YESC South Okkalapa

Directions Website

YESC South Okkalapa To tell Information about ,that give you knowledge from information. Please come and join with us to know about that. Please come SourthOkkapa YESC.

21/07/2026

ကိုယ်တိုင်မီတာဖတ်ရှု၍ မီတာခပေးဆောင်နိုင်မည့် ခေတ်မီ Smart Meter များ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

28/05/2026
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း+++++++++++++++++++++++++++++၁။     (၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွ...
27/03/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
၁။ (၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းသည် မင်းလှမြို့နယ်အနီး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်စီးခဲ့ သဖြင့် တာဝါတိုင် (၂)တိုင် ပြိုလဲခဲ့ပြီး တာဝါတိုင် (၂)တိုင်မှာ တိမ်းစောင်းသွားခဲ့ သဖြင့် ၎င်းဓာတ်အားလိုင်း မှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၄၀၀) မဂ္ဂါဝပ် ခန့်မှာ ထုတ်လုပ်နိုင်မှု လျော့နည်းလျက်ရှိပါ သည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု လျော့နည်းလျက်ရှိပါကြောင်းနှင့် အမြန်ဆုံးပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက် ရှိပါ ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

04/11/2025

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး မိဘပြည်သူများ သတိပြုနိုင်ပါရန်
# # # # # # #

၁/ တန်ဆောင်တိုင်ကာလများတွင် မဲဇလီပင်ပေါ်မှ မဲဇလီဖူးခူးယူပါက လျှပ်စစ်အန္တရာယ်အား အထူးသတိပြုပါရန်။
၂/ လျှပ်စစ်ဓာတ်အားလိုင်းအနီးရှိ မဲဇလီဖူးများအား လူကိုယ်တိုင်လည်းကောင်း၊တံချုဖြင့်လည်းကောင်း ခူးယူခြင်းမပြုပါရန်။
၃/ လျှပ်စစ်အန္တရယ်ကို သတိမမူဘဲ မဲဇလီဖူးခူးခြင်းကြောင့် ယခင်နှစ်များက ဓာတ်လိုက်၍ အသက်သေဆုံးမှု ၊ဒဏ်ရာရရှိမှု ဖြစ်စဉ်များ ရှိခဲ့ပါ၍ သတိပြုနိုင်ပါရန် လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း

26/12/2024

26-12-24(22:00)
တောင်ဥက္ကလာပမြို့နယ်ရှိခွဲ ရုံအားလုံးNo Loadshed ရရှိသဖြင့် အလှည့်ကျဓာတ်အားပိတ်ထားသော အုပ်စု Aအားဓာတ်အားပြန်လည်ပေးထားပါသည်။
မြို့နယ်တခုလုံး ဓာတ်အားရရှီနေပါမည် ခင်ဗျာ။

24/12/2024
19/12/2024

တောင်ဥက္ကလာပမြို့နယ်အတွင်းရှီ ဓာတ်အားသုံးစွဲသူမိဘပြည်သူများအား အသိပေး တင်ပြခြင်း

ဓာတ်အားစနစ်၏ လိုအပ်ချက်အရ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ အများပြည်သူအား ဓာတ်အားပေးနေသည့်

Group A and B အား
မနက် ၅ နာရီမှ မနက် ၉ နာရီအထိ Group A ဓာတ်အားပိတ်ပါမည်။
မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Group. B ဓာတ်အားပိတ်ပါမည်။
နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ဓာတ်အားပိတ်ပါမည်။
ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ဓာတ်အားပိတ်ပါမည်။
ည ၉ နာရီမှ နောက်နေ့မနက် ၁ နာရီအထိ Group A ဓာတ်အားပိတ်ပါမည်။
မနက် ၁ နာရီမှ မနက် ၅ နာရီအထိအား Group A and B နှစ်စုလုံးအား ဓာတ်အားပေးထားပါမည်။

စက်မှုဇုန်များအား Group A and B ခွဲ၍ တောင်ဥက္ကလာပ စက်မှုဇုန်သည် Group A တွင် ပါဝင်ပြီး
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် Group A အား မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ ဓာတ်အားပေးထားပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တစ်နေ့လုံး ဓာတ်အားရရှိမည် မဟုတ်ကြောင်း အသိပေးအကြောင်းအပ်ပါသည်။

16/12/2024

16.12.2024
(15:15)
33kV ကျိုက်ကဆံ+ကုက္ကိုင်း (ဝေဇယန္တာခွဲရုံ) LDC Load Shed ဖြင့် ခွဲရုံမှ 6.6kV(ဝေတောင်ဖီဒါ,ဟံသာ၀တီဖီဒါ)များအား ပိတ်ထားပါသဖြင် င့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှီ (၃,၄,၆,၈,၉,၁၁) ရပ်ကွက်များ နှင့် ရပ်ကွက်အတွင်း ရှီ အချို့နေရာ များ ယာယီ ဓါတ်အား ပြတ်တောက်နေပါမည် ခင်ဗျာ။

Address

Yangon

Alerts

Be the first to know and let us send you an email when YESC South Okkalapa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share