Myathidar Thingan and Monk's Utensils - မြသီတာသင်္ကန်းတိုက်

Myathidar Thingan and Monk's Utensils - မြသီတာသင်္ကန်းတိုက်

Share

ချုပ်ချုပ်သမျှအားလုံးဖြတ်ထားသော နှစ်ဖက်လှ အထူးချုပ်သင်္ကန်းများ Phone: 09953132388, 09953132399

ချုပ်ချုပ်သမျှအားလုံးဖြတ်ထားသော နှစ်ဖက်လှအထူးချုပ်သင်္ကန်းများနှင့် ပရိက္ခရာတို့ကို မြသီတာကမ္ဘာအေးဆိုင်နှင့် Facebook shop တို့မှတဆင့် ဝယ်ယူရရှိနိုင်ပါတယ်။

ဆိုင်လိပ်စာ - 569(C2)၊ ကမ္ဘာအေးစေတီလမ်း (ကမ္ဘာအေးဘုရားအရှေ့၊ ရေစက်လမ်းနှင့် ဂန္ဓမာလမ်းကြား)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖုန်း - 09953132388, 09953132399

Myathidar is a local business which distributes Thingan (monk's robes) and r

01/05/2026

ဘာလိုလိုနဲ့ မြသီတာသင်္ကန်းတိုက်ဖွင့်ခဲ့တာ ကဆုန်လပြည့်နေ့ (၃၀.၄.၂၀၂၆)မှာ ၂၂နှစ် ပြည့်ခဲ့ပါပြီ၊

ပြုမြဲကုသိုလ်အဖြစ် မဟာဗောဓိပရိယတ္တိစာသင်တိုက် ကို ဝါဆိုသင်္ကန်း တဆယ်စုံသွားရောက်လှူဒါန်းခဲ့ပါတယ်၊
စလင်းမြို့ ဓမ္မဂုဏ်ရည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့လည်း စွမ်းနိုင်သလောက် ပေးပို့လှူဒါန်းပါတယ်၊

မြသီတာသင်္ကန်းနဲ့ဆက်စပ်သမျှ အားလုံးရဲ့ကုသိုလ်ပါ၊
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါ။

29/04/2026

အမြဲပိတ်နေကြ
မေလ(၁) ရက် အလုပ်သမားနေ့ ဆိုင်ပိတ်ပါမည်။

17/04/2026

နှစ်သစ်မှာ အားလုံးသတ္တဝါချမ်းသာကြပါစေ။
🙏🏻🙏🏻🙏🏻🙏🏻🙏🏻

11/04/2026

မဟာသင်္ကြန်အခါတော်တွင် မြသီတာသင်္ကန်းတိုက်ကို
၁၃.၄.၂၀၂၆မှ ၁၇.၄.၂၀၂၆ နေ့အထိ
ပိတ်ထားမှာဖြစ်ပြီး
၁၈.၄.၂၀၂၆ နေ့တွင် ပြန်လည်ဖွင့်လှစ်
မည်ဖြစ်ပါသည်၊

Ph:09 44 3132 388,
09 66 3132 388,
09 96 5128 532

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေ။
🌿🌷🍀🌷🍀🌷🍀🌷🍀🌷🍀🌷🌿

Photos from Myathidar Thingan and Monk's Utensils - မြသီတာသင်္ကန်းတိုက်'s post 03/04/2026

ရွှေဥမင်ဓမ္မသုခတောရရိပ်သာနှင့်စာသင်တိုက်တွင် သီတင်းသုံးတော်မူနေသော ယောဆရာတော်ကြီးအား ယနေ့တွင် သွားရောက်လှူဒါန်းခဲ့ပါတယ်၊

ဆရာတော်ကြီးအနားယူနေသော အချိန်ဖြစ်၍
စောင့်ရှောက်နေသော ဦးဇင်းလေးနှင့်ကပ္ပိယကြီးမှတဆင့်သာလှူဒါန်းခဲ့ပါတယ်၊

ဆရာတော်ကြီးအနားယူနေချိန် ဝင်ရောက်မဖူးမျှော်ခြင်းဟာ ဆရာတော်ကြီးကျန်းမာရေးအတွက်ကုသိုလ်ပြုခြင်းပါဘဲဟု ကပ္ပိယကြီးပြောကြားလိုက်တဲ့အတွက် ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်၊

စသွားထဲက ဆရာတော်ကြီးကို ဖူးမျှော်ရပေါင်းလည်း များလှပြီ၊ဆရာတော်ကြီးရဲ့သာဓုခေါ်သံများလည်း ကြားဖူးပေါင်း များလှပြီ၊
ဆရာတော်ကြီးကို မဖူးမျှော်ရလည်း ပြုချင်နေတဲ့ကုသိုလ်များကိုသာ ပြုခွင့်ရဖို့သာအဓိက ရည်ရွယ်ပြီး သွားရောက်ခဲ့တာပါ၊

