13/05/2026
🇯🇵 ဂျပန်အလည်ဗီဇာ လျှောက်ထားထားသူများ အထူးဂရုစိုက်သင့်တဲ့အချက်
VFS မှာ စာရွက်စာတမ်း submit လုပ်ပြီးတဲ့နောက်ပိုင်း၊ passport ပြန်ထုတ်ရမယ့် ရက်ပိုင်းအတွင်းမှာ Embassy ဘက်က ဖုန်းဆက်ပြီး interview ပုံစံမျိုး မေးမြန်းတာတွေ ရှိတတ်ပါတယ် 📞
မေးလေ့ရှိတဲ့ အချက်တွေကတော့ —
• ဘာအလုပ်လုပ်တာလဲ
• ဘယ်နေ့သွားမှာလဲ
• Trip plan ထဲမှာ ဘယ်နေရာတွေ သွားဖို့ရှိလဲ
စသဖြင့် မေးမြန်းတတ်ပါတယ်။
(မေးခွန်းများကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါ)
🚨 လူတိုင်းကို ဖုန်းမဆက်တတ်သလို ဖုန်းဆက်ခြင်းနဲ့ visa အောင်ခြင်း မအောင်ခြင်း လုံးဝ သက်ဆိုင်မှု မရှိပါဘူး။
အဓိကကတော့ ကိုယ့်တင်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီအောင် ယုံကြည်စိတ်ချစွာ မှန်ကန်စွာ ဖြေနိုင်ဖို့ပဲ ဖြစ်ပါတယ် ✅
အားလုံး အဆင်ပြေချောမွေ့စွာ Visa ရကြပါစေရှင် 🇯🇵✨
27/04/2026
အသက် ၅နှစ်ကနေစပြီး တစ်ယောက်တည်း လေယာဉ်စီးလို့ရတယ်ဆိုတာ သိလား?
ကလေးတစ်ယောက်တည်း လေယာဉ်စီးရင် လုံခြုံလား?
မိဘမလိုက်ဘဲ ကလေးကို လေယာဉ်နဲ့ပို့လို့ရမလား?
❗️ဒီမေးခွန်းကို မိဘတိုင်း တွေးဖူးကြပါတယ်...
ဒါပေမယ့် ✈️ Airline တွေမှာ “UM Service (Unaccompanied Minor)” ဆိုတဲ့
👉 ကလေးအတွက် သီးသန့် စောင့်ရှောက်ရေး service ရှိပါတယ်...
✈️ UM (UM = Unaccompanied Minor) Service ဆိုတာဘာလဲ?
👉 မိဘ (သို့) လူကြီးမလိုက်ဘဲ ကလေးတစ်ယောက်တည်း ခရီးသွားတဲ့အခါ Airline က စောင့်ရှောက်ပေးတဲ့ special service တစ်ခုပါ...
👶 ဘယ်သူတွေသုံးလို့ရလဲ?
• 5 – 11 နှစ် 👉 မဖြစ်မနေ UM Service ယူရပါတယ်...
• 12 – 17 နှစ် 👉 (optional) လိုအပ်ရင် ယူနိုင်ပါတယ်...
🧑✈️ UM Service ထဲမှာ ဘာတွေပါလဲ?
✔️ Departure airport (check-in) မှာ airline staff က လက်ခံပြီး es**rt လုပ်ပေးမယ်...
✔️ Flight အတွင်း cabin crew က အနီးကပ် စောင့်ရှောက်ပေးမယ်...
✔️ Arrival airport ရောက်တဲ့အခါ သတ်မှတ်ထားတဲ့ guardian ဆီကိုသာ လုံခြုံစွာ အပ်ပေးမယ်...
👉 အဓိကက ကလေးကို လမ်းတစ်လျှောက်လုံး “တစ်ယောက်တည်းမထားဘူး” ဆိုတာပါ...
⚠️ UM Service မသုံးခင် သိထားသင့်တာ
• Airline တိုင်းမှာ rule & fee မတူနိုင်ပါဘူး... Safety rules အရ airline တိုင်း strict လုပ်တယ်...
• UM service အတွက် additional charge ရှိတတ်ပါတယ်...
• Transit flight ထက် Direct flight ပိုလုံခြုံပါတယ်...
• Guardian အချက်အလက် တိတိကျကျ ဖြည့်ရပါတယ်... အပြည့်အစုံလိုအပ်ပါတယ်...
• Arrival မှာ ID verify လုပ်တယ်...
