02/06/2026
Urgent‼️‼️
ကဲ ဒီနေ့မှာတော့ နာမည်ကြီး Medical Equipment တွေတင်သွင်းခြင်း နဲ့ လျှပ်စစ်လုပ်ငန်းများ လုပ်ကိုင်တဲ့ company ကြီးတစ်ခုမှာ လစာ ၇ သိန်း၆သောင်း နဲ့ Business Assistant နဲ့ Assistant Manager post တွေခေါ်ယူနေတာမို့ JOBseekers ကို အမြန်ဆုံး CV တွေပို့ပေးကြပါဦး
#အလုပ်အကိုင်ဖွေရှာဂျော့ဆီကာ
02/06/2026
ဒီနေ့မှာတော့ JOBseekers ရဲ့ Featured JOBseekersအစီအစဉ်လေးမှာ ဒီတစ်ခါ အလုပ်ရှာသူများက ဘန်ကောက် (Bangkok) မှာနေထိုင်သူများဖြစ်ပြီး ဘန်ကောက်မှာ အလုပ်ခေါ်ယူချင်တဲ့ အလုပ်ရှင် နဲ့ HR များမြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်
အလုပ်ရှာနေတဲ့သူများအခုလိုမျိုး Featured JOBseekersမှာ ပါဝင်ချင်တယ်ဆိုရင် [email protected] သို့ CV များပို့ပြီးတင်နိုင်ပါပြီ။ ဝန်ဆောင်ခ လုံးဝပေးစရာမလိုပါဘူးနော် ။
ဝန်ထမ်းအမြန်လိုအပ်နေတဲ့ အလုပ်ရှင် နဲ့ HR တွေ အနေနဲ့လည်း အခုပြထားတဲ့ ဝန်ထမ်းများကို ခေါ်ယူချင်တယ် စိတ်ဝင်စားတယ် ဆိုရင် JOBseekers ဖုန်း 09891945289 နှင့် Viber နံပါတ် 09874005558
သို့ (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
#အလုပ်အကိုင်ဖွေရှာဂျော့ဆီကာ
02/06/2026
ဒီနေ့မှာတော့ နိုင်ငံခြားကုမ္ပဏီတွေမှာ အိမ်ကနေပဲ (Remote) အလုပ်လုပ်ပြီး ဒေါ်လာနဲ့ လစာရှာချင်ကြတဲ့ မြန်မာပြည်က JOBseekersတွေအတွက် တကယ်လက်တွေ့ ပြင်ဆင်ရမယ့်အချက်တွေကို ရိုးရိုးရှင်းရှင်းပဲ စုစည်းဖော်ပြပေးလိုက်ပါတယ်။
အခုတလော ခေတ်စားနေတဲ့ Remote Jobs တွေရဖို့ဆိုရင် စိတ်ကူးယဉ်ရုံနဲ့မရဘဲ ဒီ ၅ ချက်ကို သေသေချာချာ အမိအရ ပြင်ဆင်ထားဖို့ လိုပါတယ်နော်
၁။ အင်္ဂလိပ်စာ အရည်အချင်း (Communication Skill)✅
ဒါကတော့ အဓိက အသက်ပါပဲ။ ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု (Technical Skill) ဘယ်လောက်ကောင်းကောင်း၊ တစ်ဖက်က မန်နေဂျာတွေ၊ အဖွဲ့သားတွေနဲ့ အင်္ဂလိပ်လို ကောင်းကောင်း ဆက်သွယ်ပြောဆိုနိုင်ဖို့ လိုပါတယ်။
စကားပြောရုံတင်မကဘူး- Email ရေးတာ၊ Chat Box ကနေ စာတိုပေးပို့တာ၊ Video Call နဲ့ Meeting ထိုင်တာတွေကို ယုံကြည်မှုရှိရှိ လုပ်နိုင်အောင် လေ့ကျင့်ထားပါ။
၂။ နိုင်ငံတကာအဆင့်မီ CV နှင့် Portfolio✅
မြန်မာပြည်က ပုံစံဟောင်း CV Format တွေ (မွေးသက္ကရာဇ်၊ ကိုးကွယ်သည့်ဘာသာ၊ အဖေအမည် တွေပါတဲ့ပုံစံ) ကို နိုင်ငံခြားကုမ္ပဏီတွေက အလေးမထားပါဘူး။
