Nyan Lynn Thit Analytica

Nyan Lynn Thit Analytica

Share

Nyan Lynn Thit Analytica is an independent, non-partisan, and non-governmental research organization.

Photos from Nyan Lynn Thit Analytica's post 05/06/2026

မြင်ကွင်း - တော်လှန်စစ်ဆင်ရေး
၂၀၂၆ ခုနှစ်၊ မေ ၂၉ ရက်နေ့မှ ဇွန် ၄ ရက်နေ့အတွင်း နိုင်ငံတဝန်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဥ်များ စုစုပေါင်း ၁၈၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ၎င်းတို့အနက် မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အနည်းဆုံး ၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး မကွေးဒေသတွင် ဖြစ်စဥ် ၂၀ ခုဖြင့် အများဆုံးဖြစ်ပွားခဲ့သည်။ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအနေဖြင့် မြို့နယ်ပေါင်း ၄၀ မြို့နယ်တွင် အနည်းဆုံး ဖြစ်စဉ် ၁၁၁ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားအနည်းဆုံး ၅၄ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား ၇၇ ဦး မတရားဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/irbwf6
အင်္ဂလိပ် >>> nolog.link/s/y6oYr1

04/06/2026

Conflict Diary (4.6.2026)

CJ Platform

ဇွန် ၃ ရက်နေ့အတွက် မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးလှုပ်ရှားမှုနှင့် အရပ်သား ထိခိုက်မှု အခြေအနေများကို တင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့အတွင်း နိုင်ငံတစ်ဝန်း မြို့နယ် ၁၅ ခုမှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်မှု ၁၀ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ ထိတွေ့တိုက်ပွဲ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု၊ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်စီ ဖြစ်ပွားခဲ့ပြီး အခြားဖြစ်စဉ် ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ တနင်္သာရီတိုင်း ဖြစ်ပြီး ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး အထူးသဖြင့် ဇွန် ၃ ရက်မှာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

#စစ်ရေးသတင်း #အရပ်သားထိခိုက်မှု #တနင်္သာရီတိုင်း #မကွေးတိုင်း

Photos from Nyan Lynn Thit Analytica's post 04/06/2026

Conflict Diary
----------------------
ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှု ဖြစ်စဥ်များ အနည်းဆုံး ၂၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စု၏ စစ်ကြောင်းထိုးမှု ဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ၁၀ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၆ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်စဥ်၊ စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်နှင့် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ် တို့သည် တတိယအများဆုံးဖြစ်ပြီး ၂ ကြိမ် စီဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၂၂ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၁ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သားပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာ >>> nolog.link/s/3Gxuna
English >>> nolog.link/s/onEP4z

03/06/2026

Conflict Diary (3.6.2026)

CJ Platform

ဇွန်လ ၂ ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံ တစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်၊ အင်္ဂါနေ့က နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၄၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်၊ စစ်ကြောင်းထိုးဝင်ရောက်မှု ၁၃ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆ ကြိမ်၊ အရပ်သား ဖမ်းဆီးမှု ၂ ကြိမ်နဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ မန္တလေးတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။

အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပြီး ဇွန်လ ၂ ရက်နေ့ တစ်ရက်တည်းမှာတင် တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

#စစ်ရေးသတင်း #မန္တလေး #အရပ်သားထိခိုက်မှု

Photos from Nyan Lynn Thit Analytica's post 03/06/2026

Conflict Diary
----------------------
ဇွန်လ ၂ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှု ဖြစ်စဥ်များ အနည်းဆုံး ၄၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ၁၅ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်သည် တတိယအများဆုံးဖြစ်ပြီး ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၂၃ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သားပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာ >>> nolog.link/s/CwXmNf
English >>> nolog.link/s/8f0Obp

02/06/2026

Conflict Diary (2.6.2026)

CJ Platform

ဇွန်လ ၁ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံ တစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်၊ တနင်္လာနေ့က နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာ ထိတွေ့တိုက်ပွဲ ၉ ကြိမ်၊ စစ်ကြောင်းထိုးဝင်ရောက်မှု ၇ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ ဖမ်းဆီးမှု ၃ ကြိမ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အခြားဖြစ်စဉ် ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ မန္တလေးတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။

အရပ်သား သတ်ဖြတ်ခံရတာတွေလည်း ရှိခဲ့ပြီး အထူးသဖြင့် ဇွန်လ ၁ ရက်မှာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြင်းခြံ-ကျောက်ပန်းတောင်း လမ်းပိုင်းမှာ စစ်အုပ်စုက အရပ်သားပြည်သူ ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၅ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

#စစ်ရေးသတင်း #မန္တလေး #တောင်သာ

Photos from Nyan Lynn Thit Analytica's post 02/06/2026

Conflict Diary
----------------------
ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှု ဖြစ်စဥ်များ အနည်းဆုံး ၃၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၇ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်သည် တတိယအများဆုံးဖြစ်ပြီး ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၈ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကာ ၂၀ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/PauI4m
English >>> nolog.link/s/PjwTYZ

Photos from Nyan Lynn Thit Analytica's post 01/06/2026

Conflict Diary
----------------------
မေလ ၃၁ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှု ဖြစ်စဥ်များ အနည်းဆုံး ၁၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ၈ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၃ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နှင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တို့သည် တတိယအများဆုံးဖြစ်ပြီး ၁ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၈ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့သည်။
မြန်မာ >>> nolog.link/s/0GOW5K
English >>> nolog.link/s/52tU66

Photos from Nyan Lynn Thit Analytica's post 31/05/2026

Conflict Diary
----------------------
မေလ ၃၀ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှု ဖြစ်စဥ်များ အနည်းဆုံး ၂၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်ကြောင်းထိုး၀င်ရောက်မှုဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်။စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်သည် တတိယအများဆုံးဖြစ်ပြီး ၂ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၆ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ကာ အရပ်သားပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅၂ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/S2e9dd
English >>> nolog.link/s/J2TOd3

Photos from Nyan Lynn Thit Analytica's post 08/05/2026

မြင်ကွင်း - တော်လှန်စစ်ဆင်ရေး

၂၀၂၆ ခုနှစ်၊ မေ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း နိုင်ငံတဝန်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဥ်များ စုစုပေါင်း ၁၉၃ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် မြို့နယ်ပေါင်း ၂၃ မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အနည်းဆုံး ၆၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မကွေးဒေသတွင် စုစုပေါင်းဖြစ်စဉ် ၁၇ ခုဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။ ယခင်အပတ်နှင့် နှိုင်းယှဥ်ပါက တိုက်ပွဲဖြစ်စဥ်အရေအတွက် လျော့ကျလာသည်ကို တွေ့ရသည်။ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအနေဖြင့် မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် အနည်းဆုံး ဖြစ်စဉ် ၁၂၅ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားအနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား ၁၂၁ ဦး မတရားဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/3Wf9XR
အင်္ဂလိပ် >>> nolog.link/s/22RPyc

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


U Tun Lin Chan Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00