SMEs Agency,Ministry of Industry

SMEs Agency,Ministry of Industry

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMEs Agency,Ministry of Industry, Public & Government Service, No. 192, Kabaraye Road, Yangon.

Photos from SMEs Agency,Ministry of Industry's post 24/08/2018

15th China International SMEs Fair” ပြပွဲအကြို​ဆွေး​နွေးပွဲ

# #တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guaungzhou မြို့၌ (၁၀.၁၀.၂၀၁၈) ရက်နေ့မှ (၁၃.၁၀.၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်မည့်​ "15 th China International SMEs Fair (CISMEF)"
ပြပွဲတွင်​ မြန်​မာနိုင်​ငံကိုယ်​စားပြုဝင်​​ရောက်​ပြသမည့်​ SME လုပ်​ငန်းရှင်​(၁၅)ဦးအားစက်​မှုကြီးကြပ်​​ရေးနှင့်​စစ်​​ဆေး​ရေးဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါ်​အေး​အေးဝင်း ဦး​ဆောင်​၍ ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​​ဒေါ်ရီရီခိုင်​၊စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူး ​ဒေါ်မြမြစိန်​တို့မှအဆိုပါ ပြပွဲတွင်​​အဆင်​ပြေ​ချော​မွေ့ စွာပါဝင်​ပြသနိုင်​​ရေးအတွက်​ လိုအပ်​သည့်​သတင်းအချက်​အလက်​များအားဖြန့်​​ဝေ​ပေးခြင်း၊စက်​မှုဝန်​ကြီးဌာနမှ​ဆောင်​ရွက်​​ပေးမည့်​ ဝန်​​ဆောင်​မှုများနှင့်​စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနမှပြပွပြသသူများအတွက်​​ဆောင်​ရွက်​​ပေးမည့်​အချက်​အလက်​များအားရှင်းလင်း​ပြောကြားခဲ့ပါသည်​။

#တရုတ်နိုင်ငံအတွင်းရှိ SME များဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ တရုတ်နိုင်ငံရှိ SME များနှင့် ၄င်းတို့၏ Foreign Counterparts တို့အကြား နားလည်မှုမြှင့်တင်ရန်၊ နိုင်ငံအသီးသီးရှိ SME လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ကုန်စည်ဖလှယ်မှုတို့ကို တိုးမြှင့်ရန် ၊ အမြတ်အစွန်းကို အဓိကမထားဘဲ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာတစ်ဝှမ်းလုံးရှိ SME များပူးပေါင်းပါဝင် နိုင်သော Display, Trade, Exchange and Cooperation Plaform တစ်ခုကို တည်ဆောက်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသည့်​ ပြပွဲတစ်​ခုဖြစ်​ပါ​ကြောင်​သတင်း​ကောင်းပါအပ်​ပါသည်​။

Photos from SMEs Agency,Ministry of Industry's post 24/08/2018

SME ​ချေး​ငွေဆိုင်​ရာသင်​တန်းနှင့်​​ဟော​ပြောပွဲ
စက်​မှုဝန်​ကြီးဌာန၊စက်​မှုကြီးကြပ်​​ရေးနှင့်​စစ်​​ဆေး​ရေးဦးစီးဌာနနှင့်​ Matrix Institute တို့ပူး​ပေါင်းကျင်းပသည့်​ SME ​ချေး​ငွေဆိုင်​ရာ​သင်​တန်းနှင့်​​ဟော​ပြောပွဲအားSME Center ၊ အမှတ် (၃၅)၊ ကျိုက်ဝိုင်း ဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ လျှပ်စစ်စစ်ဆေးရေးသင်တန်းကျောင်းဝန်း၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့၌ ကျင်းပ ခဲ့ပြီး ရိုးမဘဏ်​မှလည်း ၄င်းတို့ဘဏ်​မှ Service ​ပေး​နေသည့်​ SME Express Loanနှင့်​စပ်​လျဉ်းသည့်​အ​ကြောင်းအရာများကို​ဆွေး​နွေး​ပေးခဲ့ပါသည်​။
#(၂၄.၈.၂၀၁၈)ရက်​​နေ့SME ​ချေး​ငွေဆိုင်​ရာ​ဟော​ပြောပွဲအပြီးတွင်​(၂၅.၈.၂၀၁၈)ရက်​​နေ့မှ(၂၆.၈.၂၀၁၈)ရက်​​နေ့ ထိ SME ​ချေး​ငွေဆိုင်​ရာသင်​တန်းအားဆက်​လက်​ကျင်းပ​ပေးသွားမည်​ဖြစ်​ပါသည်​။
#ရည်​ရွယ်​ချက်​ မြန်​မာနိုင်ငံရှိတဲ့ အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်း (SMEs) တို့ သည် ငွေစာရင်းရှင်းတမ်းများ စနစ်တကျပြင်ဆင်ထားသိုမှုအားနည်းခြင်း ဘဏ္ဍာရေးဆိုင်ရာအသိပညာဗဟုတုတများ အားနည်းခြင်း နှင့် ချေးငွေဆိုင်ရာ သတင်းအချက်အလက်များရယူနိုင်မှု အားနည်းခြင်းတွေကြောင့် ဘဏ်ချေးငွေများ ရယူရာမှာ အခတ်အခဲများစွာကြုံတွေ့နေရပါတယ်။
အသေးစားနှင့်အလတ်စားလုပ်ငန်း (SMEs) များအတွက်ဘဏ္ဍာရေးဆိုင်ရာအသိပညာ များတိုးတက်စေရန်၊ လုပ်ငန်းစီမံကိန်း သစ်များ ထပ်မံတိုးချဲ့ရာတွင်အရင်း အနှီးငွေလိုအပ်မှုများကို ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်စေရန်၊ နှင့် ဘဏ်များမှ ချေးငွေများကိုပိုမိုချိတ်ဆက် ရယူနိုင်စေရန်ရည်ရွယ်၍ Matrix Insitute of Professionals နှင့် SME Department ပူးပေါင်းပြီး မြန်မာနိင်ငံရှိ မြို့ကြီး ၁၀ မြို့နယ်တွင် “Financial Services and Management Training” ခေါင်းစဉ်ဖြင့် သင်တန်းများပေးသွား မည်ဖြစ်ပါသည်​။