ဘာတွေပြင်ရမလဲ- ကိုယ်ဘာတွေ လုပ်တတ်လဲ (Skills) နဲ့ အရင်က ဘာတွေအောင်မြင်အောင် လုပ်ခဲ့လဲ (Achievements) ကိုပဲ တိတိကျကျပေါ်လွင်မယ့် One-Page CV ပုံစံ ပြင်ပါ။
Portfolio- ကိုယ်လုပ်ခဲ့တဲ့ အလုပ်နမူနာတွေကို တခြားသူ ကြည့်ရလွယ်အောင် Link တစ်ခုတည်းနဲ့ စုစည်းထားပါ။ (ဥပမာ- GitHub, Behance သို့မဟုတ် ကိုယ်ပိုင် Website)
၃။ LinkedIn ပရိုဖိုင်ကို အသက်သွင်းပါ✅
နိုင်ငံခြားကုမ္ပဏီတွေက အလုပ်ခေါ်ဖို့ တိုက်ရိုက်အသုံးအများဆုံးနေရာက LinkedIn ပါပဲ။
ကိုယ့်ရဲ့ LinkedIn မှာ “Open to Work” လုပ်ထားရုံတင်မကဘဲ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်အကိုင်အမျိုးအစား (ဥပမာ- Web Developer, Content Writer, UI/UX Designer) ကို သေသေချာချာ ရေးထားပါ။
တခြား Remote Job Platform တွေဖြစ်တဲ့ Upwork, Fiverr, Remote.co, We Work Remotely တွေမှာလည်း အကောင့်ဖွင့်ပြီး အလုပ်တွေ ပုံမှန်လျှောက်ပေးပါ။
၄။ နည်းပညာနှင့် လုပ်ငန်းသုံး Tool များ ကျွမ်းကျင်မှု✅
အိမ်ကနေ အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် တစ်ယောက်တည်း အလုပ်လုပ်နိုင်စွမ်း (Self-discipline) ရှိဖို့ လိုသလို၊ နိုင်ငံတကာက သုံးနေတဲ့ လုပ်ငန်းသုံး Software တွေကိုလည်း အကျွမ်းတဝင် ရှိနေရပါမယ်။
Project Management: Trello, Asana, Jira, ClickUp
Communication: Slack, Zoom, Microsoft Teams, Google Meet
၅။ အင်တာနက်၊ မီး နှင့် အလုပ်လုပ်မည့် ပတ်ဝန်းကျင် (Workspace)✅
မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ အခက်ခဲဆုံးအပိုင်းလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ ဒါကို နားလည်ပေးဖို့ ခဲယဉ်းပါတယ်။
အရန်အစီအစဉ် (Backup Plan) ထားပါ- မီးပျက်ရင် သုံးဖို့ Power Station သို့မဟုတ် Generator၊ အင်တာနက်လိုင်းအတွက်လည်း Wi-Fi အပြင် ဖုန်းဒေတာ (Mobile Data) ကောင်းကောင်းရမယ့် အရန်ဆင်းကတ်တွေ အဆင်သင့်ရှိနေပါစေ။
ငွေပေးချေမှုစနစ်- ဒေါ်လာလစာ လွှဲရအဆင်ပြေအောင် Payoneer, PayPal သို့မဟုတ် နိုင်ငံတကာ ဘဏ်အကောင့် (ဥပမာ- ဝင်ငွေလက်ခံလို့ရမယ့် ဘဏ်စနစ်) တွေကို ကြိုတင်လေ့လာ စုံစမ်းထားပါ။
💡 အကြံပြုချက်- နိုင်ငံခြားကုမ္ပဏီတွေမှာ အလုပ်ရဖို့က အချိန်နည်းနည်း ပေးရတတ်ပါတယ်။ အလုပ်လျှောက်ရင်း အငြင်းခံရရင်လည်း စိတ်မပျက်ပါနဲ့။ အင်တာဗျူးဖြေရတိုင်း ဘာတွေလိုအပ်လဲဆိုတာ မှတ်သားပြီး ကိုယ့်ကိုယ်ကိုယ် အမြဲ Upgrade လုပ်နေဖို့ လိုပါတယ်။
