တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP

Share

This page is official page of National Unity Party (Myanmar)

Photos from တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP's post 06/06/2026

ဗဟိုကော်မတီဌာနချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်ပါတီကော်မတီဥက္ကဋ္ဌများ Video Conferencing ပြုလုပ်။
❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄
ဇွန်လ ၅ ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်ပါတီကော်မတီဥက္ကဋ္ဌများ Zoom meeting ကို Video Conferencing စံနစ်ဖြင့် ယနေ့ (၅/၆/၂၀၂၆ )ရက် သောကြာနေ့ နံနက် ၁၀ နာရီ အချိန်တွင် ပါတီဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေနှင့်အတူ ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူးဦးထွန်းရီနှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ကော်မတီကြီးအတွင်းရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ် ပါတီကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ က Online မှ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ က ပါတီ၏နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ရပ်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း က တိုင်းဒေသကြီးပြည်နယ် များမှ ဆွေးနွေးတင်ပြရမည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးပြည်နယ်ပါတီကော်မတီဥက္ကဋ္ဌများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး၊ ဆွေးနွေးတင်ပြချက်များအပေါ် ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းနှင့် ပါတီအထွေထွေအတွင်းရေးမှူးဦးထွန်းရီတို့ကပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့်အတူ ပါတီ၏စဉ်ဆက်မပြတ် ပင်မလုပ်ငန်းစဉ်ဖြစ်သည့် ပါတီအဖွဲ့အစည်းများ ပြည့်စုံခိုင်ခံ့ရှင်သန်စွာ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
နိဂုံးချုပ် အနေဖြင့် ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ က ပါတီအဓွန့်ရှည်ခိုင်ခံ့ရှင်သန်ရေးအတွက် ခံယူရမည့်သဘောထားများနှင့် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် အစည်းအဝေးကို နေ့လည် ၁း၃၀ အချိန်တွင် ပြီးစီးခဲ့ပါသည်။

သတင်း စိုးမိုးနိုင်

Photos from တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP's post 16/05/2026

#တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပါတီဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင်ဧရာဝတီတိုင်းစည်းရုံးလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင်ဦးမြင့်သိန်းနှင့်ဧရာဝတီတိုင်းပါတီကော်မတီဝင်များ၊ခရိုင်/မြို့နယ်ဥက္ကဌများတွေ့ဆုံပွဲအခမ်းအနားကို ပုသိမ်မြို့နယ်
ရုံးခန်းမ၌ ၁၅.၅.၂၀၂၆ ရက်နေ့နံနက် ၉.၃၀ တွင်ကျင်းပပါသည်၊
အခမ်းအနားတွင် သဘာပတိအဖြစ်ပါတီဗဟိုအလုပ်အမှု့ဆောင်
ကောမတီဝင်တိုင်းစည်းရုံးလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်သိန်း
မှဆောင်ရွက်ပြီး၊အခမ်းအနားမှုးအဖြစ်တောင်သူလယ်သမားကော်မတီ
ကြီးအတွင်းရေးမှုး ဦး‌နေဝင်း မှဆောင်ရွက်ပါသည်၊
သဘာပတိ ပါတီဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင် ဦးမြင့်သိန်း
က အဖွင့်အမှာစကားပြောကြားရာ ဧရာဝတီတိုင်းပါတီကော်မတီနှင့်
မြို့နယ်ကော်မတီများ ခိုင်မာအားကောင်းသည့်ပါတီဖြစ်ရေးအတွက်
ပြန်လည်ဖွဲ့စည်းရန်လမ်းညွှန်မှာကြားပါသည်၊
ဧရာဝတီတိုင်းဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းလွင် မှ လွှတ်တော်လုပ်ငန်းများဆောင်ရွက်ထားရှိမှု့အခြေအနေ
ကိုတင်ပြပါသည်၊
ဧရာဝတီတိုင်းအတွင်းရေးမှုးဦးအုန်းသောင်မှ ပါတီဗဟိုအလုပ်
အမှု့ဆောင်ကော်မတီနှင့်ပြည်နယ်/တိုင်းဥက္ကဌများ(၆)လပတ်ညှိနှိုင်း
အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သောရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်း
တင်ပြပါသည်၊
တိုင်းကော်မတီဝင်၊ဖျာပုံမြို့နယ်ဥက္ကဌ ဒေါ်မြမြခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမြသိန်းတို့က
သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးတင်ပြကြရာပါတီဗဟိုအလုပ်အမှု့
ဆောင်ကော်မတီဝင် တိုင်းစည်းရုံးလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင်မှ
ပြန်လည်ရှင်းလင်းဖြေကြားပါသည်၊
ထို့နောက်သဘာပတိကြီးမှ နိဂုံးချုပ်မိန့်ခွန်းပြောကြားပြီး
အခမ်းအနားကို နေ့လည် ၃:၀၀ နာရီတွင်အောင်မြင်စွာပြီးစီးခဲ့ပါသည်။

