16/10/2025
အစ်မ "ဒေါ်ဇင်မျိုးသန်း"ဟာ အသက် ၂၄ နှစ်အရွယ် အော်တစ်ဇင်သားကြီးကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည်လည်း မကြာခင်နှစ်ပိုင်းအတွင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ သမီးငယ်လေးက နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေပြီး လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ ညီအစ်ကိုမောင်နှမများရဲ့ ဝန်းရံမှုနဲ့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာ မိမိနဲ့ဘ၀တူ မိခင်တွေ၊ အော်တစ်ဇင် သားသမီးတွေအတွက်လည်း အမှုဆောင်တစ်ယောက်အနေနဲ့ မြန်မာအော်တစ်ဇင်အသင်းမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနေသူဖြစ်တဲ့အတွက် အစ်မ "ဒေါ်ဇင်မျိုးသန်း" ကို Digital Storytelling ရဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ Video Podcast ပြောဆိုဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ဖိတ်ခေါ်ခဲ့ပါတယ်။
အသိုက်ကလေးမှာ ချိန်းဆိုခဲ့တဲ့ နေ့ရက်ရောက်တဲ့အခါ သာမန် အင်တာဗျူးမျိုးတွေ မလုပ်စေဘဲ ကိုယ်တိုင်ကိုယ်ကျ ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် Host လုပ်ပြီး တစ်ကိုယ်တော် ဇာတ်ကြောင်းပြောဆို တင်ဆက်စေခဲ့ပါတယ်။ အစ်မရဲ့ ခံစားသက်ဝင်မှု အားကောင်းတာရယ်၊ ပြောဆိုတင်ပြလိုတဲ့ စေတနာတွေကြောင့် သိပ်ပြီးလမ်းကြောင်းပေးစရာ မလိုခဲ့ဘဲ အောင်မြင်ချောမောစွာနဲ့ပဲ အားရပါးရတင်ဆက်ထားတဲ့ အရုပ်၊ အသံဖိုင်တွေကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အစ်မဖက်က လိုအပ်မယ့် အဖြည့်ရုပ်ကပ်လေးတွေ အသုံးပြုခွင့်ပေးခဲ့တာကြောင့် အစ်မရဲ့ Video Podcast အခန်းဆက်တွေဟာ တစ်ခုပြီးတစ်ခု ဆက်နားထောင်ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်စေခဲ့ပါတယ်။
အော်တစ်ဇင်မိခင်တစ်ဦးအနေနဲ့ရော အိမ်ရှင်မတစ်ယောက်အနေနဲ့ပါ မိမိရဲ့အားသာချက်၊ ကျွမ်းကျင်မှုတွေနဲ့ ဘ၀အတွေ့အကြုံတွေကနေ Personal Brand တည်ဆောက်ဖို့အတွက် ဒီတင်ဆက်မှုကို အစပြုစေခဲ့သလို တစ်ဖက်မှာလည်း နားဆင်သူ အမျိုးသမီးထုအတွက် အစ်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံနဲ့ စိတ်နေစိတ်ထားတွေဟာ နမူနာယူစရာ၊ ခွန်အားရစရာတွေ ဖြစ်စေခဲ့မယ်လို့လည်း ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ အစ်မရဲ့ တင်ဆက်မှုတွေကို နားထောင်ဖူးကြသူများ အနေနဲ့လည်း အစ်မ "ဒေါ်ဇင်မျိုးသန်း"လို့ နာမည်ကြားလိုက်တာနဲ့တင် အစ်မကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ အမှတ်ရခင်မင် သိကျွမ်းနေကြမှာ အသေအချာပါပဲ။
