New Zealand Embassy Yangon, Myanmar

Call Directions Website Contact the organization

New Zealand Embassy Yangon, Myanmar Kia Ora! Welcome to the official page of the New Zealand Embassy in Yangon, Myanmar.

[English below] မဲခေါင်ဒေသရှိ ဓာတုပစ္စည်းများနဲ့ပြုလုပ်တဲ့ မူယစ်ဆေးဝါးစျေးကွက်ဟာ ဒေသအတွင်းနယ်နိမိတ်တွေကို ကျော်လွန်ပျံ့န...
16/10/2026

[English below] မဲခေါင်ဒေသရှိ ဓာတုပစ္စည်းများနဲ့ပြုလုပ်တဲ့ မူယစ်ဆေးဝါးစျေးကွက်ဟာ ဒေသအတွင်းနယ်နိမိတ်တွေကို ကျော်လွန်ပျံ့နှံ့နေတဲ့ ရှုပ်ထွေးပြီး ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိတဲ့ လုပ်ငန်းကွန်ရက်တစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အစီရင်ခံစာအသစ်မှာ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်တဲ့ မက်သာဖက်တမင်းတွေဟာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများရှိ သယ်ယူပို့ဆောင်ရေး၊ ကုန်လှောင်ရုံတွေနဲ့ ကုန်စည်တင်ပို့ရာနေရာတွေကတစ်ဆင့် နယူးဇီလန်နဲ့ ဩစတြေးလျကဲ့သို့ တန်ဖိုးမြင့် စျေးကွက်တွေကို ဘယ်လိုရောက်ရှိသွားတယ်ဆိုတာကို လေ့လာတင်ပြထားပါတယ်။

ဒီမူးယစ်ဆေးဝါးရောင်းဝယ်မှုဟာ မူးယစ်ရာဇာတစ်ဦးတည်း (သို့) ရာဇဝတ်ဂိုဏ်းတစ်ဖွဲ့တည်းက သီးခြားဆောင်ရွက်နေတာမျိုးမဟုတ်ဘဲ ရာဇဝတ်မှုဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ ထိန်းချုပ်မှုအားနည်းတဲ့နေရာတွေကို မျှဝေသုံးစွဲပြီး လည်ပတ်နေတာဖြစ်ပါတယ်။ အဂတိမကင်းတဲ့စစ်ဆေးရေးဂိတ်များ၊ နယ်စပ်ပွဲစားများ၊ တရားမဝင် ငွေလွှဲကွန်ရက်များနှင့် အထူးစီးပွားရေးဇုန်များဟာ အကြီးစားကျားဖြန့်လုပ်ငန်းများကို အထောက်အကူဖြစ်စေသလို မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလည်း လွယ်ကူစေပါတယ်။ လက်နက်ကိုင်အဖွဲ့များနဲ့ နောက်ကွယ်က အထောက်အပံ့ပေးတဲ့ကွန်ရက်များဟာ အကာအကွယ် ပေးအပ်ရာက အကျိုးအမြတ်ရရှိကြသလိုပဲ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများနဲ့ အသေးစားရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေကလည်း ကုန်ကြမ်းဓာတုပစ္စည်းများနဲ့ မူးယစ်ကုန်ချောများ ရွှေ့ပြောင်းပို့ဆောင်ရာမှာ ပါဝင်ပတ်သက်နေပါတယ်။ ဒီမူးယစ်ဆေးဝါးရောင်းဝယ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရုံသပ်သပ်သာမက ဒီချိတ်ဆက်နေတဲ့ကွန်ရက်တွေကို ပစ်မှတ်ထားကိုင်တွယ်တဲ့ နိုင်ငံတကာ မူဝါဒတွေ လိုအပ်ပါတယ်။

