယ်နယ်က ညီ ညီအစ်မ အားလုံး တောင်းပန်ပါတယ်။ လောလောဆယ် ဒီဘာသာရပ်ကို စိတ်ဝင်စားမှု များလာကြတဲ့အပြင် ကွန်ပျူတာတက္ကသိုလ်တွေမှာပါ ဒါကို သင်ရိုးထဲ ထည့်ကြတော့မယ် ဆိုတာ သိရတဲ့အတွက်လည်း ဝမ်းသာရတယ်။ စီးပွားရေးလုပ်ငန်းတွေအပြင် လူငယ်တွေနဲ့ တက္ကသိုလ်တွေမှာ စိတ်ဝင်စားမှု အသုံးချလိုမှု တိုးတက်လာတဲ့အတွက် ကျွန်တော်တို့ ပင်ပန်းရကျိုး အားထုတ်ခဲ့ရကျိုး နပ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီဟာ ဖွံ့ဖြိုးလူသုံးများလာဖို့ အများကြီးခက်ခက်ခဲခဲ ကြိုးစားခဲ့ကြတယ်။ ကျဆုံးခါနီးအခြေအနေတွေ အကြိမ်ကြိမ် ကြုံခဲ့ရပြီး ခေါင်းမာမာနဲ့ လုပ်လာခဲ့ကြတာ အခုဆို နောက်တစ်လှမ်းကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အခွင့်အလမ်းတွေ ရှိလာပါပြီ။ အဓိကက ဘာလုပ်လုပ် စနစ်တကျ အခြေခံကစပြီး စနစ်တကျ တတ်ကျွမ်းဖို့ လိုပါတယ်။ ဒါကို စိတ်ဝင်စားတယ် လုပ်ချင်တယ် ဘာတွေသိထားဖို့လိုမယ် ဘာတွေလုပ်လို့ရတယ် ကိုယ်နဲ့အပ်စပ် မအပ်စပ် စတာတွေအတွက် သိချင်သူများ ဆွေးနွေးချင်သူများ အတွက် ဒီနေ့ စနေနေ့ ည 6:30 ကနေ 7:30 အထိ ကျွန်တော် Google Meet ကနေ Online Discussion လေး လုပ်ပါမယ်။ အဲဒီအချိန် လူ ၁၀၀ အထိတော့ အောက်ကလင့်ကနေ ဝင်ရောက် မိတ်ဆက် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Computer Science
Engineering
Civil
Architecture
Archaeology
Geology
Anthropology
Physics
Chemistry
Medicine
Zoology
Botany
Digital Conservation
Broadcasting
3D Arts

စတဲ့ ဘာသာရပ်တွေအပြင် နယ်ပယ်ကဏ္ဍ တော်တော်များများမှာ အသုံးချလို့ရတာ ဖြစ်တဲ့အတွက် သိချင်တာတွေ မေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်။

https://meet.google.com/sqb-adsi-odz

24/08/2020

Basic AR/VR Course ရုံးချိန်လွတ် (၁)လ သင်တန်း​

3D AR VR စတဲ့ နည်းပညာတွေဟာ နယ်ပယ်စုံမှာ အသုံးချနိုင်တဲ့ ခေတ်စားနေတဲ့ နည်းပညာတွေ ဖြစ်သလို အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတစ်ခု အနေနဲ့လည်း လုပ်ကိုင်နိုင်တဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။ 3D၊ AR/VR နဲ့ ပတ်သက်ပြီး အခြေခံအဆင့်ကနေ Business Industry ကို Creative Service ပေးနိုင်တဲ့အထိ 3XVIVR နှင့် မန္တလေး နည်းပညာ ကုမ္ပဏီတို့မှ ကျွမ်းကျင်သူများမှ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ​

