European Union in Myanmar

European Union in Myanmar

Share

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ တရားဝင်စာမျက်နှာ

03/06/2026

🏳️‍🌈🏳️‍⚧️ဂုဏ်ယူဝံ့ကြွားမှုလ (Pride Month) အထိမ်းအမှတ်အဖြစ် ဥရောပသမဂ္ဂ အနေဖြင့် LGBTI လူပုဂ္ဂိုလ်များအားလုံး လူ့အခွင့်အရေးများကို အပြည့်အဝနှင့် တန်းတူညီမျှစွာ ခံစားရရှိနိုင်ရေးအတွက် မိတို့၏ ခိုင်မာသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။

🇪🇺 ဤအခါသမယတွင် ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂသံရုံး သည် ဇွန်လ (၆) ရက်နေ့၌ IFB တွင် ကျင်းပမည့် အသိပညာပေးနေ့ ကို ပံ့ပိုးကူညီရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။ အသိပညာမြှင့်တင်ရန်နှင့် မတူကွဲပြားမှုကို ဂုဏ်ပြုရန် ရည်ရွယ်သည့် လှုပ်ရှားမှုအစီအစဉ်များစွာတွင် ပါဝင်ဆင်နွှဲကြပါစို့။ 👇

---------------------------------------------------

🏳️‍🌈🏳️‍⚧️For this Pride Month the European Union reiterates its strong commitment to uphold the full and equal enjoyment of all human rights by LGBTI persons.

🇪🇺In this context, the EU Delegation in Yangon is proud to support Awareness Day, 6th June at the IFB. Join us in the many activities that will rase awareness and celebrate diversity! 👇

🏳️‍🌈 Pride in Yangon 2026: Awareness Day - 6 June 🏳️‍🌈

🇲🇲 IDAHOBIT နေ့ ဖြစ်သည့် မေလ (၁၇) ရက်နေ့၌ သက်တံရောင်စုံအလံများ လွှင့်ထူပြီးနောက် နိုင်ငံတကာ LGBTIQA+ လ ဖြစ်သည့် ဇွန်လကို ဆင်နွှဲသည့် အနေဖြင့် ရန်ကုန်မြို့ရှိ သံတမန်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အတူတကွ ပူးပေါင်းပြီး LGBTIQA+ အခွင့်အရေးများ မြှင့်တင်ရန် ရည်သန်ကာ LGBTIQA+ လအထိမ်းအမှတ် ပွဲစီအစဉ်များကို အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးတင်ဆက်မှုများ၊ အနုပညာလှုပ်ရှားမှုများ အပါအဝင် သုတရသ ကဏ္ဍစုံ တင်ဆက်မှုပေါင်းများစွာ ပါဝင်သည့် အစီအစဉ်များဖြင့် အခမဲ့ တင်ဆက်ကျင်းပသွားမည် ဖြစ်ပါသည်။

-----

လာမည့် စနေနေ့၊ ဇွန်လ (၆) ရက်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ပြုလုပ်ကျင်းပသွားမည့် Awareness Day သို့ လာရောက်လေ့လာဆင်နွှဲကြပါရန် အားလုံးကို ဖိတ်ခေါ်လိုက်ရပါသည်။
📅 ၂၀၂၆ ဇွန်လ (၆) ရက်
📍 ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) (၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင်မှတ်တိုင်အနီး)
✅ အစီအစဉ်အားလုံး အခမဲ့
• မြန်မာဘာသာဖြင့် တင်ဆက်သွားမည် ဖြစ်ပါသည်။

-----

ဇွန်လ (၆) ရက်နေ့ ၊ Awareness Day အစီအစဉ်များ

11:00 a.m. - 1:00 p.m.
လူငယ်စကားဝိုင်းအစီအစဉ် - PRIDE အကြောင်း သိကောင်းစရာ (မီဒီယာစာကြည့်တိုက်)
• မတူကွဲပြားသော ဖြစ်တည်မှုများ (Identities) အပေါ် နားလည်မှုနှင့် လေးစားမှုရှိလာစေရန် ရည်ရွယ်ပြီး အသက် (၁၀) နှစ်မှ (၁၈) နှစ်အရွယ် လူငယ်များ စိတ်ဝင်စားမည် ဖြစ်သော ဆွေးနွေးမှုများ ပါဝင်ပါမည်။ ပုံပြင်ပြောပြခြင်းနှင့် မီဒီယာပိုင်းဆိုင်ရာ တင်ဆက်မှုများတွင် လူသိများသော ဖန်တီးမှုပညာရှင် TM က ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/HYvPhxcweMFanmKR8

1:00 p.m. - 5:00 p.m.
အသိပညာပေးပြခန်းကောင်တာများ (ခန်းမ)
• Medical Action Myanmar (MAM), UNFPA, UN Women, Kumudra Social Life Support Association (MMTN), DKT Myanmar, Manulife Myanmar, & Practical English Club (PEC) တို့ ပါဝင်သည့် အသိပညာပေးကောင်တာများတွင် သွားရောက်လေ့လာပြီး အမေးအဖြေကဏ္ဍများ၊ ပညာပေးလှုပ်ရှားမှုများ၊ ဆုလက်ဆောင်များ ရရှိနိုင်မည့် “Passport Game” ဂိမ်းအစီအစဉ်များ၌ ပါဝင်လှုပ်ရှားနိုင်မည် ဖြစ်ပါသည်။

