အသိပညာပေးစာစုလေးများ

အသိပညာပေးစာစုလေးများ

Share

သင့်​အတွက်​ခွန်​အားဖြစ်​​သောစာစုမ?

24/02/2024

"ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့"

အလုပ်တစ်ခုကို ငါ မလုပ်နိူင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့။

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိူင်ပါဘူးလို့ မတွေးပါနဲ့။

သူများအလုပ် လုပ်ကိုင်နေရလို့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိူင်ပါဘူးလို့
မတွေးပါနဲ့။

ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိူင်ပါဘူးလို့ မတွေးပါနဲ့။

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရူံးသွားလို့
ငါ့ ဘဝက အဓိပ္ပါယ်မဲ့သွားပီလို့ မတွေးလိုက်ပါနဲ့။

ရူံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူပါလားလို့ မတွေးပါနဲ့။

ကြမ္မာဆိုး တွေမွှေနှောက်ခံရတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိူင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။

ရောဂါဝေဒနာတွေ ခံစားရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပီလို့ မတွေးလိုက်ပါနဲ့။

အဲ့ဒီလို တွေးလိုက်မိပီဆိုတာနဲ့ သင့် ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပီလေ။

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်။

အဆင်မပြေမှူတွေ ၊ နှလုံးသားရဲ့ ခံစားမှူတွေ
ဖိစီးနှိပ်စက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းချီးပေးမှာ မဟုတ်ဘူးလေ။

သူငယ်ချင်း....ကိုယ့်ကိုယ်ကို အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့ လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲသုတ်လိုက် သလိုပါပဲ။

ငါ မလုပ်နိူင်ဘူး ၊ မဖြစ်နိူင်ဘူးလို့
တွေးတဲ့နေ့က မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်။

ခံစားချက်တွေ များလွန်းလို့ မခံမရပ်နိူင်ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပီးရင်တော့ ပြုံးနိူင်အောင် ကြိုးစားပါနော်။

မေတ္တာများစွာဖြင့်

ပန်းပျိုးလက် ( N.S.M )✍️
#နှလုံးသားအဟာရစာစုလေးများ

18/02/2024

မှတ်ထားညီမလေး

06/02/2024
27/01/2024

ကျွန်တော်သိတဲ့အထက်တန်းစား

အဝတ်အစား စုပ်ပျက်နေပါစေ
နေစရာတဲအိမ်မရှိလို့
လမ်းဘေးမှာပဲနေနေ

သူတစ်ပါးအပေါ်
စိတ်ထား စေတနာကောင်းထားတဲ့လူဟာ
အထက်တန်းစားပဲ

#အပယ်ခံ-ပုတီးကုန်း

16/01/2024

Like &Share လေးများများလုပ်ပေးထားအူးနော်

15/01/2024

တိတ်ဆိတ်လာခြင်းအတွက် ကျေနပ်တယ်
_______________________________

အပေါ်ယံတွေများတဲ့လောကကြီးထဲ
တိတ်ဆိတ်မှုတွေပဲ ရှာဖွေလာမိတယ် ။
အမှန်တရားကို ငြင်းဆန်တတ်တဲ့သူတွေကိုကြည့်ပြီး
သံဝေဂတွေရလာသလို ငြိမ်သက်မှုတွေပဲ
မက်မောလာတယ် ။
ထင်ပေါ်မှုကို မက်တဲ့လူတွေကိုကြည့်ပြီး
အဆင်းအနံ့မဲ့တဲ့ သူတွေကိုပဲ ရွေးချယ်ချင်လာတယ် ။

လိုတမျိုး မလိုတမျိုးဆက်ဆံတတ်တဲ့ သူတွေကိုကြည့်ပြီး
ပြုံးမိရုံမှ အပ နှုတ်ဆိတ်နေချင်လာတယ် ။
ရလိုမှုတစ်ခုနဲ့ ပါတ်သက်လာတဲ့ သူတွေကိုကြည့်ပြီး
ရယ်နေမိရုံမှအပ ဆန့်ကျင်ဖက်ကိုဆုတ်ခွာ မိတယ် ။

လူတစ်ယောက်ရဲ့စိတ်ကို တသမတ်ထဲ တွက်ထားသူတွေရဲ့
အတ္တတွေက်ိုကြည့်ပြီး သနားမိတယ် ။
လူတစ်ယောက်ဟာ သူပျော်နေတဲ့အခ်ျိန်
စိတ်ရှည်နိုင်ပေမယ့်
အဆင်မပြေတဲ့အချိန် ကျရင်
သူသူကိုယ်ကိုယ် ဘေးပယောဂကို
ဘယ်သူမှ လက်မခံနိုင်တာ သဘာဝ ။
ကိုယ်ဖြစ်ချင်တာ တစ်ခုထဲ ထည့်တွက်တဲ့သူတွေဟာ
တဖက်သားရဲ့ အခက်အခဲဆိုတာ ထည့်တွက်လေ့ မရှိတာ
ပိုပိုသိလာတယ် ။

