14/05/2026
ရန်ကုန်မြို့, ရွှေပြည်သာ မြို့နယ် ရှိ Su Shampoo အပါအဝင် Local products များ ထုတ်လုပ်ဖြန့်ချီနေသော Aung Taw Win မိသားစု လုပ်ငန်းသို့ 6kW Inverter, Solar and Battery တို့ကို သွားရောက်တပ်ဆင်ပေးခဲ့ပါသည်။
ဆိုလာနှင့် ပတ်သက်သည့် Power Solution ကိစ္စများကို ဆွေးနွေးလိုပါက 09799 749 425 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#ဆိုလာ
08/05/2026
💪ကျွန်တော်တို့ လုပ်နိုင်စွမ်းကို အတိုင်းအတာ တစ်ခုထိ ချပြနိုင်မယ့် Project တစ်ခု ရန်ကုန်မြို့မှာ လုပ်ဆောင်နေပါတယ်။ Show off လုပ်တယ်ဆိုတာထက် ဆိုလာအခန်း ကဏ္ဍမှာ ကျွန်တော်တို့ Fourteen Star Power Solution Co.,Ltd အနေဖြင့် Customer များရဲ့ Pain Point တွေကို ဘယ်လို convinced လုပ်တယ် Challenge တွေကို ဘယ်လို ဖြေရှင်းခဲ့တယ်ဆိုတာတွေကို Project ပြီးစီးချိန်မှာ မျှဝေသွားပါ့မယ် 🤝
Solar နှင့် ပတ်သက်သည့် Power Solution များ တိုင်ပင်ဆွေးနွေးလိုပါက 09 799 749 425 သို့ ဆက်သွယ်နိုင်ပါတယ် ခင်မျာ
06/05/2026
20kWac Solar System အား သင်္ကန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမပေါ်ရှိ ရွှေပင်ရွှေသီး ကိုယ်ပိုင် အထက်တန်းကျောင်း တွင် တပ်ဆင်ခဲ့ပုံတွေကို မျှဝေလိုက်ပါတယ်။
ဒီ Project မှာ 20kW Deye inverter ကို Jinko Monofacial 590W Panel 32 ချပ် နှင့် LV Topsun 32kWh back up time တို့နှင့် ချိတ်ဆက်ထားပါတယ်။ ကျောင်း၏တည်နေရာ နှင့် ခေါင်မိုး အခြေအနေက နေရောင်ခြည် ကောင်းစွာရရှိမှုကြောင့် DC/AC Ratio ကို 0.91 နှင့် ဒီဇိုင်းလုပ်ထားပြီး အင်ဗာတာကို အပူချိန်မြင့်တဲ့ မြန်မာနိုင်ငံအခြေအနေမှာ ထိရောက်စွာ အသုံးချနိုင်စေပါတယ်။ Clipping Losses မရှိသလောက်နည်းပြီး၊ အချိန်ကြာကြာ အင်ဗာတာကို အပြည့်အဝ အသုံးချနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
နောက်ထပ်အကျိုးကျေးဇူးကတော့ မီတာခ ကိုလည်း အလုံးစုံ လျော့ချနိုင်တဲ့ အတွက် အရင်းကြေကာလကိုလည်း နှစ်တိုတိုနှင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
01/05/2026
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် အလုပ်သမားများ၏ ကြိုးစားအားထုတ်မှုများအား ကျေးဇူးတင်သောအားဖြင့် ဂုဏ်ပြုအပ်ပါသည်။
30/04/2026
၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ကျရောက်သော မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မြန်မာပြည်သူ ပြည်သား များ မင်္ဂလာ အပေါင်းနဲ့ ခညောင်းပါစေကြောင်း Fourteen Star Power Solution Co.,Ltd မိသားစု မှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
13/04/2026
နှစ်ဟောင်းအပူအပင်တွေ ကင်းဝေးပြီး
မိသားစုအားလုံး ကျန်းမာချမ်းသာကြပါစေ။
စိတ်ချမ်းသာမှု၊ အေးချမ်းမှုတွေနဲ့အတူ
ပျော်ရွှင်စရာ နှစ်သစ်ကို လက်ခံနိုင်ပါစေ။
မိသားစုနဲ့အတူ အမြဲတမ်း ပြုံးနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ 🙏
23/03/2026
🧑🍼 သားသမီးတွေအတွက် ဘယ်လိုကမ္ဘာကြီးကို ချန်ထားခဲ့မလဲ?