✈️ ဒီ service ကို MAI အပါအဝင် airline အများစုမှာ ရရှိပါတယ်
❤️ ကလေးကို လုံခြုံစွာ ခရီးပို့ချင်တဲ့ မိဘတိုင်းအတွက် UM Service က “စိတ်ချနိုင်တဲ့ရွေးချယ်မှု” တစ်ခုပါ
အသေးစိတ်သိရှိလိုပါက - Page Messenger နှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်! 😉
📞 Contact Number - 09 75 777 1617 , 09 45 330 3737
✉️ Gmail - [email protected]
📍 Office Address - အမှတ် ၁၀၉ ၊ ပထမထပ် (ဝဲ) ၊ ၃၇လမ်း နှင့် အနော်ရထာလမ်းမ ထောင့်၊ ၅ ရပ်ကွက်၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့။
နီးစပ်ရာ မှတ်တိုင် - ပန်းဆိုးတန်းမှတ်တိုင်
ရုံးဖွင့်ချိန် ⏰ - မနက် ၁၀ နာရီ မှ ညနေ ၅ နာရီခွဲ
ရုံးပိတ်ရက် 🗓️ - တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များ
ရုံးသို့ လာမည်ဆိုပါက Appointment ကို ဖုန်းတစ်ရက်ကြိုဆက်၍ ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်။
❗️Company License နှင့် ရန်ကုန်မှာ ရုံးခန်း ဖွင့်လစ်ထားပြီး Customer ပေါင်းများစွာရဲ့ review ကို ရရှိထားတဲ့ အတွက်ကြောင့် Visa Villa မှာ ယုံကြည် စိတ်ချစွာ အပ်နှံနိုင်ပါတယ်ရှင်!
ပြည်တွင်းကနေပဲဖြစ်ဖြစ် ပြည်ပကနေပဲဖြစ်ဖြစ် ယုံကြည်စိတ်ချစွာနဲ့ အကောင်းဆုံး ဝန်ဆောင်မှုကို ရရှိချင်ရင်တော့ Visa Villa ကို လှမ်းခဲ့လိုက်ပါတော့ရှင်..🙌🏽
25/04/2026
🌍 ပြည်ပခရီးထွက်ဖို့ Passport လိုနေပြီလား...?
Passport လိုအပ်နေသူများအတွက် ✨ Visa Villa မှ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုများနဲ့ ကူညီပေးနေပါပြီရှင့်။
သင်သွားလိုတဲ့ နိုင်ငံကို အဆင်ပြေပြေ သွားနိုင်ဖို့ Passport နှင့်ပတ်သက်တဲ့ လုပ်ငန်းစဉ်အားလုံးကို တစ်နေရာတည်းမှာ ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးပါတယ်။
📌 Passport Service များ
🔹 QR Booking မှ စ၍ စာအုပ်ထွက်တဲ့အထိ တစ်လျှောက်လုံး ဝန်ဆောင်မှုပေးပါသည်
🔹 ရန်ကုန်အပြင် နယ်မြို့များအတွက်လည်း QR Booking ယူပေးပါသည်
📋 ဝန်ဆောင်မှုအမျိုးအစားများ
▪️ Passport သက်တမ်းတိုးခြင်း
▪️ Passport အသစ်လျှောက်ခြင်း
▪️ Passport အပျောက်လျှောက်ခြင်း
▪️ PJ ➡️ PV Change ပေးခြင်း
▪️ PE / PS Type Change ပေးခြင်း
▪️ Passport စာအုပ် ပျောက်ဆုံး/ပျက်စီးမှုအတွက် ပျောက်ဆုံးနံပါတ်ရှာပေးခြင်း
▪️ Passport အပျောက် သတင်းစာကြော်ငြာထည့်ပေးခြင်း
▪️၁၈နှစ်ပြည့် မှတ်ပုံတင် မပြောင်းရသေးပဲ ရုံးဝင်ချင်သူများအတွက် ကူညီပေးခြင်း
▪️ အိမ်ထောင်စုမိတ္တူဖြင့် ရုံးဝင်နိုင်ရန် ကူညီခြင်း
▪️ ရုံးတွင်းတန်းမစီချင်သူများအတွက် ရုံးတွင်းအထူးဝန်ဆောင်မှု
