New Always Smile

New Always Smile

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Always Smile, Fire protection service, No(41), U Chit Maung Road , South Sayar San Ward, Bahan Township, Yangon.

24/09/2025

တခါတလေကျရင် ယှဉ်တွဲပြီးမစဉ်းစားမိလိုက်တဲ့အရာတွေက အကောင်းဆုံးတွေဖြစ်နေတတ်ပါတယ် 💝

ပုံမှန်ပေးနေကျ သီတင်းကျွတ်လက်ဆောင်လေးမှာ မီးသတ်ဆေးဗူးလေးတစ်ဗူးသာ ထပ်ဖြည့်လိုက်မယ်ဆိုရင် ကိုယ်ချစ်တဲ့သူတွေကို ဂါရဝတရားနှင့် မေတ္တာအပြင် ဘေးကင်းလုံခြုံစေတဲ့စေတနာလေးပါ ပြသပြီးသွားဖြစ်သွားမှာပါ 🎁

“𝐒𝐌𝐈𝐋𝐄 𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧 𝐁𝐚𝐬𝐤𝐞𝐭” လို့ အမည်ပေးထားတဲ့ 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူးစက်ရုံမှ မြန်မာနိုင်ငံမှာ ပထမဆုံးစတင်မိတ်ဆက်ပေးလိုက်တဲ့ မီးသတ်ဆေးဗူးလက်ဆောင်ခြင်းလေးတွေဟာဆိုရင် သီတင်းကျွတ်လက်ဆောင်သာမက ဝါကျွတ်အိမ်တက်လက်ဆောင်အနေနဲ့ပါ ပေးဖို့ ခမ်းနားလှပါတယ် 🌟

“𝐒𝐌𝐈𝐋𝐄 𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧 𝐁𝐚𝐬𝐤𝐞𝐭” လေးတွေကို ငွေကျပ် 𝟏𝟓𝟎𝟎𝟎𝟎 မှ စတင်ဝယ်ယူနိုင်ပြီး 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 များအတွက် မီးသတ်ဆေးဗူး 𝐋𝐚𝐛𝐞𝐥 အပြင် ပစ္စည်းများလည်း 𝐜𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 ပြုလုပ်ပေးမှာဖြစ်လို့ 𝐜𝐡𝐚𝐭 𝐛𝐨𝐱 သို့မဟုတ် 𝟎𝟗𝟓𝟎𝟐𝟖𝟎𝟎𝟎 (𝐯𝐢𝐛𝐞𝐫) သို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်✨

မှတ်ချက်။ ဖော်ပြပါ 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐢𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧, 𝐂𝐨𝐧𝐭𝐞𝐧𝐭 နှင့် 𝐃𝐞𝐬𝐢𝐠𝐧 သည် 𝐌𝐲𝐚𝐭 𝐍𝐨𝐞 𝐋𝐚𝐲 𝐂𝐨., 𝐋𝐭𝐝 ရဲ့ မူပိုင်ဖြစ်သည့်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ မိမိအကျိုးစီးပွားအတွက် အလွယ်တကူ သုံးယူခွင့်မပြုပါကြောင်း သတိပေးအပ်ပါသည်။

”အမှတ်တမဲ့မှ အမှတ်တရ မဖြစ်စေဖို့ 🧯 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး ဆောင်ထားစို့"

------- 🚚 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 -------
ရန်ကုန်မြို့တွင်း "အခမဲ့" ပို့ဆောင်ပေးပြီး နယ်မှ မှာယူလိုသူများအတွက် ရန်ကုန်ကားဂိတ်အရောက် "အခမဲ့" ပို့ဆောင်ပေးပါသည်။

------- လိပ်စာများ -------

🏪 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး အရောင်းပြခန်း
အမှတ် (၄၁)၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-5028000, 09-945028000
Google Map Link >>
https://maps.app.goo.gl/f3jUGDiE7XHvoMDm7?g_st=ic

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐓𝐢𝐤𝐭𝐨𝐤
https://www.tiktok.com/?_t=8mvBTKAHi08&_r=1

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲
https://invite.viber.com/?g2=AQA9hSWzS14CpVLynDGrjJHOVFfjveyjPvmMPwsBGKA2B0YXRvJgbSeh9vcGDn0S