Photos from တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP's post 02/05/2026

၂၀၂၆ ခုနှစ်၊ အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး။
⚙ 🛠 ⚙ 🛠 ⚙ 🛠 ⚙ 🛠 ⚙ 🛠 ⚙ 🛠 ⚙ 🛠
မေလ ၁ ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ၂၀၂၆ ခုနှစ် အလုပ်သမားနေ့အထိမ်းအမှတ်အခမ်းအနားကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေနှင့်အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း၊ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး၊ ပါတီဌာနချုပ် ကော်မတီကြီးအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးအောင်ငွေ ၊ဦးငွေစိုး၊ဦးနေဝင်း၊ဒေါ်တင်မြင့်၊ဒေါ်သန်းသန်းနွဲ့တို့နှင့်အတူ ရန်ကုန်တိုင်းပါတီကော်မတီအတွင်းရေးမှူး ဦးဖေသိန်း၊တိုင်းတွဲဖက်အတွင်းရေးမှူး ဦးလှသော်နှင့်ပါတီဝင်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊သတင်းမီဒီယာများ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားမှာ သဘာပတိအဖြစ် ပါတီဥက္ကဋ္ဌဦးဟန်ရွှေ က ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးများအဖြစ် အလုပ်သမားကော်မတီကြီး လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမျိုးမင်းဦးနှင့် ဒေါ်ကြည်ကြည်မိုးတို့က ဆောင်ရွက်ကြပါသည်။အခမ်းအနားကို အစီအစဉ်အရ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သီချင်းသီဆို၍ အလေးပြုကြပါသည်၊ ဆက်လက်ပြီး သဘာပတိပါတီဥက္ကဋ္ဌဦးဟန်ရွှေ ကအဖွင့်အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ်အလုပ်သမားနေ့အထိမ်းအမှတ်အခမ်းအနားကို ပေးပို့သည့် ပါတီဥက္ကဋ္ဌ၏ သဝဏ်လွှာအား အလုပ်သမားကော်မတီကြီး အတွင်းရေးမှူး ဦးငွေစိုး ကဖတ်ကြားပါသည်၊ အလုပ်သမားများ၏ကိုယ်စား လှိုင်သာယာမြို့နယ် အတွင်းရေးမှူး ဒေါ်သဇင်မြင့် က ၂၀၂၆ခုနှစ် အလုပ်သမားနေ့သဝဏ်လွှာအား ထောက်ခံဆွေးနွေးခဲ့ပါသည်၊အစီအစဥ်အရ အလုပ်သမားကော်မတီကြီးသို့ လှူဒါန်းငွေ ကျပ်နှစ်သိန်းအား ဦးကျော်ဇေယျာဝင်းမှ ပေးအပ်ရာ ပါတီဥက္ကဋ္ဌဦးဟန်ရွှေ ကလက်ခံရယူပါသည်။
ဆက်လက်၍ ၂၀၂၆ခုနှစ် အလုပ်သမားနေ့အထိမ်းအမှတ်အခမ်းအနား နိဂုံးချုပ်မိန့်ခွန်းအား သဘာပတိပါတီဥက္ကဋ္ဌဦးဟန်ရွှေ က မြွက်ကြားခဲ့ပြီးနောက် တက်ရောက်လာသူများက ၂၀၂၆ခုနှစ် အလုပ်သမားနေ့ရဲ့ ကြွေးကြော်သံ (၆) ရပ်အား တခဲနက်ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၂ နာရီမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

Photos from Popular News Journal's post 18/04/2026
17/04/2026

မဂ်လာ မေတ္တာ သဝဏ်လွှာ
=======================
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ
ဗဟိုကော်မတီဌာနချုပ်
အမှတ်(၂၇) အောင်ဇေယျလမ်း ရွှေတောင်ကြား
( ၁) ရပ်ကွက် ဗဟန်းမြို့နယ်် ရန်ကုန်မြို့
၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့မှာ
နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များ
မြန်မာပြည်သူပြည်သားအပေါင်းတို့အား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏
မဂ်လာမေတ္တာသဝဏ်လွှာဖြင့် ဆုမွန်ကောင်း
ပေးပို့လျက်