ဒီအစီအစဉ်ကို တည်းဖြတ်ပြီးနောက်မှာ ကျွန်မအနေနဲ့လည်း အခုလို အကြောင်းအမျိုးမျိုးကြောင့် ခင်ပွန်းသည်ဆုံးပါးသွားပြီး ကိုယ်ထူကိုယ်ထ ရပ်တည်နေသူ အမျိုးသမီးများကို ပိုပြီးလက်တွဲကူညီချင်စိတ်တွေ ဖြစ်ပေါ်လာမိပါတယ်။ ဒါကြောင့်ပဲ "Your Story, Your Life, Your Brand" ဆိုတဲ့ Pilot Program တစ်ခုကို အစပြုဖြစ်ခဲ့ပါတယ်။ မြန်မာ့အသိုက်အဝန်းက ခေါ်လေ့ရှိကြတဲ့ "မုဆိုးမ"များအတွက် မိမိတတ်စွမ်းတဲ့ဖက်က လက်တွဲကူညီဖေးမခြင်းဟာ ဘာသာတရားတိုင်းရဲ့ အဆုံးအမနဲ့လည်း ညီညွတ်တာဖြစ်လို့ ၂၀၂၆မှာ Personal Brand တည်ဆောက်ပြီး အွန်လိုင်းပေါ်မှာ ဝင်ငွေရှာနိုင်တဲ့အထိ ရပ်တည်လိုကြတဲ့ အမျိုးကောင်းသမီး အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်များကို ကျွန်မတို့ Myanmar CinemAbility Network ကနေ လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ရပါတယ်။
အစ်မ "ဒေါ်ဇင်မျိုးသန်း"ရဲ့ တင်ဆက်မှုများကိုလည်း ကျွန်မရဲ့ စာမျက်နှာမှာ လာရောက်အားပေး ရှုစားနိုင်ပါတယ်ရှင်။ နောက်ထပ်ရောက်လာမယ့် အသစ်သော အစ်မ၊ ညီမများရဲ့ ဇာတ်ကြောင်းပြောဆို တင်ဆက်မှုများကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါ့မယ်။ အားလုံးပဲ Personal Brand တွေတည်ဆောက်ပြီး အွန်လိုင်းမှာ အတူတူ တောက်ပကြရအောင်။
ဒီနေရာမှာ Your Story, Your Life, Your Brand ကိုလေ့လာ လျှောက်ထားပါ။
https://www.facebook.com/photo?fbid=1236911921784980&set=a.455519146590932
Nwaye Zar Che Soe
Independent Filmmaker, Social Worker, Podcaster & Founder
https://t.me/nwayezarchesoe
https://filmfreeway.com/nwayezarchesoe
https://nwayezarchesoe.wordpress.com/
10/10/2025
TikTok က On this day post 📱 ကြည့်ပြီး ဇာတ်ညွှန်းရေးသား ✍️ ဖန်တီးတင်ဆက်လိုသူများ ဒီနေရာမှာ ဖတ်ရှုပြီး Google Form ဖြည့်စွက် လျှောက်ထားနိုင်ပါတယ်။ 👩💻
Nwaye Zar Che Soe
Independent Filmmaker, Social Worker, Podcaster,
Digital Storytelling Expert,
Founder of Myanmar CinemAbility Network
https://myanmarcinemabilitynetwork.wordpress.com/
"နောင်တစ်ချိန် ဖန်တီးမှုနယ်ပယ်မှာ နေရာတစ်ခုယူလိုပါသလား မိတ်ဆွေ၊ ဒါဆိုရင်တော့ သင့်ရဲ့ စိတ်ကူးနဲ့ဘဝ အတွေ့အကြုံကောင်းတွေကို စာရွက်ပေါ်က တစ်ဆင့် အရုပ်၊ အသံ၊ ဇာတ်လမ်းအဖြစ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးမှာ ပုံဖော်ကြည့်လှည့်ပါ"
