National League for Democracy

Call Directions Contact the organization

National League for Democracy Official page of National League for Democracy
(1)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင် ဆိုရှယ်မီဒီယာစာမျက်နှာဖြစ်သည်။ မည်သူမဆို လွတ်လပ်စွာ ဝေဖန်ပြောကြားနိုင်သည်။ သို့သော် အမုန်းစကားများ၊ ရိုင်းပြသောအသုံးအနှုံးများ ရေးသားချက်များကို ဖျက်ဆီးမည်ဖြစ်သည်။ ထပ်မံပြုလုပ်ပါက ရေးသားခွင့်ကို အပြီးတားမြစ်မည်ဖြစ်ပါသည်။

Documentation Report on Human Rights Violations(1 February 2021 - 31 July 2026)
25/08/2026

Documentation Report on Human Rights Violations
(1 February 2021 - 31 July 2026)

Report Submitted by the Human Rights Documentation Team to the Eighth Interim Meeting of the Second Central Committee.
25/08/2026

Report Submitted by the Human Rights Documentation Team to the Eighth Interim Meeting of the Second Central Committee.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NATIONAL LEAGUE FOR DEMOCRACYHuman Rights Documentation Team (HRDT)ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ...
25/08/2026

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
NATIONAL LEAGUE FOR DEMOCRACY
Human Rights Documentation Team (HRDT)

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်

ဒုတိယ ဗဟိုကော်မတီ ကြားကာလ အဋ္ဌမအကြိမ် အစည်းအဝေးသို့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ မှ ပေးပို့သော အစီရင်ခံစာ။

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ တည်ဆဲဥပဒေများကို ချိုးဖောက်၍ နိုင်ငံတော်၏အာဏာကိုအဓမ္မလုယူခဲ့ပြီး ပြည်သူလူထုကရွေးကောက် တင်မြှောက်ထား သော အရပ်သားအစိုးရ၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား မတရားဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

၂။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကန့်ကွက်မှုများ အား အာဏာလုစစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း၊ ပါဝင်သူများအား မတရားဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ဖမ်းဆီးခံရသူများအား လုံလောက်သော ဆေးကုသမှု နှင့် အခြေခံ အခွင့်အရေးများ မရရှိစေခြင်း၊ ကျေးရွာများနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း နှင့် ပြည်သူများ၏ပိုင်ဆိုင်မှုများကို လုယက် ယူဆောင်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိပါသည်။

၃။ ကြမ်းတမ်းသောစစ်အာဏာရှင်စနစ်အောက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည့် မြန်မာပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိရေး နှင့် နောင်လာနောက်သားများအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးတို့ကို ရည်ရွယ်၍
လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (HRDT-NLD) ကို ၂၀၂၁ ခုနှစ်၊ မေလ တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအချိန်မှစ၍ နိုင်ငံတဝှမ်းရှိ တိုင်းနှင့်ပြည်နယ်များမှ ပါတီဝင်များနှင့် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ မှတ်တမ်းတင် ကောက်ယူလျက်ရှိပါသည်။