▪️ EID အချက်အလက် စစ်ဆေးပေးခြင်း
▪️ ၅ ရက်အမြန်စာအုပ်ထုတ်ပေးခြင်း
▪️ ပုံမှန် (၁၄ ရက်) စာအုပ်ကိုယ်စားထုတ်ပေးခြင်း
▪️ သွေးနှော Passport ထုတ်ပေးခြင်း
📩 အသေးစိတ် မေးမြန်းလိုပါက Page Messenger သို့မဟုတ် ဖုန်းမှတဆင့် ဆက်သွယ်နိုင်ပါသည်ရှင် 😉
📞 09 75 777 1617 / 09 45 330 3737
✉️ [email protected]
📍 ရုံးလိပ်စာ
အမှတ် ၁၀၉ ၊ ပထမထပ် (ဝဲ) ၊ ၃၇လမ်း နှင့် အနော်ရထာလမ်းထောင့်
၅ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
(နီးစပ်ရာ မှတ်တိုင် - ပန်းဆိုးတန်း)
⏰ ရုံးဖွင့်ချိန် – မနက် ၁၀ နာရီ မှ ညနေ ၅ နာရီခွဲ
🗓️ ပိတ်ရက် – တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
📢 ရုံးသို့ လာရောက်မည်ဆိုပါက Appointment ကို ဖုန်းဖြင့် တစ်ရက်ကြိုယူပေးပါရန် မေတ္တာရပ်ခံပါသည်ရှင့်။
✅ Company License ရရှိထားပြီး ရန်ကုန်တွင် ရုံးခန်း တရားဝင် ဖွင့်လှစ်ထားသောကြောင့် Customer များ၏ ယုံကြည်မှုနှင့် Review ကောင်းများစွာ ရရှိထားပါသည်။
🌟 ပြည်တွင်းကနေပဲဖြစ်ဖြစ် ပြည်ပကနေပဲဖြစ်ဖြစ်
ယုံကြည်စိတ်ချပြီး အကောင်းဆုံး Passport Service ကို ရယူချင်ရင်တော့
👉 Visa Villa ကို အခုတင် ဆက်သွယ်လိုက်ပါရှင် 🙌🏽
18/04/2026
Visa Villa မှာ တင်ပေးနေတဲ့ Knowledge Sharing post၊ Visa Service Details post၊ Other Travel Services Details post တွေကို တစ်နေရာထဲ လေ့လာချင်သူများအတွက် Link လေး စုပေးလိုက်ပါတယ်ရှင့် 💕
ပုံလေးတွေ အောက်မှာ link တွေကို attach လုပ်ပေးထားပါတယ်ရှင့်...
နောက်လဲ ဒီ post မှာပဲ link လေးတွေ update လုပ်ပေးမှာ ဖြစ်လို့ save ထားလို့ ရပါတယ်ရှင် 😉
အသေးစိတ်သိရှိလိုပါက - Page Messenger နှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်! 😉
📞 Contact Number - 09 75 777 1617 , 09 45 330 3737
✉️ Gmail - [email protected]
📍 Office Address - အမှတ် ၁၀၉ ၊ ပထမထပ် (ဝဲ) ၊ ၃၇လမ်း နှင့် အနော်ရထာလမ်းမ ထောင့်၊ ၅ ရပ်ကွက်၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့။
နီးစပ်ရာ မှတ်တိုင် - ပန်းဆိုးတန်းမှတ်တိုင်
ရုံးဖွင့်ချိန် ⏰ - မနက် ၁၀ နာရီ မှ ညနေ ၅ နာရီခွဲ
ရုံးပိတ်ရက် 🗓️ - တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များ
ရုံးသို့ လာမည်ဆိုပါက Appointment ကို ဖုန်းတစ်ရက်ကြိုဆက်၍ ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်။
❗️Company License နှင့် ရန်ကုန်မှာ ရုံးခန်း ဖွင့်လစ်ထားပြီး Customer ပေါင်းများစွာရဲ့ review ကို ရရှိထားတဲ့ အတွက်ကြောင့် Visa Villa မှာ ယုံကြည် စိတ်ချစွာ အပ်နှံနိုင်ပါတယ်ရှင်!