မသန်စွမ်းရေးရာနဲ့ ပတ်သက်တဲ့ ဗွီဒီယို နဲ့ ရေဒီယို ဇာတ်လမ်းတိုများကို ကိုယ်တိုင် ကြိုးစားဖန်တီးပြီး လက်စွမ်းပြတင်ဆက်ဖို့ စိတ်အား ထက်သန်ကြတဲ့ အနယ်နယ်အရပ်ရပ်က အသက် ၂၀ နှစ်နဲ့အထက် ပညာအရည်အချင်း အနည်းဆုံး ဆယ်တန်းအောင်ပြီးသား မသန်စွမ်းလူငယ်တွေ၊ မသန်စွမ်းသူများရဲ့ မိသားစုဝင်တွေ၊ သန်စွမ်းသော်လည်း ဖန်တီးမှုရေးရာမှာ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေနဲ့ မသန်စွမ်းအဖွဲ့အစည်းများမှာ လုပ်အားပေး၊ အလုပ်သင် သို့မဟုတ် ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ လူငယ်များအတွက် အရုပ်၊ အသံတွေနဲ့ ဇာတ်လမ်းပြောခြင်း အနုပညာကို အခြေခံပိုင်ပိုင် ဆန်းသစ်တွေးခေါ် နည်းတွေနဲ့အတူ လက်တွေ့ ရေးသားဖန်တီးကြမယ့် သင်တန်းတစ်ခုထက်ပိုတဲ့ လေ့လာမှု၊ ဝေမျှမှု၊ လေ့ကျင့်မှု၊ စကားဝိုင်းတွေ အပြင် သုတေသနပြု ဆန်းစစ်ခြင်းတွေနဲ့အတူ မိမိအိမ်အတွင်းကနေ သင်တန်းရဲ့ ဖန်တီးမှု အကျိုးကျေးဇူးများကို လက်လှမ်းမီရယူရင်း အချိန်ကို အကျိုးရှိရှိ ဖြတ်သန်းနိုင်ကြစေဖို့ ရည်ရွယ်လျှက် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပင်တိုင်တင်ဆက်သူများ၊ ဝိုင်းတော်သားများနဲ့အတူတူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင် ထုတ်လွှင့်ကြရအောင် ဖိတ်ခေါ်လိုပါတယ်။
မိတ်ဆွေအနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် ဒီနေရာမှာ https://forms.gle/fYrXGt4EsGyL7jf39 ဖောင်ဖြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ စိတ်ကြိုက် ဖန်တီးမှု လက်ရာ တစ်ခုခု၊ မှတ်ပုံတင် ရှေ့၊နောက်နဲ့ မျက်နှာသိသာထင်ရှားတဲ့ အလှဓာတ်ပုံ တစ်ပုံကို [email protected] ကို အမြန်သာ ပေးပို့လိုက်ပါ။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉 https://t.me/mcanetwork
📧[email protected]
☎️ 09941559897, 09261256493
03/10/2025
💪ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပြီး ၃ လအတွင်း 👩💻Personal Brand 👩🏫တည်ဆောက်ဖို့ စိတ်အားထက်သန်နေကြတဲ့ အသိပညာ၊ အတတ်ပညာနဲ့ အနုပညာဆိုင်ရာ ကျွမ်းကျင်မှုမျိုးစုံရှိကြတဲ့ မြန်မာအခေါ် "မုဆိုးမ" အင်္ဂလိပ်ဘာသာပြန်အရ "A widow is defined by her marital status as a woman whose spouse has died and not remarried." အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ တရားဝင်လက်ထပ်ပေါင်းသင်းနေသော ချစ်ခင်ပွန်း ဆုံးပါးသွားပြီး ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ထပ် အိမ်ထောင်မပြုဖြစ်ကြသူတွေအတွက် ၁၅ သိန်းတန် Digital Storytelling