24/08/2018

Start - Up (၁၀) ဦးအား ကူညီပေးမည့်အစီအစဉ်
အာဆီယံပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တွင် မြန်မာ Start- Up လုပ်ငန်းရှင် (၁၀) ဦးအား အောက်ဖော်ပြပါ အကူအညီများကို ရန်ကုန်မြို့ရှိ Incubation Center တွင် ကျွမ်းကျင်သောပညာရှင်များဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ပါ၍ စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် (၂၅.၈.၂၀၁၈) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးကြပါရန် အကြောင်းကြားပါသည်-

#ပေးမည့်ဝန်ဆောင်မှုများ #
* Business Plan ရေးသားခြင်း
* တီထွင်ဆန်းသစ်သော နည်ပညာများ ပံ့ပိုးပေးခြင်း
* Mentorများမှ အကြံဥာဏ်ကောင်းများဖြင့် လမ်းပြပံ့ပိုးပေးခြင်း
* ဈေးကွက်ရရှိရေး ထောက်ပံ့ပေးခြင်း
* ငွေကြေးပံ့ပိုးပေးမည့် အဖွဲ့အစည်းများထံမှ ပံ့ပိုးမှုရရှိနိုင်ရန်ကူညီပေးခြင်း

# ဆက်သွယ်ရမည့်ပုဂ္ဂိုလ် #
* ဒေါ်အိအိခိုင်
၀၉ ၄၂၃၇၂၁၅၉၀
* ဒေါ်နုနုလွင်
၀၉ ၇၉၈၄၇၃၂၄၃

# မှတ်ချက် #
* Start-Up များအား ကျွမ်းကျင်ပညာရှင်များမှ အနီးကပ် အကြံပြု ဆွေးနွေးပေးခြင်း
* Online (သို့) ဖုန်းဖြင့် အကြံပြုခြင်းများ၊
* လက်တွေ့ပြသခြင်းများ ပါဝင်ပါသည်။

12/06/2018

မြန်မာ SME လုပ်ငန်းရှင်များနှင့် လုပ်ငန်းရှင်ဖြစ်ချင်သူများအတွက် ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲ
********

မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာနဲ့ မိုဘိုင်းနည်းပညာ တစ်ဟုန်ထိုးတိုးတက်လာတဲ့အခါ ဒီဂျစ်တယ်နည်းပညာသုံး ဈေးကွက်ချဲ့ထွင်ခြင်း (Digital Marketing) ပညာရပ်ဟာ Digital Marketing ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းများအတွက်သာမက၊ အခြား စီးပွားရေးလုပ်ငန်းများအတွက်ပါ အရေးတကြီးလိုအပ်တဲ့ ပညာရပ်ဖြစ်လာပါပြီ။

Digital Marketing ဟာ လူငယ်နဲ့ပဲဆိုင်တယ်၊ Start-up လုပ်ငန်းတွေနဲ့ပဲဆိုင်တယ်လို့ မစဉ်းစားစေချင်ဘူးလို့ ကုန်သည်စက်မှုအသင်းချုပ် SME နဲ့ SMI ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းကပြောပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြောင်းလဲလာတဲ့ နည်းပညာလှိုင်းနောက်ကို အမှီမလိုက်နိုင်ရင် ယှဉ်ပြိုင်မှုနောက်မှာ ကျန်ခဲ့နိုင်တယ်လို့ သူက ပြောပါတယ်။