ကဲ... ဒေါ်လာလစာနဲ့ Remote Job တွေ မိမိရရ ဖမ်းဆုပ်နိုင်ဖို့ အခုကတည်းကပဲ CV လေး ပြန်ပြင်ပြီး စတင်ပြင်ဆင်လိုက်ကြရအောင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေနော် 🤗🤗
#အလုပ်အကိုင်ဖွေရှာဂျော့ဆီကာ
02/06/2026
📍 Cashier (M/F)
Location - သမိုင်း
Salary - 400,000~500,000
Time - 8:30AM to 5:30PM
လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
📍Car driver (ယာဉ်မောင်း ကျား 1ဦး)
Salary - 450,000~500,000
Location - ဒညှင်းကုန်း
Time - 8:30AM to 5:30PM
Age - 20-45
ရန်ကုန်မြို့တွင်းကျွမ်းကျင်စွာမောင်းနိုင်သူ
https://docs.google.com/forms/d/e/1FAIpQLSdp9OAt2i83kmxix980Kd7B-VQFzkGCuvEttT4I8gEVIWtiVg/viewform?usp=header
☎️ဆက်သွယ်ရန်
📱 Phone:09891945289
Viber:09974005558
📩[email protected]
📨 Telegram:
🏢 Office: (အမှတ်(၁၀၀၄)၊၁၀လွှာ၊ရွှေသံလွင်ကွန်ဒို၊တက္ကသိုလ်ရိပ်သာလမ်းသစ်၊အေးရိပ်သာလမ်းသွယ်(၁)၊ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊မြန်မာ))
01/06/2026
ဒီတပတ် မှာတော့ JOBseekers ရဲ့ Featured JOBseekersအစီအစဉ်လေးမှာ အလုပ်ရှာနေတဲ့ JOBseekers တို့ကို HR ၊အလုပ်ရှင် နဲ့ Employer တို့မြင်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အလုပ်ရှာနေတဲ့သူများအခုလိုမျိုး Featured JOBseekersမှာ ပါဝင်ချင်တယ်ဆိုရင် [email protected] သို့ CV များပို့ပြီးတင်နိုင်ပါပြီ။ ဝန်ဆောင်ခ လုံးဝပေးစရာမလိုပါဘူးနော် ။ ဝန်ထမ်းအမြန်လိုအပ်နေတဲ့ အလုပ်ရှင် နဲ့ HR တွေ အနေနဲ့လည်း အခုပြထားတဲ့ ဝန်ထမ်းများကိုစိတ်ဝင်စားတယ် ဆိုရင် JOBseekers ဖုန်း 09891945289 သို့ (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
#အလုပ်အကိုင်ဖွေရှာဂျော့ဆီကာ
01/06/2026
ဒီတပတ်မှာတော့ JOBseekers တို့အတွက်
“အလုပ်သစ်တစ်ခုမှာ ပထမဆုံး ရက် (၉၀) အတွင်း နေရာရရုံတင်မကဘဲ လူချစ်လူခင်ပေါအောင် ဘယ်လိုနေမလဲ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ JOBseekers တို့သိသင့်သိထိုက်တဲ့ အချက်လေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။
အလုပ်သစ်တစ်ခုကို စတင်ဝင်ရောက်တဲ့အခါ ပထမဆုံး ရက် (၉၀) ဟာ သင့်ရဲ့ လုပ်ငန်းခွင်အနာဂတ်အတွက် အရေးအကြီးဆုံး ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ဒီရက်ပေါင်း ၉၀ အတွင်းမှာ သင့်ရဲ့ အရည်အချင်းကို ပြသနိုင်ဖို့တင်မကဘဲ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေနဲ့ ရေရှည်အဆင်ပြေအောင် ဘယ်လိုနေထိုင်မလဲဆိုတာက အဓိက သော့ချက်ဖြစ်ပါတယ်။
