04/06/2026
Ultrasound (တယ်လီဗေးရှင်းဓာတ်မှန်) စစ်ဆေးမှု ဘာကြောင့် လိုအပ်သလဲ?
Ultrasound သည် အသံလှိုင်း (Sound Waves) ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို စစ်ဆေးကြည့်ရှုနိုင်သော စစ်ဆေးမှုတစ်မျိုး ဖြစ်ပါသည်။ နာကျင်မှုမရှိဘဲ၊ ဓာတ်ရောင်ခြည် (Radiation) လုံးဝမသုံးစွဲသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိ၊ လုံခြုံစိတ်ချစွာ စစ်ဆေးနိုင်ပါသည်။
🎀 Ultrasound ဖြင့် ဘာတွေ စစ်ဆေးနိုင်သလဲ?
• အသည်း (Liver) ▫️ သည်းခြေအိတ် (Gallbladder)
• ကျောက်ကပ် (Kidneys) ▫️ ဆီးအိမ် (Urinary Bladder)
• သရက်ရွက် (Spleen) ▫️ သားအိမ်နှင့်သားဥအိမ် (Uterus & Ovaries)
• ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားအခြေအနေ
🎀 ဘယ်လိုလက္ခဏာတွေရှိရင် Ultrasound စစ်ဆေးဖို့ စဉ်းစားသင့်သလဲ?
• ဗိုက်ခဏခဏအောင့်ခြင်း၊ ဗိုက်ကယ်/ဗိုက်ဖောင်းခြင်း
• ဆီးသွားရာတွင် ပုံမှန်မဟုတ်ခြင်း (ဆီးအောင့်၊ ဆီးကျင်)
• ခါးနာခြင်း ▫️ အမျိုးသမီးများ ရာသီမမှန်ခြင်း
• ကိုယ်ဝန်ဆောင် စောင့်ကြည့်စစ်ဆေးလိုခြင်း
🎀 Ultrasound စစ်ဆေးမှုရဲ့ အကျိုးကျေးဇူးများ
✅ ရောဂါများကို အစောပိုင်း သိရှိနိုင်ခြင်း (ရောဂါအခြေအနေကို ကြိုတင်သိရှိပြီး ဆိုးရွားမလာခင် ကာကွယ်နိုင်ပါတယ်)
✅ ကုသမှုအစီအစဉ်များ ချမှတ်ရာတွင် အထောက်အကူပြုခြင်း (ဆရာဝန်များအနေနဲ့ တိကျတဲ့ ကုသမှုပေးနိုင်ဖို့ ကူညီပေးပါတယ်)
✅ လုံခြုံစိတ်ချပြီး နာကျင်မှုမရှိခြင်း (ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်မကျန် စိတ်ချလက်ချ စစ်ဆေးနိုင်ပါတယ်)
✅ စစ်ဆေးမှုအချိန်တိုအတွင်း တိကျတဲ့ ရလဒ်ကို ချက်ချင်းရရှိနိုင်ခြင်း
(💡 အကြံပြုချက် - စစ်ဆေးမည့် အမျိုးအစားအလိုက် အစာငတ်ခံရန် သို့မဟုတ် ဆီးအောင့်ထားရန် လိုအပ်နိုင်သဖြင့် ကြိုတင်မေးမြန်းနိုင်ပါသည်)
💙 ကျန်းမာရေးပြဿနာများကို စောစောသိရှိပြီး မှန်ကန်သောကုသမှုများ အချိန်မှီရရှိနိုင်ရန် လိုအပ်ပါက Ultrasound စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။
📞 အသေးစိတ် သိရှိလိုပါက သို့မဟုတ် Booking ရယူလိုပါက Shwe La Min Hospital (North Okkalapa) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အချိန်ဇယား ပြောင်းလဲနိုင်သဖြင့် တစ်ရက်ကြိုတင် Booking တင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