၄။ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)(HRDT-NLD) မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ လက်လှမ်းမီသလောက် စုဆောင်းရရှိပြီး စိစစ် မှတ်တမ်းတင်ထားသော အချက်အလက်များအရ အောက်ပါအတိုင်း ဖြစ်ပါသည်။ -
(က) အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းမှုကိုဆန့်ကျင်ကြသည့် ပြည်သူများအား ဥပဒေမဲ့ မတရားဖမ်းဆီးထိန်းသိမ်းခဲ့ရာ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ စုစုပေါင်း ၁၉,၃၇၈ ဦး ရှိပါသည်။ ၎င်းတို့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဦး၊ ပါတီဝင် ၂,၇၄၄ ဦး၊ အသက်မပြည့်သေးသော ကလေးသူငယ် ၂၆၀ ဦး နှင့် အမျိုးသမီး ၂,၇၃၅ ဦး ပါဝင်ပါသည်။
(ခ) အကြမ်းဖက် စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ရုံးများ ကို အဓိကပစ်မှတ်ထား၍ ဖိနှိပ်ချေမှုန်းခဲ့ပြီး အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ပါသည်။ မှတ်တမ်းများအရ - အဖွဲ့ချုပ်ဗဟိုရုံး (၄) ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများ (၁၅) ကြိမ်၊ ခရိုင်ရုံးများ (၆) ကြိမ်၊ မြို့နယ်ရုံးများ (၁၁၇) ကြိမ်၊ ရပ်ကျေးရုံးများ (၂၈) ကြိမ် ဖျက်ဆီးခံခဲ့ရပြီး စုစုပေါင်း (၁၇၀) ကြိမ် ရှိခဲ့ပါသည်။
(ဂ) ပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်း၊ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ သိမ်းဆည်းခြင်း နှင့် ဖျက်ဆီးခြင်းများကြောင့် ပြည်သူ (၈၄၇) ဦး ၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၁,၀၃၁) ခု မှတ်တမ်းတင် ရရှိထား ပါသည်။ ထိုအထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၉၉) ဦး နှင့် ပါတီဝင် (၂၆၂) ဦး တို့၏ ပိုင်ဆိုင်မှုများလည်း ပါဝင်ပါသည်။
(ဃ) ၂၀၂၁ ခုနှစ် မှ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားပြည်သူများအပေါ် ကျူးလွန်မှုများကို ဆက်လက် မှတ်တမ်းတင် ရရှိခဲ့ပါသည်။
ထိုကျူးလွန်မှုများတွင် ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးခံရသူများအား စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်း ညှဉ်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုံလောက်သော ဆေးဝါးကုသမှုနှင့် အခြေခံလိုအပ်ချက်များ
မရရှိစေခြင်း၊ အကျဉ်းထောင်အတွင်းတွင် အကြောင်းမဲ့ညှင်းပန်း နှိပ်စက်ခြင်းကြောင့် သေဆုံး ကြရခြင်း၊ အကျဉ်းထောင်ပြင်ပသို့ ထုတ်ကာသတ်ဖြတ်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရပ်ရွာများအတွင်းသို့ ဝင်ရောက်၍ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြု၍ အစဖျောက်စေခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်၍ သတ်ဖြတ်ခြင်း နှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း များလည်း မှတ်တမ်းတင် ရရှိခဲ့ပါသည်။
ထို့အပြင် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ခြင်း၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ ဆေးပေးခန်းများ အပါအဝင် အရပ်သားများ ခိုလှုံနေသည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ ထိုသို့သော ကျူးလွန်မှုများကြောင့် ပြည်သူ (၆,၅၀၇) ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် (၈) ဦး၊ ပါတီဝင် (၁၂၅) ဦး၊ အသက်မပြည့်သေးသော ကလေးသူငယ် (၅၇၃) ဦး နှင့် အမျိုးသမီး (၁,၁၁၉) ဦး ပါဝင်ပါသည်။
(င) အကြမ်းဖက်စစ်ကောင်စီ ၏ စစ်ဆင်ရေးများနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူများ၏ နေအိမ် နှင့် အဆောက်အဦပေါင်း (၇၇,၆၂၄) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အချို့ဒေသများတွင် အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများရှိခဲ့ရာ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်ပေါင်း (၁,၉၈၂) ကြိမ် ရှိခဲ့ပါ သည်။
(စ) စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိုးအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ စသည့် အဆောက်အဦ ပေါင်း (၁၃,၂၇၉) ပျက်စီးခဲ့ရပြီး အပြစ်မဲ့ ပြည်သူ (၃,၅၄၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသည်။
(ဆ) အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပြည်သူများ‌နေထိုင်ရာ ရပ်ရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများနေထိုင်သော အိုးအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ စသည့် အဆောက်အဦပေါင်း (၄,၄၆၉) ခုပျက်စီးဆုံးရှုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၈၂၇) ကြိမ် ဖြစ်ပွားခဲ့ကာ ပြည်သူ (၁,၉၅၈) ဦးသေဆုံးခဲ့ပါသည်။