ပြည်တွင်းကနေပဲဖြစ်ဖြစ် ပြည်ပကနေပဲဖြစ်ဖြစ် ယုံကြည်စိတ်ချစွာနဲ့ အကောင်းဆုံး ဝန်ဆောင်မှုကို ရရှိချင်ရင်တော့ Visa Villa ကို လှမ်းခဲ့လိုက်ပါတော့ရှင်..❣
12/04/2026
လေယာဉ်စီးမည့် မိတ်ဆွေများ မဖြစ်မနေ ရှောင်ရမယ့် အမှား (၇) ချက်
(၁) အချိန်
🔸အမှား - "လေယာဉ်က နောက်ကျတတ်တာပဲ၊ နောက်ကျမှသွားရင်ရတယ်" ဆိုပြီး ပေါ့ဆနေခြင်း။
🔸အမှန် - လေဆိပ်ကို လေယာဉ်ခရီးစဉ် မတိုင်ခင် ၂-၃ နာရီ ကြိုရောက်ပါ။ Check In လုပ်ခြင်း၊ လုံခြုံရေးစစ်ဆေးခြင်းတွေက အချိန်ယူရပါတယ်။
(၂) အိတ် (Luggage)
🔸အမှား - လက်ဆွဲအိတ်ကို အလေးချိန်ကျော်၊ အရွယ်အစားကြီးအောင် ထုတ်ခြင်း။ 100ml ကျော်သော အရည်ပါတဲ့ပစ္စည်းတွေ မသိလိုက်ဘဲ Hand Carry ထဲ ထည့်မိခြင်း။
🔸အမှန် - မိမိစီးမည့် လေကြောင်းလိုင်းရဲ့ စည်းကမ်းကို ကြိုဖတ်ပါ။ လက်ဆွဲအိတ်ကို သတ်မှတ်အရွယ်အစား၊ အလေးချိန်အတွင်းမှာ ထားပါ။ အရည်တွေကို 100ml အောက်ပဲယူပါ။
(၃) Check In လုပ်ပြီး ပြန်ထွက်သွားခြင်း
🔸အမှား - လုံခြုံရေးစစ်ဆေးမှု ကျော်ပြီးတာနဲ့ လေဆိပ်အပြင်က ဝယ်စရာရှိတာဝယ်ဖို့ ပြန်ထွက်သွားခြင်း။
🔸အမှန် - အပြင်ထွက်လိုက်ရင် လုံခြုံရေးက ပြန်ဝင်ရင် ထပ်စစ်ပါတယ်။ လေယာဉ်လည်း လွတ်သွားနိုင်ပါတယ်။ မထွက်ပါနဲ့။
(၄) Gate ပြောင်းခြင်း
🔸အမှား - မိမိလေယာဉ်က Gate 11 မှာဆိုပြီး ပထမကြားတဲ့နေရာမှာပဲ ငြိမ်နေခြင်း။
🔸အမှန် - လေယာဉ်ခရီးစဉ်တိုင်း Gate နံပါတ် ချိန်းသွားတဲ့အခါ ချိန်းသွားတဲ့ Gate မှာ သွားစောင့်ပါ။ နောက်ဆုံးအချိန်အထိ စစ်ဆေးပါ။ ရုတ်တရက် ပြောင်းတတ်ပါတယ်။
(၅) Check Baggage ထဲ ထည့်မိခြင်း
🔸အမှား - ဆေး၊ ပိုက်ဆံအိတ်၊ Passport ၊ ခရီးစာရွက်စာတမ်းတွေကို Check Baggage ထဲ ထည့်မိခြင်း။
🔸အမှန် - တန်ဖိုးရှိ၊ အရေးကြီးတာတွေကို မိမိနဲ့အတူ လက်ဆွဲအိတ်ထဲပဲ ယူသွားပါ။
(၆) လေယာဉ်ပေါ်မှာ အော်ဟစ်ဆူညံခြင်း၊ စည်းကမ်းမလိုက်နာခြင်း
🔸အမှား - လေယာဉ်စပျံခါနီး ဖုန်းဖွင့်ပြောခြင်း၊ ခါးပတ်မပတ်ခြင်း၊ ကိုယ့်ခြေထောက်ကို ရှေ့ခုံပေါ် တင်ထားခြင်း။
🔸အမှန် - လေယာဉ်မောင်/မယ်တွေပြောတာကို နားထောင်ပါ။
(၇) လေယာဉ်ဘီးချတာ နဲ့ ချက်ချင်းထခြင်း
🔸အမှား - လေယာဉ်ဆင်းလို့ မရပ်သေးဘဲ ခါးပတ်ဖြေပြီး ထခြင်း။
🔸အမှန် - လေယာဉ်က ဂိတ်ဆီ ရောက်ပြီး Seatbelt မီးပိတ်သွားတဲ့အထိ စိတ်ရှည်ရှည်ထိုင်ပါ။
11/04/2026
လေယာဉ်စီးပြီး ခရီးသွားမည့်မိတ်ဆွေများ သိထားသင့်တဲ့ (၁၀) ချက်
(၁) စာရွက်စာတမ်း အဆင်သင့်ပြင်ထားခြင်း
🔹လေဆိပ် Terminal အဝင်ဝမှာ Passport (နိုင်ငံကူးလက်မှတ်) နဲ့ လေယာဉ်လက်မှတ် ကို စစ်ဆေးလေ့ရှိတာကြောင့် Terminal ထဲ မဝင်ခင် ကြိုတင်ထုတ်ထားပါ။
(၂) Check-in Counter ကို ဘယ်လိုရှာမလဲ?