1:00 p.m. - 5:00 p.m.
ဒစ်ဂျစ်တယ်တင်ဆက်မှုများ (Micro-Folie ဒစ်ဂျစ်တယ်ပြတိုက်)
• မတူကွဲပြားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ လူမှုအသိုင်းအဝိုင်းများ၏ ဖြစ်တည်မှုဇာတ်ကြောင်းများဆီသို့ စိတ်ဝင်စားဖွယ် လေ့လာချဉ်းကပ်နိုင်မှုများ ပါဝင်သော ဒစ်ဂျစ်တယ်လှုပ်ရှားမှု အစီအစဉ်များ ဖြစ်ပါသည်။

1:00 p.m. - 3:00 p.m.
မျက်နှာဆေးရောင်ခြယ်ခြင်း (စင်မြင့်ကြီး)
• ရှင်ဒီ (Shin-D) ၏ မျက်နှာဆေးရောင်ခြယ် အစီအစဉ်၌ မည်သူမဆို ပါဝင်ဆေးခြယ်နိုင်ပါသည်။

1:00 p.m. - 3:00 p.m.
စိတ်ကျန်းမာရေးနှင့် အနုပညာအလုပ်ရုံဆွေးနွေးပွဲ (မီဒီယာစာကြည့်တိုက်)
• Counselling Corner က မိတ်ဆွေများအတွက် စိတ်ခံစားမှုများ ဖော်ထုတ်ရန်၊ ပြန်လည်သုံးသပ်ရန်နှင့် စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေရန် အနုပညာမှတစ်ဆင့် လက်တွေ့လုပ်ဆောင်ရမည့် အစီအစဉ်တစ်ခုအဖြစ် တင်ဆက်သွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/b78Ug4UUprUvjh9D9

1:00 p.m. - 3:00 p.m.
ဖက်ရှင်အလုပ်ရုံဆွေးနွေးပွဲ (ဖက်ရှင်ခန်း)
• ဒီဇိုင်နာ ဝင်းဝင်းမြတ်က ဆွေးနွေးပြသသွားမည့် ဖက်ရှင်ဖန်တီးမှုအလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပြီး၊ Grand Golden Ball ကပွဲကြီးအတွက် ဝတ်စုံများကို မိမိစိတ်ကြိုက် အလှဆင်ပြင်ဆင်နိုင်ရန် လမ်းညွှန်ပြသပေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/FQP6zw4j4mdbvq5L7

ကော့တေး အလုပ်ရုံဆွေးနွေးပွဲ (အမိုးပါ ကားပါကင်)
• ကော့တေးစပ်နည်း အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပြီး၊ ဆန်းသစ်သည့် ကော့တေးများနှင့် Pride သီးသန့် ကော့တေးများကို ကိုယ်တိုင်ဖန်တီးနိုင်ရန် ဆွေးနွေးပြသပေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/smPEW3BTE7VJJxZN7

3:00 p.m. - 3:15 p.m.
အသိပညာပေးနေ့ (Awareness Day) အခမ်းအနား တရားဝင် ဖွင့်လှစ်ခြင်း

3:15 p.m. - 4:00 p.m.
ဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား (လမ်းဆုံ စင်မြင့်)
• LGBTQIA+ ဆိုင်ရာ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲဖြစ်ပြီး၊ အနိုင်ရရှိသည့် အသင်းများအတွက် ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
📝 ပါဝင်လိုပါက ပွဲအစီအစဥ်နေ့ ကြိုဆိုရေးကောင်တာ၌ လူကိုယ်တိုင် အခမဲ့ စာရင်းပေးသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

4:00 p.m. - 6:00 p.m.
Drag အကနှင့် အလှပြိုင်ပွဲ (လမ်းဆုံ စင်မြင့်)
• မြန်မာ Drag အနုပညာရှင်များ၏ တက်ကြွလှုပ်ရှားသော တင်ဆက်မှုများ ဖြစ်ပြီး၊ Grand Golden Ball ပွဲကြီးသို့ တက်ရောက်ခွင့်ရမည့် ပြိုင်ပွဲအဆင့်လည်း ဖြစ်ပါသည်။ ပြင်သစ် Drag ပညာရှင် Mofwazé·e က စီစဉ်ကြီးကြပ်ပြီး ဒိုင်လူကြီးများက နောက်ဆုံးဆန်ကာတင် (၅) ဦးကို ရွေးချယ်သွားမည် ဖြစ်ပါသည်။
📝 ပါဝင်လိုပါက https://www.facebook.com/share/p/1DEmjYs68R/ ၌ သွားရောက်လေ့လာကာ ပါဝင်လျှောက်ထားနိုင်ပါသည်။ (လျှောက်ထားရန် နောက်ဆုံးရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်)

