21/07/2020
►►► The Requirements to apply PR-Permanent Residence in Canada
► ကနေဒါနိုင်ငံမှာ PR Card လျှောက်တာနဲ့ပါတ်သက်ပီး လာရောက်မေးမြန်းကြတဲ့ သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
အခုအခါမှာတော့ ကျွန်တော်တို့ My PR Service ကနေပြီး ကနေဒါနိုင်ငံမှာ PR Card လျှောက်ဖို့အတွက် လိုအပ်ချက်လေးတွေကို မျှဝေပေးသွားပါ့မယ်နော်…
► ပညာရေးလိုအပ်ချက်အနေနှင့် စီးပွားရေးနှင့်သက်ဆိုင်သော ဘာသာရပ်များ၊ အင်ဂျင်နီယာနှင့် သက်ဆိုင်သော ဘာသာရပ်များ၊ ဆေးပညာနှင့်သက်ဆိုင်သော ဘာသာရပ်များ နဲ့ ဘူမိဗေဒ ဘာသာရပ် နှင့် ကျောင်းပြီးသော လူများအနေနှင့် ဘွဲ့ကြို - Bachelor ဖြင့်လျှောက်ထားနိုင်မှာဖြစ်ပြီး အခြားသော ဘွဲ့ရများအနေနှင့် ဘွဲ့လွန် MBA ဒါမမဟုတ် Master Degree တစ်ခုခု ပြီးစီးထားရမှာဖြစ်ပါတယ်။ ထို့အပြင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ အနည်းဆုံး လုပ်သက် ၃ နှင့်အထက် ရှိရမှာ ဖြစ်ပါတယ်။
► အသက်အရွယ် ကန့်သတ်ချက်အနေနဲ့ Under 29 years Program နဲ့ 30 to 33 Years Program ရှိလို့ အသက် ၃၃ နှစ်အထိ လျှောက်ထားလို့ရပါတယ်.
► အင်္ဂလိပ်စာ လိုအပ်ချက်အနေနှင့် IELTS ကို ဖြေဆိုးထားရမှာ ဖြစ်ပြီး Listening = 8, Speaking = 7.5, Reading = 7.5, Writing = 7.5 နှင့် Overall Band Score = 7.5 အနည်းဆုံးရရှိထားရမှာ ဖြစ်ပါတယ်။
► PR လျှောက်ဖို့အတွက်တော့ Listening Band Score 8 ရှိကို ရှိရပါမယ်.
► Canada PR Service နှင့် ပတ်သတ်ပြီး သိလိုသည်များကို ဖုန်း 09 444 5 999 57 သို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီ ခင်ဗျာ။
Address- Room No. 1102-B, Office Tower (3), Times City Complex, Between Kyun Taw and HanTharWaddy Road, (Opposite Side of Junction Square), Kamayut Township.
22/03/2018
►►► Your life, your future in Canada...
