Page Like တွေ တက်နေလို့ပါ။ လောလောဆယ်မှာကျွန်တော် Content တင်တာလေးတွေ ခနရပ်ထားပါတယ်ဗျ လွန်ခဲ့တဲ့ တစ်လလောက်တည်းက အလုပ်တွေဆက်နေပြီး စာတွေမရေးနိုင်ဖြစ်နေလို့ပါ။ ဖတ်ရင်းနဲ့ စုမိထားတာလေးတွေ အများကြီးရှိနေပါတယ်။ အချိန်တစ်ခုရတာနဲ့ အလျဉ်းသင့်သလို ပြန်ရေးတင်ပေးပါ့မယ်။ See Ya.
Design By Aung Co
Just Do What You Love.
01/06/2023
Rolling Stone လို့ပြောလိုက်ရင် ခပ်ကြွကြွ Rock သီချင်းတွေနဲ့ Music Band တစ်ခုဆိုတာတော့ မသိသူ မရှိသလောက်ပါပဲ။ အချိန်တွေသာ ကြာခဲ့ပေမယ့်… အခုခေတ်ရဲ့ Old But Gold Playlist တွေထဲမှာ ပါနေဆဲဖြစ်တဲ့ Band မျိုးပါ။ ဒီလိုမျိုး ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ Rolling Stone ဆိုပြီး ဖြစ်လာဖို့အတွက် သူတို့ရဲ့ ထင်ထင်ရှားရှား အမှတ်တံဆိပ်ကြီးကလဲ တစ်ထောင့်တစ်နေရာကနေ ပါဝင်ထားပါတယ်။ အနီရောင် နှုတ်ခမ်းပုံစံ၊ လျှာထုတ်ထားတဲ့ ဟန်နဲ့ အမှတ်တံဆိပ်က Band ရပ်တည်ခဲ့တဲ့ ခေတ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အတော်လေး ခေတ်ရှေ့ပြေးနေသလို Music Band တွေထဲမှာ ကိုယ်စားပြု အမှတ်တံဆိပ်ကို စသုံးခဲ့တဲ့ Band တစ်ခုဆိုလဲမမှားပါဘူး။
ဒီလိုထူးထူးခြားခြား အမှတ်တံဆိပ်ကို စပြီးအကောင်အထည်ဖော်ခဲ့သူကတော့ Band ရဲ့ Lead Vocalist တစ်ယောက်ဖြစ်တဲ့ Milk Jagger ပဲဖြစ်ပြီးတော့ Jagger ဟာ အဲ့အချိန်တုန်းက ဟိန္ဒူနတ်ဘုရားတစ်ပါးဖြစ်တဲ့ Kali မယ်တော်ရဲ့ ဟန်ကို သဘောကျနေခဲ့ပြီးတော့ Band အတွက် အမှတ်တံဆိပ်တစ်ခုပြုလုပ်ဖို့ အားသန်နေခဲ့တာပါ။
တစ်ရက်တော့ Jagger ဟာ Royal College of Art လို့ခေါ်တဲ့ အနုပညာကျောင်းတစ်ခုရဲ့ ဘွဲ့အခမ်းအနားကို တက်ရောက်ရာကနေ နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Joh Pasche နဲ့ ဆုံခဲ့ပြီးတော့ သူ့ရဲ့လက်ရာတွေကို သဘောကျခဲ့တာကြောင့် Kali နတ်ဘုရားဟန်နဲ့ Band အတွက် အမှတ်တံဆိပ်တစ်ခုကို ရေးဆွဲပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
Jon Pasche ရဲ့ ပြောကြားချက်အရ…
သူဟာ Kali နတ်ဘုရားကို လေ့လာချိန်မှာ ထင်ရှားအမှတ်အသားဖြစ်တဲ့ လျှာထုတ်ထားတဲ့ ဟန်ကိုတွေ့ခဲ့ရပြီးတော့ Milk Jagger နဲ့ ဆုံခဲ့ရတဲ့အချိန်မှာ သူ့ရဲ့ ထင်ရှားတဲ့ ပါးစပ်ကိုလဲ အမှတ်ရနေခဲ့တာကြောင့် နှုတ်ခမ်းကနေ လျှာထုတ်နေပုံကို ထင်ထင်ရှားရှား ရေးဆွဲဖြစ်တယ်လို့ဆိုပါတယ်။
ဒီဟန်ပန်က တစ်ခုခုကို မကျေနပ်တဲ့အခါ အရွဲ့တိုက်တတ်တဲ့ အမူအကျင့်ကို အထင်းသားပေါ်လွင်နေတာကြောင့် Milk Jagger အပါအဝင် Band ရဲ့ အဖွဲ့သားတွေ အားလုံး သဘောကျခဲ့ကြပြီးတော့ အမှတ်တံဆိပ်အဖြစ် မပြောင်းလဲပဲ အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။