-----

ဤအစီအစဉ်ကို အောက်ပါအဖွဲ့အစည်းများက ဂုဏ်ယူစွာ ပူးပေါင်းစီစဉ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။

Embassy of France in Myanmar & Institut français de Birmanie, Australian Embassy in Myanmar, Delegation of the European Union to Myanmar, British Embassy Yangon, Royal Norwegian Embassy in Yangon, Embassy of Switzerland in Myanmar, Embassy of Sweden in Myanmar, Embassy of Spain in Myanmar, Embassy of the Czech Republic in Yangon, Embassy of the Netherlands in Myanmar, UN Women, UNFPA, and British Council Myanmar.

-----

လာမည့် ဇွန် (၂၀) စနေ‌နေ့ညနေ၌ Rose Garden Hotel တွင် ကျင်းပသွားမည့် Grand Golden Ball အစီအစဉ်ကိုလည်း စောင့်မျှော်အားပေးကြပါရန် တစ်ပါတည်း အသိပေးဖိတ်ခေါ်လိုက်ရပါသည်။

----------
🏳️‍🌈
----------

🇬🇧 After the uplifting Pride flag‑raising on IDAHOBIT Day (17 May), we are delighted to carry that spirit forward into a full month of activities celebrating LGBTIQA+ rights, visibility, and collective strength. Throughout June, diplomatic missions and partner organisations across Yangon will join hands once again to shape a Pride Month in Yangon, bringing together engaging workshops, meaningful conversations, community‑centred initiatives, creative showcases, dazzling performances, artistry, and expression. It will be a month to connect, learn, celebrate, and stand together. Stay close and keep the momentum alive!

-----

Come along on Saturday 6 June 2026 at the Institut français de Birmanie (IFB)! Everyone is welcome!
📅 Date: Saturday 6 June 2026
📍 Location: Institut français de Birmanie (IFB), 340 Pyay Road, Sanchaung Tsp., Yangon
✅ Entry: Free Participation for all
• Language: All activities will be in Burmese

-----

PROGRAMME
AWARENESS DAY | 6 JUNE 2026 AT IFB

11:00 a.m. - 1:00 p.m.
Youth Workshop: Understanding PRIDE (Media Library)
• A conversational, youth‑friendly session (ages 10-18) promoting understanding and respect for the diverse identities, led by creative professional TM, known for work in storytelling and media representation.
🔗 Register here to reserve your place: https://forms.gle/HYvPhxcweMFanmKR8

1:00 p.m. - 5:00 p.m.
Awareness Stands (Conference Room)
• Interactive stands of Medical Action Myanmar (MAM), UNFPA, UN Women, Kumudra Social Life Support Association (MMTN), DKT Myanmar, Manulife Myanmar, & Practical English Club (PEC), featuring Q&A, educational activities, and a “Passport Game” with gifts and goodies.

1:00 p.m. - 5:00 p.m.
Digital Activity (Micro‑Folie Digital Museum)
• A rotating selection of showcases on diversity and human rights, offering an engaging entry point into global community narratives.

1:00 p.m. - 3:00 p.m.
Face Painting (Grand Stage)
• Expressive face art by local artist Shin‑D, encouraging visibility and celebration.

1:00 p.m. - 3:00 p.m.
Mental Health Art Workshop (Media Library)
• A therapeutic, hands‑on session led by Counselling Corner, using art for emotional expression, reflection and well‑being.
🔗 Register here to reserve your place: https://forms.gle/b78Ug4UUprUvjh9D9

1:00 p.m. - 3:00 p.m.
Fashion Workshop (Fashion Room)
• A creative class by designer Win Win Myat, guiding participants to customise outfits for the Grand Golden Ball.
🔗 Register here to reserve your place: https://forms.gle/FQP6zw4j4mdbvq5L7

1:00 p.m. - 3:00 p.m.
Cocktail Workshop (Roofed Car Park)
• A lively mixology session, teaching participants to craft signature and Pride‑themed drinks.
🔗 Register here to reserve your place: https://forms.gle/smPEW3BTE7VJJxZN7

3:00 p.m. - 3:15 p.m.
Official Opening of Awareness Day
• A welcome with acknowledgements to partners, communities, and the public.

3:15 p.m. - 4:00 p.m.
Quiz Contest & Award Ceremony (Lann Sone Stage)
• A fast‑paced LGBTQIA+ knowledge quiz, with prizes for the winning teams.
📝 To participate, free on‑site registration at the event reception countre is required.