ဒီသင်တန်းမှာ 3D AR VR နဲ့ ပတ်သက်ပြီး အခြေခံအဆင့် သီအိုရီတွေ၊ မတူညီ ကွဲပြားခြားနားတဲ့ နည်းပညာတွေ၊ ဖန်တီးမှုအတွက် လိုအပ်ချက်တွေ၊ Creative Service ပေးနိုင်ဖို့ ပြင်ဆင်ရတာတွေ၊ ပရောဂျက်ကို ဘယ်လိုစီမံခန့်ခွဲရတာတွေ စတဲ့ ပညာရပ်တွေကို စာတွေ့သာမက လက်တွေ့ပါ သင်ကြားကြရမှာ ဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ ​ AR/VRနှင့် ပတ်သက်ပြီး အခြေခံ သဘောတရားများကိုသိရှိရုံ သာမက လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တဲ့ အထိ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။​

သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ Certificate များ ပေးအပ်သွားမှာ ဖြစ်သလို ထူးချွန်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိနိုင်ပါတယ်။ ​

သင်ကြားမယ့်သင်ခန်းစာတွေကတော့​

Introduction to AR, VR and MR​
Basic 360 VR Photography​
Basic 360 VR Videography​
Basic 3D Scanning​
Basic 3D Modelling ​
Basic Photogrammetry​
Basic Concept, Logic & Coding​
Commercial AR VR Project Development​
AR Development with Spark AR ​
VR Development with Unity​
Business Model​
AR VR Project Management​

သင်တန်းစတင်မည့်ရက်- စက်တင်ဘာလ (၅) ရက်/ ​ (၁)လပြတ်သင်တန်း​
သင်တန်းချိန်- အပတ်စဉ် စနေ/တနင်္ဂနွေ​
သင်တန်းနေရာ - MICT Park
မနက်(10)နာရီမှ (3) နာရီအထိ​
သင်တန်းကြေး- (၂) သိန်းကျပ် ​

သင်တန်းသားများ အနေဖြင့် ကိုယ်ပိုင် Laptopများ ယူဆောင်လာခဲ့ရပါမည်။​
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်တန်း ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသားများဘက်မှ Maskတပ်လာဖို့နဲ့ စာသင်ခန်းအတွင်းသို့မဝင်ခင် အဖျားတိုင်းခြင်းနဲ့ လက်ဆေးခြင်းတို့ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်​

သင်တန်းသားအရေအတွက်ကန့်သတ်ထားတာကြောင့်ကြိုတင်စာရင်းပေးသွင်းပေးကြပါရှင့်..​

ဆက်သွယ်စုံစမ်းရန် -​
Tel: 09977200124, 09692850767

Ramesses VI Tomb Virtual Tour 18/07/2020

Ramesses VI Tomb Virtual Tour Even with the current travel restrictions, there's still a way to check off that bucket list. Egypt's Tourism Authority is virtually opening the Valley of the Kings up to the public through a 3D tour. From the comfort of their...