မြန်မာလုပ်ငန်းရှင်များ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ နဲ့ လုပ်ငန်းရှင်ဖြစ်လိုသူတွေအတွက် Digital Marketing ဆိုင်ရာ အတတ်ပညာများ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး၊

👉 “KBank Biz Plan Challenge 2018: The Digital Marketing for Digital Entrepreneur” 👈 ကို

ထိုင်းနိုင်ငံ Kasikorn Bank (KBank)၊ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၊ ကုန်သည်စက်မှုအသင်းချုပ်၊ Renaissance Institute နှင့် University of Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းမှုနဲ့ လာမယ့် သြဂုတ်လ (၂၀) ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမတိုင်မီ Digital Marketing နဲ့ Business Plan ရေးဆွဲခြင်းဆိုင်ရာ သင်တန်းကို ဇွန်လ (၂၉) ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး၊ သင်တန်းမှာ

👍 What is Digital Marketing in the Digital Era
👍 Ideation, Design Thinking Steps and Step Zero
👍 Hitting Success with the Business Model Canvas
👍 Making a perfect pitch
👍 Seeking Fund to Run Business
👍 Fast-Track Entrepreneur: Experience Sharing by Thai & Myanmar SMEs

စတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ ပညာရှင်များ နဲ့ လက်တွေ့အောင်မြင်နေတဲ့ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းရှင်များထံမှ လေ့လာသင်ကြားခွင့်ရမှာပါ။

ပြိုင်ပွဲမှာ ပထမဆုအတွက် KBank မှ US$ 10,000 ချီးမြှင့်မှာဖြစ်ပြီး၊ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုရရှိသူများဟာ ထိုင်းနိုင်ငံသို့ Business Matching ခရီးစဉ်လိုက်ပါခွင့် ရရှိကြမှာပါ။

ပြိုင်ပွဲကို မြန်မာနိုင်ငံသား လုပ်ငန်းရှင် (သို့မဟုတ်) လုပ်ငန်းရှင်ဖြစ်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

လျှောက်ထားဖို့အတွက် အမည်၊ ကုမ္ပဏီအမည် (သို့) အဖွဲ့အစည်းအမည် (သို့) တက္ကသိုလ်အမည် နှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များ ဖော်ပြပြီး၊

👉 University of Thai Chamber of Commerce
Tel. (95) 09 730 97447
Email: [email protected]

👉 KBank Yangon Representative Office
Tel. (95) 1 524 285, 1 500 727
Email: [email protected]

သို့ 👉 ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၂၀ ရက်အတွင်း 👈 ဆက်သွယ်ပေးပို့ရမှာဖြစ်ပါတယ်။

လျှောက်ထားသူများမှ စုစုပေါင်း (၂၁၀) ဦး ကို ရွေးချယ်လက်ခံ သင်တန်းပေးသွားမှာဖြစ်ပြီး၊ သင်တန်းတက်ရောက်ပြီးသူများအနေနဲ့ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

အစီအစဉ်
****
(၁) ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်းရေးဆွဲနည်း သင်တန်း ( ဇွန်လ ၂၉ ရက် နံနက် ၈း၃၀ မှ ညနေ ၅း၀၀ နာရီထိ)

(၂) ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲ ( သြဂုတ်လ ၂၀ရက် )

(၃) ထိုင်းနိုင်ငံရှိ Digital Entrepreneur များနှင့် သွားရောက်တွေ့ဆုံခြင်း ( သြဂုတ်လ ၃၀-၃၁ ရက်)

သင်တန်းနှင့် ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက အထက်ဖော်ပြပါ UTCC နှင့် KBank ဆက်သွယ်ရန် လိပ်စာများအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်များ၊ ညီနောင်အသင်းများ၏ အသင်းဝင်များနဲ့ မြန်မာလုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့
အထူးအလေးထား ဖိတ်ခေါ်လိုက်ရပါတယ်။

သင်တန်းနဲ့ ပြိုင်ပွဲကျင်းပနေပုံများကို မတက်ရောက်နိုင်သူများ လေ့လာနိုင်ဖို့ https://www.facebook.com/KBankKSME/ မှာ Live လွှင့်ပြသသွားမှာဖြစ်တယ်လို့ KBank တာဝန်ရှိသူများထံမှ သိရှိရပါတယ်။

14/03/2018

အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်အဓိကလိုအပ်ချက်ဖြစ်သည့်ငွေကြေးအရင်းအနှီးရရှိနိုင်မှုအပေါ်အခြေခံ၍ လုပ်ငန်းတိုးတတ်စေရန်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများနှင့် အခက်အခဲများကိုရင်ဆိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုရှမ်းပြည်နယ်အတွင်းရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များသိရှိစေရန်အတွက် Saturday SME Talk ဆွေးနွေးပွဲကို (၁၇.၃.၂၀၁၈)ရက်နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ GIZအဖွဲ့အစည်းတို့ပူးပေါင်းကျင်းပမည်ဖြစ်၍ တတ်ရောက်နိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 192, Kabaraye Road
Yangon