မူလက Jon Pasche ဟာ အမှတ်တံဆိပ်အတွက် ပညာရှင်ကြေးအဖြစ် (77$) နဲ့ သဘောတူထားခဲ့ပေမယ့်လဲ Stone အဖွဲ့သားတွေအားလုံးက သဘောကျခဲ့တာကြောင့် အပိုထပ်ဆောင်းအဖြစ် £200 ထပ်ပြီး ရရှိခဲ့တဲ့အပြင် Rolling Stone နဲ့အတူ ၄နှစ်ခန့် အလုပ်အတူ တွဲလုပ်ခဲ့ပြီးတော့ ဂီတလောကထဲရောက်ခဲ့ကာ အခြားသောအလုပ်တွေလဲ ရရှိခဲ့ပြီး နောက်ပိုင်းမှာ မူရင်း အမှတ်တံဆိပ်ပုံကြမ်းကို လန်ဒန်မြို့ရဲ့ ပြတိုက်တစ်ခုဖြစ်တဲ့ V&A ဆီ ရောင်းချခဲ့ပြီး $92,500 လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျေးဇူးတင်ပါတယ်ဗျ။ နောက်ရက်တွေမှာလဲ ဒီလိုမျိုး Fun ဖြစ်တဲ့ အကြောင်းအရာမျိုးလေးတွေ တင်သွားပေးအုန်းမှာမို့ ကြိုက်နှစ်သက်ကြတယ်ဆိုရင်လဲ Like and Share လေးနဲ့ Support ပေးသွားကြဖို့ တောင်းဆိုရင်းနဲ့ နောက်နေ့တွေမှာလဲ ပြန်တွေ့ကြပါမယ်။
25/05/2023
တန်ဖိုးရှိတဲ့ အရာတွေက လွယ်လွယ် အစားထိုးလို့ မဖြစ်နိုင်ဘူး ဆိုတာကို I ♥️ NY အမှတ်တံဆိပ်က သက်သေပြနေပါတယ်…
ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုထားတဲ့ အနီရောင် အသည်းပုံနဲ့အတူ ပေါ့ပါးတဲ့ စာလုံးပုံစံနဲ့ I ♥️ NY အမှတ်တံဆိပ်က New York မြို့သူ မြို့သားတွေရဲ့ အသံကို ကိုယ်စားပြုနေတယ်လို့ ပြောလို့ရသလို ကူးယူသုံးစွဲခွင့်ကို အထူးတင်းကျပ်ထားတဲ့ အမှတ်တံဆိပ်တစ်ခုလဲ ဖြစ်ပါတယ်။
ဒါပေမယ့်လဲ ဒီလို ပြည့်စုံတဲ့ အမှတ်တံဆိပ်တစ်ခုကို အဆင်မပြေဖြစ်စေခဲ့တဲ့ အကြောင်းအရင်းတွေက မကြာသေးခင်ကပဲ ဖြစ်ပျက်ခဲ့ပါသေးတယ်။ ဒီအမှတ်တံဆိပ်ရဲ့ ဇတ်လမ်းလေးက ပြဿနာများသလို နည်းနည်းလေးလည်း ရှည်တာဖြစ်လို့ စိတ်ရှည်ရှည်လေးနဲ့သာ ဖတ်ကြဖို့ ပြောရင်းနဲ့ အခုပဲ စလိုက်ရအောင်…
I Love New York လို့ ဆိုတဲ့အတိုင်းပဲ New York မြို့ကနေ စသွားမှပဲ ဇာတ်ရည်က လည်တော့မှာပါ။ ဒီမြို့ကြီးက လူနေထိုင်မှု များသလို အချက်အချာကျတဲ့ မြို့တစ်မြို့လဲ ဖြစ်တာကြောင့် မြို့ရဲ့ 1970 ဝန်းကျင် ကာလတွေဟာ ဒုစိုက်မှုတွေ၊ မူးယစ်ဆေးမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီပြဿနာက နိုင်ငံခြား ဧည့်သည်တွေ လာရောက်လည်ပတ်မှုကို လျော့ကျစေပြီးအာဏာပိုင် အစိုးရအတွက်တော့ အတော်လေး ခေါင်းခဲစရာပါ။
ဒီပြသနာကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ အစိုးရဟာ Wells Rich Greene လို့အမည်ရတဲ့ Agency ကို ငှါးရမ်းခဲ့ပြီး I Love New York အမည်ရတဲ့ Campaign ကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလိုနဲ့ အမှတ်တံဆိပ်တစ်ခု လိုအပ်လာတာကြောင့် Agency ရဲ့ မိတ်ဆွေတစ်ဖြစ်လဲ အလွတ်တမ်း Graphic Designer တစ်ယောက်ဖြစ်တဲ့ Milton Glaser ကို ခေါ်ယူဖို့ ဖြစ်လာပြီးတော့
Milton Glaser ဟာ Taxi ကားရဲ့ နောက်ခန်းကနေ လိုက်လာရင်းနဲ့ပဲ အမှတ်တံဆိပ်ပုံကြမ်းကို ရေးဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။
ပုံကြမ်းမှာ I ရယ် အသည်းပုံရယ် NY ရယ် ပါဝင်ပြီးတော့ မှင်အနီနဲ့ ရေးသားထားကာ မူရင်း ပုံကြမ်းစာရွက်ကိုတော့ လက်ရှိ New York မြို့တော်ရဲ့ အနုပညာပြခန်းမှာ ပြသထားတယ်လို့လည်း သိရပါတယ်။