Terracotta Plates of East Phat-Leik Pagoda, Bagan 21/06/2020

အရှေ့ဖက်လိပ်ဘုရားမှ ၅၅၀ မြေမီးဖုတ်ရုပ်ကြွလက်ရာများ

ဖက်လိပ်ဘုရားနှစ်ဆူထဲက ရုပ်ကြွတွေနဲ့ ပတ်သက်ပြီး ဘယ်လက်ရာကို ပိုကြိုက်သလဲမေးရင် ကျွန်တော်ကတော့ အခုတွေ့ရတဲ့ အရှေ့ဖက်လိပ်က လက်ရာတွေကို ပိုကြိုက်တယ်လို့ ဆိုမိမှာပါ။ ဖက်လိပ်က ၁၁ရာစု မြေမီးဖုတ်ရုပ်ကြွတွ ဟာ ပုဂံရဲ့ အရေးအကြီးဆုံး အနုပညာယဉ်ကျေးမှု လက်ရာတွေ ဖြစ်ပါတယ်။ ထိန်းသိမ်းမှု အားနည်းခဲ့လို့ အတော်များများကို အကောင်းပကတိ မြင်တွေ့ဖို့ ခက်ခဲနေပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ မြန်မာတွေရဲ့ မကောင်းတဲ့ အကျင့်ဖြစ်တဲ့ သူများကို ဝေမျှမှုမလုပ်ချင်တာ အသိပညာမပေးချင်တာတွေကြောင့် ဒီပုံတွေကို အစုံအလင် မြင်တွေ့ခဲ့ရခွင့် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အင်္ဂလိပ်တွေမှတ်တမ်းတင်သွားတဲ့ ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင် ကျွန်တော်တို့ ကိုယ့်လွတ်လပ်ရေးနဲ့ ကိုယ့်လူမျိုးတွေ လက်ထက်မှာ ဘယ်လောက်တောင် ပျက်စီးသွားသလဲဆိုတာ သိနိုင်ပါလိမ့်မယ်။ အကောင်းအတိုင်းကျန်တဲ့ဟာဆိုတာ လက်ချိုးရေလို့ ရပါတယ်။ နောင် ၁၀ နှစ်မှာ ဘယ်လောက်ပဲ ကျန်တော့မလဲဆိုတာ မတွေးဝံ့စရာပါ။ နှောင်းလူတွေနဲ့ အထူးသဖြင့် Scholar တွေ Researcher တွေ လေ့လာနိုင်ဖို့ သေချာမှတ်တမ်းတင် ဝေမျှပါတယ်။ ‎Wednesday, ‎December ‎26, ‎2018 ရက်နေ့မှာ ကျွန်နော်ကိုယ်တိုင် ရိုက်ကူးခဲ့ပြီး Kyaw Thura Aung,Thura Htwe, Zunzun Kyaw တို့က ကူညီခဲ့ကြတယ်။ ပညာရဲ့ အထောက်အပံ့ ဖြစ်ပါစေ။

East and West Hpetleik (11th century)

Photos were taken by Nyi Lynn Seck ‎at Wednesday, ‎December ‎26, ‎2018. Academic and Research purpose. Do not allow any commercial use.

The East and West Hpetleik temples predate the reign of King Anawrahta (r. 1044-77) and the 'canonical' Bagan architecture that derived from his reign. They are a pair of odd fellows—their barrel-shaped stupas and wide, flat roofed bases are distinctly different from the majority of the surviving structures at Bagan.

Both temples are located well to the south of the main monument zone near the west edge of New Bagan, about 150 meters from the present-day riverbank. Though probably built at the same time, each is slightly off axis, with the main entrances facing one another. This would have been even more apparent when they were originally built as both featured mandapa-like wooden porches facing the common ground between the two temples (traces of such wood survived as late as 1907, as mentioned by Taw Sein Ko).

The temples represent an intermediary step in the transition from Pyu prototypes at Sri Ksetra to the dominant forms at Bagan which emerged in King Anawrahta's reign and later. For instance, the essential form of the Hpet-leik monuments is a square-shaped solid core surrounded by an ambulatory, capped with a centrally-placed stupa. This design is consistent with the Leimyethna Paya at Sri Ksetra (Pyay) which was probably built in the 7th century, though the stupa atop the Leimyethna no longer survives. The Hpet-leik stupas, too, are indebted to Sri Ksetran prototypes such as the Bawbawgyi Paya Stupa which displays a similar barrel shaped form, with the circumference of the upper part of the stupa only slightly smaller than the base. The one major anomaly is the square-shaped harmika placed atop both the Hpet-leik stupas, though these were likely added after their initial construction, possibly during the reign of King Sithu II (r. 1174-1211) when travel to and from Ceylon, where the harmika was commonly used, grew more frequent. The overall layout—square shaped base with a perimeter ambulatory,
topped by a stupa—served a functional purpose as it allowed worshipers to ritually circum-ambulate the stupa even if they could not directly view it from within the ambulatory.

Readmore here:
https://www.orientalarchitecture.com/sid/1195/myanmar/bagan/east-and-west-hpet-leik