🔹အထဲရောက်ရင် Departure TV Screen မှာ မိမိစီးရမည့် Flight နံပါတ်ကို ရှာဖို့ပါ။ အဲ့ဒီမှာ ကိုယ် Check In သွားလုပ်ရမယ့် Row (ဥပမာ - Row D) ကို ပြထားပါလိမ့်မယ်။ အဲ့ဒီ Row ကိုသွားပြီး ကိုယ်စီးမယ့် လေကြောင်းလိုင်း Counter မှာ Check In လုပ်ဖို့အတွက် တန်းစီရပါမည်။
(၃) Boarding Pass ယူခြင်းနှင့် အိတ်အပ်ခြင်း
🔹Counter ရောက်ရင် အိတ်ကြီး (Luggage) တွေကို ကီလိုချိန်ပြီး အပ်နှံရမှာဖြစ်ပြီး လေယာဉ်ပေါ်တက်ဖို့ Boarding Pass (လက်မှတ်) နဲ့ Departure Card ကို ထုတ်ယူရပါမည်။ မိမိနဲ့အတူ လေယာဉ်ပေါ်သို့ ယူသွားမယ့် Hand Carry အိတ်ထဲမှာတော့ အရည် 100ml ကျော်တဲ့ ဗူး နဲ့ ချွန်ထက်တဲ့ပစ္စည်းတွေ မပါအောင် သတိပြုပါ။
(၄) Departure Card ဖြည့်စွက်ခြင်း
🔹လေယာဉ်စီးပြီး နိုင်ငံခြား ထွက်ခွာမယ့်သူတွေအတွက် လေဆိပ် မှာ ပြည်ပထွက်ခွာကတ် (Departure Card) ဖြည့်ဖို့ လိုအပ်ပါတယ်။ Immigration မဖြတ်ခင် ကြိုတင်ဖြည့်ထားရမှာ ဖြစ်ပါတယ်။
(၅) Immigration မှာ စစ်ဆေးမှုခံယူခြင်း
🔹မိမိရဲ့ အလှည့်ကို ရောက်ရှိပါက လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ Passport၊ Boarding Pass နဲ့ ဖြည့်ထားတဲ့ Departure Card တွေကို ပြသပြီး ၊မေးမြန်းမှုကို ဖြေကြားရပါမည်။
(၆) Biometric စစ်ဆေးခြင်း
🔹မျက်မှန်၊ Mask တွေကို ခေတ္တချွတ်ပြီး မျက်နှာ Scan ဖတ်ခြင်း နဲ့ လက်ဗွေနှိပ်ခြင်း တွေ ပြုလုပ်ရပါမယ်။ ပြီးရင်တော့ Passport ပေါ်မှာ ထွက်ခွာခွင့်တုံး (Departure Stamp) ထုပေးပါလိမ့်မယ်။
(၇) Security Check (လုံခြုံရေးဂိတ်)
🔹ဒါကတော့ အရေးကြီးဆုံး အဆင့်ပါ။ ဖုန်း၊ ပိုက်ဆံအိတ်၊ ခါးပတ်၊ နာရီနဲ့ လာပ်တော့ပ် (Laptop) တွေကို လုံခြုံရေးဗန်းထဲ ထည့်ရပါမည်။ မိမိကိုယ်တိုင်လည်း Scan စက်ထဲ ဖြတ်သန်းစစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။
(၈) Boarding Gate သို့ သွားခြင်း
🔹စစ်ဆေးမှုတွေပြီးရင်တော့ လေဆိပ်အတွင်းပိုင်း (Duty Free) ထဲ ရောက်ပါပြီ။ မိမိ Boarding Pass ပေါ်က Gate နံပါတ် ကို ကြည့်ပြီး သတ်မှတ်ထားတဲ့ ဂိတ်ရှေ့မှာ ကြိုတင်ရောက်ရှိ စောင့်ဆိုင်းနေရမှာ ဖြစ်ပါတယ်။
(၉) လေယာဉ်ပေါ်၌ နေရာယူခြင်း
