Electrical E-book & Knowledge Center

Electrical E-book & Knowledge Center

Share

For Electrical Knowledge Sharing

Photos from T&T Electrical Engineering Group's post 03/12/2023
03/05/2023

Site Locationက ဝေးပေမယ့်။နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

Electrical Installation အတွက် သွားကြည့်ဖြစ်ခဲ့ပီး မကြာခင် စတင်တော့ပါမယ် ခင်ဗျ။

2Story Building 🏢

Basement (10' × 20')
Ground Floor (30' × 30')
First Floor (20' × 30')

M&E Installation များအတွက် အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ် ခင်ဗျ။Viber (သို့) Messager မှ တဆင့်လည်း သိလို့ရာများကိုမေးမြန်နိုင်ပါတယ်။

T&T Electrical Engineering Group
☎️ 09401665767(Viber) / 09977385157



24/09/2022

လျှပ်စစ်ပစ္စည်းတွေ အတွက် အပ်ကြိုးလို လား မလိုဘူးလား ???

လျှပ်စစ် အန္တရယ်မှာ Electric shock ဆိုတဲ့ ဓါတ်လိုက်တာကို ကာကွယ်ဘို့လိုပါတယ် ဓါတ်လိုက်နိုင်မဲ့ အခြေအနေတွေဟာ အများကြီး ရှိနိုင်လို့ အိမ်မှာ နေ့စဥ်သုံးနေတဲ့ လျှပ်စစ်ပစ္စည်း တွေကလည်း ဓါတ်လိုက်နိုင်ပါတယ် ဒါမို့ လျှပ်စစ်ပစ္စည်းတွေကို ဓါတ်လိုက်နိုင် မလိုက်နိုင် ကိုသိဘို့အမျိုးအစားတွေ ခွဲခြားထားတယ် ဆိုတာကို သိထားဘို့လိုလိမ့်မယ် ထင်ပါမယ်

LV လျပ်စစ်ပစ္စည်းတွေကို
1 class I လျပ်စစ်ပစ္စည်း
2 Class II လျပ်စစ်ပစ္စည်း
3 Class III လျပ်စစ်ပစ္စည်း
ဆိုပီး အတန်းအစား ခွဲထားပါတယ်

Class I ဆိုတာက ဓါတ်လိုက်ထာ ကာကွယ်ဘို့ ဓါတ်အားရှိနေတဲ့ အစိတ် အပိုင်းတွေကို လျှပ်ကာ တထပ်မှာ ထည့်ထားပါတယ် ပီးတော့
သတ္တု ကိုယ်ထည် နှင့်
ထည့်ပီးအုပ်ထားပါတယ်
ပုံမှန်အချိန်ဆို သူ့ရဲ့သတ္တုကိုယ်ထည်ကို ထိလို့ကိုင်လို့ ရပါတယ် ဒါပေမဲ့ Earth Fault အပြစ်တခုခုဖြစ်လို့
ထည့်ထားလျှပ်ကာInsulstion ပေါက်သွားလို့ ဆိုရင်တော့ သူ့သတ္တု ကိုယ်ထည်က်ို ကိုင်လို့ထိလို့ မရပါဘူး
ထိမိကိုင်မိရင် ဓါတ်လိုက်နိုင်ပါတယ် ဒါကိုကာကွယ်ဘို့ ဘရိတ်ကာတွေဖြုတ်ချနိုင်ဘို့ ဆ်ိုရင်

(ဒီပစ္စည်းတွေမှာ အပ်ကြိုးနှင့် ဆက်ဖို့ အပ်ငုတ်လေးပါ ရပါတယ်)

ဥပမာ 3pin socket ကိုတပ်သုံးရမဲ့ 3 pin plug ခေါင်းသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေပါ
ရေမော်တာ မီးပူ ထမင်းပေါင်းအိုး တို့လိုပေါ့
ဒီ class I ပစ္စည်းတွေ သုံးခဲ့ရင် အပ်ကြိုး cpc ထည့်ရပါမယ် TT system ဖြစ်နေလို့
RCD RCCB RCBO တို့ မဖြစ်မနေထည့်သုံးရပါမယ် အပ်earth electrode ရိုက်ရပေးပါမယ် ဒါမှဓါတ်လိုက်ထာ ကာကွယ်နိုင်ပါမယ်