ဆရာတော်ကြီး ကျန်းမာရေးအတွက် နိုင်ငံခြားမကြွခင်ကလည်း ဗဟန်းကျောင်းရုံးခမ်းကို ငွေလွှဲကုသိုလ်ပြုခွင့်ရခဲ့ပါတယ်၊

ဆရာတော်ကြီးအားမေတ္တာပို့တိုင်း အမြဲဦးထိပ်ထားမေတ္တာပို့လျှက်ပါ🙏🙏🙏🙏🙏

မြသီတာသင်္ကန်းတိုက်နဲ့ ဆက်စပ်သမျှအားလုံးရဲ့ကုသိုလ်ပါ၊

ဤကုသိုလ်များကို အမျှ အမျှ အမျှ ပေးဝေပါတယ်၊

31/03/2026

သင်္ကန်းရောင်းမယ်ဆို(၅)

ဝိနည်းဆောင်သင်္ကန်းကိုမှ ရောင်းချင်တယ်ဆိုရင်
မြသီတာသင်္ကန်းမှ လက်လီလက်ကား ရောင်းချပေးနေပါပြီ၊
ပြန်ရောင်းဖို့အတွက် လက္ကားဈေးသီးသန့် ရှိပါတယ်၊
မြို့နယ်တခုမှာတော့ ပြန်ရောင်းဖို့ လက္ကားဈေး
တဦးသာပေးပါမည်။

🌿🌷🌿🌷🌿🌷🌿🌷🌿🌷🌿🌷🌿🌷🌿

ချုပ်ချုပ်သမျှအားလုံးဖြတ်ထားသော
မြသီတာသင်္ကန်းတိုက်
ကမ္ဘာအေးစေတီလမ်းမပေါ်(ကမ္ဘာအေးဘုရားအနီး)
ရန်ကုန်မြို့

09 44 3132 388
09 66 3132 388
09 95 3132 388(viber)

ဆိုင်ဖွင့်ချိန်- နံက် 7:45 မှ ညနေ 5:45 အထိ
ပိတ်ရက်မရှိ
(အလုပ်သမားနေ့နှင့်သင်္ကြန်ပိတ်ရက်များမှအပ)

#မြသီတာသင်္ကန်း Myathidar thingan
#သင်္ကန်း Thingan

Photos from Myathidar Thingan and Monk's Utensils - မြသီတာသင်္ကန်းတိုက်'s post 17/03/2026

သင်္ကန်းရောင်းမယ်ဆို(၄)

သင်္ကန်းရဲ့ အမည်ရွေးရပါမယ်၊
အလှူရှင်အများစုက(အားလုံးကို မဆိုလိုပါ)
အတိတ်ကောင်းနမိတ်ကောင်းဆောင်သော အမည်ကိုနှစ်သက်တတ်ကြပါတယ်၊

မြသီတာသင်္ကန်းအမည်ရွေးတုန်းက ဒါကိုမသိနားမလည်ခဲ့ပါဘူး၊
အဲဒီအချိန်တုန်းက ရွှေဥမင်ဆရာတော်ကြီး သွန်သင်ဆုံးမ ဟောကြားတော်မူခဲ့လို့ရယ် ဘဝအမောတွေအများကြီးကြုံတွေ့ခဲ့လို့ရယ်
ငြိမ်းချမ်းမှု့ကို တော်တော်လိုလားနေချိန်ပါ၊

ဒါကြောင့် နိဗ္ဗာန်ရဲ့အငြိမ်းဓါတ်ကို မျှော်မှန်းပြီး
မိဘများရဲ့လုပ်ငန်း၊ခြံအမည် ဖြစ်တဲ့ မြသီတာ ကို ရွေးချယ်ခဲ့တာပါ၊

အမည်များစွာထဲက
မြကလည်း အေးချမ်းတယ်၊
သီတာကလည်း အေးမြတယ်၊
ဒါကြောင့် အေးမြခြင်း ငြိမ်းချမ်းခြင်း အဓိပ္ပါယ်နဲ့
မြသီတာသင်္ကန်းတိုက် လို့အမည်ပေးခဲ့တာပါ၊

တော်တော်ခက်ခဲခဲ့ပါတယ်၊
သင်္ကန်းကို ဝိနည်းနဲ့အညီဆုံး အဆင့်အမြင့်ဆုံး
ချုပ်ရောင်းပေမယ့်
အတိတ်ကောင်း နမိတ်ကောင်းမဆောင်ဘူး
မိန်းမအမည်ကြီးလား နဲ့ ငြင်းပယ်ခံခဲ့ရပါတယ်၊