Foundation Course ကို (အချိန် တစ်ပတ်၊ တစ်ရက်၊ ၃ နာရီပေးရုံနဲ့) ၁၀ပတ်တာ အခမဲ့ (အွန်လိုင်းနဲ့လူတွေ့) လေ့လာရမှာဖြစ်လို့ စိတ်ပါဝင်စားကြသူ အသက် ၆၀ အောက် အမျိုးသမီးများ မည်သူမဆို မိမိတို့ လက်ကိုင်ဖုန်းနဲ့ ကိုယ်တိုင်ပြောဆို တင်ပြထားတဲ့ ရုပ်သံဗွီဒီယိုများကို Telegram မှတစ်ဆင့် အောက်တိုဘာလ ၁၃ ရက်ထက် နောက်မကျဘဲ ပေးပို့လျှောက်ထားနိုင်ပါပြီ။
ဗွီဒီယိုထဲမှာ ဘာတွေပြောပြရမလဲဆိုတာကတော့ -
(၁) မိမိ ဘ၀အကြောင်း အကျဉ်းချုပ်မိတ်ဆက်
(၂) မိမိ Personal Brand တည်ဆောက်ချင်တဲ့ ကျွမ်းကျင်မှု (သို့) အားသာချက်
(၃) Personal Brand ကနေ ရလာနိုင်မယ့် မျှော်မှန်း ဝင်ငွေလမ်းကြောင်း
(၄) မိမိရဲ့ ဦးတည်ပရိတ်သတ်ကိုပေးမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှု
(၅) ဒီသင်တန်းက ဘာကြောင့် မိမိကို ရွေးချယ်သင့်တာလဲ စတဲ့ အဓိက အကြောင်းအရာတွေ ပါဝင်ရမှာဖြစ်ပါတယ်။ ဗွီဒီယိုကြာချိန်ကို အနည်းဆုံး ၃ မိနစ်ကနေ အများဆုံး ၇ မိနစ်အထိ လက်ခံပေးမှာဖြစ်တဲ့အတွက် သေချာအချိန်ယူ ပြင်ဆင်စေချင်ပါတယ်။ အကယ်၍ တည်းဖြတ်တတ်ပါက မိမိပြောထားတဲ့ အကြောင်းအရာများကို အထောက်အပံ့ဖြစ်စေတဲ့ ဓာတ်ပုံ၊ ဗွီဒီယို၊ သတင်းစာဖြတ်ပိုင်း၊ လက်မှတ် စတဲ့ အထောက်အထားများကိုလည်း ထည့်သွင်းပြသခွင့်ရှိပါတယ်။ အကယ်၍ ပထမအပတ်စဉ်အတွက် ရွေးချယ်မယ့် ၁၂ ယောက်အတွင်း ပါဝင်ခွင့်မရသေးပါက ၂၀၂၆ နှစ်ဆန်းပိုင်းမှာ လက်ခံပေးမယ့် ဒုတိယအပတ်စဉ်မှာ စောင့်ဆိုင်းစာရင်း waiting list အဖြစ် ထည့်သွင်းစဉ်းစားပေးမှာ ဖြစ်ပါတယ်။ ✨"Brand" တွေတည်ဆောက် အတူတူ တောက်ပကြပါစို့။✨
Nwaye Zar Che Soe
Independent Filmmaker, Social Worker, Podcaster, Digital Storytelling Expert, Founder of MCA Network
09 45006 7352 (Telegram)
Video ပေးပို့ရမည့် Telegram Account ကို Comment တွင် QR Scan ရယူပေးပါ။
20/02/2025
ဟလို 👋 Storyteller တွေအတွက် 🎬 ရုပ်ရှင်နည်းပညာ အသုံးချဖန်တီးမှုတွေကို စီးပွါးရေးလုပ်ငန်းတွေမှာ အမှတ်တံဆိပ် 🏆တည်ဆောက်ခြင်းနဲ့ 💸 စျေးကွက်ချဲ့ထွင်ခြင်းတွေအတွက် ဗျူဟာမြောက် အသုံးချနိုင်ဖို့ အမြင်ဖွင့်မိတ်ဆက်ပေးမယ့် ဟောပြောမှုတစ်ခုကို MCA Network ရဲ့ Founder ဖြစ်သူ မနွေးဇာခြည်စိုး Nwaye Zar Che Soe က February ၂၃ ရက် တနင်္ဂနွေနေ့ ညနေ ၃:၃၀ ကနေ ၄:၃၀ အထိ “Mastering The Art of Storytelling in Branding and Marketing” ခေါင်းစဉ်နဲ့ ဝေမျှပေးမှာဖြစ်လို့ 💁🏼 စိတ်ပါဝင်စားသူများ အောက်ပါလင်ခ့်ကနေ ✍️ စာရင်းပေးသွင်းပြီး လာရောက်ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တခြားသော Keynote Speaker များရဲ့ အဖိုးတန်တဲ့ ဝေမျှမှုတွေကိုပါ လာရောက် အချိန်ပေး လေ့လာနိုင်ဖို့အတွက် အသေးစိတ်ကို 👀 အောက်ပါပိုစ့်မှာ👇🏾ဖတ်ရှုနိုင်ပါတယ်။