1997 ခုနှစ်မှာ Campaign ကို စတင်နိုင်ခဲ့ပြီးတော့ I ♥️ NY အမှတ်တံဆိပ်ရိုက်နှိပ်ထားတဲ့ T-Shirt တွေ၊ ခွက်တွေ၊ အမှတ်တရပစ္စည်းတွေကနေ Fun ငွေအများအပြား ရရှိခြင်းအပြင်ကို မြို့တော်အတွင်း နိုင်ငံခြားဧည့်သည် လာရောက်လည်ပတ်ရေးမှာလဲ တိုးတက်ခဲ့ကာ ကမ္ဘာတဝှမ်းထိ အောင်မြင်ခဲ့ပုံက I ♥️ NY ကို ကျွန်တော်တို့နဲ့အတူ ရင်းနှီးစေခဲ့တဲ့ အထိပါပဲ။ အစိုးရရဲ့ ရည်ရွယ်ချက်ထက် ပိုပြီးတော့ အထမြောက်ခဲ့တယ်လို့တောင် ပြောရမှာပါ။
Campaign ကို New York တစ်မြို့ထဲအတွက် ရည်ရွယ်ထားခဲ့တာ မဟုတ်ပဲ New York State တစ်ခုလုံးကို ရည်ရွယ်ထားခဲ့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့်လဲ အမှတ်တံဆိပ်ဒီဇိုင်းမှာ NYC(New York City) လို့ မသုံးပဲ NY(New York) လို့ပဲ သုံးခဲ့တာ ဖြစ်မှာပါ။
နောက်ပိုင်း 2001 ခုနှစ် September လရဲ့မမျှော်လင့်ထားခဲ့တဲ့ World Trade Center ပြိုလဲမှုကြောင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အမှတ်တံဆိပ်ရဲ့ အသည်းပုံ ဘယ်ဘက်အောက်ခြေမှာ အမဲအစွန်းလေးကို ချယ်ထားခဲ့ပြီး အမှတ်တံဆိပ်ကို I ❤️ NY MORE THAN EVER လို့ ထပ်မံပြောင်းလဲခဲ့ပါတယ်။
စိတ်မကောင်းစရာတစ်ခုအနေနဲ့ I ❤️ NY ရဲ့ ဖခင်ကြီးဖြစ်တဲ့ Milton Glaser ဟာ မကြာသေးခဲ့တဲ့ 2020 ခုနှစ် June 26 ရက်နေ့က အသက် 91 နှစ်နဲ့ ကွယ်လွန်ခဲ့ပြီးပြီဖြစ်ပြီးတော့…
သူထားခဲ့တဲ့ အနုပညာပံပိုးမှုတွေဟာ နှစ် 70 ကျော်ကြာတဲ့အထိ အလုပ်ဖြစ်ခဲ့ပြီး ယခုအချိန်ထိ သမိုင်းတစ်ခုအဖြစ် ကျန်ရှိနေဆဲပဲဖြစ်ပါတယ်။
Milton Glaser ကွယ်လွန်ပြီးနောက် မကြာသေးခဲ့တဲ့ 2023 ခုနှစ် May 21 မှာ New York မြို့ရဲ့ မြို့တော်ဝန် အသစ်ဖြစ်တဲ့ Eric Adams သည် Campaign ကို I Love NY မှ We Love NYC လို့ပြောင်းလဲစေခဲ့ပြီး မြို့တွင်း အိုးမဲ့ အိမ်မဲ့ ဖြစ်မှူနဲ့ ရာဇဝတ်မှု လျှော့ချဖို့အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ မူရင်း အမှတ်တံဆိပ်ဖြစ်တဲ့ I ❤️ NY အမှတ်တံဆိပ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။
I Love New York ကနေ I နေရာမှာ We လို့ အစားထိုးစေခဲ့ပြီးတော့ NY ရဲ့အစား NYC အဖြစ်၊ ယခင် 2D ပုံစံ အသည်းပုံကနေ အရောင်ပြေးပါဝင်တဲ့ 3D ပုံစံ အဖြစ် ပြောင်းလဲရေးဆွဲထားပြီးတော့ စာလုံးပုံစံကိုလဲ ယခင် ကွေးညွတ်တဲ့ ဟန်ကနေ San-Serif စာလုံး အမျိုးအစားဖြစ်တဲ့ မျဉ်းဖြောင့်ဟန်ကို ပြောင်းလဲ အသုံးပြုထားတာကြောင့် New York မြို့ကို ကိုယ်စားပြုနိုင်တဲ့ အမှတ်တံဆိပ်နဲ့ မတူပဲ Bank တစ်ခုရဲ့ အမှတ်တံဆိပ် (သို့မဟုတ်) ကျန်းမာရေး စောင့်ရှောက်မှု အသင်းတစ်ခုနဲ့ ဆင်တူတယ်ဆိုတဲ့ ရှုံချသံတွေနဲ့အတူ ပြည့်စုံနေတဲ့ မူရင်းအမှတ်တံဆိပ်ကို မပြောင်းလဲသင့်ဘူးဆိုတဲ့ မှတ်ချက်တွေလဲ ထွက်ပေါ်ခဲ့ပါတယ်။