4:00 p.m. - 6:00 p.m.
Drag Competition (Lann Sone Stage)
• A high‑energy showcase of local drag talent, serving as the decisional stage to enter the Grand Golden Ball. Curated by Mofwazé·e, with a jury selecting the top five finalists.
📝 For those who apply for this call for applications (Deadline for submission - 1 June 2026): https://www.facebook.com/share/p/1DEmjYs68R/

-----

This programme is proudly brought to you by:

Embassy of France in Myanmar & Institut français de Birmanie, Australian Embassy in Myanmar, Delegation of the European Union to Myanmar, British Embassy Yangon, Royal Norwegian Embassy in Yangon, Embassy of Switzerland in Myanmar, Embassy of Sweden in Myanmar, Embassy of Spain in Myanmar, Embassy of the Czech Republic in Yangon, Embassy of the Netherlands in Myanmar, UN Women, UNFPA, and British Council Myanmar.

-----

Stay tuned as well for our second Pride event at the Rose Garden Hotel, Yangon, on Saturday 20 June 2026: the Grand Golden Ball Vol.2.

Photos from Doh Eain's post 26/05/2026

ဥရောပသမဂ္ဂသည် ယနေ့ခေတ် စိန်ခေါ်မှုများပြည့်နှက်နေသော အခြေအနေများအတွင်း လူငယ်များအတွက် အခက်အခဲများနှင့် အခွင့်အလမ်းများကို ဆွေးနွေးဖလှယ်နိုင်သည့် နေရာတစ်ခုဖြစ်သော ဒုတိယအကြိမ်မြောက် လူငယ်ညီလာခံ (YC26) ကို ပံ့ပိုးကူညီခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ယခုတစ်ကြိမ်တွင်လည်း လူငယ်ညီလာခံသည် လူငယ်များ၏ ရည်မှန်းချက်များကို မြှင့်တင်ပေးရန်နှင့် ၎င်းတို့၏အသံများကို ထုတ်ဖော်ပြောဆိုနိုင်ရန်အတွက် အကျိုးရှိသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပါသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာလူငယ်များ ကျယ်ကျယ်ပြန့်ပြန့်နှင့် စုံစုံလင်လင် အားလုံးပါဝင်ဆွေးနွေးနိုင်ခဲ့သည့် ပွဲတစ်ခုဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ဒို့အိမ် (Doh Eain) နှင့်တကွ အတူတကွပူးပေါင်းစီစဉ်သူခဲ့ကြသော အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

---------------------------------------------------------------------------------

The European Union is proud to have supported the second edition of the Youth Conference, a space for youth to discuss challenges and opportunities in current challenging times. Once again, the has proven to be a useful platform to empower your ambitions and make your voices heard.

The European Union would like to thank Doh Eain and the other co-organizers (allyours For The Future Myanmar Purple - ပါပယ် Untitled Space WIFI Talks for their work in creating an open and inclusive event, that allows for broad and diverse engagement of Myanmar youth.

25/05/2026

ဥရောပသမဂ္ဂ နဲ့ WFP တို့ဟာ မြန်မာနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ ယူရို ၈ သန်း ကူညီလိုက်တဲ့အကြောင်း ပူးတွဲကြေညာလိုက်ပါတယ်။

The European Union and WFP have announced a EUR 8 million contribution to support urgent food and nutrition assistance in Myanmar

[English below] စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပါတယ်။

မိသားစုတွေလည်း ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေကြရပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကလည်း ပိုမို များပြားလာနေပါတယ်။

ဒီလိုအချိန် ဒီနေ့မှာတော့ ဥရောပသမဂ္ဂ နဲ့ WFP တို့ဟာ မြန်မာနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ ယူရို ၈ သန်း ကူညီလိုက်တဲ့အကြောင်း ပူးတွဲကြေညာလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၂ ဒဿမ ၄ သန်း ဟာ လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒဿမ ၇ သန်းဟာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။

အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ တစ်နိုင်ငံလုံးအနှံ့ ၁၈% ထိ မြင့်တက်နေပြီး၊ မကွေးတိုင်းဒေသကြီးမှာ (၃၈%)၊ ကရင်ပြည်နယ်မှာ (၃၂%) နဲ့ ရခိုင်ပြည်နယ်မှာ (၃၁%) အသီးသီးမြင့်တက်နေပါတယ်။

EU ရဲ့ အရေးလှပါတဲ့ အခုလိုထောက်ပံ့မှုကနေတစ်ဆင့် WFP ဟာ
👉 ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနဲ့ ပိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုတွေအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေပေးအပ်သွားပါမယ်။

👉 ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက်လည်း အထူးအာဟာရအထောက်အပံ့တွေ ပေးအပ်သွားပါမယ်။

ထို့အတူ

👉 စားနပ်ရိက္ခာဖူလုံရေးအတွက် အဖွဲ့အစည်းတွေအကြား ပေါင်းစပ်ညှိနှိုင်းမှုတွေ မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမှာပါ။

EU နဲ့ WFP တို့ဟာ မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု ကင်းဝေးစေရေးအတွက် ခိုင်မာတဲ့မိတ်ဖက်တွေအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

🔗 ပူးတွဲသတင်းထုတ်ပြန်ချက်အပြည့်အစုံကို အောက်ပါ လင့်ခ်မှာ ဖတ်ရှုလိုက်ပါ။ https://bit.ly/4dj4r56

Food prices are rising.
Families are struggling.
Humanitarian needs are deepening.