နယ်စပ်ဒေသတွေမှာ မျှဝေသုံးစွဲနေကြတဲ့ ရာဇဝတ်မှုဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ဖျက်ဖို့ အစိုးရများအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေကို ဦးစားပေးလုပ်ဆောင်သင့်ပါသလဲ။ သင့်အမြင်များကို အောက်မှာမျှဝေပေးပါ။

လေ့လာသုံးသပ်ချက်အလုံးစုံကို သိရှိနိုင်ဖို့ အစီရင်ခံစာအပြည့်အစုံကို ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် https://globalinitiative.net/analysis/mekong-m**h-supply-chains/

ဤအစီရင်ခံစာဖြစ်မြောက်ဖို့ ကူညီထောက်ပံ့ပေးတဲ့ နယူးဇီလန်သံရုံး၊ ရန်ကုန်ကိုလည်း ကျေးဇူးတင်ပါတယ်။

The synthetic drug market in the Mekong is a complex, multi-billion-dollar enterprise that extends far beyond regional borders. Our new report examines how m**hamphetamine produced in Myanmar, is moved through a network of transit, storage and export hubs across Cambodia, Laos, Thailand and Vietnam before reaching high-value markets in New Zealand and Australia.

Rather than being run by a single kingpin or organized crime group, the trade relies on shared criminal infrastructure and permissive environments. The same corrupt checkpoints, border brokers, informal remittance channels and special economic zones that enable industrial-scale cyber scam operations also facilitate drug trafficking. Armed groups and patron networks monetize protection, while commercial logistics companies and small shipping agencies provide cover for moving precursors and finished products. Addressing this trade requires international policy responses that target these shared enabling networks rather than relying solely on product seizures.

What measures do you think governments should prioritize to tackle shared criminal infrastructure in border regions? Share your thoughts in the comments below.
Read the complete report on our website to explore the full analysis: https://globalinitiative.net/analysis/mekong-m**h-supply-chains/
We are grateful for the support of the New Zealand Embassy in Yangon, Myanmar for making this report possible.

Methamphetamine from the Mekong moves through adaptable regional supply chains, creating strategic risks for New Zealand and Australia.

[English Below] ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ကို ဂုဏ်ပြုသောအားဖြင့် နယူးဇီလန်သံရုံး ရန်ကုန်သည် New Zealand Head of Embas...
08/10/2026

[English Below] ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ကို ဂုဏ်ပြုသောအားဖြင့် နယူးဇီလန်သံရုံး ရန်ကုန်သည် New Zealand Head of Embassy Fund (HEF) မှတစ်ဆင့် ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့အား ပံ့ပိုးကူညီခဲ့မှုကို ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေလိုက်ပါတယ်။

ဒီစီမံကိန်းကတဆင့် မော်တော်လှေနဲ့ ဆက်စပ်ပစ္စည်းများ ဝယ်ယူဖို့ ပံ့ပိုးနိုင်ခဲ့တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲများ စောင့်ကြည့်လေ့လာထိန်းသိမ်းရေး လုပ်ငန်းတွေကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ ဒီအထဲမှာ မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေရှိတဲ့ ကြိုးကြာခေါင်းနီနဲ့ ရေဝပ်ဒေသ‌ဂေဟစနစ်များမှာ မှီခိုနေထိုင်တဲ့ အခြားငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းများလည်း ပါဝင်ပါတယ်။ ဒါ့အပြင် စီမံကိန်းဟာ ဒေသခံလူထုအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သလို ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့မှာ ကျွန်ုပ်တို့ဟာ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ သဘာဝအမွေအနှစ်တွေကို အနာဂတ် မျိုးဆက်သစ်များ ဆက်လက်ခံစားနိုင်စေဖို့ ကြိုးပမ်းရာမှာ ဒေသခံလူထုရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုလိုက်ပါတယ်။

In celebration of World Migratory Bird Day, the New Zealand Embassy Yangon is proud to highlight its support for the Kyone Ka Pyin–Tap Seik Community Conservation Association through the New Zealand Head of Embassy Fund.