Terracotta Plates of West Phat-Leik Pagoda, Bagan 21/06/2020

အနောက်ဖက်လိပ်ဘုရားမှ ၅၅၀ မြေမီးဖုတ်ရုပ်ြကွလက်ရာများ

ဖက်လိပ်ဘုရားဟာ ပုဂံရဲ့ အရေးအကြီးဆုံး ဘုရားတွေထဲက တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားအတွင်းက ၁၁ရာစု မြေမီးဖုတ်ရုပ်ကြွတွေကြောင့်ပဲ ဖြစ်ပါတယ်။ အရှေ့ဖက်လိပ်နဲ့ အနောက်ဖက်လိပ်ဆိုပြီး နှစ်ဆူရှိပြီး ဒီစီးရီးကတော့ အနောက်ဖက်လိပ်ဘုရားထဲက ရုပ်ကြွတွေပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေမှတ်တမ်းတင်သွားတဲ့ ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင် ကျွန်တော်တို့ ကိုယ့်လွတ်လပ်ရေးနဲ့ ကိုယ့်လူမျိုးတွေ လက်ထက်မှာ ဘယ်လောက်တောင် ပျက်စီးသွားသလဲဆိုတာ သိနိုင်ပါလိမ့်မယ်။ အကောင်းအတိုင်းကျန်တဲ့ဟာဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ထိန်းသိမ်းမှု အားနည်းခဲ့လို့ အတော်များများကို အကောင်းပကတိ မြင်တွေ့ဖို့ ခက်ခဲနေပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ မြန်မာတွေရဲ့ မကောင်းတဲ့ အကျင့်ဖြစ်တဲ့ သူများကို ဝေမျှမှုမလုပ်ချင်တာ အသိပညာမပေးချင်တာတွေကြောင့် ဒီပုံတွေကို အစုံအလင် မြင်တွေ့ခဲ့ရခွင့် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ နောင် ၁၀ နှစ်မှာ ဘယ်လောက်ပဲ ကျန်တော့မလဲဆိုတာ မတွေးဝံ့စရာပါ။ နှောင်းလူတွေနဲ့ အထူးသဖြင့် Scholar တွေ Researcher တွေ လေ့လာနိုင်ဖို့ သေချာမှတ်တမ်းတင် ဝေမျှပါတယ်။ ‎Wednesday, ‎December ‎26, ‎2018 ရက်နေ့မှာ ညီလင်းဆက် ရိုက်ကူးခဲ့ပြီး ကျော်သူရအောင်၊ သူရထွေးနဲ့၊ မင်းရဲကျော် တို့က ကူညီခဲ့ကြတယ်။

East and West Hpetleik (11th century)

Photos were taken by Nyi Lynn Seck ‎at Wednesday, ‎December ‎26, ‎2018.

The East and West Hpetleik temples predate the reign of King Anawrahta (r. 1044-77) and the 'canonical' Bagan architecture that derived from his reign. They are a pair of odd fellows—their barrel-shaped stupas and wide, flat roofed bases are distinctly different from the majority of the surviving structures at Bagan.

Both temples are located well to the south of the main monument zone near the west edge of New Bagan, about 150 meters from the present-day riverbank. Though probably built at the same time, each is slightly off axis, with the main entrances facing one another. This would have been even more apparent when they were originally built as both featured mandapa-like wooden porches facing the common ground between the two temples (traces of such wood survived as late as 1907, as mentioned by Taw Sein Ko).

The temples represent an intermediary step in the transition from Pyu prototypes at Sri Ksetra to the dominant forms at Bagan which emerged in King Anawrahta's reign and later. For instance, the essential form of the Hpet-leik monuments is a square-shaped solid core surrounded by an ambulatory, capped with a centrally-placed stupa. This design is consistent with the Leimyethna Paya at Sri Ksetra (Pyay) which was probably built in the 7th century, though the stupa atop the Leimyethna no longer survives. The Hpet-leik stupas, too, are indebted to Sri Ksetran prototypes such as the Bawbawgyi Paya Stupa which displays a similar barrel shaped form, with the circumference of the upper part of the stupa only slightly smaller than the base. The one major anomaly is the square-shaped harmika placed atop both the Hpet-leik stupas, though these were likely added after their initial construction, possibly during the reign of King Sithu II (r. 1174-1211) when travel to and from Ceylon, where the harmika was commonly used, grew more frequent. The overall layout—square shaped base with a perimeter ambulatory,
topped by a stupa—served a functional purpose as it allowed worshipers to ritually circum-ambulate the stupa even if they could not directly view it from within the ambulatory.

Readmore here:
https://www.orientalarchitecture.com/sid/1195/myanmar/bagan/east-and-west-hpet-leik

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

No. 1203, Konebaung Street, 6 Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00