Photos from တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP's post 11/04/2026

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ (၂၃) ကြိမ်မြောက်သက်ကြီးပူဇော်ပွဲ အခမ်းအနားအောင်မြင်စွာကျင်းပပြီးစီးခဲ့။
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
ဧပြီလ ၁၀ ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ (၂၃) ကြိမ်မြောက်သက်ကြီးပူဇော်ပွဲအား ယနေ့ ဧပြီလ ၁၀ ရက် သောကြာနေ့ နံနက် ၁၀နာရီ အချိန်တွင် ရန်ကုန်မြို့ ပါတီဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သက်ကြီးပူဇော်ပွဲမှာ အပူဇော်ခံပုဂ္ဂိုလ် ၄၀ ဦး နှင့်အတူ ပါတီဌာနချုပ် မှ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းပါတီကော်မတီဝင်များနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲကို ရည်ရွယ်ချက် ၃ရပ်ဖြစ်သော ၃၈ဖြာမင်္ဂလာတရားတော်နှင့်အညီ ပူဇာစပူဇနေယျံဟူသော ပူဇော်ထိုက်သူများအားပူဇော်ခြင်းတည်းဟူသည့် မြန်မာ့ရိုးရာယဥ်ကျေးမှုအစဥ်အလာအား ရှေးသူတော်ကောင်းတို့ရဲ့ ထုံးတမ်းအစဥ်အလာကို မပျက်မယွင်းထိန်းသိမ်းခြင်း၊ မြန်မာ့ရိုးရာအမွန်အမြတ် ဤလုပ်ရပ်ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမျိုးဆက်တိုင်းက စဥ်ဆက်မပြတ် ထိန်းသိမ်းရှင်သန်စေရန် ရည်သန်ကျင်းပခြင်းနှင့် စတုဒီတာ ကျွေးမွေးဧည့်ခံမှုကို တပျော်တပါး စုရုံးပြုလုပ်၍ နှစ်ဆန်းမှာ ရွှင်လန်းစွာ ကျရာတာဝန်များကို ကြိုးပမ်းထမ်းရွက်နိုင်စေရန် ရည်သန်ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားကို အစီအစဉ် ၆ ရပ်ဖြင့်ကျင်းပခဲ့ပြီး အခမ်းအနားမှူးအဖြစ် အမျိုးသမီး ကော်မတီကြီးကော်မတီဝင် ဒေါ်လှသိန်းဌေးက ဆောင်ရွက်၍ ကန်အလုပ်သမားကော်မတီကြီးအတွင်းရေးမှူး ဦးငွေစိုး က ကန်တော့ကြိုးဖြင့်ပူဇော်ကန်တော့ခဲ့ပြီး၊ အပူဇော်ခံပုဂ္ဂိုလ်များအား ဂါရဝပြုလှူဒါန်းခဲ့ကြ၍ ပါတီဥက္ကဋ္ဌဦးဟန်ရွှေ၊ ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း နှင့် ပါတီအထွေထွေအတွင်းရေးမှူးဦးထွန်းရီတို့က သြဝါဒစကားများပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌဦးဟန်ရွှေ က ပါတီဌာနချုပ်ဝန်ထမ်းများအား နှစ်သစ်ကူး အမှတ်တရလက်ဆောင်များပေးခဲ့ပြီး ပါတီဌာနချုပ် ကော်မတီကြီးများမှ စတုဒီတာအလှူများအား တပျော်တပါး ကျွေးမွေးဧည့်ခံကြပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Photos from တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP's post 05/04/2026

တစညပါတီမှထုတ်ဝေသော ၂၀၂၆ခုနှစ်ဧပြီလထုတ်
" တိုင်းရင်းသားသတင်းဂျာနယ်"ကိုပုံနှိပ်နေပါပြီ။
မကြာမီတွင် ပါတီအဖွဲ့အစည်းများသို့ပေးပို့နိင်တော့
မည်ဖြစ်ပါသည်။

Photos from တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP's post 03/04/2026