Today, the European Union and WFP announced a EUR 8 million contribution to support urgent food and nutrition assistance in Myanmar. 🙏

One in four people in Myanmar – 12.4 million – are acutely food insecure, while 3.7 million remain displaced by ongoing conflict.

With staple food prices increasing by 18% nationwide and even sharper increases in parts of Magway (38%), Kayin (32%) and Rakhine (31%) many families find it harder to put food on the table.

This critical EU support will help WFP
👉 deliver emergency food assistance to food-insecure families affected by conflict, displacement, and economic hardship
👉 provide specialized nutrition support for pregnant women, breastfeeding mothers and young children, and
👉 strengthen inter-agency coordination on food security.

The EU and WFP remain steadfast partners in the fight against hunger in Myanmar.

🔗 Read the full joint press release here: https://bit.ly/4ugN3DM

Photos from SheCreates သူမလက်ရာ's post 21/05/2026

ဥရောပသမဂ္ဂသည် She Creates မှ နှစ်စဉ်ကျင်းပပြုလုပ်သည့် ဤပွဲအား သုံးနှစ်ဆက်တိုက် ဂုဏ်ယူစွာဖြင့် ပံ့ပိုးကူညီထားပါသည်။
စွန့်ဦးစီးပွါးရေးလုပ်ငန်းရှင်များ၊ လက်မှုပညာသည်များနှင့် တီထွင်ဖန်တီးမှုများကို တစ်စုတစ်စည်းတည်း ချိတ်ဆက်ပေးသည့် ဤနှစ်စဉ်ကျင်းပလျက်ရှိသော အစီအစဉ်သည် အမျိုးသမီးများ၏ လုပ်နိုင်စွမ်းကို ဗဟိုပြုကာ မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပေးလျက်ရှိပါသည်။

SCW26 တစ်ပတ်တာကာလတစ်လျှောက် အစီအစဉ်များကို အောင်မြင်စွာ ဦးဆောင်ကျင်းပနိုင်ခဲ့သည့် She Creates ကိုလည်း ဂုဏ်ပြုအပ်ပါသည်။ ထို့အပြင် ပါဝင်ဆင်နွှဲပေးခဲ့ကြသူများနှင့် SCW26 ကို အဘက်ဘက်မှပံ့ပိုးကူညီပေးခဲ့ကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

‐---------------------------------------

For the third year in a row, the European Union is proud to support SheCreates သူမလက်ရာ in this yearly event that brings together entrepreneurs, crafts, and creativity; a women-centered approach that promotes and preserved Myanmar's heritage.

Congratulations to She Creates for all the events they led throughout the week, and thank you to all those who participated and supported the SCW26.

17/05/2026

🏳️‍🌈🏳️‍⚧️မေလ ၁၇ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ၊ လိင်ပြောင်းလဲထားသူများနှင့် စိတ်နှစ်မျိုးရှိသူများအား မုန်းတီးဆန့်ကျင်မှု တိုက်ဖျက်ရေးနေ့ (IDAHOT) တွင် ဥရောပသမဂ္ဂသည် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကာ LGBTIQ+ ပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေးများအပေါ် အသိပညာမြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ ကွဲပြားခြားနားသော လိင်စိတ်တိမ်းညွတ်မှု၊ ကျား/မ ဖြစ်တည်မှု လက္ခဏာနှင့် ဖော်ပြချက်၊ မွေးရာပါ လိင်လက္ခဏာများ (SOGI) ရှိသူများ ကြုံတွေ့နေရသည့် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို လူအများပိုမို အာရုံစိုက်မိစေရန် ဆောင်ရွက်လျက်ရှိပါသည်။

🇪🇺 ဥရောပသမဂ္ဂသည် LGBTI+ ပုဂ္ဂိုလ်များအနေဖြင့် လူ့အခွင့်အရေးများအားလုံးကို အပြည့်အဝနှင့် တန်းတူညီမျှစွာ ခံစားပိုင်ခွင့်ရရှိစေရန် ကာကွယ်မြှင့်တင်သွားမည့် ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်ကို ထပ်မံအတည်ပြုပါသည်။ မညီမျှမှုများနှင့် ခွဲခြားဆက်ဆံမှုများ ဆက်လက်ရှိနေသရွေ့ လွတ်လပ်ပြီး ကြံ့ကြံ့ခံနိုင်သော လူ့အဖွဲ့အစည်းများ မဖွံ့ဖြိုးနိုင်ပါ။

------------------------------------------------------------------------------------------
🏳️‍🌈🏳️‍⚧️On 17 May we observe the International Day against Homophobia, Transphobia and Biphobia (IDAHOT) the European Union joins partners to raise awareness on the human rights of LGBTIQ+ persons, and draw attention to the violence and discrimination experienced by persons with different s*xual orientation, gender identity and expression and s*x characteristics (SOGI) globally.