ပြောင်းလဲခဲ့တဲ့ အမှတ်တံဆိပ် ပုံစံအသစ်ကို ယခု Post ရဲ့ ပုံမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အဆိုပါ Campaign ပြောင်းလဲမှုအတွက် တစ်နှစ်ကျော် အချိန်ယူခဲ့ရတယ်လို့ သိရပြီးတော့ Amazon, Google, Macy's, Madison Square Garden Entertainment, TikTok စတဲ့ နာမည်ကြီး Company တွေကနေ ဒေါ်လာ ၂၀ မီလီယမ်ကျော် အလှူငွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာလေး တစ်ခုကတော့ Milton Glaser ဟာ I ❤️ NY အမှတ်တံဆိပ်တစ်ခုတည်းကို ရေးဆွဲခဲ့တာမဟုတ်ပဲနဲ့ New York မြို့ရဲ့ အခြားသော Campaign တွေမှာလဲ အများအပြားပါဝင် အားဖြည့်ခဲ့သလို ထူးခြားတဲ့ လက်ရာတွေနဲ့အတူ နာမည်ကျော်တဲ့ Graphic Designer တစ်ယောက်ဖြစ်ပါတယ်လို့ ပြောရင်းနဲ့
အသစ်ပြောင်းလဲလိုက်တဲ့ အမှတ်တံဆိပ်က Milton Glaser ပုံဖော်ခဲ့တဲ့ မူရင်း အမှတ်တံဆိပ်ရဲ့ နေရာကို အစားထိုးနိုင်မှာလားဆိုတဲ့ မေးခွန်းကိုလဲ မေးခဲ့ချင်ပါတယ်။
အဆုံးထိဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။ နောက်ရက်တွေမှာလဲ ဒီလိုမျိုး Fun ဖြစ်တဲ့ အကြောင်းအရာမျိုးလေးတွေ တင်သွားပေးအုန်းမှာမို့ ကြိုက်နှစ်သက်ကြတယ်ဆိုရင်လဲ Like and Share လေးနဲ့ Support ပေးသွားကြဖို့ တောင်းဆိုရင်းနဲ့ နောက်နေ့တွေမှာလဲ ပြန်တွေ့ကြပါမယ်။
19/05/2023
ငယ်ဘဝကို ပြန်သတိရစေမယ့် Logo တစ်ခုကို ပြပါဆိုရင် ကျွန်တော်ကတော့ Dream Works Logo ကို တန်းတန်းကြီး ညွှန်းချင်ပါတယ်။
ငယ်ငယ်တုန်းက အမေ့ရဲ့ တီဗီဖွင့်ပေးချိန်တွေမှာ သဲကြီးမဲကြီး ကြည့်ခဲ့ရလွန်းလို့ အရွယ်ရောက်လာတဲ့အချိန်ထိကိုတောင် အလွတ်ရနေဆဲ ဖြစ်တဲ့ ငယ်ဘဝရဲ့Animation Logo တစ်ခုဆိုလဲ မမှားပါဘူး။
Dream Works ဟာ ဟောလီးဝုဒ်ရွှေခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး Company တစ်ခုဖြစ်ပြီးတော့ အဲ့အချိန်က ကာတွန်းကားတွေနဲ့ စိတ်ကူးယဉ် ရုပ်ရှင်၊ ဇတ်လမ်းတို တွေကို အဓိက ထုတ်လုပ်ဖြန့်ချီတဲ့ Company တစ်ခုဖြစ်ပါတယ်။
ဒီအမှတ်တံဆိပ်ရဲ့ ဇတ်လမ်းလေးကို အားလုံးကလဲ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။
အမှတ်တံဆိပ်ရဲ့အစ လင်းထိန်နေတဲ့ လခြမ်းရဲ့ အစွန်းဘက်ကို ပူးပေါင်းလေးခိုကာ တက်လာတာကတော့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပြီးတော့ အကျအနထိုင်ကာ ငါးမျှားနေတဲ့ဟန်နဲ့ ထုတ်လုပ်ရေး အမှတ်တံဆိပ်က ကျွန်တော်တို့ကို ရုပ်ရှင်ပွဲဦးထွက်ကတည်းက စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနေပါတယ်။
ဒီလိုထူးထူးခြားခြား အမှတ်တံဆိပ်မျိုးကို ဖန်တီးဖြစ်ခဲ့ပုံကလည်း ဆန်းပါတယ်။