🔹လေယာဉ်ပေါ်တက်တဲ့အခါ မိမိခုံနံပါတ်ကို ရှာဖွေပြီး လက်ဆွဲအိတ်ကို ဦးခေါင်းအထက်က Overhead Bin ထဲမှာ စနစ်တကျ ထည့်ပါ။ ကိုယ့်နေရာမှာ ထိုင်ပြီးတာနဲ့ ခါးပတ်ကို ချက်ချင်း ပတ်ထားပါ။
(၁၀) ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ
🔹လေယာဉ်မထွက်ခွာမီ လေယာဉ်မောင်/မယ်များ ပြသတဲ့ Safety Demonstration ကို အသေအချာ ကြည့်ရှုနားထောင်ပါ။ အရေးပေါ်အခြေအနေမှာ ဘယ်လိုလုပ်ရမလဲဆိုတာ သိထားဖို့ ရှေ့အိတ်ကပ်ထဲက လမ်းညွှန်စာရွက်ကိုလည်း ဖတ်ကြည့်သင့်ပါတယ်။
📌လေဆိပ်လုပ်ငန်းစဉ်တွေက တစ်ခါတလေ လူများပြီး ကြန့်ကြာတတ်တာကြောင့် လေယာဉ်မထွက်ခွာမီ အနည်းဆုံး (၃) နာရီ ကြိုတင်ရောက်ရှိနေဖို့ လိုပါတယ်။
10/04/2026
လေယာဉ် Transit မမှီတာမျိုး မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ (၆) ချက်
(၁) လက်မှတ်ဝယ်စဉ်ကတည်းက သတိထားပါ
🔸ခရီးစဉ်တစ်ခုလုံးကို လေကြောင်းလိုင်းတစ်ခုတည်း (သို့မဟုတ်) မိတ်ဖက်လိုင်းတွေနဲ့ တစ်ဆက်တည်းဖြစ်အောင် ဝယ်ပါ။ ဒါဆိုရင် ပထမလေယာဉ်နောက်ကျလို့ ဒုတိယတစ်ခု လွတ်သွားရင်တောင် လေကြောင်းလိုင်းက သင့်ကို နောက်လေယာဉ်သို့ အလိုအလျောက် ပြန်လည်စီစဉ်ပေးခြင်း၊ စားသောက်နေထိုင်စရိတ်များ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ရန် တာဝန်ရှိပါသည်။
🔸သီးခြားစီဝယ်ခြင်းကို ရှောင်ပါ - လေကြောင်းလိုင်း မတူဘဲ လက်မှတ်ကို သီးခြားစီ ခွဲဝယ်ထားရင်တော့ ပထမလေယာဉ် နောက်ကျလို့ ဒုတိယတစ်ခု လွတ်သွားရင် ဘယ်လေကြောင်းလိုင်းကမှ တာဝန်ယူပေးမှာ မဟုတ်ပါဘူး။ မိတ်ဖက် မဟုတ်သော လေကြောင်းလိုင်းနှစ်ခုမှ သီးသန့်လက်မှတ်များ ဝယ်ထားပါက၊ ပထမလေကြောင်းလိုင်းသည် ၎င်း၏လေယာဉ်နောက်ကျမှုအတွက်သာ တာဝန်ရှိပြီး မိမိ၏ နောက်ထပ်ခရီးစဉ်အတွက် အာမခံချက်မပေးနိုင်ပါ။
(၂) Transit အချိန်ကို လုံလုံလောက်လောက် ချန်ပါ
🔸၃ နာရီမှ ၅ နာရီကြား ချန်ထားပါ - လေဆိပ်ကြီးရင် Terminal ပြောင်းရတာ၊ လူဝင်မှုကြီးကြပ်ရေး (Immigration) နဲ့ Security ပြန်လည်ဖြတ်ကျော်ရခြင်း၊ လမ်းပျောက်ခြင်း (သို့မဟုတ်) ပထမလေယာဉ်နောက်ကျခြင်းတို့ရှိနိုင်လို့ အနည်းဆုံး ၃ နာရီကနေ ၅ နာရီအထိ အချိန်ပေးထားတာ အကောင်းဆုံးပါ။
(၃) အရေးကြီးစာရွက်စာတမ်းများ ဆောင်ထားပါ