🇪🇺 The European Union reaffirms its strong commitment to uphold and promote the full and equal enjoyment of all human rights by LGBTI+ persons. Where inequalities and discrimination persist, free and resilient societies cannot thrive.

15/05/2026
Photos from CFK_Art Fund 's post 15/05/2026

🇪🇺 မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ကလောမြို့ရှိ ကလေးများနှင့် လူငယ်များအကြား အနုပညာဖော်ပြမှုနှင့် ဖန်တီးနိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည့် ဤအစီအစဉ်တွင် CFK-Art Platform နှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူမိပါသည်။🖌️🖍️👨‍🎤

🙏 ဤအစီအစဉ်ကို ဖြစ်မြောက်စေရန် ကြိုးပမ်းပေးခဲ့သော CfK အဖွဲ့သားများအားလုံးနှင့် အနုပညာရှင်များအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

------------------------------------------------------------------------

🇪🇺 The European Union is proud to partner with CFK_Art Fund in this beautiful initiative, promoting 🖌️🖍️👨‍🎤artistic expression and creativity among children and youth in Kalaw.

🙏We extend our heartfelt appreciation to the entire team of Coming from Kalaw and all the artists who have make this project possible.

09/05/2026

မေလ ၉ ရက်| ဥရောပနေ့ (Europe Day) 🇪🇺

ဥရောပသည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ဒီမိုကရေစီ ဟူသော ကတိကဝတ်များအပေါ် အခြေခံ၍ တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် စီးပွားရေးဖိအားများ တိုးပွားလာနေသည့်အချိန်တွင်၊ ကျွန်ုပ်တို့သည် ဤကတိများကို ဥရောပတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပါသည်။

ဥရောပနေ့တွင် ကျွန်ုပ်တို့၏ ဖြစ်တည်မှုကိုသာမက၊ ကျွန်ုပ်တို့၏ ဘဝတန်ဖိုးများကို ကာကွယ်ရန်နှင့် ပိုမိုမျှတသော၊ လုံခြုံသော၊ ရေရှည်တည်တံ့သော ကမ္ဘာကြီးကို ဖော်ဆောင်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများ၊ ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်များနှင့်အတူ ကျွန်ုပ်တို့ လက်တွဲဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုပါ ဂုဏ်ပြုဆင်နွှဲကြပါသည်။

ဥရောပနေ့အခါသမယတွင် ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးအနေဖြင့် မြန်မာပြည်သူပြည်သားများ ပိုမိုကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်စေရေးအတွက် ကျွန်ုပ်တို့နှင့်အတူ နေ့စဉ်လက်တွဲ ကူညီဆောင်ရွက်ပေးနေကြသည့် အီးယူအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံသားများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဥရောပသမဂ္ဂ၏ မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။

အောက်ပါဗီဒီယိုတွင် လူငယ် multipliers များက “သူတို့အတွက် EU ဆိုတာ ဘာကိုဆိုလိုသလဲ” ကို မျှဝေထားကြပါသည်။ အဆုံးထိ ကြည့်ရှုပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။
----- ----- ----- ----- ------
9 May: EUROPE DAY 🇪🇺

Europe was built on a promise: freedom, equality, and democracy. Today, in a world of rising conflicts and economic pressures, we must defend these values, at home and abroad.

On Europe Day, we celebrate not just who we are, but what we do, together with Member States and partners worldwide, to protect our way of life and promote a fairer, safer, and more sustainable world.

On Europe Day, the EU Delegation wishes to extend a special thanks to all EU Member States, citizens, partners and friends of the European Union, who work with us every day to support the Myanmar people in achieving a better future for their country.

In the video below, young multipliers explained ““What does the EU mean to them?” Please watch it until the end.

07/05/2026

📢 Program အတွက် လျှောက်လွှာများ ခေါ်ယူနေပါပြီ ✨

ဥရောပသမဂ္ဂနှင့် စပိန်သံရုံးတို့၏ ပံ့ပိုးမှုဖြင့် She Creates မှ အကောင်အထည်ဖော်မည့် ဟာ မြန်မာလူငယ်များကို အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပေးပြီး လက်တွေ့လုပ်ငန်းအတွေ့အကြုံများ၊ ပူးပေါင်းသင်ယူမှုများနှင့် လက်တွေ့ပါဝင်လေ့လာနိုင်မည့် ၃ လတာ အစီအစဉ်တစ်ခု ဖြစ်ပါတယ် 🤝💡

သင်ဟာ စွန့်ဦးတီထွင်စီးပွါးရေးလုပ်ငန်းများ၊ ဖန်တီးမှုအိုင်ဒီယာကောင်းများ၊မြန်မာ့လက်မှုအနုပညာများနှင့် လက်တွေ့အတွေ့အကြုံများမှ သင်ယူဖို့ စိတ်ဝင်စားတဲ့ လူငယ်တစ်ဦးဆိုရင်—ဒီအစီအစဉ်က သင့်အတွက်ပါ! 🤗✨