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်၏ ၂၃ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးပြုလုပ်။
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
ဧပြီလ ၃ ရက်
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်နှစ်သစ်အကြို အခါသမယမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်၏ ၂၃ ကြိမ်မြောက်သက်ကြီးပူဇော်ပွဲအား လာမည့် ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ ဧပြီလ ၃ ရက်နေ့၌ ပြုလုပ်ရာ ပါတီဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း တက်ရောက်အမှာစကားပြောကြားပါသည်။
အစည်းအဝေးတွင် ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း က အမှာစကား​ပြောကြားရာတွင် ကျင်းပရခြင်းရည်ရွယ်ချက် ၃ ရပ်နှင့် ပူဇော်ကန်တော့သူပုဂ္ဂိုလ်များနှင့် အပူဇော်ခံပုဂ္ဂိုလ်တို့မှာခံယူရမည့် ဂုဏ်အဂ်ါများအား ရှင်းလင်းဆွေးနွေးပြီးနောက် ပူဇော်ပွဲတက်ရောက်မည့်ပုဂ္ဂိုလ်များ၊ အပူဇော်ခံပုဂ္ဂိုလ်များ အား ဖိတ်ကြားရေးနှင့် သက်ကြီးပူဇော်ပွဲတွင် ပါတီဗဟိုကော်မတီနှင့် လူထုလူတန်းစားရေးရာကော်မတီကြီးများက ကျွေးမွေးဧည့်ခံမည့် ကိစ္စရပ်များ စီစဥ်ထားရှိမှုများတို့အား တက်ရောက်လာကြသည့် သက်ကြီးပူဇော်ပွဲကျင်းပရေးအဖွဲ့ဝင်များမှ တင်ပြမှုများအပေါ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

သတင်း။ ။ စိုးမိုးနိုင်

Photos from တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP's post 15/03/2026

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ် ဥက္ကဋ္ဌများ စုံညီအစည်းအဝေး ကျင်းပပြီးစီး။
💡 💡 💡 💡 💡 💡 💡 💡 💡 💡 💡💡 💡
မတ်လ ၁၅ ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် တိုင်းဒေသကြီးပြည်နယ်ဥက္ကဋ္ဌများစုံညီအစည်းအဝေးကို မတ်လ ၁၂ ရက်နှင့်၁၃ ရက်တို့တွင် ပါတီဗဟိုကော်မတီဌာနချုပ်၌ နှစ်ရက်​ကြာကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ ကသဘာပတိအဖြစ်ဆောင်ရွက်၍ စည်းရုံးရေးကော်မတီကြီး တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတင်အောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီတို့နှင့် အတူ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီဌာနချုပ် ကော်မတီကြီးများမှ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးပြည်နယ် များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးကျင်းပမှုအနေဖြင့် ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးဟန်ရွှေ က သဘာပတိ မိန့်ခွန်းပြောကြားရာတွင် ပါတီ၏ အဓိက လုပ်ငန်းစဥ်ဖြစ်သော ပါတီအဓွန့်ရှည်တည်တံ့ခိုင်မြဲ ရှင်သန်ရေးအတွက် လုပ်ငန်း၅ရပ်ဖြစ်သော စိစစ်၊ စုစည်း၊ ဖွဲ့စည်း၊လှုပ်ရှား၊ တည်ဆောက်၊ ဟူသည့်လုပ်ငန်းများအား ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြရေးကို ရှင်းလင်းလမ်းညွှန်မှာကြားခဲ့ပြီး၊ ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း က နိုင်ငံရေးစည်းရုံးရေး လုပ်ငန်းစဥ်များအား အရှိန်အဟုန်ဖြင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲရှင်သန်သည့်ပါတီဖြစ်စေရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအား ရှင်းလင်းတင်ပြခြင်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ က ခိုင်မာအားကောင်းသည့် ပါတီအဖြစ် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များနှင့်အတူ လွှတ်တော်ပါတီအဖွဲ့ များဖွဲ့စည်းလှုပ်ရှားရေးနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥက္ကဋ္ဌများက ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့မှုအခြေအနေများနှင့်စပ်လျဥ်းသည့် အကြောင်းအရာ ၆ ချက်တို့နှင့်အတူ အခြားတင်ပြလိုသည့် အကြောင်းအရာ များကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ယင်းနောက် ပါတီဒုတိယဥက္ကဋ္ဌ နှင့် ပါတီအထွေထွေအတွင်းရေးမှူးတို့က ဥက္ကဋ္ဌများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေး တက်ရောက်လာသူများက ရှေ့လုပ်ငန်းစဥ်၁၂ ရပ်ကို သဘောတူ ချမှတ်အတည်ပြုခဲ့ကြပြီးနောက် ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ က အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းမြွက်ကြားကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ် ဥက္ကဋ္ဌများ စုံညီအစည်းအဝေးကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 15, University Avenue Road, Bahan Township
Yangon
11201