Department of Archaeology & National Museum, Yangon, Myanmar

Department of Archaeology & National Museum, Yangon, Myanmar

Share

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲမှ ကြိုဆိုပါတယ်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 20/05/2026

ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို သက်ဆိုင်ရာဌာနသို့ တရားဝင် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

ရန်ကုန်၊ [၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်]

ဖမ်းဆီးရမိသော ကျောက်ဖြစ်ရုပ်ကြွင်းများကို သက်ဆိုင်ရာ တာဝန်ရှိသည့်ဌာနသို့ တရားဝင် ပြန်လည်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လွှဲပြောင်းပေးအပ်သည့် ကျောက်ဖြစ်ရုပ်ကြွင်းများသည် လွန်ခဲ့သော နှစ်ပေါင်း (၈) သန်းခန့်က ဖြစ်ပေါ်ခဲ့သော ရှေးဟောင်းဇီဝရုပ်ကြွင်းများဖြစ်ကြောင်း မှတ်တမ်းတင်ထားပြီး စုစုပေါင်း (၁၉) ခု ပါဝင်သည်။ အဆိုပါ ရုပ်ကြွင်းများတွင် စတီဂိုလိုဖိုဒွန် (Stegolophodon) ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ၊ ရှေးဦးကြံ့၏ သွားပါအောက်မေးရိုး၊ အောက်အံသွားနှင့် မေးရိုးအပိုင်းအစများ၊ ရေမြင်းမူလမျိုးနွယ်၏ အောက်မေးရိုးအပိုင်းအစ၊ ရှေးဦးကျွဲနွား၏ ခြေဆစ်လက်ဆစ်ရိုး၊ ရှေးဦးသစ်ကုလားအုတ်၏ သွားပါအောက်မေးရိုး၊ ဆင်အံသွားအပိုင်းအစများနှင့် အခြားနို့တိုက်သတ္တဝါများ၏ အရိုးအပိုင်းအစများ ပါဝင်ပါသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများသည် နိုင်ငံတော်၏ သမိုင်းတန်ဖိုးရှိသော ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သဖြင့် ယင်းတို့ကို “ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်း၊ မူလပုံစံပျက်ယွင်းစေခြင်း၊ ဖျက်ဆီးခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှ တူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်း၊ စီးပွားရေးအလို့ငှာရောင်းချရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းထားရှိခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း၊ ပြည်တွင်းတစ်နေရာမှ တစ်နေရာသို့သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်း၊ ဦးစီးဌာန၏ လက်ဝယ်တွင်ထိန်းသိမ်းထားရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေးအလို့ငှာ ရှေးဟောင်းဝတ္ထုပစ္စည်း၏ ပုံကို ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း သို့မဟုတ် ပုံတူပွားခြင်း၊ ပုံတူကူးယူခြင်း” တို့ကို မပြုလုပ်ရန် “ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ”အရ တားမြစ်ပြဋ္ဌာန်းထားပါကြောင်း၊
ရှေးဟောင်းဝတ္ထုပစ္စည်းများကို ကိုယ်ပိုင်ထိန်းသိမ်းလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် “ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ်ရရှိရေး ခွင့်ပြုရန်လျှောက်လွှာ”ဖြင့် လာရောက်လျှောက်ထားရမည် ဖြစ်ပါသည်။ ထိန်းသိမ်းခွင့်ရရှိသူသည် မိမိ သို့မဟုတ် မိမိ၏ မိသားစုတွင် ပါဝင်သူတစ်ဦးဦး (သင့်လျော်သောအကြောင်းပြချက်ဖြင့် ထိန်းသိမ်းခွင့် လျှောက်ထားပါက)နှင့် ပတ်သက်၍ ဥပဒေပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရာသက်ပန် ထိန်းသိမ်းခွင့်ရရှိမည် ဖြစ်ပါသည်။ သို့ရာတွင် “ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ်” သတ်မှတ်ထားသော ခွင့်ပြုချက် သက်တမ်းမကုန်ဆုံးမီ (၆)လ ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုး လျှောက်ထားရမည် ဖြစ်ပါသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ မှန်ကန်စွာ အပ်နှံခြင်းသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပြီး၊ ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ အပ်နှံ၍ နိုင်ငံတော်၏ အမွေအနှစ်များကို ပူးပေါင်းကာကွယ်ထိန်းသိမ်းပေးကြပါရန် အသိပေးအပ်ပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 10/05/2026