🍂 မီးခိုးငွေ့တွေ၊ ညစ်ညမ်းမှုတွေနဲ့ မြို့ပြလား? ဒါမှမဟုတ် စိမ်းလန်းစိုပြေပြီး နေရောင်ခြည်ကရတဲ့ သန့်ရှင်းတဲ့ စွမ်းအင်ကို သုံးတဲ့ နေရာလား?
🌿 ဒီပုံထဲက မြင်ကွင်းဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့ တပ်ဆင်လိုက်တဲ့ Solar Panel တိုင်းဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေပါပဲ။
🧑🔧 အနာဂတ်တွေမှာ အမှောင်တွေ မရှိစေဖို့အတွက် ကျွန်တော်တို့ Fourteen Star Power Solution Co.,Ltd မှ အစကနေ ဆုံးသည်အထိ တာဝန်ယူတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Fourteen Star Power Solution Co.,Ltd
⌨️ Page Messenger : (Chat Box)
☎️ Phone Number :
09 799 749 425 (Phone Call & Viber)
𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် 𝟏𝟐𝟏-𝐁၊ မြတ်လေးလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 - https://maps.app.goo.gl/ivpzboYZ9gjf8hnX7
ိုင်းစိတ်ချရပါ့မလား ်ဆင်ရင်ကုန်ကျစရိတ်များမှာလား
09/03/2026
Solar တပ်ချင်ပေမယ့် Battery ဖိုးကြီးမှာကို စိုးရိမ်နေပါသလား?
ဒါဆိုရင်တော့ Daytime Load များတဲ့ လုပ်ငန်းရှင်တွေအတွက် အကိုက်ညီဆုံးဖြစ်တဲ့ "On-Grid Solar System" ရှိပါတယ်။
On-Grid Solar က သင့်လုပ်ငန်းအတွက် ဘာတွေထူးခြားစေမှာလဲ?
ရင်းနှီးမြှုပ်နှံမှုစရိတ် အသက်သာဆုံးဖြစ်ခြင်း
စနစ်ရဲ့ ကုန်ကျစရိတ်အများဆုံးဖြစ်တဲ့ Battery ဝယ်ယူရန် မလိုတဲ့အတွက် Initial Cost နည်းပါးပြီး တပ်ဆင်ရတာ အရမ်းတန်ပါတယ်။
မီတာခကို ၅၀% မှ ၇၀% အထိ လျှော့ချပေးခြင်း
နေရောင်ခြည်ကရတဲ့ DC Power ကို Grid-Tied Inverter ကနေတစ်ဆင့် သင့်ရဲ့ Main Distribution Board (MDB) နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတာကြောင့် မီတာခကို သိသိသာသာ သက်သာစေပါတယ်။
ပြုပြင်ထိန်းသိမ်းစရိတ် မရှိသလောက်နည်းပါးခြင်း
Battery လဲရမယ့်ဒုက္ခ၊ Maintenance ရှုပ်ထွေးမှုတွေမရှိဘဲ ရေရှည်စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
ROI အမြန်ဆုံးပြန်ရခြင်း
ကုန်ကျစရိတ်နည်းပြီး မီတာခအများကြီး သက်သာတာကြောင့် ရင်းနှီးထားတဲ့ငွေကို အချိန်တိုအတွင်း အရင်းကျေစေမှာပါ။
02/03/2026
🌾 နေပူမရှောင် မိုးရွာမရှောင် မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ရုန်းကန်ကြိုးပမ်းနေကြတဲ့ တောင်သူဦးကြီးများအားလုံးကို တောင်သူလယ်သမားနေ့ မှာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။
🤝 ခေတ်မီနည်းပညာတွေနဲ့အတူ တောင်သူဦးကြီးတို့ရဲ့ လူမှုစီးပွားဘဝတွေ ပိုမိုတိုးတက်လာဖို့၊ စိုက်ပျိုးရေတွေ အလွယ်တကူရရှိပြီး ရွှေရောင်လွှမ်းတဲ့ စပါးနှံတွေကို ပိုင်ဆိုင်နိုင်ဖို့ Fourteen Star Power Solution Co.,Ltd က အမြဲအနားမှာ ရှိနေမှာပါ။