ကိုယ်ကလည်း ဘယ်သူ့ကိုမှ အတင်းကာရော
လိုက်မပေါင်းသင်းတတ်သလ်ို ကိုယ့်စိတ်ထဲ
ရွေးချယ်ထားတဲ့
သူတွေက်ို လည်း ကိုယ့်ဖက်က အတတ်နိုင်ဆုံး
လိုက်လျောပြီးဆက်ဆံခဲ့တယ် ။
ခင်မိပြီဆိုရင်လည်း ဟန်ဆောင်မှုမရှိဘူး ပွင့်ပွင့်လင်းလင်းပဲ
ဆက်ဆံခဲ့တယ် ဒါပေမယ့် လူတွေက ခက်တယ် ။
လိုတာထက် ပိုရချင်သူက ခပ်များများရယ် ။

ထင်ပေါ်မှုကိုသာမက်မောတဲ့သူတွေရယ် ! လိုတမျိုးမလိုတမျိုး
ဆက်ဆံတတ်တဲ့သူတွေကတော့ ကိုယ်နဲ့ဘယ်တော့မှ
သဟဇာတ ဖြစ်လေ့ရှိမှာ မဟုတ်ဖူး
ကိုယ်က ဟန်မဆောင်တတ်တဲ့သူ !
အရည်အတွက်ထက် အရည်ချင်းကို မက်မောတဲ့သူ !
သူဟာကိုယ်မဟုတ်ပါဘူး ဆ်ိုပေမယ့် လူလူချင်းဆက်ဆံရေး
မှာ သူ့ဖက်ကိုယ့်ဖက်မကြည့်တတ်တဲ့ သူတွေကိုတော့
အပေါင်းသင်း မလုပ်ချင်ဘူး ။

ကိုယ်ကလူကောင်းတစ်ယောက်တော့ မဟုတ်ဘူး
ဒါပေမဲ့ လိုတာထက်ပိုမရချင်သလို လိုတာထက်ပိုလိုက်လျော
တတ်တဲ့ စိတ်လည်း မရှိဘူး ။
ကိုယ့်အပေါ်လေးစားရင် ပြန်လေးစားလိုက်တယ် !
ကိုယ့်ကို ချစ်ခင်ရင် ကိုယ့်ဖက်ကလည်း ပြန်ပြီးချစ်ချစ်ခင်ခင်
နေပေးလိုက်တယ် ။
ကိုယ့်အပေါ်ဂရုစိုက်တဲ့သူဆို ကိုယ်ကလည်းပြန်ပြီး
တန်ဖိုးထားပေးလိုက်တယ် ။
ကိုယ့်ကို အခြောက်တိုက် လာမုန်းနေရင် ကိုယ်ကလည်း
လျစ်လျှူရှုထားလိုက်တယ် ။
ဒါပဲလေ လူလူခြင်းဆက်ဆံရေးရဲ့ အပြန်အလှန် respect
ဆိုတာ ။

" သူဟာကိုယ်မဟုတ်ဘူး " ဆိုတဲ့စိတ် ကိုယ်စီထားတတ်ကြ
ရင် လောကကြီးမှာ မနာလိုစိတ် " မုန်းတီးစိတ် ဆိုတာတွေ
ရှိပါဦး မလား ။
တဖက်သားရဲ့ ခံစားချက်ကို မမြင်နိုင်သရွေ့ကတော့
လူ့လောကကြီးဟာ အတ္တတွေလွှမ်းနေတဲ့ သားရဲတောကြီးနဲ့
မခွားပါဘူး ။
အခုကိုယ်ဟာ အေးချမ်းမှုတွေ ! တိတ်ဆိတ်မှုတွေကိုပဲ
မက်မောလာပြီ ရှာဖွေတတ်နေပြီ ။
ဆိတ်ငြိမ်မှုတွေနဲ့ ပျော်မွေ့လာပြီ ။
အပေါ်ယံတွေကို ရှောင်ရှားတတ်နေပြီ ။
ဆုပ်ကိုင်ထားသင့်တဲ့အရာနဲ့ စွန့်ပစ်သင့်တဲ့အရာ ခွဲခြားတတ်နေပြီ ။
အေးချမ်းမှုတွေ လိုက်ရှာရင်း
ကိုယ့်ဘေးမှာလည်း ဆူပွတ်နေတဲ့ အပေါ်ယံတွေ ဘေးထွက်
ကုန်ကြသလို စစ်မှန်တဲ့ အနည်းငယ်မျှသာ ကျန်နေရစ်တယ် ။
ဒါပေမဲ့ ကိုယ်လိုချင်တာ တ်ိတ်ဆိတ်မှုတွေပဲ ဖြစ်လို့
ကျေနပ်တယ် ။