13/02/2025
𝑴𝙮𝑺𝙩𝒐𝙧𝒊𝙚𝒔 ရဲ့ ဒုတိယခြေလှမ်း -
👑 𝐓𝐡𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐌𝐚𝐬𝐭𝐞𝐫𝐦𝐢𝐧𝐝 ✨
(One-Day Mini Forum) 𝑂𝑟𝑔𝑎𝑛𝑖𝑧𝑒𝑑 𝑏𝑦: 💙 𝐄𝐥𝐞𝐯𝐚𝐭𝐞𝐌𝐞 of 𝑴𝙮𝑺𝙩𝒐𝙧𝒊𝙚𝒔
👇🏼𝐑𝐞𝐬𝐞𝐫𝐯𝐞 𝐘𝐨𝐮𝐫 𝐒𝐩𝐨𝐭👇🏼
https://forms.gle/ERPEWXk2tTvQvFX29
- - - - - - - - - - - - - - - - - - - - - -
ဒီ Forum လေးမှာ 🗣️ Keynote Speaker အဖြစ်ပါဝင်သွားမယ့်သူကတော့ Marketing နဲ့ Personal Branding တွေအတွက် Storytelling Expert အဖြစ်ရပ်တည်နေတဲ့ မနွေးဇာခြည်စိုးပဲဖြစ်ပါတယ်။ မနွေးရဲ့အကြောင်းလေးကို ပုံအောက်မှာဖတ်ကြည့်ပါဦးနော်...
- - - - - - - - - - - - - - - - - - - - - -
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐧𝐞𝐦𝐀𝐛𝐢𝐥𝐢𝐭𝐲 𝐍𝐞𝐭𝐰𝐨𝐫𝐤 ရဲ့ Founder တဦးဖြစ်တဲ့ မနွေးဇာခြည်စိုးဟာ ရန်ကုန်ရုပ်ရှင်ကျောင်းရဲ့ ပဲ့ကိုင်ကော်မတီဝင်တစ်ဦးအနေနဲ့လည်း တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပါတယ်။ 🎞️🎥
Digital Storytelling Expert တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ မနွေးဟာ ရုပ်ရှင်ထုတ်လုပ်ခြင်းဆိုင်ရာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာ ပညာသင်ဆုတွေရရှိခဲ့ပြီး လူမှုအကျိုးပြုဆုရ မှတ်တမ်းရုပ်ရှင်တိုများကို ဖန်တီးခဲ့သူတဦးဖြစ်ပါတယ်။ မနွေးဟာ လူမှုဖွံ့ဖြိုးရေး နယ်ပယ်ပေါင်းစုံမှာလည်း သူမတတ်ကျွမ်းတဲ့ ရုပ်ရှင်ပညာကို အလွှာပေါင်းစုံက လူငယ်တွေအသုံးချနိုင်ဖို့ မိတ်ဆက်ပေးခဲ့တဲ့အပြင် မြန်မာအမျိုးသမီးငယ်လေးများ နည်းပညာနဲ့လက်လှမ်းမဝေးဖို့အတွက် MBAPF နဲ့ Ooredoo Myanmar တို့ဦးဆောင်တဲ့ Tech Age Girls Myanmar စီမံကိန်းမှာ Digital Storytelling နည်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သူတဦးဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းလူငယ်များ ကိုယ်တိုင်ဖန်တီးမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် Myanmar CinemAbility Network ကို ၂၀၁၆ ခုနှစ်တည်းက စတင်ထူထောင်ခဲ့ပြီးခဲ့ပြီး ဦးဆောင်လမ်းပြပေးလျက်ရှိနေပါတယ်။ 💖✨