class II လျှပ်စစ်ပစ္စည်း ဆိုတာကတော့ ဓါတ်လိုက်ထာကို ကာကွယ်ဘို့ အတွက် သီသန့်သုံးထားတာပါ
ဓါတ်အားရှိအစိတ်အပိုင်းကို လျှပ်ကာinsulation ထဲမှာထည့်ထားတဲ့အပြင် ထပ်ပီး နောက် အပို ထပ်တိုးinsulation နှင့်ပါ လုပ်ပေးထားပါသေးတယ် ဒါမို့ ကိုယ်ထည်ဟာ သတ္တုမဟုတ်တော့ဘဲဓါတ်မလိုက်နိုင်တဲ့ အပူခံနိုင်မဲ့ ပစ္စည်း မျိုး
နှင့် လုပ်ထားတာမျိုးတွေ ဖြစ်ပါတယ်
ဘယ်အချိန်မှာမဆို စိတ်ချလက်ချ ထိလို့ကိုင်လို့ရပါတယ် ဓါတ်မလိုက်နိုင်တော့ပါဘူး
Earth Fault လဲမဖြစ်နိုင်ပါတော့ဘူး
ကိုယ်ထည်က သတ္တုမဟုတ်တော့လို့

(အပ်ငုတ်မပါတော့ပါ အပ်ကြိုးလည်း ဆွဲစရာ မလိုတော့ပါ)

ဓါတ်လိုက်နိုင်ခြင်းကို ဒီ Class II ပစ္စည်း သုံးပီး ကာကွယ်နိုင်ပါတယ်
ကာကွယ်ရမှာပါ
ဥပမာ 2Pin socket နှင့်သုံးတဲ့ 2Pin plug
ခေါင်းသုံးထားတဲ့ ပစ္စည်းလိုမျိုးတွေပါ ပလပ်စတစ်လို ကိုယ်ထည်ရှိ HairDryer ,TV,
Computer,Hand Drill လိုမျိုးပေါ့

Class III လျှပ်စစ်ပစ္စည်းဆိုတာက ....
ဓါတ်မလိုက်နိုင်တဲ့ ဗို့အား ဟာ50V အောက်ဖြစ်ပါတယ် ဒီဗို့အားငို ELV Extra Low Voltage စနစ်လို့ပြောပါတယ်
သူ့ထက်ဗို့အား နဲတဲ့ Isolation Transformer သုံး SELV Separated Extra Low Voltage ဗို့အားကိုအသုံးပြုထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို class III လျှပ်စစ် ပစ္စည်းလို့ ခေါ်ပါတယ်
ဒီ ပစ္စည်းတွေက ဓါတ်မလိုက်နိုင်ပါဘူး ဥပမာ ရေကူးကန် Zone 1ထဲ25Vac သုံးပစ္စည်းလို မျိုး
ဘိုလ်ထိုင် အိမ်သာ အောက်က12Vac သုံးမီးလုံးလိုမျိုးတွေပါ

လျှပ်စစ်ပစ္စည်းတွေမှာ class တွေကိုဖေါ်ပြတဲ့
အမှတ်အသား Symbol တွေပါ ပါတယ် ဒါတွေကို
အောက်မှာ ဖေါ်ပြပေးထားပါတယ်
ပစ္စည်းတွေ့ရင် သတိထားပီး ကြည့်လို့ရအောင်ရယ်
နောက် ၃ပင် Plug က အပ်ငုတ်ကို လိုအပ်လို့ ပေးထားမို့ မချိုးပစ်စေချင်လို့ပါ

ဒါဆိုရင် ဓါတ်လိုက်နိုင်တဲ့လျှပ်စစ်ပစ္စည်း နှင့် ဓါတ်မလိုက်နိုင်တဲ့ လျပ်စစ်ပစ္စည်းတွေရယ် ဒီပစ္စည်းတွေမှာအပ်ကြိုးထည့်ပေးဘို့ လို မလို ဆိုတာ ကို ခွဲခြားနိုင်ပါလိမ့်မယ်ထင်ပါတယ်

လွတ်လပ်စွာ ဝေဖန် ထောက်ပြ အကြံပေး အမှားပြင်နိုင်ပါတယ်

ပေးလိုက်ရတဲ့ အချိန်အတွက် ကျေးဇူးအထူးတင်ပါတယ် ကပ်ဘေးမှ
မြန်မြန်ကင်းဝေးနိုင်ကြပါစေ
ref BS 7671:2018 ,PART 2
Source: ဆရာမြင့်ဦး

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yate Thar Street
Yangon