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦
https://t.me/smilefireextinguisher

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦
https://www.instagram.com/smile_fire_extinguisher_mm?igsh=Z3dzOXZmZ3Vsc2xm&utm_source=qr

✨ 𝐒𝐌𝐈𝐋𝐄 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 𝐋𝐢𝐧𝐤𝐞𝐝𝐈𝐧
https://www.linkedin.com/company/myat-noe-lay-co-ltd/

#မီးသတ်ဆေးဗူး #မြန်မာပြည်တွင်ထုတ်လုပ်သည် ီးသတ်ဆေးဗူး
#ပြည်တွင်းထုတ်မီးသတ်ဆေးဗူး

Photos from ASIAN EXPO Yangon's post 26/08/2025
Photos from ASIAN EXPO Yangon's post 26/08/2025

ပြည်တွင်းထုတ်ကုန် ASEAN level ထိရောက်စေဖို့
နိုင်ငံပေါင်းစုံက ပစ္စည်းတွေ ပါဝင်ပြသမယ့် ASIAN EXPO Yangon မှာ Gold Sponsor အဖြစ် ပါဝင်ထားပါတယ်။

12/06/2025
29/05/2025

ဟီး မောနင်းပါ ကာကာတို့ရေ
ချစ်လို့စတာ စိတ်မဆိုးကြေး နော့်🤭

12/05/2025

😉 ဟိတ် ဟိတ်! Viber မှာ SMILE ရဲ့ အရုပ် Stickers လေးတွေ ရှိနေပါပြီတဲ့။

🙌 ချစ်ကာကာတို့အတွက် Stickers လေးတွေကို Download လုပ်ပြီး ဖုန်းဘေလ် ယူနိုင်မယ့် အစီအစဉ် တစ်ခုလည်း ရှိသေးတာမလို့ အဆုံးထိ ဖတ်ကြည့်ပေးသွားဦးနော်။

👉 Viber မှာ SMILE ရဲ့ အရုပ် Stickers လေးတွေကို Download လုပ်ထားတဲ့ Screenshot လေးနဲ့ တကွ အရုပ်လေးရဲ့ နာမည်ကိုပါ ကောမန့်မှာ မန့်ပေးခဲ့ရမှာပါရှင့်။ (သဲလွန်စကတော့ Page မှာတင်ရှိတယ်နော်😬)

🎁 အဖြေမှန်ပြီး စည်းကမ်းအတိုင်း ပါဝင်ထားသူတွေထဲကမှ ကံထူးသူ (10) ဦးကို ဖုန်းဘေလ် (1) သောင်းကျပ်စီ လက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

⭕ ကံထူးရှင်တွေကို မေလ ၃၁ရက်နေ့မှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး အငြင်းပွားစရာ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက Company ရဲ့ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသွားမှာပါ။

ကဲ Stickers Download ရယူဖို့ အောက်ပါ Link လေးကနေ တစ်ဆင့် သွားလိုက်တော့နော်။ အားလုံးပဲ ကံထူးရှင်တွေ ဖြစ်ကြပါစေရှင်🥳

Sticker Download လုပ်ရန် >>>

https://stickers.viber.com/pages/custom-sticker-packs/11eff3f2084138e29e30bd804363929dbc7e3c3e23d020a9

#မီးသတ်ဆေးဗူး #မြန်မာပြည်တွင်ထုတ်လုပ်သည် ီးသတ်ဆေးဗူး

03/04/2025
Photos from SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ's post 29/03/2025
13/03/2025

ဒီနေ့ပိတ်ရက်လေးမှာ အေးအေးဆေးဆေး စာဖတ်ချင်တဲ့သူတွေ အထူးသဖြင့် မီးဘေးဗဟုသုတများနှင့် မီးသတ်ဆေးဗူးနဲ့ပတ်သက်တဲ့အကြောင်းအရာများကို စိတ်ဝင်စားသူများအတွက် SMILE မီးသတ်ဆေးဗူးစက်ရုံမှ ဒီတစ်ခေါက်မျှဝေပေးချင်တဲ့ Topic လေးကတော့ “ဆိုလာပြားမီးလောင်မှုနှင့် မီးဘေးကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနည်းစနစ်များ” ပဲ ဖြစ်ပါတယ်။