Company ရဲ့ Co-Founder ဖြစ်တဲ့ Steven Spielberg ဟာ သူ့ရဲ့ ငယ်ဘဝမှာ လပေါ်မှာ လူတစ်ယောက်ထိုင်နေဟန်ကို စိတ်ကူးယဉ်ခဲ့ဖူးတာကြောင့် ဒီလိုအမှတ်တံဆိပ်ဒီဇိုင်းမျိူး ဖန်တီးဖို့အတွက် အကြံအညဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအကြံညဏ်ကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းဖြစ်တဲ့ Illustrator Robert Hunt မှ တာဝန်ယူကာ ရေးဆွဲပေးခဲ့ပြီးတော့ သူဟာ လခြမ်းရဲ့ အစွန်းဘက်က ငါးမျှားနေတဲ့ကောင်လေးရဲ့ ပုံကို ရေးဆွဲဖို့အတွက် သူ့ရဲ့ သားဖြစ် သူကို မော်ဒယ် ထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်မှာ Logo ကို Animation အဖြစ်ပြောင်းလဲကာ အသုံပြုခဲ့ပြီးတော့ ရုပ်ရှင်ပရိတ်သတ်များကလဲ ကောင်လေးရဲ့ စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်တဲ့ ဟန်ကို အကြိုက်တွေ့ခဲ့ကြပြီး ရုပ်ရှင်တွေထဲကနေမှ တဆင့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေထိ နေရာယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ဗျ။ နောက်ရက်တွေမှာလဲ ဒီလိုမျိုး Fun ဖြစ်တဲ့ အကြောင်းအရာမျိုးလေးတွေ တင်သွားပေးအုန်းမှာမို့ ကြိုက်နှစ်သက်ကြတယ်ဆိုရင်လဲ Like and Share လေးနဲ့ Support ပေးသွားကြဖို့ တောင်းဆိုရင်းနဲ့ နောက်နေ့တွေမှာလဲ ပြန်တွေ့ကြပါမယ်။
14/05/2023
ဝင့်ကြွားတဲ့ ဟန်အပြည့်နဲ့ နာမည်ကျော် Mercedes-Benz ကားအမှတ်တံဆိပ်ရဲ့ နောက်ကွယ်က ဇတ်လမ်းက
ဘယ်လိုဖြစ်မလဲ…?
စက်ဝိုင်းပုံအကွင်းထဲမှာ သုံးမြှောင့် ကြယ်ပုံစံ ဒီဇိုင်းနဲ့ Luxury ဆန်ဆန် ခန့်ညားတဲ့ဟန်နဲ့ သူ့ရဲ့ အမှတ်တံဆိပ်က အခြားကားတံဆိပ်တွေရဲ့ ကြားမှာ ထူးထူးခြားခြားပါပဲ။
ဒါပေမယ့်လည်း ဒီသုံးမြှောင့်ကြယ်ပါတဲ့ အမှတ်တံဆိပ်က သူတို့ရဲ့ ပထမဆုံး အမှတ်တံဆိပ်တော့ မဟုတ်သေးပါဘူး Logo ကို အဆင့်ဆင့် ပြောင်းလဲ လာရာ ကနေမှ သုံးမြှောင့်ကြယ် ပါဝင်တဲ့ ပထမဆုံး ဒီဇိုင်းပုံစံကို 1916 မှသာ စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Logo က ဆန်းသလို ရည်ညွှန်းချက်တွေကလဲ လန်းပါတယ်။
သုံးထောင့်ကြယ်ဟာ အင်ဂျင်တွေရဲ့ စွမ်းအား နဲ့ ယုံကြည်စိတ်ချရမှုကို ကိုယ်စားပြုပြီးတော့
ထောင့်သုံးထောင့်ကိုတော့ ကုန်းမြေ၊ ရေ၊ လေ တို့ကို ပိုင်ဆိုးတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ရည်ညွှန်းထားတယ်လို့ဆိုပါတယ်။ Mercedes ဆိုတဲ့အတိုင်း တကယ့်ကို ဝင့်ဝင့်ကြွားကြွားဟန်နဲ့ပါပဲ။
Company ရဲ့ ဆောင်ပုဒ်ကို ကြည့်မယ်ဆိုရင်လဲ “The Best or Nothing” ဆိုတဲ့ စာသားကို အသုံးပြုထားတာကို တွေ့ရမှာပါ။
နောက်ထပ် ထူးခြားတာတစ်ခုအနေနဲ့ကတော့ Logo Design ဖြစ်တဲ့ သုံးမြှောင့်ကြယ် ပုံစံကို ကုမဏ္ဏီရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Gottlieb Daimler ကိုယ်တိုင်ကနေ ရေးဆွဲခဲ့တာပဲ ဖြစ်ပြီးတော့ သူဟာ ဇနီးဖြစ်သူ ပေးပို့ခဲ့တဲ့ ကြယ်ပုံစံ ပါရှိတဲ့ ပို့စ်ကဒ်တစ်ခုကို ကြည့်ရင်းနဲ့မှ အိုင်ဒီယာရရှိခဲ့တယ်လို့ ဆိုပါတယ်။
Daimler ဟာ ကြယ်ပုံစံပါဝင်တဲ့ အဆိုပါပို့စ်ကဒ်ကို
“One Day This Star Will Shine Over Triumphs.”