With support for the procurement of a motorboat and associated equipment, the project has strengthened biodiversity monitoring in the Delta, including conservation efforts for the vulnerable Sarus crane and other bird species that depend on healthy wetland ecosystems. The project has also expanded environmental education activities for local communities and promoted sustainable livelihood opportunities.

On World Migratory Bird Day, we celebrate the important role local communities play in safeguarding biodiversity and ensuring that future generations can continue to benefit from Myanmar's rich natural heritage.

New Zealander overseas? You might still be able to vote in the 2026 General Election.Find out more at vote.nz/overseas
29/09/2026

New Zealander overseas? You might still be able to vote in the 2026 General Election.
Find out more at vote.nz/overseas

[English Below] New Zealand Head of Embassy Fund မှတစ်ဆင့် ပဋိပက္ခကျရောက်ရာဒေသက မသန်စွမ်းအမျိုးသမီးများအတွက် အကျိုးရှိစေ...
28/09/2026

[English Below] New Zealand Head of Embassy Fund မှတစ်ဆင့် ပဋိပက္ခကျရောက်ရာဒေသက မသန်စွမ်းအမျိုးသမီးများအတွက် အကျိုးရှိစေမယ့် စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ “ပန်းနန်းအိမ်” (Pann Nann Ein) ကို ပံ့ပိုးကူညီနိုင်ခဲ့တဲ့အတွက် နယူးဇီလန်သံရုံး၊ ရန်ကုန်က ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

မသန်စွမ်းအမျိုးသမီးများဟာ အပ်ချုပ်လုပ်နည်းဆိုင်ရာ သင်တန်းတွေကတစ်ဆင့် အထည်အလိပ်ကို အခြေခံတဲ့ ပစ္စည်းမျိုးမျိုးကို ထုတ်လုပ်ဖို့ အဖိုးတန်စွမ်းရည်တွေ ရရှိခဲ့ကြပါတယ်။ ယနေ့မှာ အဆိုပါ ထုတ်ကုန်တွေကို ပြည်တွင်းဈေးကွက်တွေမှာ အောင်မြင်စွာ ရောင်းချလျက်ရှိပြီး ပါဝင်သူများအတွက် ပုံမှန်ဝင်ငွေ ဖန်တီးပေးလျက်ရှိပါတယ်။ မသန်စွမ်းအမျိုးသမီးတွေကို လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်းဖြင့် သူတို့ရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုပါဝင်ခွင့်ကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။

The New Zealand Embassy Yangon was proud to support Pann Nann Ein (Pann Nann Ein) in creating meaningful economic opportunities for women with disabilities in a conflict-affected area through the New Zealand Head of Embassy Fund.

Through training in stitching and sewing techniques, women with disabilities gained valuable skills to produce a range of cloth-based products. Today, these products are being successfully sold in local markets, helping participants generate a steady income. By providing access to safe and dignified work, it has contributed to improved physical, mental, and emotional well-being, while fostering greater inclusion within the community.

21/09/2026

[English below] အနုပညာလက်ရာတွေက နံရံပေါ်မှာ ချိတ်ဆွဲခံထားရာကနေ စင်မြင့်ပေါ်ရောက်လာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။

World of WearableArt (WOW) ပွဲကြီးမှာ ကမ္ဘာတစ်ဝန်းက ဒီဇိုင်နာတွေဟာ သူတို့ရဲ့ ရဲရင့်ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဝတ်ဆင်လို့ရတဲ့ အနုပညာတွေအဖြစ် ပြောင်းလဲဖန်တီးလိုက်ကြပြီး နယူးဇီလန်နိုင်ငံရဲ့ အကြီးမားဆုံး ဖျော်ဖြေရေးရုံကြီးရဲ့ အဓိကစင်မြင့်မှာ တင်ဆက်ပြသကြပါတယ်။