ခုနောက်ပိုင်းကျမှ ဆရာတော်ကြီးများရဲ့လမ်းညွှန်ပေးမှု့ကြောင့်သာ လူသိများလာတာပါ၊
ဒါတောင်အနည်းငယ်ပါ၊

အရည်အသွေးထိန်းသိမ်းပြီး ထုပ်လုပ်တာမို့ သင်္ကန်းအထွက်နည်းတာနဲ့
လူသိနည်းတာနဲ့က အဆင်ပြေနေတာပါဘဲ၊

ဒါကြောင့် သင်္ကန်းရောင်းဖို့ အမည်ရွေးမယ်ဆို သတိထားရွေးချယ်ကြဖို့ မြသီတာသင်္ကန်းရဲ့ အတွေ့အကြုံများကို မျှဝေပေးလိုက်ပါတယ်၊

ငြိမ်းချမ်းကြပါစေ။

#မြသီတာသင်္ကန်းတိုက်

#ချုပ်ချုပ်သမျှအားလုံးဖြတ်ထားသောမြသီတာသင်္ကန်း

Photo Card:

12/03/2026

#သင်္ကန်းရောင်းမယ်ဆို(၃)

အရေးအကြီးဆုံးကို ခုမှပြောပြပါမယ်၊

သူများသင်္ကန်းကို သူ့အမည်နဲ့ဘဲယူရောင်းမှာလား၊
ဒါကတော့ရှင်းပါတယ်၊

ကိုယ်ပိုင်တံဆိပ်နဲ့ရောင်းမှာလား???
ဒါဆို ၁.အမည်ရွေးရမယ်၊
၂.သင်္ကန်းမှာတပ်ဖို့ ဒေါင့်တဆိပ်အပ်ရမယ်၊
၃.သင်္ကန်းထဲ့ဖို့ ဘူး၊အိပ်၊စီမံရပါမယ်၊

၁.အမည်ရွေးချယ်ရာမှာ သင်္ကန်းရောင်းကောင်းဖို့ အရေးအကြီးဆုံးအချက်ကို သိလိုပါသလား???

#ချုပ်ချုပ်သမျှအားလုံးဖြတ်ထားသော
မြသီတာသင်္ကန်းတိုက်
ကမ္ဘာအေးစေတီလမ်းမပေါ် (ကမ္ဘာအေးဘုရားအနီး)

09 44 3132 388
09 66 3132 388
09 95 3132 388(viber)

ဆိုင်ဖွင့်ချိန်- နံက် 7:45 မှ ညနေ 5:45 အထိ

(အလုပ်သမားနေ့နှင့်သင်္ကြန်ပိတ်ရက်များသာပိတ်ပါသည်)

07/03/2026

#သင်္ကန်းရောင်းမယ်ဆို(၂)

ဝါဆိုသင်္ကန်းချိန်အမှီစဖွင့်ပါ၊

ဝါဆိုလပြည့်မတိုင်ခင် အနည်းဆုံး တလကြိုဖွင့်ပါ၊

သေချာပြင်ဆင်နိုင်ဖို့ သင်္ကြန်အပြီးစနိုင်ရင်ပိုကောင်းပါတယ်။

#မြသီတာသင်္ကန်းတိုက်

#ချုပ်ချုပ်သမျှအားလုံးဖြတ်ထားသောမြသီတာသင်္ကန်း

Photos from Myathidar Thingan and Monk's Utensils - မြသီတာသင်္ကန်းတိုက်'s post 24/02/2026

#သင်္ကန်းရောင်းမယ်ဆို(၁)

အမြတ်တွေ အများကြီးရချင်ရင်တော့ ပိတ်အုပ်အသစ်မချုပ်ဘဲ ပြန်ဝယ်သင်္ကန်းကို ရောင်းပါ ၊

ကုသိုလ်လည်းရ ဝမ်းလည်းဝချင်ရင်တော့
ပိတ်အုပ်အသစ်ကို သေချာချုပ်ထားတဲ့ ဝိနည်းဆောင်သင်္ကန်းကို ရောင်းပါ ၊

#မြသီတာသင်္ကန်းတိုက်
#ချုပ်ချုပ်သမျှအားလုံးဖြတ်ထားသောမြသီတာသင်္ကန်း

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


569(C2), Kaba Aye Pagoda Road (ရေစက်လမ်းနှင့် ဂန္ဓမာလမ်းကြား)
Yangon
11062

Opening Hours

Monday 07:45 - 17:45
Tuesday 07:45 - 17:45
Wednesday 07:45 - 17:45
Thursday 07:45 - 17:45
Friday 07:45 - 17:45
Saturday 07:45 - 17:45
Sunday 07:45 - 17:45