ဆိုလာပြား (Solar Panels) များက စွမ်းအင်ထုတ်လုပ်ရေးတွင် သဘာဝပတ်ဝန်းကျင်နှင့် သင့်တော်သည့် နည်းပညာတစ်ခုဖြစ်သော်လည်း၊ မဖြစ်မနေ သတိပြုရမည့် မီးလောင်မှုဆိုင်ရာ အန္တရာယ်များ ရှိနိုင်ပါတယ်။

ဆိုလာမီးလောင်မှုဖြစ်ပွားနိုင်သော အကြောင်းရင်းများ
1. လျှပ်စစ်လိုင်းချိတ်ဆက်မှုချွတ်ယွင်းမှု (Electrical Faults)
• ဝါယာကြိုးချိတ်ဆက်မှု မမှန်ကန်ခြင်း၊
• ဗို့အားကြီးမားသော DC current သည် အပူချိန်မြင့်မားမှုဖြစ်စေနိုင်ခြင်း
• အပေါ်ယံပျက်စီးမှု (panel degradation) မှာ လွဲမှားသော လျှပ်စစ်ထိတွေ့မှုများ ဖြစ်စေနိုင်ခြင်း
2. Short Circuit (တိုတောင်းလျှပ်စစ်ပြဿနာ)
• ဝါယာကြိုးများ ပြိုကွဲခြင်း၊
• ဆိုးဆိုးရွားရွားကြွေမှု (cracks) များကြောင့် ပြဿနာဖြစ်နိုင်ခြင်း။
3. Overheating (အပူချိန်မထိန်းနိုင်မှု)
• ဆိုလာပြားများသည် နေရောင်ခြည်ကို စုပ်ယူသောကြောင့် အပူချိန်မြင့်မားနိုင်ခြင်း
• Cooling system မထည့်သွင်းမှုကြောင့် ဗို့အားတိုးပြီး မီးလောင်မှု ဖြစ်နိုင်ခြင်း
4. သံမဏိဘောင် (Metal Frame) မှ လျှပ်စစ်ကြိုးတစ်ခုခုထိမှန်ခြင်း
• တိုက်ဆိုင်သော လျှပ်စစ်သံလိုက်ဓာတ်ပြုမှုများကြောင့် မီးလောင်မှု ဖြစ်နိုင်ခြင်း
5. Battery Storage System (ဘက်ထရီသိုလှောင်မှုစနစ်) မှ မီးလောင်မှုအန္တရာယ်
• Lithium-ion ဘက်ထရီများတွင် Overcharging, Overheating, Short Circuit ကြောင့် မီးလောင်မှုဖြစ်နိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်

ဆိုလာမီးလောင်မှုကို ကာကွယ်နိုင်သော နည်းလမ်းများ
1. လျှပ်စစ်ဝါယာကြိုးများကို သေချာစစ်ဆေးခြင်း
• ဝါယာကြိုးများ မာကျောမှုရှိမှု၊ ပျက်စီးမှုများကို မကြာခဏ စစ်ဆေးရန်
2. Short Circuit ကာကွယ်ရေး
• Circuit Breaker (CB) များ ထည့်သွင်းထားခြင်း
• DC Isolator များ သင့်တော်စွာ ထည့်သွင်းခြင်း
3. အပူချိန်ထိန်းချုပ်မှု
• Heat Dissipation System (အပူထုတ်စနစ်) ထည့်သွင်းခြင်း
• အပူချိန်မြင့်မားလျှင် အလိုအလျောက်ဖြတ်တောက်နိုင်သော ဆာကစ်များ (Automatic Cut-off Switches) အသုံးပြုခြင်း
4. Battery Management System (BMS) ထည့်သွင်းခြင်း
• ဘက်ထရီများ Overcharge, Overheat, Short Circuit ဖြစ်နိုင်မှုကို ထိန်းချုပ်ပေးနိုင်သောစနစ်
5. မီးငြှိမ်းသတ်စနစ်များ (Fire Suppression Systems)
• Water Mist Systems – မီးလောင်မှုကို အပူချိန်ဖြင့် မကြိုမိအောင် လျှောကျစေနိုင်သည်
• Inert Gas Suppression Systems – CO2, FM-200, Novec 1230 တို့ကဲ့သို့သော ဓာတ်ငွေ့များကို အသုံးပြုခြင်း
• Fire-Retardant Coating – ဆိုလာပြားများတွင် မီးလောင်မှု မဖြစ်နိုင်ရန် အပေါ်ယံခွံသုတ်ခြင်း