ဝယ်လင်တန်မြို့ရဲ့ သက်ဝင်လှုပ်ရှားမှုအပြည့်ရှိတဲ့ ကမ်းနားပတ်ဝန်းကျင်နောက်ခံနဲ့ ပြုလုပ်တဲ့ WOW ပွဲတော်ဟာ ကမ္ဘာပေါ်က အခြားဘယ်နေရာနဲ့မှမတူတဲ့ စိတ်ကူးစိတ်သန်း၊ ဆန်းသစ်တီထွင်မှုနဲ့ ဇာတ်လမ်းအကြောင်းအရာတွေကို ပေါင်းစပ်ကျင်းပတဲ့ အနုပညာပွဲတော်တစ်ခုဖြစ်ပါတယ်။

What happens when art steps off the wall and onto the stage?

At World of WearableArt, designers from around the world transform bold ideas into wearable masterpieces that take centre stage in New Zealand’s largest arena spectacle.

Set against Wellington’s vibrant waterfront, WOW is a celebration of imagination, innovation and storytelling unlike anywhere else on earth.

&

[English below] New Zealand Head of Embassy Fund မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးရှိ ကျေးလက်နေ အမျိုးသမီးငယ်များအတွက် ရက်က...
14/09/2026

[English below] New Zealand Head of Embassy Fund မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးရှိ ကျေးလက်နေ အမျိုးသမီးငယ်များအတွက် ရက်ကန်းအတတ်ပညာဖွံ့ဖြိုးရေးနဲ့ သဘာဝဆိုးဆေးအသုံးပြုခြင်းဆိုင်ရာ သင်တန်းတွေ ပြုလုပ်ပေးနိုင်ဖို့ “Pochisilk” (Pochisilk) ကို ပံ့ပိုးကူညီနိုင်ခဲ့တဲ့အတွက် နယူးဇီလန်သံရုံး၊ ရန်ကုန်က ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

မြန်မာ့ရိုးရာ လက်မှုပညာအမွေအနှစ်ကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့တဲ့ ရက်ကန်းပညာရပ်များကို အားပေးမြှင့်တင်ဖို့က စီမံကိန်း၏ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ ငှက်ပျောချည်ကဲ့သို့သော ပါဝင်ပစ္စည်းအမယ်သစ်များနဲ့ သဘာဝဆိုးဆေးအသုံးပြုနည်းအမျိုးမျိုးကို မိတ်ဆက်ပေးခြင်းအားဖြင့် သင်တန်းသူများဟာ သူတို့ရဲ့ ရက်ကန်းအတတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ဖို့ အခွင့်အလမ်းကောင်းတွေ ရရှိခဲ့ပါတယ်။ ဒါ့ပြင် အမြတ်အစွန်းတွက်ချက်ခြင်းနဲ့ ကုန်ကျစရိတ်စီမံခန့်ခွဲခြင်း စတဲ့အခြေခံစီးပွားရေးပညာကိုလည်း လေ့လာသင်ယူခွင့်ရရှိခဲ့ကြပါတယ်။ ဒီပညာရပ်တွေက ပါဝင်သူအမျိုးသမီးငယ်များကို ထုတ်ကုန်အရည်အသွေး မြှင့်တင်ဖို့၊ ဝင်ငွေတိုးမြှင့်ရရှိဖို့နဲ့ ပိုမိုကြံ့ခိုင်ပြီး ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းမှုများ တည်ဆောက်နိုင်ဖို့ အထောက်အကူပြုခဲ့ပါတယ်။

The New Zealand Embassy Yangon was proud to support “Pochisilk” (Pochisilk) in delivering weaving skills development and natural dyeing workshops to rural young women from Mandalay Region, through the New Zealand Head of Embassy Fund.