⏳ လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက် — 12 May 2026
🔗 Registration: https://forms.gle/eofrQ3BwB77Zq7Ff8

---------------------------------------------------------------------------------

📢 Applications are now open for the Programme ✨

Supported by the European Union and Spain in Myanmar / မြန်မာနိုင်ငံရှိ စပိန်သံတမန်ရေးရာရုံး, and implemented by She Creates, is a 3-month learning and collaboration programme designed to connect Myanmar youth with women-led businesses through real businesses, and hands-on learning opportunities. 🤝💡

If you are passionate about entrepreneurship, creative ideas, Myanmar handicrafts, and learning from real-world experiences: this could be for you!🤗✨

⏳ Application deadline: 12 May 2026
🔗 Registration: https://forms.gle/eofrQ3BwB77Zq7Ff8

[English Below]

📢 Program မှာ ပါဝင်ဖို့ လျှောက်လွှာများဖိတ်ခေါ်ခြင်း ✨

စီးပွားရေးအကြောင်းကို ရိုးရိုးသင်ယူတာထက်
တကယ့် စီးပွားရေးလုပ်နေကြတဲ့ လူတွေဆီက တိုက်ရိုက်လေ့လာနိုင်မဲ့ အခွင့်အရေးကို မျှော်နေတဲ့သူတွေ ရှိကြလား 👀👀

ဒါဆိုရင်တော့ ဥရောပသမဂ္ဂနဲ့ စပိန်သံရုံးတို့က ပံ့ပိုးထားပြီး She Creates က မကြာမီ ပြုလုပ်မဲ့ အစီအစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းလိုက်တယ်နော် 🤫🤫

အစီအစဉ်ဆိုတာ ဘာလဲ?🤔💭

ဟာ She Creates ကနေ ဖန်တီးထားတဲ့ ၃ လတာ သင်ယူမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မဲ့ အစီအစဉ်တစ်ခု ဖြစ်ပြီး မြန်မာလူငယ်များကို အမျိုးသမီးဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ အစီအစဉ်တစ်ခုပါ ✨

အစီအစဉ်ကနေ ဘာတွေရနိုင်မလဲ? 🧐🧐

✨အမျ်ိုးသမီးများဦးဆောင်တဲ့ မြန်မာ့လက်မှုအနုပညာလုပ်ငန်းများကို ထဲထဲဝင်ဝင်လေ့လာနိုင်မယ်
✨workshop တွေ training session တွေကတစ်ဆင့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများ၊ brand storytelling၊ social media marketing စတဲ့ အကြောင်းအရာတွေကို သေချာလေ့လာနိုင်မယ်
✨လေ့လာထားတဲ့အကြောင်းရာတွေကို She Creates ရဲ့လုပ်ငန်းတွေမှာ လက်တွေ့အသုံးချနိုင်မယ်
✨ မိမိရဲ့ ကိုယ်ပိုင်အိုင်ဒီယာတွေကိုလည်း She Creates ရဲ့လုပ်ငန်းတွေမှာ ထည့်သွင်းစမ်းသပ်နိုင်မယ်
✨ လူငယ်များအချင်းချင်းနှင့် အမျိုးသမီး လုပ်ငန်းရှင်များအကြား ခိုင်မာတဲ့ networking ချိတ်ဆက်မှုတွေ တည်ဆောက်နိုင်မယ်

သင်ဟာ စီးပွါးရေးလုပ်ငန်းတွေနှင့် ပတ်သတ်ပြီး Creative ideas တွေကို စိတ်ကူးအဖြစ်မထားဘဲ လက်တွေ့အဖြစ် ပြောင်းလဲချင်တဲ့သူ လူငယ်တစ်ဦး💡ဆိုရင်တော့

Program မှာ လက်ရည်သွေးပြီး စကေးတွေ မြှင့်ဖို့ စိတ်ကူးမလွဲနဲ့နော် 🤨🤨

Application တွေကို 12 May 2026 အထိပဲ လက်ခံပေးမှာမို့ မြန်မြန်လျှောက်ထားဖို့တော့ လိုမယ်နော် 🏃‍♀️🏃‍♂️

Registration: https://forms.gle/eofrQ3BwB77Zq7Ff8
Deadline: 12 May 2026

အကယ်လို့ Programအကြောင်းကိုထပ်သိချင်သေးရင်တော့ မေလ ၁၀ ရက်နေ့မှာ ကျင်းပမဲ့ Youth Conference 2026 (YC26) မှာ ရဲ့ မိတ်ဆက်တဲ့ session လေးက ညနေ ၂ကနေ ၃ နာရီအထိ ရှိပါမယ်နော်၊ အဲ့ဒီ အတောတွင်းလည်း program အကြောင်းကို မေးခွန်းတွေ စိတ်ကြိုက်မေးနိုင်မှာဖြစ်ပြီး ပျော်ရွှင်ဖွယ် game အစီအစဉ်များလည်း ပါဝင်မှာဖြစ်သလို အနိုင်ရသူများအတွက် She Creates မှ လက်ဆောင်တွေ ပေးသွားဦးမှာမို့ အရောက်လာဖို့ ထပ်မံဖိတ်ခေါ်ချင်ပါတယ် 🤗🥰