ဆိုလာမီးလောင်မှုအတွက် ဆောင်ထားသင့်တဲ့ မီးသတ်ဆေးဗူးများကတော့ Powder Type နှင့် CO2 Type မီးသတ်ဆေးဗူးများပဲ ဖြစ်ပါသည်။

သုံးသပ်ချက်

ဆိုလာစနစ်များကို သေချာစွာ ထိန်းသိမ်းမသော် မီးလောင်မှု ဖြစ်နိုင်ချေသည် မဖြစ်မနေရှိနိုင်ပါသည်။ သို့သော် သင့်လျော်သော Circuit Protection, Fire Suppression Systems, Cooling Mechanisms တို့ကို အသုံးပြုခြင်းဖြင့် မီးလောင်မှုကို အောင်မြင်စွာ ကာကွယ်နိုင်ပါသည်။

“ရေးသားအကြံပြုသူအား လေးစားစွာဖြင့် မျှဝေပါသည်။”

မှတ်ချက်။ ဖော်ပြပါ Content နှင့် Graphic Design သည် Myat Noe Lay Co., Ltd ရဲ့ မူပိုင်ဖြစ်သည့်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ မိမိအကျိုးစီးပွားအတွက် အလွယ်တကူ သုံးယူခွင့်မပြုပါကြောင်း သတိပေးအပ်ပါသည်။

”အမှတ်တမဲ့မှ အမှတ်တရ မဖြစ်စေဖို့ 🧯 SMILE မီးသတ်ဆေးဗူး ဆောင်ထားစို့"

------- 🚚 Delivery -------
ရန်ကုန်မြို့တွင်း "အခမဲ့" ပို့ဆောင်ပေးပြီး နယ်မှ မှာယူလိုသူများအတွက် ရန်ကုန်ကားဂိတ်အရောက် "အခမဲ့" ပို့ဆောင်ပေးပါသည်။

------- လိပ်စာများ -------

🏪 SMILE မီးသတ်ဆေးဗူး အရောင်းပြခန်း
အမှတ် (၄၁)၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 01-556577, 09-5028000, 09-945028000
Google Map Link >>
https://maps.app.goo.gl/f3jUGDiE7XHvoMDm7?g_st=ic

🏭 SMILE မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

✨SMILE Fire Extinguisher Tiktok
https://www.tiktok.com/?_t=8mvBTKAHi08&_r=1

✨SMILE Fire Extinguisher Viber Community
https://invite.viber.com/?g2=AQA9hSWzS14CpVLynDGrjJHOVFfjveyjPvmMPwsBGKA2B0YXRvJgbSeh9vcGDn0S

✨SMILE Fire Extinguisher Telegram
https://t.me/smilefireextinguisher

✨SMILE Fire Extinguisher Instagram
https://www.instagram.com/smile_fire_extinguisher_mm?igsh=Z3dzOXZmZ3Vsc2xm&utm_source=qr

✨SMILE Fire Extinguisher LinkedIn
https://www.linkedin.com/company/myat-noe-lay-co-ltd/

#မီးသတ်ဆေးဗူး #မြန်မာပြည်တွင်ထုတ်လုပ်သည်

05/03/2025

SMILE ရဲ့ မိတ်ဆွေများ သတိပြုနိုင်ဖို့ မြေငလျင်နှင့် ပတ်သက်သည့်အကြောင်းအရာများကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