A core part of this project is supporting traditional Myanmar cultural artistry and promoting sustainable weaving practices. It created valuable opportunities for participants to strengthen their weaving skills and creativity by introducing new weaving materials, including banana threads, along with a variety of natural dyeing techniques. Participants also gained basic business skills, including profit calculation and cost management, equipping them to improve product quality, increase their earning potential, and create more resilient, and independent livelihoods.

[English below] စက်တင်ဘာလ ၁၄-၂၀ ရက်ထိကို မော်ရီဘာသာစကား ရက်သတ္တပတ်လို့ သတ်မှတ်ထားပါတယ်။ ၁၉၈၇ ခုနှစ်မှာ မော်ရီဘာသာစကားဟာ ...
13/09/2026

[English below] စက်တင်ဘာလ ၁၄-၂၀ ရက်ထိကို မော်ရီဘာသာစကား ရက်သတ္တပတ်လို့ သတ်မှတ်ထားပါတယ်။

၁၉၈၇ ခုနှစ်မှာ မော်ရီဘာသာစကားဟာ နယူးဇီလန်နိုင်ငံရဲ့ တရားဝင်ဘာသာစကားဖြစ်လာပြီး အစိုးရက ကာကွယ်စောင့်ရှောက်ပေးရမယ့် အမွေအနှစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

မော်ရီဘာသာနဲ့ စကားတစ်ခွန်းပြောဆိုလိုက်တိုင်း ဒီဘာသာစကားကို မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့ခိုင်မာစွာရှိနေစေဖို့ အထောက်အကူပြုပါတယ်။ မော်ရီဘာသာစကား အစဉ်အမြဲ တည်တံ့နိုင်ပါစေ။

This week (14-20 September) is Te Wiki o te Reo Māori.

Māori became an official language of New Zealand in 1987and it’s a taonga (treasure) that our government works to protect.

Every conversation helps strengthen and sustain te reo for future generations. Kia kaha te reo Māori!

[English Below] ကြွယ်ဝလှတဲ့ ထားဝယ်ရိုးရာရက်ကန်းအမွေအနှစ်တွေနဲ့ ရန်ကုန်မှ အထည်အလိပ်ဒီဇိုင်နာများနဲ့ ပညာရှင်များရဲ့ ဖန်တီး...
09/09/2026

[English Below] ကြွယ်ဝလှတဲ့ ထားဝယ်ရိုးရာရက်ကန်းအမွေအနှစ်တွေနဲ့ ရန်ကုန်မှ အထည်အလိပ်ဒီဇိုင်နာများနဲ့ ပညာရှင်များရဲ့ ဖန်တီးမှုများကို ပြသမယ့်“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်” ပြပွဲကို လာရောက်လေ့လာကြည့်ပါ။

📅 ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂-၁၃
🕙 နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀ နာရီထိ
📍 မူလပန်းချီပြခန်း၊ ဝန်ကြီးများရုံး၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

ဒေသခံပြည်သူများကို အခွင့်အလမ်းများဖန်တီးပေးနိုင်တဲ့ စီမံကိန်းများကို ကျွန်ုပ်တို့က ဝမ်းမြောက်စွာ ပံ့ပိုးကူညီပေးပါတယ်။

Join "The Art of Living Heritage – Tavoy", an exhibition that highlights Tavoy's rich weaving traditions and showcases contemporary creations by textile designers and artisans from Yangon.

📅 12-13 September 2026
🕙 10:00 AM - 5:00 PM
📍 MULA Art Gallery, The Secretariat Yangon, Maha Bandula Road, Botahtaung Township, Yangon.

We are delighted to support initiatives that create opportunities for local communities.


