𝗗𝗵𝗮𝗺𝗺𝗮 𝗗𝗮𝗿𝗻𝗮 𝗦𝘁𝗿𝗲𝗲𝘁

𝗗𝗵𝗮𝗺𝗺𝗮 𝗗𝗮𝗿𝗻𝗮 𝗦𝘁𝗿𝗲𝗲𝘁

Share

Welcome to Dhamma Darna Street

Photos from Hallway International School's post 27/06/2023
22/09/2021
08/06/2021

ဘေး(၅)မျိုးဆိုက်လာရင်
တရားအားထုတ်လို့ မရတော့ဘူး။
*********************

မြတ်စွာဘုရားက
ဘေးကြီး(၅)မျိုး ဆိုက်ရောက်လာရင်
တရားအားထုတ်လို့ မရတော့ဘူးတဲ့။

၁။ အသက်အရွယ်ကြီးရင့် အိုမင်း
လာရတဲ့ဘေး။
၂။ မကျန်းမမာ ဖြစ်ရတဲ့ဘေး။
၃။ အစားအသောက် ရှားပါးလာတဲ့ဘေး။
၄။ တိုင်းပြည် မငြိမ်းချမ်း ဆူပူထကြွတဲ့ဘေး။
၅။ သံဃာတွေ မညီညွတ် ကွဲပြားလာတဲ့ဘေး။

ဒီဘေးကြီး(၅)မျိုး ဆိုက်လာပြီဆိုရင်
တရားအားထုတ်လို့ မရတော့ဘူးတဲ့။
ဒါ မြတ်စွာဘုရားက အနာဂတဘယသုတ်မှာဟောထားခဲ့တာ။

အနာဂတ"ဆိုတာ "နောင်တစ်ချိန်"
"ဘယ"ဆိုတာက "ဘေး"
"အနာဂတ"ဆိုတာ "နောင်တစ်ချိန်
ဖြစ်မယ့်ဘေး"
မိမိတို့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာ
ဒါ ကိုယ့်ကိုယ်နဲ့ကိုယ် စဉ်းစားတာ။
မိမိသည် နောင်တစ်ချိန်မှာ ဒီဘေး
ငါးမျိုးနဲ့တွေ့မယ်။
ရုပ်နာမ်ခန္ဓာရတဲ့ သတ္တဝါတိုင်း တွေ့မယ့်ဘေး။
ရှောင်လို့ မရဘူး။

အိုမင်းရင့်ရော်တဲ့ဘေး ဆိုတာကတော့
သတ္တဝါတိုင်း မဖြစ်မနေ ကြုံကိုကြုံရ
မယ့်ဘေးပါပဲ။
မွေးလာကတည်းကိုက
အိုနာသေဆိုတာ တွဲလျှက် ပါလာပြီးသား။

မကျန်းမမာဖြစ်ရတဲ့ဘေးဆိုတာက
မိမိကိုယ်တိုင် နာခြင်းသဘောကို
ရင်ဆိုင်ရတဲ့ဘေးတွေအပြင် ပတ်ဝန်းကျင်မှာဖြစ်လာတဲ့ ဥပမာ- ခုလောလောဆယ် ဖြစ်နေတဲ့ COVID19 H1N1တို့
ဘီပိုး စီပိုး ရောဂါဆိုးတွေတို့ စသဖြင့်
ကပ်အသွင် ကျရောက်လာတဲ့ ရောဂါဘေးတွေကိုလည်းရင်ဆိုင်ရပါလိမ့်မယ်တဲ့။