🔸Digital & Physical Copy - Booking Confirmation နဲ့ e-Ticket တွေကို ဖုန်းထဲမှာ Screenshot ရိုက်ထားရုံတင်မကဘဲ စာရွက် (Hard Copy) လည်း မိတ္တူထုတ်ထားပါ။
🔸Power Bank - ဖုန်းအားကုန်သွားရင် အချက်အလက်ကြည့်ဖို့ ခက်ခဲနိုင်လို့ Power Bank ဆောင်ထားဖို့ မမေ့ပါနဲ့။
🔸လေကြောင်းလိုင်း၏ ဝန်ဆောင်မှုပေးသော ဖုန်းနံပါတ်ကို မှတ်သားထားပါ။
(၄) Transit မမှီတော့ရင် ချက်ချင်းဘာလုပ်မလဲ? (Emergency Action Plan)
🔸လေယာဉ်ပေါ်ကတည်းက အသိပေးပါ - Cabin Crew (လေယာဉ်မယ်/မောင်) တွေကို သင့်မှာ Transit ရှိကြောင်း ကြိုတင်ပြောထားပါ။ တစ်ခါတလေ သူတို့က Ground Staff တွေကို ကြိုတင်အကြောင်းကြားပေးနိုင်ပါတယ်။
🔸Transfer Desk သို့ ပြေးပါ - လေယာဉ်ပေါ်က ဆင်းတာနဲ့ "Transfer Desk" ဒါမှမဟုတ် "Customer Service Counter" ကို တန်းသွားပါ။ ဒါဟာ သင့်အတွက် အဓိက အကူအညီရမယ့် နေရာပါ။
(၅) နည်းလမ်းပေါင်းစုံနဲ့ Rebook လုပ်ပါ
🔸Counter - ဝန်ထမ်းကို အကူအညီတောင်းပြီး နောက်ထွက်မယ့် လေယာဉ်ကို ပြောင်းခိုင်းပါ။
🔸Online/App - လေဆိပ် Wi-Fi သုံးပြီး လေကြောင်းလိုင်း App ကနေ ကိုယ်တိုင် ပြန်စီစဉ်တာက ကောင်တာမှာ တန်းစီနေတာထက် ပိုမြန်နိုင်ပါတယ်။
🔸အခွင့်အရေးကို တောင်းဆိုပါ - အကယ်၍ လေယာဉ်က နောက်တစ်နေ့မှ ထွက်မယ်ဆိုရင် လေကြောင်းလိုင်းဆီက Hotel Accommodation နဲ့ Meal Vouchers (အစားအသောက်ကူပွန်) တွေ တောင်းခံနိုင်ပါတယ်။
(၆) ဘောက်ချာနဲ့ Receipt အားလုံးကို သိမ်းထားပါ
🔸လေယာဉ်နောက်ကျလို့ မိမိအိတ်စိုက်သုံးလိုက်ရတဲ့ အစားအသောက်၊ ဟိုတယ်၊ ခရီးစရိတ် ဘောက်ချာ (Receipt) တွေကို သေချာသိမ်းထားပါ။ နောက်ပိုင်းမှာ လေကြောင်းလိုင်း ဒါမှမဟုတ် ခရီးသွားအာမခံ (Travel Insurance) ဆီကနေ လျော်ကြေးပြန်တောင်းတဲ့အခါ အသုံးဝင်ပါလိမ့်မယ်။
09/04/2026
လေယာဉ်ဆင်းပြီးနောက် လေဆိပ်ကနေ အပြင်မထွက်ခင် လုပ်ဆောင်ရမယ့် အချက် (၆) ချက်
(၁) လေယာဉ်မရပ်မချင်း နေရာကမထပါနဲ့ဦး
🔹လေယာဉ်ဆင်းသက်ပြီး ခါးပတ်အချက်ပြမီး (Seatbelt Sign) ပိတ်သွားတဲ့အထိ ထိုင်ခုံမှာပဲ ဆက်ထိုင်နေပါ။ လေယာဉ်လုံးဝရပ်နားပြီးမှသာ အပေါ်က အိတ်တွေကို ထုတ်ယူပါ။ အလျင်စလို ထရပ်ခြင်းက ဘေးကင်းလုံခြုံရေးအတွက်ရော၊ တခြားသူတွေအတွက်ပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