၂၀၂၃ ခုနှစ်အတွင်း Women Transforming Myanmar ရဲ့ Women Entrepreneurship & Empowerment Course အတွက် UN Women နဲ့ UNDP ရဲ့ ဆုရ Video Pitch နဲ့အတူ Digital Storytelling ကို MSMEs လုပ်ငန်းရှင် အမျိုးသမီးများအတွက်ပါ ချဲ့ထွင်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အမျိုးသမီး၊ အမျိုးသားပေါင်း ၁၀၀ ကျော်နဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ Marketing အားကောင်းဖို့၊ Personal Branding ပိုင်းကို ရေရှည်စီမံချက်တွေချမှတ် အကောင်အထည်ဖော်နိုင်ဖို့၊ ကင်မရာရှေ့မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုတတ်လာဖို့၊ စိတ်ကူးရှိတိုင်း ဖန်တီးတတ်လာဖို့အတွက် The Nest Space Hub မှာ အပတ်စဉ် လူတွေ့ကူညီသင်ကြားပေးနေပါတယ်။
အနာဂတ် ရည်မှန်းချက်အနေနဲ့ မြန်မာပြည်က နယ်ပယ်ကဏ္ဍအသီးသီးမှာ အောင်မြင်ထူးချွန်ကြတဲ့ စွမ်းဆောင်ရှင်တွေရဲ့ ဇာတ်ကြောင်းတွေ၊ မြန်မာ့ဂုဏ်ဆောင် ထုတ်ကုန်တွေရဲ့ အမှတ်တံဆိပ်ဂုဏ်ဒြပ်တွေကို နိုင်ငံတကာနယ်ပယ်အထိ ဖန်တီးမှုမျိုးစုံနဲ့ လမ်းကြောင်းဖွင့် ထိုးဖောက်နိုင်အောင် မြန်မာလှိုင်း Myanmar Wave ဖြစ်ပေါ်လာရေး သူမတတ်စွမ်းသလောက် ကူညီပေးသွားဖို့ စိတ်အားပြင်းပြနေသူဖြစ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - -
Marketing နဲ့ Personal Branding အတွက် မနွေးဇာခြည်စိုးရဲ့ ဆွေးနွေးမျှဝေမှုတွေကို နားထောင်နိုင်ဖို့အတွက် The Marketing Mastermind ပွဲလေးမှာ တွေ့ကြမယ်နော်..
Register လုပ်ရမယ့် Link လေးက ဒီမှာပါ.. 👇🏼
https://forms.gle/ERPEWXk2tTvQvFX29
02/06/2024
✨”👱♀️Her Path Forward: Post-Pandemic 👩🏻💻 Success Stories"✨
✍️ကိုယ်တိုင်ရေးအတ္ထုပတ္တိ 📝ဖန်တီးကြရအောင်။
စာရေးသားခြင်းကို ဝါသနာထုံပြီး ခက်ခဲကြပ်တည်းတဲ့ ကာလအတွင်းမှာ မိမိရဲ့ ဝင်ငွေရ စီးပွားရေးလုပ်ငန်းတစ်ခုကို ထူးထူးခြားခြား အစပြုနိုင်ခဲ့ကြတဲ့ သူရဲကောင်း အမျိုးသမီးတွေရဲ့ ရုန်းကန်စွန့်စားခဲ့ရပုံတွေကို ကိုယ်တိုင်လေ့လာ ရေးသားမှတ်တမ်းတင်ဖို့ ဆန္ဒပြင်းပြကြတဲ့ (၁) MSME လုပ်ငန်းရှင်များ၊ (၂) အသိပညာ၊ အတတ်ပညာ နယ်ပယ်စုံက ကျွမ်းကျင်ပညာရှင်များနဲ့ (၃) လုပ်ငန်းအပြောင်းအလဲတွေကြားက အသစ်သော စွန့်ဦးတီထွင်မှုတွေ လုပ်ဆောင်နိုင်ခဲ့သူ Entrepreneur များကို ၁၀ ပတ်တာ အတူတကွ လက်တွေ့လေ့လာ အကောင်အထည်ဖော် ဖန်တီးဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုပါတယ်။ စိတ်ပါဝင်စားသူ အသက် (၁၈) နှစ်နဲ့အထက် အမျိုးသမီးများ Chatbox ကနေ လာရောက်ဆက်သွယ် စာရင်းသွင်းနိုင်ပါတယ်။
👩💻https://myanmarcinemabilitynetwork.wordpress.com/
📧[email protected]
👩💻https://nwayezarchesoe.wordpress.com/
📧[email protected]
📱09450067352 (Viber, Telegram)