ိုင်းစိတ်ချရပါ့မလား #တောင်သူလယ်သမားနေ့
18/02/2026
ဆိုလာပြားတွေက နွေရာသီ အပူရှိန်ပြင်းပြင်းအောက်မှာ အားပိုထွက်တယ်လို့ အများစုက ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်သိပ္ပံနည်းကျ အချက်အလက်အရ ဆောင်းရာသီရဲ့ အေးမြပြီး နေသာတဲ့နေ့တွေမှာ ဆိုလာပြားတွေရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်နေတတ်ပါတယ်။
ဘာကြောင့်လဲဆိုတာ ကြည့်ရအောင်ဗျာ -
☀️ ၁။ အပူမဟုတ်ဘဲ အလင်းကို အသုံးချတာပါ
ဆိုလာပြား (Solar Photovoltaic) တွေဟာ နေရဲ့ "အပူ" ကိုယူပြီး အလုပ်လုပ်တာမဟုတ်ဘဲ နေရဲ့ "အလင်း (Photons)" ကိုယူပြီး လျှပ်စစ်ထုတ်တာပါ။ ဒါကြောင့် နေရောင်ခြည်ကောင်းကောင်းရဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။
❄️ ၂။ အီလက်ထရောနစ်ပစ္စည်းတွေက အေးရင် ပိုသွက်တယ်
ဖုန်းတွေ၊ ကွန်ပျူတာတွေဟာ ပူလာရင် လေးလာသလိုပဲ၊ ဆိုလာပြားထဲမှာရှိတဲ့ Silicon Cells တွေဟာလည်း အရမ်းပူပြင်းတဲ့အခါ (ဥပမာ - ဧပြီလ နေပူရှိန်အောက်မှာ) လျှပ်စစ်စီးဆင်းမှုမှာ အနည်းငယ် အားနည်းသွားတတ်ပါတယ်။ ဆောင်းရာသီရဲ့ အေးမြတဲ့လေထုက ဆိုလာပြားကို အပူချိန်လျှော့ချပေးတဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပိုမိုချောမွေ့သွားစေပါတယ်။
✨ ၃။ ဆောင်းတွင်းမှာ နေရောင်ခြည်က ပိုကြည်လင်တယ်
မိုးရာသီလို မိုးတိမ်တွေ ဖုံးမနေသလို၊ နွေရာသီလို ဖုန်မှုန့်နဲ့ အခိုးအငွေ့တွေ သိပ်မများသေးတဲ့ ဇန်နဝါရီလလို အချိန်မျိုးမှာ နေရောင်ခြည်က ဆိုလာပြားပေါ်ကို တိုက်ရိုက်နဲ့ ကြည်ကြည်လင်လင် ကျရောက်ပါတယ်။
💡 ဆောင်းရာသီမှာ အားအပြည့်ရဖို့ ဒါလေးတော့ လုပ်ပေးပါ
နှင်းရည်နဲ့ ဖုန်: မနက်ပိုင်း နှင်းရည်စိုပြီး ဖုန်ကပ်နေရင် အားထွက်နှုန်း နည်းသွားနိုင်ပါတယ်။ မနက်ခင်းမှာ ဆိုလာပြားလေးတွေကို အဝတ်စိုလေးနဲ့ သုတ်ပေးရုံနဲ့ အားထွက်နှုန်း ပြန်ကောင်းလာမှာပါ။
အရိပ်စစ်ဆေးပါ: ဆောင်းတွင်းမှာ နေက ခါတိုင်းထက် နိမ့်နိမ့်ကနေ သွားတတ်လို့ အရင်က မကျဖူးတဲ့ အဆောက်အအုံအရိပ်တွေ ဆိုလာပြားပေါ် ကျမကျ ပြန်စစ်ဆေးသင့်ပါတယ်။
အခုချိန်က ဆိုလာစနစ်အတွက် စွမ်းဆောင်ရည် အပြည့်ဝဆုံး ပြနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မီးပျက်တာကို စိတ်မညစ်ရအောင် အခုကတည်းက ဆိုလာတပ်ဖို့ ပြင်ဆင်လိုက်ကြရအောင်ဗျာ။
Fourteen Star Power Solution Co.,Ltd
⌨️ Page Messenger : (Chat Box)
☎️ Phone Number :
09 799 749 425 (Phone Call & Viber)
𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် 𝟏𝟐𝟏-𝐁၊ မြတ်လေးလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 - https://maps.app.goo.gl/ivpzboYZ9gjf8hnX7
ိုင်းစိတ်ချရပါ့မလား ်ဆင်ရင်ကုန်ကျစရိတ်များမှာလား