“တစ်နေ့ကျရင် ငါတို့ရဲ့ အောင်မြင်ခြင်းတွေအထက်မှာ ဒီကြယ်က တောက်ပနေလိမ့်မယ်”
ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကို ပြန်လည်တင်ပြခဲ့ရာကနေ ဒီလိုမျိုး သမိုင်းတွင်လောက်မဲ့ Logo တစ်ခု ထွက်ပေါ်လာရတာပဲ ဖြစ်ပါတယ်။
အဆုံးထိဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော့်လိုပဲ ဒီလိုမျိုး ပေါ့ပေါ့ပါးပါး ဇတ်လမ်းလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်ဖြင့် နောက်ရက်တွေမှာလဲ တင်ပေးနိုင်အောင် ဝါသနာတူခြင်း မိုတီဗေးရှင်းလေးပေးခဲ့ဖို့ကိုလဲ တောင်းဆိုချင်ပါတယ်။
11/05/2023
ထုပ်ပိုးမှုဒီဇိုင်းတစ်ခုရဲ့ အလှကို ဖော်ကြူးဖို့အတွက်ဆိုရင် အပြင်ဘက်အလှ ပြီးသွားရင် အတွင်းဘက်မှာ ဘာကို ထုပ်ပိုးထားလဲ ဆိုတာကလဲ အရေးပါသေးတယ်မဟုတ်လား ?
မကြာသေးခင်က Budweiser Beer ကတော့ အတွင်းဘက်မှာ အငယ်စား ဂီတမဂ္ဂဇင်း ရိုက်နှိပ်ထားတဲ့ ဘီယာ (၁၂)ဘူးပါ ထုပ်ပိုးမှုဒီဇိုင်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒီထုပ်ပိုးမှုကနေ တဆင့် တက်သစ်စအနုပညာရှင်များကို ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
09/05/2023
“ဘာလို့ လမ်းပေါ်က ယဉ်သတိပေးအတုံးတစ်ခုက Logo ဖြစ်လာရတာလဲ…”
ကြာတော့ ကြာပါပြီ ရုပ်ရှင်ကြည့်ဖို့လုပ်နေရင်းနဲ့ Video LAN Software ကို ပြန်သတိထားမိသွားပြီး Logo ကလဲ အဆန်းကြီးဆိုတော့ ထုံးစံအတိုင်း သွားမွှေထားခဲ့တာလေးပါ။ 2020 တုန်းကတော့ Personal Account မှာ တင်ခဲ့ပြီးပါပြီ။ အခုက မဖတ်ရသေးတဲ့ သူတွေရှိရင်လဲ ဖတ်လို့ရအောင် Page မှာ တစ်ခါ လာပြန်တင်တာ ဖြစ်ပါတယ်။
VLC Media Player ကတော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုလောက်အောင်ကို ကျွန်တော်တို့နဲ့ ငယ်စဉ်တည်းက တရင်းတနှီး ရှိနေခဲ့တဲ့ PC Software တစ်ခုဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်လောက် ကွန်ပျူတာ Software တွေ ရွေးချယ်စရာ သိပ်မရှိသေးခင်တုန်းက ရုပ်ရှင်ကြည့်မယ်၊ သီချင်းနားထောင်မယ်ဆိုရင် ကျွန်တော်တို့ အရမ်းအားကိုးခဲ့ရတဲ့ Player တစ်ခု ဖြစ်ပြီးတော့ ကျွန်တော့်အတွက် ဒီဆော့ဝဲလ်ကို အခုချိန်ထိ အထူးတလည် မှတ်မိနေစေတဲ့အချက်ဆိုရင် အားလုံးနဲ့ ကွဲထွက်နေတဲ့ လိမ္မော်ရောင်လိုဂိုလေးပါပဲ။
VLC Software ရေးဆွဲဖို့အတွက် Project ကို ပဲရစ်မြို့ École Centrale Universityမှ ကျောင်းသားတွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ သူတို့ဟာ ဒီလို ယဉ်သတိပေး အတုံးတစ်ခုကို Logo အဖြစ် ဖြစ်လာစေမယ့် ပြောစမှတ်တွင်စရာ စနောက်မှုတစ်ခုကို ပြုလုပ်မိခဲ့ကြပါတယ်…။