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းသို့ ဧည့်ပရိသတ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာလျက်ရှိပါသည်။
ယမန်နေ့ ၁၀-၅-၂၀၂၆ ရက်နေ့တွင် အဆိုပါပြခန်းများသို့ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/သူများနှင့် ပြည်တွင်းဧည့်သည် အများအပြား လာရောက် ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ပြပွဲသို့ လာရောက်ကြသူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) မှ အမှုထမ်းများက ပြကွက်များအလိုက် လိုက်လံရှင်းလင်းပြသခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 10/05/2026

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းသို့ ဧည့်ပရိသတ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာလျက်ရှိပါသည်။
ယမန်နေ့ ၉-၅-၂၀၂၆ ရက်နေ့တွင် အဆိုပါပြခန်းများသို့ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/သူများနှင့် ပြည်တွင်းဧည့်သည် အများအပြား လာရောက် ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ပြပွဲသို့ လာရောက်ကြသူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) မှ အရာထမ်း၊ အမှုထမ်းများက ပြကွက်များအလိုက် လိုက်လံရှင်းလင်းပြသခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 08/05/2026

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းသို့ ဧည့်ပရိသတ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာလျက်ရှိပါသည်။
ယမန်နေ့ ၈-၅-၂၀၂၆ ရက်နေ့တွင် အဆိုပါပြခန်းများသို့ လှည်းကူးပညာရေးကောလိပ်မှ ကျောင်းသားများနှင့် ဆရာ/မများ၊ မှော်ဘီဘ/ကကျောင်းမှ သံဃာတော်များ၊ သီလရှင်များနှင့် ကျောင်းသားများ၊ သီတဂူဝိဟာရကျောင်းတိုက်မှ သံဃာတော်များ၊ ရတနာမြိုင်ကျောင်းမှ သံဃာတော်များ၊ ဘုံပျံကျောင်းပရိယတ္တိစာသင်တိုက်မှ သံဃာတော်များ၊ သီလရှင်များဓမ္မာစရိယဥယျာဉ်မှ သံဃာတော်များ၊ လှည်းကူးမြို့နယ်မှ သီလရှင်များနှင့် ပြည်တွင်းဧည့်သည် အများအပြား လာရောက် ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ပြပွဲသို့ လာရောက်ကြသူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) မှ အမှုထမ်းများက ပြခန်းများအလိုက် လိုက်လံရှင်းလင်းပြသခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 07/05/2026

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းသို့ ဧည့်ပရိသတ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာလျက်ရှိပါသည်။
ယမန်နေ့ ၆-၅-၂၀၂၆ ရက်နေ့နှင့် ၇-၅-၂၀၂၆ ရက်နေ့တို့တွင် အဆိုပါပြခန်းများသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ၈၁ ဦး၊ သမ္မိဒ္ဓေါဓယသီလရှင်စာသင်တိုက် မုန့်(တောင်)ရပ်ကွက်မှ ၃၀ ပါး၊ တောတိုက်ဓမ္မရိပ်သာဘ/ကကျောင်းတောတိုက်ရိပ်သာရပ်ကွက်၊ မင်္ဂလာဒုံမှ သံဃာတော် ၁၂၀ ပါး၊ မာဂဓီ-သာစည် ဘ/ကကျောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ ၇၅ ဦး၊ လှည်းကူးပညာရေးကောလိပ်မှ ကျောင်းသားများနှင့် ဆရာ/မများ ၂၅၀ ဦး၊ ကမ္ဘာအေးပရိယတ္တိစာသင်တိုက်/ ဗုဒ္ဓတက္ကသိုလ်မှ ၂၅၀ ဦးခန့်၊ ရွှေတိဂုံဂေါပကအဖွဲ့ဝင်မိသားစုမှ ၁၅၀ ဦးခန့်၊ ဗိုလ်တထောင်ဂေါပကအဖွဲ့ဝင်မိသားစုမှ ၇၀ ကျော်နှင့် ပြည်တွင်းဧည့်သည်အများအပြား လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ပြပွဲသို့ လာရောက်ကြသူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) မှ တာဝန်ကျအရာထမ်း၊ အမှုထမ်းများက ပြခန်းများအလိုက် လိုက်လံရှင်းလင်းပြသခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 05/05/2026