အစားအသောက် ရှားပါးတဲ့ဘေးတဲ့။
ဒီနေ့ တိုးတက်ပါတယ်ဆိုတဲ့ ခေတ်ကြီးထဲမှာ
အစားအသောက်တွေ ဆန်းဆန်းပြားပြား ဘယ်လောက်ပဲ
ပေါများနေပါတယ်ပြောပြော
ပေါသလောက် စားစရာရှားနေတာကတော့ အမှန်ပါပဲ။
ကယ်မီကယ်တွေပါလို့ မစားရဲတာ
ဆိုးဆေးတွေများနေလို့ မစားရဲတာ
အသီးအရွက်တောင် ဆေးဖြန်းတာတွေများလို့ မစားရဲတာ ငှက်ပျောသီးလည်း ဆေးနဲ့မှည့်ခိုင်းထား
လက်ဖက်ရည်ဆိုင်က အီကြာကွေးကလည်း တစ်နေကုန်ခံအောင်
ရေသန့်ဗူးကို ဆီပူထဲထည့်ကြော်သတဲ့။
ကော်ဖီမစ်ကလည်း ကော်ဖီစေ့ မပါဘူးတဲ့။
အချိုရည်ဗူးတွေဆိုတာကလည်း ကြောက်စရာနည်းမျိုးစုံနဲ့။
သံသရာရည်က သံပုရာသီးကမထုတ်
လိုက်ချီးသီး လိမ္မော်သီးဖတ်က
ပလပ်စတစ်ကို သိပ္ပံနည်းကျ
မွေးပြီး ကယ်မီကယ်အနံ့နဲ့ ထုတ်ထားတာတဲ့။
စုံလို့ - စုံလို့ပါပဲ။
ပြောရင်လည်း ကုန်နိုင်စရာ မရှိပါဘူးလေ။
ဒါက အစားအသောက်က ဖြစ်လာတဲ့ဘေးတွေ။

တိုင်းပြည် မငြိမ်းချမ်း ဆူပူထကြွတဲ့ သူပုန်ဘေး။
ဒါကတော့ ဒီနေ့ဒီချိန်မှာ လူတိုင်းသိနေတဲ့ကိစ္စတွေမို့
အထူးပြောစရာ မရှိတော့ပါဘူးနော်။

သံဃာတွေ မညီညွတ် ကွဲပြားလာတဲ့ဘေး။
ဒါလည်း ဒီနေ့ခေတ်မှာ ထင်ထင်ရှားရှား မြင်နေရတဲ့ကိစ္စ။
ထေရဝါဒအမည်ခံ ဘုန်းကြီးတစ်ချို့
ဆိုရင်မိစ္ဆာဝါဒီဘာသာခြားနဲ့ ရင်ဘောင်တန်း တန်းညှိပြီးမြတ်စွာဘုရားမျက်နှာမကြည့်သာသနာမျက်နှာကိုမထောက် ပြုလုပ်နေကြတာတွေဖြစ်လာကြတယ်။
နောင်-သာသနာဆုတ်ကပ်မှာ ဒီထက်ပိုဆိုးလာတော့မယ်။ဒါက သံဃာတွေ မညီညွတ်တဲ့ဘေး။

ဒီလိုဘေးကြီး(၅)မျိုး ဆိုက်ရောက်လာရင်
တရားအားထုတ်ဖို့ မလွယ်တော့ဘူးလို့ မြတ်စွာဘုရားကလွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်က
ဒီနေ့ခေတ် ဖြစ်လာမယ့်ဟာတွေကို
ကြိုသိလို့ ဟောခဲ့တာ။
ဒါကြောင့် ဘေးဆိုးတွေ မကြီးထွားလာခင်
တရားကို ဉာဏ်ဦးအောင်သာ အားထုတ်ကြပေတော့။
ကျန်းမာ ချမ်းသာကြပါစေ။
🙏🙏🙏

ဦးဓမ္မသာရ(ဆေးသဲ့တောင်)
🙏🙏🙏🙏🙏
ဓမ္မဒါနပြန်လည်မျှ​​ဝေပါသည်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
ဓမ္မကို ဖြန့်ဝေသောသူသည် ...
"သာသနာပြုသူ" မည်ပါ၏။
ဓမ္မကို ဖြန့်ဝေခြင်းမှာ ...
"ပတ္တိဒါနကုသိုလ်" ဖြစ်ပါ၏။

ထို​ကြောင့် ...မိမိတို့၏
အပေါင်းအသင်းမိတ်ဆွေများ သိရှိ/ မှတ်​သား/ အသုံးချ နိုင်စေရန် ခွင့်မတောင်းဘဲ (share/copy)
လွတ်လပ်စွာ မျှ​ဝေ/ကူးယူခွင့်ပြုပါသည်။
ကုသိုလ်​ကောင်းမှုများကိုမ​မေ့မ​လျော့ပြုနိုင်ကြပါ​စေ။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Dhamma Darna Street
Yangon
095-11211