[English Below]

“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်”
- အမွေအနှစ်သည် ယနေ့မျိုးဆက်၏ လက်ထဲတွင် ဆက်လက်ရှင်သန်နေသည် -

နယူးဇီလန်သံရုံး၏ ထောက်ပံ့မှုဖြင့် ဆန်းဖလားဝါးသဘာဝဆိုးဆေးလက်ရက်ကန်းမှ စီစဉ်ခဲ့သော(၆)လတာ ပြုလုပ်ခဲ့သည့် “ထားဝယ်လက်ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း”ပိတ်ပွဲနှင့်အတူ လက်ရက်ကန်းပညာရှင်များနှင့် လက်ရက်ကန်းမျိုးဆက်သစ်များ၊ ရက်ကန်းမြတ်နိုးသူများ တွေ့ဆုံနိုင်စေရန် ရန်ကုန်မြို့ရဲ့ အမွေအနှစ်အဆောက်အဦးထဲမှာ “ရှင်သန်နေသောအမွေအနှစ်များ- ထားဝယ်”ပြပွဲကို ကျင်းပသွားမှာဖြစ်တယ်။

ဒီပြပွဲမှာ -
ထားဝယ်ရဲ့အမွေအနှစ်စုဆောင်းသူများရဲ့ရက်ကန်းအဆင်များ
လက်ရှိ ထားဝယ်မှာ တဦးတည်းကျန်နေတဲ့ လက်ရက်ကန်းပညာရှင်ရဲ့ ထားဝယ်လက်ရက်ကန်းအဆင်များ
၎င်းတို့ကို ပြုစုထားတဲ့ “အမွေအနှစ်-ရက်ကန်း-ထားဝယ်အဆင်”စာအုပ်မိတ်ဆက်
အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းသွားမယ့် မျိုးဆက်သစ်များရဲ့ လက်ရက်ကန်းအဆင်များ
ရန်ကုန်မှ အထည်အလိပ်ဒီဇိုင်နာနဲ့ ဖန်တီးသူများက ဖန်တီးထားတဲ့ ဖန်တီးမှုလက်ရာများကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။

ထားဝယ်ရိုးရာ အစားအစာအချို့ကိုလည်း ခင်းကျင်းပြသမှာဖြစ်လို့ အားလုံးကိုဖိတ်ကြားအပ်ပါတယ်။

၂၀၂၆ စက်တင်ဘာ ၁၂-၁၃ (စနေ၊ တနင်္ဂနွေ)
နံနက် ၁၀:၀၀ ~ ညနေ ၅:၀၀ နာရီ
မူလပန်းချီပြခန်း
S1-13/14/15, ဝန်ကြီးများရုံး၊
မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

“The Art of Living Heritage – Tavoy”

Heritage continues to live in the hands of today’s generation

With the support of the New Zealand Embassy Yangon, Myanmar, Sunflower Natural Dye Textiles is pleased to present the exhibition “The Art of Living Heritage – Tavoy”, held in conjunction with the closing ceremony of the six-month “Empower Tavoy Handloom Weaving Industry Development Project.”

The exhibition will take place in a heritage building in Yangon, bringing together traditional handloom artisans, a new generation of weavers, textile designers and those who love for handwoven textiles. It will provide an opportunity to celebrate Tavoy’s rich weaving heritage and explore how this living tradition can continue into the future.

At the exhibition, visitors will have the opportunity to see:

- Traditional Tavoy weaving patterns from heritage textile collectors
- Tavoy handwoven textiles created by the last remaining traditional handloom artisan currently practicing in Tavoy
- The launch of “Heritage – Handloom – Tavoy Pattern,” a book documenting and preserving these traditional weaving patterns
- Handwoven textile created by the new generation, who are carrying forward and preserving this heritage
- Creative works by textile designers and creators from Yangon, inspired by Tavoy’s traditional weaving heritage

A selection of traditional Tavoy cuisine will also be presented at the exhibition.

Everyone is warmly invited to join us in celebrating and keeping this living heritage alive.