24 နာရီ Hotline ဖုန်းနံပါတ်များ:
09 4284 18657 | 09 8953 54213 01-8655612, 01-8655613, 01-8655614 01-8656203, 01-8656204, 01-8656205
02/06/2026
🚨 အမျိုးသမီးတိုင်း သတိထားသင့်တဲ့ “သားအိမ်ခေါင်းကင်ဆာ” ရဲ့ အချက်ပြလက္ခဏာများ 🚨
သားအိမ်ခေါင်းကင်ဆာဟာ အစပိုင်းမှာ လက္ခဏာသိပ်မပြတတ်တာကြောင့် "တိတ်ဆိတ်တဲ့ လူသတ်သမား" (Silent Killer) လို့တောင် တင်စားကြပါတယ်။ 🤫⚠️
ဒါကြောင့်မို့လို့ မိမိခန္ဓာကိုယ်က ပေးနေတဲ့ အောက်ပါအချက်ပြလက္ခဏာတွေကို လုံးဝမပေါ့ဆဘဲ သတိပြုဖို့ လိုအပ်ပါတယ်ရှင်။
🛑 သတိပြုရမယ့် လက္ခဏာများ 🛑
🩸 ရာသီမမှန်ဘဲ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
🩸 အိမ်ထောင်ဖက်နဲ့ ဆက်ဆံပြီးနောက် သွေးစွန်းခြင်း / သွေးဆင်းခြင်း
⚠️ အဖြူဆင်းတာ အရောင်ပြောင်းလာခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်း
⚡ ခါးနာခြင်း၊ ဆီးခုံတစ်ဝိုက် နာကျင်ကိုက်ခဲခြင်း
🚽 ဆီးသွားတဲ့အခါ နာကျင်အောင့်ခြင်း
🥱 အကြောင်းရင်းမရှိဘဲ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေခြင်း
📉 ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းလာခြင်း
✨ သတင်းကောင်းတစ်ခုကတော့... သားအိမ်ခေါင်းကင်ဆာဟာ ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးရုံနဲ့ စောစီးစွာ သိရှိပြီး ကာကွယ်ကုသနိုင်တဲ့ ရောဂါဖြစ်ပါတယ်။
🩺 ဒါကြောင့် အမျိုးသမီးတိုင်း မိမိကျန်းမာရေးအတွက် Pap Smear (သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်း) ကို ပုံမှန်ပြုလုပ်ဖို့ မမေ့ကြပါနဲ့နော်။
💖 ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊ အမြဲဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းက အကောင်းဆုံးသော ချစ်ခြင်းတရားပါပဲ။ 🌸
👩⚕️ *** "သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများနှင့်လည်း ပြသဆွေးနွေးတိုင်ပင်နိုင်ပါသည်။"
25/05/2026
✨ သတိမထားမိတတ်တဲ့ "သိုင်းရွိုက် (Thyroid)" ပြဿနာ ✨
🩺 သင် မကြာခဏ ပင်ပန်းနွမ်းနယ်နေပါသလား ❓
🩺 အကြောင်းရင်းမရှိဘဲ ခန္ဓာကိုယ် ညှိုးရော်ပိန်ကျတာ (သို့) ဝလာတာမျိုး ကြုံဖူးပါသလား ❓
အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာ၊ ရင်တုန်လက်တုန်ဖြစ်တာတွေဟာ သာမန်အလုပ်ပင်ပန်းလို့ မဟုတ်ဘဲ သင့်လည်ပင်းအရှေ့ဘက်မှာရှိတဲ့ "သိုင်းရွိုက် (Thyroid) ဂလင်း" ပုံမှန်အလုပ်မလုပ်တော့တဲ့ လက္ခဏာရပ်တွေ ဖြစ်နိုင်ပါတယ်။ 🛑
🦋 "သိုင်းရွိုက် (Thyroid) ဂလင်း" က သေးသေးလေးဆိုပေမယ့် သူကနေထုတ်ပေးတဲ့ "သိုင်းရွိုက်ဟော်မုန်း" ဟာ ခန္ဓာကိုယ်ရဲ့ စနစ်အားလုံးကို မောင်းနှင်ပေးနေတဲ့ အဓိကအင်ဂျင်စက် (Main Engine) ဖြစ်ပါတယ်။
အကယ်၍ သိုင်းရွိုက်ဟော်မုန်းစနစ် ကမောက်ကမဖြစ်လာရင် သင့်ခန္ဓာကိုယ်မှာ အောက်ပါကျန်းမာရေးပြဿနာတွေကို သိသိသာသာ ခံစားရနိုင်ပါတယ် -
⚡ ၁။ စွမ်းအင်ထုတ်လုပ်မှုစနစ် ထိခိုက်ခြင်း (Metabolism)
ကျွန်တော်တို့ စားသောက်လိုက်တဲ့ အာဟာရတွေကို ခန္ဓာကိုယ်က သုံးရမယ့် စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့နေရာမှာ သိုင်းရွိုက်ဟော်မုန်းက အဓိကတာဝန်ယူထားပါတယ်။ ဒါကြောင့် ဟော်မုန်းမမျှတရင် ခန္ဓာကိုယ်က နုံးခွေပြီး အားအင်ကုန်ခမ်းနေတတ်ပါတယ်။
❤️ ၂။ နှလုံးခုန်နှုန်းနှင့် သွေးဖိအား မမှန်ခြင်း
နှလုံးခုန်နှုန်းရဲ့ စည်းချက်နဲ့ သွေးဖိအားကို မျှတအောင် ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်ပြဿနာရှိသူတွေမှာ ရင်တုန်တာ၊ နှလုံးခုန်နှုန်း အရမ်းမြန်တာ (သို့မဟုတ်) ပုံမှန်ထက် နှေးလွန်းတာမျိုးတွေ ဖြစ်ပွားတတ်ပါတယ်။
🌡️ ၃။ ခန္ဓာကိုယ်အပူချိန် မထိန်းညှိနိုင်ခြင်း
ရာသီဥတု ဘယ်လောက်ပဲ ပူပူ၊ အေးအေး ခန္ဓာကိုယ်ထဲမှာ အပူချိန်ကို မျှတအောင် လုပ်ပေးတာ သိုင်းရွိုက်ဟော်မုန်းကြောင့်ပါ။
ဒီဟော်မုန်းစနစ် ကမောက်ကမဖြစ်ရင် သူများထက် ပိုပြီး ချမ်းတတ်လာခြင်း (သို့မဟုတ်) အပူဒဏ်ကို လုံးဝမခံနိုင်ခြင်းမျိုး ဖြစ်တတ်ပါတယ်။
🧠 ၄။ အာရုံစူးစိုက်မှုနှင့် စိတ်ခံစားမှုလှိုင်းများ မတည်ငြိမ်ခြင်း
ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကိုပါ ကူညီပေးတာကြောင့် ဟော်မုန်းပမာဏ ကမောက်ကမဖြစ်တဲ့အခါ အကြောင်းရင်းမရှိဘဲ စိတ်တိုလွယ်တာ၊ မေ့လျော့လွယ်တာနဲ့ စိတ်ဓာတ်ကျတာမျိုးတွေအထိ သက်ရောက်မှု ရှိနိုင်ပါတယ်။
🚨 ဘယ်လိုလက္ခဏာတွေရှိရင် သိုင်းရွိုက်ကို သွေးစစ်သင့်သလဲ?