►ကနေဒါ နိုင်ငံဟာ မြောက်အမေရိကတိုက် မြောက်ဖက်ပိုင်းရှိ ပြည်နယ် ၁၀ ခုနှင့် ဖွဲ့စည်းထားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး စုစုပေါင်း ဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နယ်စပ်မှာ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော ကုန်းမြေ နယ်နိမတ်မျဉ်းလည်း ဖြစ်ပါတယ်။
►ကမ္ဘာပေါ်တွင် လူမျိုးပေါင်းအစုံဆုံးနှင့်ယဉ်ကျေးမှု့စနစ် အစုံဆုံးရှိသော နိုင်ငံများတွင် တစ်ခုအပါအ၀င် ဖြစ်ပြီး နိုင်ငံပေါင်းများစွာမှ လူအများအပြား ပြောင်းရွှေ့နေထိုင်လာခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၃၅ သန်းခန့် ရှိပါတယ်။
►ကနေဒါနိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် စာရင်းဇယားအရ ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်တွင် ၁၁ ခုမြောက် အကြီးမားဆုံးသော စီးပွားရေး ရှိသည့်နိုင်ငံဖြစ်ပြီး GDP စုစုပေါင်း ၁.၇၉ ထရီလီယံ၊ သာမန် အိမ်ထောင်စုများ၏ တစ်ဦးချင်း ၀င်ငွေ Per Capital GDP ဟာလည်း အမေရိကန် ဒေါ်လာ ၂၃၉၀၀ ရှိပါတယ်။
► Heritage Foundation ၏ အဆိုအရ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရန် လွတ်လပ်မှု့ အရှိဆုံး နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပနိုင်ငံများထက် ကနေဒါနိုင်ငံက သာလွန်ပြီး ဆင်းရဲချမ်းသာ ကွာဟမှုနှင့် ၀င်ငွေကွာဟမှု့ဟာလည်း အရမ်းနည်းပါးပါတယ်။ ဒါကြောင့် ကမ္ဘာ့အရပ်ရပ်က ပညာတက် ရွေ့ပြောင်းအလုပ်သမားများဟာ ကနေဒါနိုင်ငံမှာ လာရောက်အခြေစိုက်နေထိုင်ဖို့ ရွေးချယ်လာကြတာဖြစ်ပါတယ်။ ကနေဒါနိုင်ငံသည်လည်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု့ဟာ ရွေ့ပြောင်းလုပ်သားများ၏ အစွမ်းအစ၊ ကျွမ်းကျင်မှု့အပေါ် မှီခိုနေရသောကြောင့် International migrants တွေအတွက် နိုင်ငံသားနှင့်မခြား အခွင့်အရေးတွေ ဖန်တီးပေးနေတာ ဖြစ်ပါတယ်။
► ကနေဒါမှာ ကျောင်းတက်ပြီးရင် တရားဝင် အလုပ်လုပ်ခြင်းဖြင့် ဗီဇာ အနည်းဆုံး ၁ နှစ် မှ အများဆုံး ၃ နှစ် အထိထုတ်ပေးပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ကဒ် PR ကို ၁ နှစ်အလုပ်လုပ်ရုံနှင့် လျှောက်ထားနိုင်မှာဖြစ်ပြီး PR ရပြီးနောက် အလုပ်ပြုတ်ခဲ့ရင်လည်း အစိုးရက နောက်အလုပ်မရမချင်း အရင် အလုပ်ရဲ့ လစာ ၈၀% ကို လစဉ်ထောက်ပံ့ပေးပါသည်။
► ကလေးရှိတဲ့ မိသားစုတွေ ၀င်ငွေပေါ်မူတည်ပြီး တစ်လကို ဒေါ်လာ ၁၀၀ ကနေ ၄၀၀ ကို ကလေး ၁၆ နှစ်ပြည့်တဲ့အထိ အစိုးရက ထောက်ပံ့ပေးတဲ့အပြင် ကျန်းမာရေးနှင့်ပတ်သတ်သော ကုန်ကျစရိတ်အားလုံးကို အစိုးရမှတာဝန်ယူပြီး PR ဖြစ်ပြီး ၅ နှစ်ကြာရင် နိုင်ငံသားခံယူချင်ရင် ကနေဒါနိုင်ငံမှာ Dual Citizenship လည်းရှိပါတယ်။
► ထို့ကြောင့် မိမိဘ၀အတွက် အနာဂတ်အခွင့်အလမ်းကောင်းများစွာ ရှိနေတဲ့ ကနေဒါနိုင်ငံမှာ Permanent Residence လျှောက်ချင်ရင် ကျွန်တော်တို့ My PR Service မှ အာမခံချက် အပြည့်နှင့် အစအဆုံး ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
► Canada PR Service နှင့် ပတ်သတ်ပြီး သိလိုသည်များကို ဖုန်း 09 444 5 999 57 သို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီ ခင်ဗျာ။
Address- Room No. 1102-B, Office Tower (3), Times City Complex, Between Kyun Taw and HanTharWaddy Road, (Opposite Side of Junction Square), Kamayut Township.