လူချစ်လူခင်ပေါပြီး နေရာရလာစေဖို့အတွက် အောက်ပါအချက်လေးတွေကို လိုက်နာကြည့်ဖို့ JOB seekers က အကြံပြုပါရစေ။
၁။ အရင်ဆုံး နားထောင်ပါ၊ လေ့လာပါ (Listen & Learn)
အလုပ်သစ်ဝင်ခါစမှာ မိမိအမြင်တွေကို ချက်ချင်းချပြတာထက် အဖွဲ့အစည်းရဲ့ အလုပ်လုပ်ပုံ ယဉ်ကျေးမှု၊ စည်းစနစ်တွေကို သေချာနားထောင်ပြီး လေ့လာပါ။ လူတိုင်းက မိမိစကားကို သေချာနားထောင်ပြီး လေ့လာလိုစိတ်ရှိသူကို ပိုမိုသဘောကျတတ်ကြပါတယ်။
၂။ မိတ်ဆွေဖွဲ့ပါ၊ ဆက်ဆံရေး တည်ဆောက်ပါ (Build Relations)
ကိုယ့်အဖွဲ့ထဲကလူတွေတင်မကဘဲ အခြားဌာနက လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပါ။ အားလပ်ချိန် ဒါမှမဟုတ် နေ့လယ်စာစားချိန်တွေမှာ စကားစမြည်ပြောရင်း ရင်းနှီးမှုရယူပါ။ လုပ်ငန်းခွင်မှာ ဆက်ဆံရေးကောင်းမွန်ခြင်းက သင့်အလုပ်တွေကို ပိုမိုချောမွေ့စေပါတယ်။
၃။ ကူညီတတ်တဲ့စိတ် ထားပါ (Be Helpful)
ကိုယ့်အလုပ်ကို အချိန်မီပြီးစီးအောင် လုပ်ဆောင်နိုင်ရုံတင်မကဘဲ တခြားသူတွေ အခက်အခဲရှိနေချိန်မှာ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးပါ။ အဖွဲ့အစည်းအတွက် အကျိုးရှိမယ့် နေရာလေးတွေမှာ ကိုယ်တိုင်ဦးဆောင်ပြီး ပါဝင်ကူညီခြင်းက သင့်ကို လူချစ်လူခင် ပိုပေါစေမှာပါ။
၄။ ပွင့်လင်းမြင်သာမှုရှိပြီး အကြံဉာဏ်တောင်းခံပါ (Ask for Feedback)
အလုပ်နဲ့ပတ်သက်ပြီး မသိတာရှိရင် မေးမြန်းဖို့ မရှက်ပါနဲ့။ သင့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အထက်လူကြီးဆီက အကြံဉာဏ် (Feedback) တောင်းခံတာက သင့်ကို တိုးတက်ချင်စိတ်ရှိသူတစ်ယောက်အဖြစ် မြင်စေပြီး ယုံကြည်မှုကို တိုးတက်စေပါတယ်။
လုပ်ငန်းခွင်သစ်မှာ ပျော်ရွှင်စွာနဲ့ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ပါစေကြောင်း JOB seekers မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေနဲ့ ပတ်သက်ပြီး အမြဲမပြတ် လေ့လာချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို Follow လုပ်ထားနိုင်သလို၊ တိုက်ရိုက်လည်း ဆက်
သွယ်မေးမြန်းနိုင်ပါတယ်
#အလုပ်အကိုင်ဖွေရှာဂျော့ဆီကာ
။
01/06/2026
ဟုတ်ရဲ့လား JOBseekers တို့ရေ
#အလုပ်အကိုင်ဖွေရှာဂျော့ဆီကာ
31/05/2026
မီးခဏခဏပျက်ပြီး အင်တာနက်လိုင်းမကောင်းတဲ့ကြားက Zoom Interview မှာ JOBseekers တို့ ပရော်ဖက်ရှင်နယ်ကျကျ ဘယ်လိုဖြေကြမလဲ?