📅 12–13 September 2026 (Saturday & Sunday)
🕙 10:00 AM – 5:00 PM
📍 ᗰᑌᒪᗩ ᗩᖇT GᗩᒪᒪEᖇY, MULA
S1-13/14/15, The Secretariat Yangon,
Maha Bandula Road, Botahtaung Township,






Myanmar Textile and Handcraft Creator's MSMEs Network - Dawei
Myanmar Textile & Handicraft Creators’ MSME Network - Yangon

08/09/2026

[English below] New Zealand Embassy Fund (သို့မဟုတ်) Head of Embassy Fund (HEF) လို့ခေါ်တဲ့ နယူးဇီလန်သံရုံးကပေးအပ်တဲ့ ထောက်ပံ့ငွေအကြောင်း လေ့လာလိုက်ပါ။

ရန်ကုန်မြို့ရှိ နယူးဇီလန်သံရုံးရဲ့ သံရုံးအကြီးအကဲ မစ္စစတတ်ဖနီလီက HEF အကြောင်းနဲ့ အဲဒီလူထုအခြေပြုစီမံကိန်းတွေက ‌ဆောင်ကြဉ်းပေးတဲ့ အကျိုးသက်ရောက်မှုတွေကို ရှင်းပြပေးထားပါတယ်။ နားထောင်ကြည့်ကြပါ။

လာမယ့်ရက်သတ္တပတ်များမှာ မျှဝေသွားမယ့် စိတ်အားတက်ကြွဖွယ် HEF စီမံကိန်းများအကြောင်း သိရှိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ Facebook စာမျက်နှာကို ‘Follow’ လုပ်ထားလိုက်ပါနော်။

Learn more about the New Zealand Embassy Fund (or) Head of Embassy Fund (HEF)

Hear from Ms. Stephanie Lee, Head of Mission at the New Zealand Embassy Yangon, as she introduces HEF and highlights the impact of the community projects it supports.

Follow our page to discover inspiring HEF success stories in the weeks ahead.

[English below] ပျော်ရွှင်ဖွယ် အာဆီယံနေ့ဖြစ်ပါစေ 🎉 ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း စတင်တည်ထောင်သည့် (၅၉) နှစ်မြော...
07/08/2026

[English below] ပျော်ရွှင်ဖွယ် အာဆီယံနေ့ဖြစ်ပါစေ 🎉

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း စတင်တည်ထောင်သည့် (၅၉) နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။

အာဆီယံသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုနေသည့် အဓိကအဖွဲ့အစည်း ဖြစ်ပါသည်။ ဤအဖွဲ့အစည်းသည် ကမ္ဘာ့အကြီးဆုံးစီးပွား‌ရေးအဆင့်(၅)နေရာတွင် ရပ်တည်နေပြီး ၂၀၃၀ ခုနှစ်မတိုင်မီ အဆင့်(၄)နေရာသို့ ရောက်လာမည် ဖြစ်ပါသည်။

နယူးဇီလန်နိုင်ငံ၏အနာဂတ်သည် အင်ဒိုပစိဖိတ်ဒေသ၏ အောင်မြင်မှုပေါ်တွင် ပိုမိုဆက်နွှယ်လျက်ရှိလာသည့်အပြင် ကျွန်ုပ်တို့သည် အာဆီယံ၏ အရင်းနှီးဆုံးမိတ်ဖက်နိုင်ငံများထဲတွင် ပါဝင်နေသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Happy ASEAN Day! 🎉

Today marks 59 years since the founding of the Association of Southeast Asian Nations.

ASEAN is a key contributor to regional stability and economic integration. As a grouping, it’s the world’s fifth largest economy and poised to become the fourth by 2030.

New Zealand’s future is increasingly tied to the success of the Indo-Pacific, and we are proud to be one of ASEAN’s closest partners.

Address

No. 43 C, Inya Myaing Road, Shwe Taung Kyar 2 Ward, Bahan Township
Yangon
11201

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Telephone

+959403323982

Alerts

Be the first to know and let us send you an email when New Zealand Embassy Yangon, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to New Zealand Embassy Yangon, Myanmar:

Shortcuts

Share