အဲ့တာကတော့ ကျောင်းသားတွေဟာ အရက်သောက်ကာ မူးနေခဲ့ကြပြီးတော့ လမ်းပေါ်ကတွေ့တဲ့ ယဉ်သတိပေးအတုံးတွေကို သမလာခဲ့ကြပြီး ကျောင်းရဲ့ Computer ခန်းထဲမှာ စနောက်ကာ ထည့်ထားလိုက်ကြတာပါ။ အဲ့လုပ်ရပ်ဟာ ဆရာတွေနဲ့ ကျောင်းသားတွေရဲ့ ကြားထဲမှာ ရယ်စရာ ပြောစမှတ်တစ်ခု ဖြစ်လာခဲ့ပြီးတော့ မကြာခင်မှာပဲ ဆော့ဝဲလ်ရေးဆွဲလို့ ပြီးသွားခဲ့တာကြောင့် Logo ရွေးချယ်ဖို့ လုပ်ကြတဲ့အခါမှာ အမှတ်ရစရာ တစ်ခုဖြစ်နေတဲ့ သူတို့ယူလာခဲ့တဲ့ Traffic Coneလို့ ခေါ်တဲ့ ယဉ်သတိပေးတဲ့ အတုံးရဲ့ ပုံကိုပဲ ရွေးချယ်ခဲ့ရာကနေ အခုလို Unique ဖြစ်တဲ့ Logo တစ်ခု ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဇတ်လမ်းကို ပရောဂျက်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေကနေ ပြန်လည် ပြောပြခဲ့တာဖြစ်ပြီးတော့ ဒါနဲ့ပက်သက်ပြီးတော့ Video LAN ကတော့ ယခုအချိန်ထိ မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်းမရှိပါဘူး။
ဇတ်လမ်းကသာ တလွဲဖြစ်နေပေမယ့် Unique ဖြစ်တဲ့ Logo တစ်ခုဆိုတာတော့ ငြင်းလို့မရနိုင်တာအမှန်ပါပဲ။
ခင်ဗျားတို့ရော မူးလာရင် ဘာတွေ သမကြလဲ…? ။ ကျွန်တော်ကတော့ ဆိုင်က မီးခြစ်တွေ သမပါတယ်။ တစ်ချိန်ကျရင် ကိုယ်သမတဲ့ဟာက ကိုယ့် Logo ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူးမဟုတ်လား…။
သာယာတဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေဗျ
05/05/2023
အောက်ပါစစ်တမ်းကို အသက် ၂၀ နှင့် ၇၀ နှစ်ကြားရှိ အမေရိကန်လူမျိုး ၁၅၆ ဦးဖြင့် ကောက်ယူခဲ့တာဖြစ်ပြီး နာရီဝက်အတွင်းမှာ လိုဂို ၅ ခုကို မှတ်မိတဲ့အတိုင်းပုံဖော်ခိုင်းခဲ့တာ ဖြစ်ပါတယ်
Source: LOGO DESIGN LOVE
02/05/2023
ဒီတစ်လ ဆွဲဖြစ်ခဲ့တဲ့ထဲ ကျွန်တော်အားရတဲ့ Logo လေးတစ်ခု
24/04/2023
နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ အစိမ်းရောင် မိချောင်းပုံနဲ့ LACOSTE Logo ကို ကျွန်တော်တို့ တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ
ဒီနေ့မှာတော့ LACOSTE Logo မှာ ဘာကြောင့် မိချောင်းပုံကို သုံးထားတာလဲ ဆိုတာလေးကို ကျွန်တော် ရှာဖတ်ဖြစ်ခဲ့သလောက် မျှဝေပေးချင်ပါတယ်
LACOSTE ဟာ High-end Fashion Brand တစ်ခုဖြစ်ပြီး Clothing, Watches, Sportswear နှင့် အခြားသော Fashion Product တွေကို ရောင်းချတဲ့ ပြင်သစ် Companyတစ်ခု ဖြစ်ပြီးတော့ 1933 ခုနှစ်မှာ ပြင်သစ်ရဲ့ တင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်တဲ့ Rene Lacoste ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်
LACOSTE Brand ရယ်လို့ ဖြစ်မလာသေးခင် တစ်နေ့မှာတော့ Rene Lacoste နဲ့ သူရဲ့ နည်းပြတို့ဟာအတူတူ လမ်းလျှောက်ထွက်လာကြပါတယ် အဲ့ဒီအချိန်မှာပဲ လမ်းပေါ်က ဆိုင်တစ်ဆိုင်မှာ မိချောင်းအရေခွံနဲ့ ပြုလုပ်ထားတဲ့ စျေးကြီးတန် အိတ်တစ်အိတ်ကို ရောင်းရန်ပြထားတာကို သတိပြုမိသွားကြပါတယ် အဲ့တာနဲ့ နည်းပြကနေပြီး Rene Lacoste ကို လာမဲ့ နောက်ပွဲတစ်ပွဲမှာ မင်းသာအနိုင်ရလို့ရှိရင် ဒီအိတ်ကို ၀ယ်ပေးပါမယ်လို့ ကတိပေးခဲ့ပြီးတော့ နှစ်ယောက်သား သဘောတူခဲ့ကြပါတယ်