အခုခေတ်မှာ Remote အလုပ်တွေ၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အွန်လိုင်းကနေ အင်တာဗျူးဖြေရတာ ခေတ်စားလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက မီးကလည်း မှန်မှန်မလာ၊ လိုင်းကလည်း တစ်ချက်တစ်ချက် ကျသွားတတ်တော့ Zoom နဲ့ အင်တာဗျူးဖြေခါနီးတိုင်း ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ရတာ အမှန်ပါပဲ။
"အင်တာဗျူးဖြေနေတုန်း မီးပျက်သွားရင် ဘယ်လိုလုပ်မလဲ"၊ "လိုင်းကျပြီး ကိုယ့်စကားသံတွေ ပြတ်တောက်ကုန်ရင် အလုပ်မရတော့ဘူးလား" ဆိုပြီး စိတ်ပူနေတဲ့ JOBseekers တို့အတွက် အခက်အခဲတွေကြားကနေ ပရော်ဖက်ရှင်နယ်ပီပီပြင်ပြင် အောင်အောင်မြင်မြင် ဖြေဆိုနိုင်မယ့် အချက်လေးတွေကို JOBseekers ကမျှဝေပေးချင်ပါတယ်။
၁။ Plan B အမြဲအဆင်သင့်ရှိပါစေ (အရေးအကြီးဆုံးအချက်)
အင်တာဗျူးမစခင်မှာ မီးပျက်တာ၊ လိုင်းကျတာတွေအတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်။
ဖုန်းအင်တာနက် Data: အိမ်က Wi-Fi လိုင်းကောင်းနေရင်တောင် ဖုန်းထဲမှာ 4G/5G Data အားကောင်းကောင်းကို ပက်ကေ့ချ်ကြိုဝယ်ထားပါ။ Wi-Fi ပျက်သွားတာနဲ့ ဖုန်းကနေ Hotspot ချက်ချင်းလွှင့်နိုင်အောင် အဆင်သင့်လုပ်ထားပါ။
Power Bank နှင့် Laptop အားအပြည့်သွင်းပါ: ဖုန်းကော၊ Laptop ကောကို အားရာခိုင်နှုန်း အပြည့်သွင်းထားပါ။ မီးပျက်ရင် ဖုန်းလွှင့်ဖို့အတွက် Power Bank ကိုလည်း အနားမှာ အဆင်သင့်ချထားပါ။
၂။ ကြိုတင်အကြောင်းကြားထားပါ (Professional ဆန်မှု)
အင်တာဗျူးစပြီဆိုတာနဲ့ ကိုယ့်ဘက်က အခြေအနေကို ပွင့်ပွင့်လင်းလင်းနဲ့ ယဉ်ယဉ်ကျေးကျေး ကြိုပြောထားတာက အကောင်းဆုံးပါ။
"ကျွန်တော့်ဘက်မှာ လောလောဆယ် လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်း အနည်းငယ် မတည်ငြိမ်တာမျိုး ရှိနိုင်ပါတယ်။ တကယ်လို့ လိုင်းပြတ်တောက်သွားရင် မိနစ်ပိုင်းအတွင်း Hotspot ပြန်ချိတ်ပြီး ချက်ချင်းပြန်ဝင်လာခဲ့ပါမယ်ဗျာ။"
ဒီလိုကြိုပြောထားခြင်းအားဖြင့် အင်တာဗျူးသူ (Interviewer) ဘက်ကလည်း အခြေအနေကို နားလည်ပေးသွားမယ့်အပြင် ကိုယ့်ရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ ရိုးသားမှုကိုပါ သဘောကျသွားစေနိုင်ပါတယ်။
၃။ လိုင်းမကောင်းရင် ဗီဒီယိုပိတ်ဖို့ ခွင့်တောင်းပါ
တကယ်လို့ အင်တာဗျူးနေရင်း လိုင်းအရမ်းထစ်လာရင် စကားပြောရတာ အဆင်ပြေအောင် ဗီဒီယို (ကင်မရာ) ခဏပိတ်ထားဖို့ ခွင့်တောင်းနိုင်ပါတယ်။
‘’အင်တာနက်လိုင်း အားနည်းနေလို့ စကားသံ ရှင်းရှင်းလင်းလင်း ကြားရအောင် ကျွန်တော့်ဘက်က ကင်မရာကို ခဏပိတ်ထားခွင့်ပြုပါခင်ဗျာ။"