လေးစားစွာဖြင့်

07/01/2024

ကြိုးစားပါ
မလုပ်ပဲနေရင် ဖြစ်လာမည်မဟုတ်ဘူး
ကြိုးစားရင်းနဲ့ ကျရှုံးခဲ့တောင်
ဘဝမှာသင်ခန်းစာအသစ်တွေရပါတယ်

လဲကျသွားရင် ပြန်ထပါ
လဲနေချိန်မှာကိုယ့်ကို
ကမ်းတဲ့လက်တွေကိုလဲ သတိထားပါ
လူတစ်ချို့က ဆွဲမလိုလိုနဲ့တွန်းချတတ်တယ်

အရိပ်ကိုတောင်းတနေမယ့်အစား
အရိပ်အောက်ရောက်အောင်သွားပါ

ကိုယ်တိုင်အရိပ်ပေးနိုင်ဖို့ဆိုရင်
ကိုယ်တိုင်ကကြိုးစားမှဖြစ်မယ်

တခြားသူအကူညီရတိုင်းမယူပါနဲ့
ရတိုင်းယူရင် ကိုယ့်တိုင်ည့ံသွားတတ်တယ်

ကိုယ့်ကိုယ်ကိုယုံကြည်မှု ့ထားပါ
ယုံကြည်ချက်ပြင်းရင်အောင်မြင်ပါတယ်

ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ
ပိုင်းခြားစိတ်ဖြာပါ
ဖြစ်ချင်တာတွေ ဦးစားပေးနေမိရင်
ဖြစ်သင့်တဲ့အရာတွေကအလိုလိုအနားက
ပျောက်ကွယ်သွားတတ်တယ်.....

ဘဝခရီးကိုတတ်နိုင်သမျှ လျှောက်လှမ်းပါ
မြန်ဖို့မလိုပါဘူး မှန်နေဖို့ပဲလိုပါတယ်

တတ်နိုင်သမျှ ရိုးသားပါ
တတ်နိုင်သမျှ ကြိုးစားပါ
တတ်နိုင်သမျှ ဇွဲ လုံးလ ဝရိယရှိပါ

မှန်ကန်သောလမ်းဖြင့်ဘဝကိုလျှောက်လှမ်းနိုင်ကြပါစေ.......

#မြူမှုံရှင်း

28/12/2023

ဟိုးအရင်လို Like တွေအများကြီးရဖို့မမျှော်လင့်ဘူး
တင်သမျှ Posts လေးကိုဖတ်ပြီးလူတစ်ယောက်
အသိရှိရင်ကျေနပ်ပါပြီ။
စာအုပ်တွေဘယ်လောက်ပဲထုတ်ပါစေ
ဖတ်သူရှိမှ စာပေကောင်းမှ
လူသိများမှာမို့ ဘာမှမဟုတ်တဲ့ကိုယ်တွေကဘာမှမမျှော်လင့်တာ
တန်ပါတယ်

17/08/2023

ယောက်ျားတစ်ယောက်ရဲ့ အချစ် စစ်မစစ်က ချမ်းသာမှ ပေါ်တယ်။

မိန်းမတစ်ယောက်ရဲ့ အချစ် စစ်မစစ်က ဆင်းရဲမှ ပေါ်တယ်။

မိတ်ဆွေတစ်ယောက်ရဲ့ ခင်မင်မှု့ စစ်မစစ်က ဒုက္ခကြုံမှ ပေါ်တယ်။

ပတ်ဝန်းကျင်ကောင်း မကောင်းက သာရေးနာရေးမှာ ပေါ်တယ်။

ဟုတ်တယ်နော် ဂေါင်းကြီးတို့ရေ တကယ့် အမှန်တေချည်ပဲ 😊😊😊😊😊

14/08/2023

အချိန်က ကုစားပေးနိုင်တဲ့
ဒဏ်ရာတွေထဲမှာ
စိတ်ဒဏ်ရာတွေမပါဘူးသိလား...

သိပ်နက်တဲ့ ဒဏ်ရာတွေဖြစ်ခဲ့လို့
ကျက်ဖို့ တော်တော်ခက်ပါတယ်။

Μeaning of Love

#ဗဟုသုတ

12/08/2023

ဟုတယ်

18/07/2023

မြန်မာက ဗမာတို့ရဲ့ ဖေဖေ
.................................
ကဗျာနဲ့ဖွဲ့မကုန် စာသားနဲ့ရေးမဆုံး
တုပယှဉ် ရှာမှရှား ထူးတဲ့လူသား

#မြူမှုံရှင်း (LEMA)

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon
YG