ဒါပေမယ့် ကံမကောင်းစွာပဲ Rene Lacoste ဟာ အဲ့ဒီပွဲမှာ ရှံးခဲ့ပါတယ် ဒီသတင်းကိုကြားသိသွားတဲ့ အမေရိကန်ဂျာနယ်လစ်တွေဟာ "Fought like a Crocodile" (မိချောင်းကောင်) ဆိုပြီး နာမည်ပြောင်နဲ့ စာနယ်ဇင်းခေါင်းစီးအဖြစ် ဖော်ပြခဲ့ကြပါတယ်
အဲ့ဒီကနေ စပြီးတော့ မိချောင်းကောင်ဆိုပြီး နာမည်ပြောင် စရခဲ့ပြီးတော့ သူ့ရဲ့ ဇွဲနပဲကြီးစွာ အကောင်းဆုံး ကစားလေ့ရှိတဲ့ ဟန်ကြောင့် နောက်ပိုင်းမှာ သူ့ရဲ့အမာခံပရိတ်သတ်တွေဖြစ်တဲ့ ပြင်သစ်တွေကနေ Crocodile (မိချောင်း) ဆိုပြီး တင်စားခေါ်လာရာကနေ မိချောင်း Crocodile ဆိုပြီး နာမည်တွင်သွားခဲ့ပါတယ်
Rene Lacoste ဟာ 1920s နဲ့ 1930s ကာလတွေမှာ ပြင်သစ်ရဲ့ နာမည်ကြီး တင်းနစ်စတားတစ်ယောက်အဖြစ် အောင်မြင်လာခဲ့ပြီးတော့ French, American နဲ့ British Championships ပွဲတွေမှာလဲ အနိုင်ပွဲတွေရရှိခဲ့ပြီး ကမ္ဘ့ာ နံပါတ်တစ် တင်းနစ်သမားအဖြစ် ၂နှစ်ဆက်တိုက် နေရာယူခဲ့ပါတယ်
1929 ခုနှစ်မှာ Tennis shirt တွေကို စျေးကွက်ထဲ စတင်မိတ်ဆက်ခဲ့ပြီးတော့ 1933 ခုနှစ်မှာ LACOSTE ကို စပြီးတော့ တည်ထောင်ခဲ့ပါတယ်
LACOSTE ဆိုတဲ့ Brand နာမည်ဟာ Rene Lacoste ရဲ့ အနောက်နာမည်ကို ယူထားတာပဲဖြစ်ပြီးတော့ လိုဂိုမှာပါတဲ့ မိချောင်းပုံကတော့ သူရဲ့ နာမည်ပြောင် အမှတ်အသားဖြစ်တဲ့ Crocodile (မိချောင်း) ပုံကို ထည့်သွင်းထားတာ ဖြစ်ပါတယ်
Logo ကို မိချောင်းပုံထည့်သွင်းအသုံးပြုတာနဲ့ ပက်သက်ပြီးတော့ တရုတ်နိုင်ငံထဲက Brand တစ်ခုရဲ့လိုဂိုနဲ့ မိချောင်းခြင်းဆင်တူနေတဲ့အတွက် တရားစွဲဆို ခံခဲ့ရပါသေးတယ် နောက်ပိုင်းမှာ Logo ကို ဘယ်ဘက်ကို လှည့်နေတဲ့ မိချောင်းကနေ ညာဘက်ကို လှည့်နေတဲ့ မိချောင်းဆိုပြီး မတူအောင် ပြောင်းလဲခဲ့ကြပြီး အဆင်ပြေအိုခေသွားကြပါတယ်
2012 ခုနှစ် နို၀င်ဘာလမှာ ဆွစ်ဇာလန် မီသားစု ရဲ့ Group တစ်ခု ဖြစ်တဲ့ Maus Freres Group ကနေ LACOSTE ကို အပြီးတိုင်၀ယ်ယူခဲ့ပြီးတော့ ယခုအချိန်မှာတော့ High End Fashion Brand တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
ဒါကတော့ အလုပ်ပါးတုန်း ကျွန်တော်စပ်စုခဲ့တဲ့ LACOSTE Logo ရဲ့ ဇတ်လမ်းလေးကို ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးတာဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
သာယာတဲ့နေ့လေးဖြစ်ပါစေ
15/12/2022
လုပ်ငန်းလုပ်ကိုင်နေသူတိုင်းအတွက် လုပ်ငန်းကဒ်တစ်ခုမှာ ထည့်ထားသင့်တဲ့ အရေးကြီးအချက်အလက်များ
10/12/2022
ကိုယ်ပိုင်နာမည်အတွက် လိုဂို အိုင်ဒီယာ (6) မျိုး
1. Monogram
2. Handwriting
3. Photography
4. Contrast
5. Avatar
6. Letter mark
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