စကားလုံးဝမကြားရဘဲ ကင်မရာကြီး ဖွင့်ထားတာထက်စာရင်၊ အသံကြည်ကြည်လင်လင်နဲ့ လိုရင်းတိုရှင်း ဖြေနိုင်တာက ပိုပြီး ထိရောက်ပါတယ်။
၄။ အမှောင်ထဲမှာ အင်တာဗျူးမဖြေပါနဲ့
မီးပျက်သွားလို့ အခန်းထဲမှောင်နေရင် ကင်မရာဖွင့်ထားတဲ့အခါ ကိုယ့်မျက်နှာကို သေချာမြင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အားသွင်းမီးသီး (LED Bulb) သို့မဟုတ် ဖုန်းမီးကို ကိုယ့်မျက်နှာတည့်တည့် (ကင်မရာရဲ့ နောက်ကွယ်) ကနေ လင်းနေအောင် ချိန်ထားပါ။ နောက်ခံမှောင်နေရင်တောင် ကိုယ့်မျက်နှာ ရှင်းရှင်းလင်းလင်း လင်းထိန်နေရင် ကြည့်ရတာ စနစ်ကျနေဆဲဖြစ်ပါတယ်။
၅။ စိတ်အေးအေးထားပါ (Confidence)
တကယ်လို့ လိုင်းတကယ်ပြတ်သွားရင် လန့်မသွားပါနဲ့။ စိတ်ကိုအေးအေးထားပြီး Plan B အတိုင်း ချက်ချင်းအင်တာနက်ပြန်ချိတ်၊ Zoom ထဲ ပြန်ဝင်ပါ။ ပြန်ရောက်တာနဲ့ ပြာပြာသလဲမဖြစ်ဘဲ "စောစောက လိုင်းပြတ်သွားတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ၊ အခု ပြန်ကြားရပြီလားရှင်" ဆိုပြီး တည်တည်ငြိမ်ငြိမ်ပဲ ဆက်ဖြေပါ။ ကိုယ့်ရဲ့ အခက်အခဲကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တဲ့ ပုံစံက အလုပ်ရှင်တွေ သဘောကျတဲ့ Soft Skill တစ်ခုပဲ ဖြစ်ပါတယ်။
အခြေအနေတွေက ကိုယ့်ဘက်မှာ မရှိရင်တောင် ကိုယ့်ရဲ့ "ကြိုတင်ပြင်ဆင်မှု" နဲ့ "တည်ငြိမ်မှု" က သင့်ကို အခြားသူတွေထက် ထူးခြားထွက်ပေါ်စေမှာပါ။ အားလုံးပဲ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အိပ်မက်လှပတဲ့ အလုပ်အကိုင်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ
#အလုပ်ကိုင်ဖွေရှာဂျော့ဆီကာ
။
31/05/2026
📣📣မဂ်လာဒုံမြို့နယ်က နာမည်ကြီး Electrical engineering and manufacturing company မှာ လစာကောင်းကောင်းနဲ့ Secretary နဲ့ Purchasing Manager post တွေခေါ်နေလို့ အမြန်ဆုံးလျှောက်ကြပါဦး📣📣
#အလုပ်အကိုင်ဖွေရှာဂျော့ဆီကာ
31/05/2026
ဒီတပတ်မှာ JOBseekers တို့အတွက် interview မဝင်ခင်ပြင်ဆင်ရမယ့် အချက်လေးတွေ share ပေးလိုက်ပါတယ်နော်
အင်တာဗျူးမှာ အရွေးခံရဖို့ အတွက် JOBseekers တို့ သိထားသင့်တဲ့ အရေးကြီးအချက်များ
အလုပ်ရှာနေသူတွေအတွက် အင်တာဗျူးဆိုတာ အလုပ်ရဖို့ လမ်းကြောင်းပေါ်က အရေးအကြီးဆုံး မှတ်တိုင်တစ်ခုပါ။ သေချာပြင်ဆင်သွားပြီး ချဉ်းကပ်ပုံမှန်ကန်မယ်ဆိုရင် အလုပ်ရဖို့ အခွင့်အလမ်း ပိုများလာမှာ သေချာပါတယ်။
၁။ အင်တာဗျူးမသွားခင် ဘာတွေပြင်ဆင်မလဲ
ကုမ္ပဏီအကြောင်းကို ကြိုတင်ပြီး စေ့စေ့စပ်စပ် လေ့လာထားဖို့ လိုပါတယ်။ သူတို့ရဲ့ လုပ်ငန်းသဘောသဘာဝ၊ ထုတ်ကုန်၊ ဝန်ဆောင်မှုနဲ့ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုတွေကို သိထားမှသာ ကိုယ်ဟာ ဒီအလုပ်ကို တကယ်စိတ်ဝင်စားပြီး အဆင်သင့်ဖြစ်နေတဲ့သူတစ်ယောက်အဖြစ် အင်တာဗျူးသူတွေကို အထင်ကြီးစေမှာပါ။