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းသို့ ဧည့်ပရိသတ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာလျက်ရှိပါသည်။
ယမန်နေ့ ၅-၅-၂၀၂၆ ရက်နေ့တွင် အဆိုပါပြခန်းများသို့ သံဃာတော် ၂၉၃ ပါး၊ မယ်သီလရှင် ၁၂၅ ပါး၊ ပြည်တွင်းဧည့်သည် ဦးရေ ၅၇၀ ကျော်နှင့် ပြည်ပဧည့်သည် ၅၇ ဦးတို့ လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ပြပွဲသို့ လာရောက်ကြသူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) မှ တာဝန်ကျအရာထမ်း၊ အမှုထမ်းများက ပြခန်းများအလိုက် လိုက်လံရှင်းလင်းပြသခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါ ပြခန်း/ပြကွက်များကို ဧပြီလ (၃၀) ရက်နေ့မှ မေလ (၁၀) ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 05/05/2026

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပြခန်းသို့ ဧည့်ပရိသတ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာလျက်ရှိပါသည်။
ယမန်နေ့ ၄-၅-၂၀၂၆ ရက်နေ့တွင် အဆိုပါပြခန်းများသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)မှ ကျောင်းသားလူငယ်များ၊ ဇေယျမင်္ဂလာပရိယတ္တိကျောင်းတိုက်မှ သံဃာတော်များ၊ မယ်သီလရှင်များနှင့် ပြည်တွင်းဧည့်များ လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ပြပွဲသို့ လာရောက်ကြသူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) မှ တာဝန်ကျအရာထမ်း၊ အမှုထမ်းများက ပြခန်းများအလိုက် လိုက်လံရှင်းလင်းပြသခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါ ပြခန်း/ပြကွက်များကို ဧပြီလ (၃၀) ရက်နေ့မှ မေလ (၁၀) ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 05/05/2026

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် (အင်္ဂါနေ့) ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) သို့ လာရောက်၍ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ဝန်ကြီးမှ မိတ်ဆက်အမှာစကား ပြောကြားပြီး ရက်ပေါင်း (၁၀၀) စီမံကိန်းအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်ဌာနခွဲ ညွှန်ကြားရေးမှူးမှ ဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့် နောင်တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းများကို PowerPoint ဖြင့် အသေးစိတ် တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပေးခဲ့ကြောင်း သိရှိရပါသည်။

Photos from Department of Archaeology & National Museum, Yangon, Myanmar's post 03/05/2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မင်္ဂလာအခမ်းအနား ဖွင့်ပွဲကို ၃၀-၄-၂၀၂၆ (၁၃၈၈ ခုနှစ်၊ ကုဆုန်လပြည့်နေ့)မှ ၂-၅-၂၀၂၆ (၁၃၈၈ ခုနှစ်၊ ကုဆုန်လပြည့်ကျော် ၂ ရက်နေ့)အထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားဖွင့်ပွဲ(၃၀-၄-၂၀၂၆)သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၊ သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
သာသနာဝင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော ဤအခမ်းအနားကြီး အောင်မြင်ချောမွေ့စေရန် အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)မှ ဝန်ထမ်းများက ပြခန်းများအား စနစ်တကျစောင့်ကြပ်ခြင်း၊ လာရောက်သူများကို ရှင်းလင်းပြသခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားခြင်း စသည့်ကဏ္ဍများမှ တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

32 Avenue, Pyay Road
Yangon
95