၅။ အထက်ပါမှတ်တမ်းများတွင် ဖော်ပြထားသည့် ဖြစ်စဉ်များသည် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေများတွင် သတ်မှတ်ထားသည့် အခြေခံ စံနှုန်းများနှင့် ဆန့်ကျင်သည့် ကျူးလွန်မှုများ ဖြစ်ပါသည်။ ထို့အပြင် အရပ်သားပြည်သူများ၏ အသက်၊ လုံခြုံမှု နှင့် အခြေခံလူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အဆိုပါလုပ်ရပ်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်သည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခြေခံမူများ နှင့်လည်းဆန့်ကျင်ပါသည်။

၆။ အထက်ပါမှတ်တမ်းများသည် လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်) (HRDT-NLD) အနေဖြင့် လက်လှမ်းမီသလောက် စုဆောင်းရရှိပြီး စိစစ်မှတ်တမ်းတင် ထားသော အချက်အလက်များ ဖြစ်ပါသည်။ ပကတိမြေပြင် အခြေအနေများနှင့် သတင်းအချက်အလက် ရရှိနိုင်မှုအခြေအနေများကြောင့် အမှန်တကယ် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ယခုမှတ်တမ်းများထက် ပိုမိုများပြားနိုင်ပါသည်။
ထိုမှတ်တမ်းများ ရရှိနိုင်ရန် ပူးပေါင်းကူညီပေးခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့် ပြည်သူများအား လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေး အဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဤမှတ်တမ်းများသည် အမှန်တရားဖော်ထုတ်ရေး၊ တရားမျှတမှု ရရှိရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် အထောက်အထားမှတ်တမ်းများအဖြစ် ဆက်လက်ထိန်းသိမ်းအသုံးပြုသွားမည် ဖြစ်ပါသည်။

အရေးတော်ပုံ အောင်ရမည်

လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ nld.cwc@prot...
22/08/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်

သတင်းထုတ်ပြန်ချက်အမှတ် ( ၆ /၂၀၂၆)

၁။ ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလ အဌမအကြိမ်အစည်းအဝေး ကို Zoom မှတဆင့် ကျင်းပခဲ့ပါသည်။

၂။ အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ စုစုပေါင်း (၄၆) ဦး နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် (၂၄) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၁၆) ဦး အထူးဧည့်သည်တော် (၉)ဦးအပါအဝင် စုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့ပါသည်။

၃။ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြု စာတမ်းများ တင်ပြဆွေးနွေးခဲ့ကြပါသည်။

၄။ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်း ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ
ပြေလည်ရေးလမ်းစရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် မတရားဖမ်းဆီး ခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက် မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်ရန်၊ လူငယ်များ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် နှင့် ကြားကာလအစီအမံများ ဖေါ်ဆောင်လျက်ရှိသော တိုင်းနှင့်ပြည်နယ်များအား ပါတီမူဝါဒများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်များ၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားသော ဖက်ဒရယ်မူ (၆) ချက်တို့မှ မသွေဖီစေရေး သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်များမှ ဗဟိုကော်မတီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ကြပ်မတ်ဆောင်ရွက်ရန်တို့ အပါအဝင် ဆုံးဖြတ်ချက် (၈) ချက် ကို ကန့်ကွက်သူမရှိ အတည်ပြု ချမှတ်နိုင်ခဲ့ပါသည်။

၅။ ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာသော အစီရင် ခံစာများ၊ အကြံပြုချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

12/08/2026

(၃၈) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးအောင်မြင့် ပြောကြားခဲ့သော ကျေးဇူးတင်စကား။

12/08/2026

(၃၈) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားတွင် CDM ကထိက ဒေါ်ရတီအုန်း ပြောကြားခဲ့သော အမှတ်တရစကား။

09/08/2026

(၃၈) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားတွင် ၈၈ မျိုးဆက်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ဌေးဦး ပြောကြားခဲ့သော အမှတ်တရစကား။

09/08/2026

(၃၈) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူဟောင်း မသီတာ(စမ်းချောင်း) ပြောကြားခဲ့သော အမှတ်တရစကား။

09/08/2026

(၃၈) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သော အမှတ်တရစကား။

09/08/2026

(၃၈) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားခဲ့သော အမှတ်တရစကား။

Address

No. 97/B, West Shwe Gone Dine Road, Bahan Township
Yangon

Telephone

951555156

Website

Alerts

Be the first to know and let us send you an email when National League for Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National League for Democracy:

Shortcuts

Share