၂။ ဝတ်စားဆင်ယင်မှု အပိုင်း
သပ်ရပ်ပြီး အလုပ်ပတ်ဝန်းကျင်နဲ့ လိုက်ဖက်မယ့် အဝတ်အစားကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ "First Impression" လို့ခေါ်တဲ့ ပထမဆုံးအမြင်က အလွန်အရေးကြီးတာမို့ မိမိရဲ့ လူပုဂ္ဂိုလ်ပုံစံကို ကြည့်ရုံနဲ့ စနစ်ကျမှန်း သိသာနေဖို့ လိုပါတယ်။
၃။ မေးခွန်းတွေကို ဘယ်လိုဖြေမလဲ
မေးခွန်းတွေကို သေချာနားထောင်ပြီး လိုရင်းတိုရှင်းပဲ ဖြေပါ။ မိမိရဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့အခါ STAR နည်းလမ်း (Situation - အခြေအနေ၊ Task - တာဝန်၊ Action - လုပ်ဆောင်ချက်၊ Result - ရလဒ်) ကို သုံးပြီး ပြောရင် ပိုပြီး စနစ်ကျပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုတွေကို အချက်အလက် သို့မဟုတ် ကိန်းဂဏန်း (ဥပမာ- ရောင်းအား ဘယ်နှရာခိုင်နှုန်း တက်ခဲ့တယ် စသဖြင့်) လေးတွေ ထည့်ပြောနိုင်ရင် ပိုထိရောက်ပါတယ်။
၄။ ကိုယ့်ဘက်က ပြန်မေးမယ့် မေးခွန်းတွေ ပြင်ထားပါ
အင်တာဗျူးအပြီးမှာ "ဘာမေးစရာရှိသေးလဲ" လို့ မေးလေ့ရှိပါတယ်။ အဲဒီအခါမှာ ကုမ္ပဏီရဲ့ အနာဂတ်အစီအစဉ်တွေ၊ လုပ်ငန်းခွင်အခြေအနေ ဒါမှမဟုတ် မိမိလုပ်ရမယ့် တာဝန်အသေးစိတ်ကို ပြန်မေးတာမျိုးက ကိုယ်ဟာ ဒီအလုပ်အပေါ် တကယ်စိတ်အားထက်သန်မှု ရှိတယ်ဆိုတာကို ပြသရာရောက်ပါတယ်။
၅။ ခန္ဓာကိုယ်အမူအရာ (Body Language)
စကားပြောရင် မျက်လုံးချင်း ဆုံကြည့်တာ၊ အပြုံးမျက်နှာထားတာနဲ့ ထိုင်ပုံထိုင်နည်း အမူအရာတွေက အရေးကြီးပါတယ်။ ယုံကြည်မှုရှိပြီး ပွင့်လင်းတဲ့ ပုံစံက သင့်ကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်း အားမရှိသလိုမျိုးမဟုတ်ဘဲ ခိုင်ခိုင်မာမာ နှုတ်ဆက်ပါ။
၆။ အားနည်းချက်တွေအကြောင်း မေးလာရင်
ကိုယ့်ရဲ့ အားနည်းချက်ကို မေးလာရင် ဖုံးကွယ်မထားဘဲ ရိုးရိုးသားသား ဖြေပါ။ ဒါပေမဲ့ အဲဒီအားနည်းချက်ကို ပြုပြင်ဖို့ အခုလက်ရှိ ဘာတွေ ကြိုးစားနေလဲဆိုတာကိုပါ တွဲပြီးပြောပြရပါမယ်။ ဒါမှသာ အဆိုးမြင်စကားလုံး ဖြစ်မသွားဘဲ ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင် လုပ်နေသူတစ်ယောက်အဖြစ် မြင်သွားမှာပါ။
၇။ အင်တာဗျူးပြီးနောက် Follow-up လုပ်ခြင်း
အင်တာဗျူးဖြေပြီး ၂၄ နာရီအတွင်းမှာ အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အီးမေးလ် (Thank-you Email) တိုတိုလေးတစ်စောင် ပို့ထားတာက ပိုပြီး စနစ်ကျတဲ့ အလေ့အထကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို ထပ်ပြီး ပြသရာလည်း ရောက်ပါတယ်။