(၂) ပစ္စည်းများ ကျန်၊မကျန် စစ်ဆေးပါ
🔹မိမိထိုင်ခုံအိတ်ကပ်ထဲမှာ ဖုန်း၊ ပတ်စပို့၊ နားကြပ် စတဲ့ ပစ္စည်းလေးတွေ ကျန်ခဲ့တတ်ပါတယ်။လေယာဉ်ပေါ်က မဆင်းခင် ကိုယ့်နေရာ ပတ်ပတ်လည်ကို တစ်ချက် ပြန်စစ်ပါ။
(၃) Arrival Immigration (ဆိုက်ရောက် လူဝင်မှုကြီးကြပ်ရေး)
🔹လေယာဉ်ပေါ်က ဆင်းတာနဲ့ "Arrival / Immigration" ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်း လျှောက်သွားပါ။
🔹သွားမယ့်နိုင်ငံပေါ်မူတည်ပြီး Arrival Card ဖြည့်ခိုင်းရင် အဆင်သင့်ဖြည့်ထားပါ။အချို့နိုင်ငံတွေကတော့ Online ကနေ ကြိုဖြည့်ခိုင်းတတ်ပါတယ်။
🔹Immigration ကောင်တာမှာ Passport ပြပြီး ဝင်ခွင့်တုံး (Entry Stamp) ရယူပါ။
(၄) အိတ်ပြန်ထုတ်ခြင်း (Baggage Claim)
🔹Immigration ပြီးတာနဲ့ ကိုယ်အပ်ခဲ့တဲ့ အိတ်ကြီးတွေကို ပြန်ယူရပါမယ်။
🔹TV Screen မှာ မိမိစီးလာတဲ့ Flight နံပါတ်က ဘယ် Belt Number မှာ အိတ်ထွက်မလဲဆိုတာ ကြည့်ပါ။
📌ဥပမာ - Belt 03။
🔹အိတ်ယူတဲ့အခါ ကိုယ့်အိတ် ဟုတ်မဟုတ် အိတ်မှာချိတ်ထားတဲ့ Tag နံပါတ်ကို သေချာစစ်ပါ။ အိတ်ချင်း ဆင်တူတာမျိုး ရှိတတ်လို့ပါ။
(၅) အကောက်ခွန်ဂိတ် (Customs)
🔹အိတ်ရပြီးရင်တော့ အပြင်မထွက်ခင် Customs ဂိတ်ကို ဖြတ်ရပါမယ်။
🔹Green Channel (Nothing to Declare) အခွန်ဆောင်ရမယ့် ပစ္စည်းတွေ၊ တားမြစ်ပစ္စည်းတွေ မပါရင် ဒီလမ်းကနေ တန်းထွက်နိုင်ပါတယ်။
🔹Red Channel (Goods to Declare) အခွန်ဆောင်ရမယ့် ပစ္စည်းတွေ (ဥပမာ - အရက်၊ စီးကရက် သတ်မှတ်ပမာဏထက် ပိုပါတာမျိုး) ပါရင် ဒီလမ်းကို သွားရပါမယ်။
(၆) Sim Card နှင့် ငွေလဲလှယ်ခြင်း
🔹လေဆိပ်အပြင်မထွက်ခင် အထွက်ပေါက်နားက ကောင်တာတွေမှာ သက်ဆိုင်ရာ နိုင်ငံရဲ့ Local SIM Card ဝယ်ပါ။
🔹လိုအပ်တဲ့ ငွေကြေးအနည်းငယ်ကို လဲလှယ်ထားပါ။
📌Visa Villa မှ အကြံပြုချက်
🔹လေယာဉ်ဆင်းဆင်းချင်းမှာပဲ ကိုယ့်ကိုလာကြိုမယ့်သူ သို့မဟုတ် Hotel ကားနဲ့ ချိတ်ဆက်နိုင်ဖို့ လေဆိပ်က Free Wi-Fi ကို အရင်ချိတ်ထားပါ။
🔹အကယ်၍ အိတ်ပျောက်ဆုံးတာ၊ ပျက်စီးတာမျိုး ကြုံရရင် အပြင်မထွက်ခင် Baggage Claim Area ထဲမှာတင် သက်ဆိုင်ရာ လေကြောင်းလိုင်း ဝန်ထမ်းတွေကို ချက်ချင်းအကြောင်းကြားပါ။