မြေငလျင်သတင်းကို ကြိုသိခဲ့လျှင်
- အမြင့်ပေါ်တင်ထားသော ပစ္စည်းများကို အောက်ချထားပါ။
- အိမ်တွင် လုံခြုံစွာနေနိုင်မည့်နေရာ ရှိ/မရှိ ကြိုတင်ပြင်ဆင်ပါ။
- ဖယောင်းတိုင်၊ ဆေးဝါးများ၊ မီးအိမ် စသည်တို့ကို အသင့်ဆောင်ထားပါ။
- လျှပ်စစ်မိန်းခလုပ်တည်ရှိရာနေရာကို သိထားပါ။
- ထွက်ပြေးရန် လမ်းကြောင်းများကို ကြိုတင်လေ့လာပါ။

မြေငလျင်လှုပ်ခါလျှင်
- အရေးအကြီးဆုံးမှတ်ထားရမှာက “ ဝပ်နေပါ၊ အကာအကွယ်ယူပါ၊ ငြိမ်နေပါ။”
- အဆောက်အဦးတစ်ခုမှာ ရှိနေပါက အပြင်သို့ထွက်ရန် မကြိုးစားပါနှင့်။
- ခိုင်ခံ့သော စားပွဲအောက် ပုန်းခို၍ရသောနေရာမှာနေပါ။ မှန် တံခါး၊ ပြတင်းပေါက်များနှင့် ဝေးဝေးနေပါ။
- အဆောက်အဦးပြင်ပမှာ ရောက်နေပါက ဓာတ်တိုင်၊ ဓာတ်ကြိုးများလဲကျခြင်း၊ သစ်ပင်များ၊ အုတ်နံရံများပြိုကျခြင်း ဖြစ်နိုင်သည့်နေရာများမှ လွတ်ကင်းအောင်နေပါ။
- ဓာတ်လှေကားမသုံးပါနှင့်။
- ကားမောင်းနေပါက တံတား၊ ကုန်းကျော်တံတားများပေါ်သို့ ယာဉ်မောင်းနှင်ခြင်း မပြုပါနှင့်။ ဘေးကင်းရာမှာ ကားရပ်လိုက်ပါ။
- အကယ်၍ ပင်လယ်ကမ်းခြေနှင့် သမုဒ္ဒရာအနီးသို့ ရောက်ရှိနေပါက ကုန်မြေပြင်ရှိရာသို့ အမြန်ဆုံးသွားပါ။ ဆူနာမီအန္တရာယ်ကို ရှောင်ရှားနိုင်ရန်ဖြစ်ပါသည်။
- အထပ်မြင့်အဆောက်အအုံများတွင် လူများစွာပိတ်မိနေပါက စုပြုံ၍ မထွက်ပါနှင့်။ ခုန်မချပါနှင့်။

မြေငလျင်လှုပ်ခါပြီးပါက
- လူခန္ဓာကိုယ် အနာတရရှိမရှိ စစ်ဆေးပါ။
- အဆောက်အဦး ထိခိုက်မှုကို စစ်ဆေးပါ။ လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ၊ လောင်စာဆီသိုလှောင်ကန်များကို စစ်ဆေးပါ။
- မီးဘေးအန္တရာယ်သတိထားပါ။ ရှုပ်ထွေး ပေါက်ပြဲ၍ လျှပ်စစ်စီးနေသော ဝါယာများအား ထိကိုင်ခြင်း မပြုပါနှင့်။
- မီးခြစ်မသုံးပါနှင့်။ မိန်းချပြီး ဓာတ်မီး၊ ဖရောင်းတိုင်မီးကိုသာ အသုံးပြုပါ။
- လောင်စာဆီနံ့ရပါက အမြန်ဆုံးထွက်ခွါပါ။
- ပျက်စီးနေသော အဆောက်အဦးများနှင့် ဝေးရာနေပါ။ အချိန်မရွေးပြိုကျလာနိုင်ပါသည်။
- နောက်ဆက်တွဲငလျင်များ ရှိနိုင်တာကို သတိပြုပါ။
- သစ်ပင်ပြိုလဲခြင်းများ၊ လူပိတ်မိခြင်းများရှိပါက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန Hotline Number 191 ကို ဆက်သွယ်ပြီး အကူအညီရယူပါ။

——————

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No(41), U Chit Maung Road , South Sayar San Ward, Bahan Township
Yangon