ခန္ဓာကိုယ်က ပေးလာတဲ့ ဒီအချက်ပြချက်တွေကို လျစ်လျူမရှုပါနဲ့ -
🔻 အစားတွေ အများကြီးစားသော်လည်း သိသိသာသာ ပိန်ကျသွားခြင်း
🔺 အစားနည်းသော်လည်း ကိုယ်အလေးချိန် ထူးထူးခြားခြား တက်လာခြင်း 💓 အထိုင်အထမှာ ရင်တုန်ခြင်း၊ လက်တုန်ခြင်း
🥱 ပုံမှန်အိပ်စက်သော်လည်း အမြဲတမ်း နုံးခွေပြီး ငိုက်စိုက်နေခြင်း
🥵 အပူဒဏ် (သို့မဟုတ်) အအေးဒဏ်ကို လုံးဝမခံနိုင်ခြင်း
သိုင်းရွိုက်ပြဿနာဟာ ကနဦးမှာ သာမန်မောပန်းတာမျိုးပဲမို့ လူအများစုက သတိမထားမိဘဲ ကျော်သွားတတ်ကြပါတယ်။
ဒါကြောင့် အထက်ပါလက္ခဏာရပ်တွေကို ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေမှာဖြစ်စေ သံသယရှိလာရင်တော့ အချိန်မဆွဲဘဲ
🩸 Thyroid Function Test (သွေးစစ်ခြင်း) ပြုလုပ်ပြီး အထူးကုဆရာဝန်ကြီးများနှင့် သေချာတိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။
🏢 မိမိတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါကလည်း ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ) ရဲ့ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြသလိုပါက Hotline ဖုန်းနံပါတ်များသို့ (၂၄) နာရီ ပိတ်ရက်မရှိ [၁] ရက်ကြိုတင် Booking တင်၍ ပြသနိုင်ပါပြီရှင့်။
📲 ဆက်သွယ် Booking ယူရန် (Hospital Operator Numbers):
📞 09-4284 18657, 09-8953 54213 📞 01-8660460, 01-655612, 01-655613 📞 01-655614, 01-656203, 01-656204, 01-656205
📍 လိပ်စာ: ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ)
အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်းမကြီး၊ ၂ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊
ရန်ကုန်မြို့။
#ရွှေလမင်းဆေးရုံ #သိုင်းရွိုက်ကျန်းမာရေး
21/05/2026
We Are Hiring! | အလုပ်အကိုင်အခွင့်အလမ်းသစ် 💼✨
ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာပ) တွင် တက်ကြွဖျတ်လတ်ပြီး စိတ်ရှည်သည်းခံတတ်သော Receptionist (အမျိုးသမီး) ဝန်ထမ်းများ အမြန်အလိုရှိနေပါသည်။
လူနာများနှင့် ဧည့်သည်တော်များကို ပြုံးရွှင်စွာ ကြိုဆိုနှုတ်ဆက်ပြီး ဆေးရုံရဲ့မျက်နှာစာအဖြစ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မယ့်သူများကို ဖိတ်ခေါ်အပ်ပါသည်။
‼️ ခေါ်ယူမည့် ရာထူးနှင့် အရည်အချင်းသတ်မှတ်ချက်များ‼️
☯️️ရာထူး: Receptionist - (၅) ဦး (အမျိုးသမီး)
✅ပညာအရည်အချင်း: အထက်တန်းအဆင့် (သို့မဟုတ်) ဘွဲ့ရရှိထားသူဖြစ်ရမည်။
🔜လုပ်ငန်းလိုအပ်ချက်များ:
✅ကွန်ပျူတာ အခြေခံ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
✅လူမှုဆက်ဆံရေး ကောင်းမွန်ပြီး အပြောအဆို ✅ယဉ်ကျေးချိုသာသူ ဖြစ်ရမည်။
✅တက်ကြွဖျတ်လတ်ပြီး စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်။
✅ဆေးရုံမှ ချမှတ်ထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
💡 မှတ်ချက်: လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး၊ အတွေ့အကြုံမရှိသော်လည်း တက်ကြွစွာ သင်ယူလိုစိတ်ရှိသူများကိုလည်း ကြိုဆိုပါသည်။
📩 လျှောက်ထားရန်နည်းလမ်း (How to Apply)
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို Email (သို့မဟုတ်) Viber မှတစ်ဆင့် တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်။
(Viber ဖုန်းနံပါတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်း တောင်းယူနိုင်ပါသည်။)
📍 လုပ်ငန်းခွင်တည်နေရာ
အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
21/05/2026
Happy Wedding Anniversary! 🎉
✨ Dr. Aung Naing Oo & Dr. Aye Su Maw
ရွှေလက်တွဲသက်တမ်း မင်္ဂလာနှစ်ပတ်လည်နေ့ 💕
ရွှေလမင်းဆေးရုံများ၏ MD များဖြစ်ကြသော
ဆရာ Dr. Aung Naing Oo နှင့် ဆရာမ Dr. Aye Su Maw ဇနီးမောင်နှံ
ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ
အသက်ရှည်စွာဖြင့် သာယာချမ်းမြေ့သော
မိသားစုဘဝကို ထာဝရပိုင်ဆိုင်နိုင်ပါစေကြောင်း
ရွှေလမင်းဆေးရုံ ဝန်ထမ်းများအားလုံးမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။ 🌸