Info and Pre-Launch session at YC26- https://www.facebook.com/share/p/1DzmBYaTh5/

-------------------------------

📢 Call for Applications: Program, launched within She Creates Week 2026 ✨

Are you someone who is interested in learning business beyond textbooks, by directly engaging with real entrepreneurs? 👀👀

If yes, then we warmly invite you to apply for the upcoming Program, an initiative supported by the European Union and the Embassy of Spain, and organized by She Creates 🤫🤫

What is the Program? 🤔💭

is a 3-month learning and collaboration program that aims to connect Myanmar youth directly with women-led entrepreneurs through real-world engagement, learning, and collaboration ✨

What can you gain from ? 🧐🧐

✨ Gain in-depth exposure to women-led Myanmar handicraft and creative businesses
✨ Learn key topics through workshops and training sessions, including business management, brand storytelling, and social media marketing
✨ Apply your learning directly by contributing to She Creates’ business plans
✨ Test and develop your own ideas within real business contexts
✨ Build strong networking connections with young people and women entrepreneurs
If you are someone who wants to turn your imagination and creative ideas into real-world impact 💡
Then don’t miss this chance 🤨🤨

Applications are open until 13 May 2026, so make sure to apply early 🏃‍♀️🏃‍♂️

Registration: https://forms.gle/eofrQ3BwB77Zq7Ff8
Deadline: 13 May 2026

If you would like to know more about the Program, you can also join the Youth Conference 2026 (YC26) on 10 May, where there will be a Info and Pre-Launch session from 2:00-3:00 PM.

During this session, you can ask questions about the program freely. There will also be fun game activities, and winners will receive special gifts from She Creates 🎁🤗 We warmly invite you to join us!

Info & Pre-Launch Session at YC26: https://www.facebook.com/share/p/1DzmBYaTh5/

04/05/2026

“ဥရောပသမဂ္ဂ-မြန်မာ - ချိတ်ဆက်ယှက်နွယ် အသံဖလှယ်” အနုပညာပြပွဲကို လာရောက်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🎨🇪🇺🇲🇲

ဒီပြိုင်ပွဲတွင် အနုပညာရှင် ၁၂၀ ကျော်မှ မိမိတို့၏ လက်ရာများကို တင်သွင်းခဲ့ပြီး၊ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ စိတ်ဓာတ်ကို ပုံဖော်ထားသော ဆန်ကာတင် အနုပညာရှင် ၂၀ ဦး၏ လက်ရာများကို ရွေးချယ်ပြသထားပါသည်။ အနုပညာမှတစ်ဆင့် ဘုံတန်ဖိုးများနှင့် လူသားချင်း ချိတ်ဆက်မှုကို ဂုဏ်ပြုဖော်ပြထားသော ဤပြပွဲကို မလွတ်တမ်း လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။

ပြပွဲသည် နေရာအမျိုးမျိုးတွင် လှည့်လည်ပြသမည့် ပုံစံဖြင့် အောက်ပါနေရာများနှင့် အချိန်ဇယားအတိုင်း အများပြည်သူအတွက် ဖွင့်လှစ်ပြသမည် ဖြစ်ပါသည်။

မေလ ၈ ရက် (တစ်နေ့လုံး) နှင့် မေလ ၉ ရက် (မွန်းလွဲ ၁ နာရီအထိ)
Wyndham Grand Yangon Hotel, 4th Floor, Lobby Lounge
Map here: https://maps.app.goo.gl/BSCf71vbqfjnxGwE7

မေလ ၁၀ ရက် (မနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ)
Youth Conference 2026 ၏ အစိတ်အပိုင်းအဖြစ် Studio Canvas Yangon

Doh Eain ၏ YC26 အတွက် စာရင်းပေးသွင်းရန် ဤနေရာကို နှိပ်ပါ: https://shorturl.at/g1UMN

----- ----- ----- ----- ------

Come and explore the “EU–Myanmar: Voices of Connection” art exhibition! 🎨🇪🇺🇲🇲

After receiving more than 120 submissions in the art competition, we are featuring the works of 20 finalists who have captured the spirit of partnership between the EU and Myanmar. Don’t miss this celebration of shared values and human connection through art.

The wandering exhibition will be open to the public in the following locations and dates.

8th May (Full-day) & 9th May (Until 1 pm)
Wyndham Grand Yangon Hotel, 4th Floor, Lobby Lounge
Map here: https://maps.app.goo.gl/BSCf71vbqfjnxGwE7

10th May (9am-6pm), in the context of the Youth Conference 2026 at the Studio Canvas Yangon

Click here to register for Eain’s YC26: https://shorturl.at/g1UMN

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address


Kantharyar Centre Office Tower, 22nd Floor, Corner Of Kan Yeik Thar Road And U Aung Myat Road, Mingalar Taung Nyunt Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00