Engineering Department-Water & Sanitation,Yangon City Development Committee

Engineering Department-Water & Sanitation,Yangon City Development Committee

Share

YCDC is directly responsible for the development and maintenance of Yangon City in all aspects. The main objectives of EDWS are:
1.

Yangon City Development Committee (YCDC) was initially established as a city municipal organization since Myanmar was under the British to carry out municipal works, and its name was changed in history as Rangoon City Municipal Corporation in 1922, as Rangoon City Municipal Committee in 1972, as Rangoon City Development Board in 1977, as Rangoon City Development Committee in 1985. According to the

13/07/2022

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေဖိုးရေခပြေစာများအား My City Application အသုံးပြု၍ AYA Pay, CB Pay, KBZ Pay, UAB Bank-Sai Sai Pay, AGD Bank-One Pay, Wave Money, Mytel, OK$ တို့မှ ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

04/01/2022
Photos from Engineering Department-Water & Sanitation,Yangon City Development Committee's post 18/11/2021

ရန်ကုန်ရေချစ်သူများသို့
သံသုမာလမ်း ၂၄”ကွန်ကရစ်ပိုက်(ငမိုရိပ် ပ-ဆင့်ပိုက်လိုင်း)နှင့် ဂန္ဓမာလမ်း ၂၄” HDPE ပိုက်(ငမိုးရိပ် ဒု-ဆင့်ပိုက်လိုင်း) နှစ်ခုအားဆက်သွယ်ထားသော ၁၆” Inter Connection ပိုက်လိုင်းတွင် တပ်ဆင်ထားသော Gate Valve ၏ Valve Chamber ဖြစ်ပါသည်။ လိုအပ်ပါက ပိုက်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း အပြန်အလှန် ရေအားဖြည့်ပေးရန် တပ်ဆင်ထားခြင်းဖြစ်ပါသည်။ အဆိုပါ Valve Chamber၏ လူဝင်ပေါက်(manhole)အဖုံးအား ဖြုတ်ယူအခိုးခံထားရသဖြင့် ယမန်နေ့(၁၈-၁၁-၂၀၂၁) နေ့လယ်ပိုင်းတွင် ပြန်လည်အစားထိုး တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်ပြီးသန့်ရှင်းသောသောက်သုံးရေများ သုံးစွဲနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
ရွှင်လန်းချမ်းမြေကြပါစေ။

16/11/2021

ရေပြန်လည်ပေးဝေလျှက်ရှိကြောင်းအသိပေးခြင်း

30/10/2021

ရေအားလျော့နည်းပြတ်တောက်မည်-

Photos from Engineering Department-Water & Sanitation,Yangon City Development Committee's post 21/10/2021

ဂျိုးဖြူရေလှောင်ကန်၊ ရေယူအဆောက်အဦနှင့် သဘာဝသာယာလှပမှု။

13/10/2021

ရေပြန်လည်ပေးဝေလျက်ရှိပါကြောင်းအသိပေးကြေငြာချက်

ငမိုးရိပ်(ညောင်နှစ်ပင်)ရေသန့်စင်စက်ရုံတွင် ၁၃.၁၀.၂၀၂၁ ရက်နေ့ နံနက် ၀၇:၅၂ နာရီတွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိ၍ ရေတွန်းစက်ကြီးများမောင်းနှင်ကာ ရေပြန်လည်ပေးဝေလျက် ရှိပါကြောင်းအသိပေးကြေညာအပ်ပါသည်-

အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

12/10/2021

ရေသုံးစွဲသူမိဘပြည်သူများသို့အသိပေးကြေညာချက်

ရန်ကုန်မြို့တော်သို့ရေပေးဝေလျက်ရှိသော ငမိုးရိပ်
(ညောင်နှစ်ပင်)ရေသန့်စင်စက်ရုံတွင် ၁၂.၁၀.၂၀၂၁ ရက်နေ့ ၁၆:၂၄ နာရီမှစတင်၍ လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိပြီး ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ဓာတ်အားပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကြောင့် အဆိုပါရေသန့်စင်စက်ရုံမှရေပေးဝေလျက်ရှိသော မင်္ဂလာဒုံ၊မြောက်ဥက္ကလာပ၊တောင်ဥက္ကလာပ၊သင်္ဃန်းကျွန်း၊ရွှေပေါက်ကံမြို့သစ်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ရွှေပြည်သာ၊
အင်းစိန်၊ဗဟန်း၊ရန်ကင်း၊ကမာရွတ်၊မရမ်းကုန်း၊တာ​မွေမြို့နယ်(မေတ္တာညွန်)နှင့်မြို့တွင်းမြို့နယ်များတွင် ရေအားလျော့နည်းခြင်း၊ရေပြတ်တောက်ခြင်းများဖြစ်ပေါ်မည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်-

အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

12/09/2021

၁၄.၉.၂၀၂၁ ရက်နေ့ (အင်္ဂါနေ့ )တွင် ရေအားလျော့နည်း ပြတ်တောက်မည်။

18/08/2021

ရေကြိုတင်စုဆောင်းထားနိုင်ပါရန် အသိပေးကြေညာချက်

17/08/2021

ရန်ကုန်မြို့တော်သို့ရေပေးဝေလျက်ရှိသော ရေကူးရေတွန်းစက်ရုံတွင် ၁၆.၈.၂၀၂၁ ရက်နေ့ ၂၂:၂၅ နာရီမှ ၁၇.၈.၂၀၂၁ ရက်နေ့ ၀၆:၂၅ နာရီအထိ လျပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါသဖြင့် အဆိုပါရေတွန်းစက်မှတွန်းပို့ပေးဝေလျက်ရှိသော တောင်ဥက္ကလာပ၊မရမ်းကုန်း၊ရန်ကင်း၊ဗဟန်း၊ကမာရွတ်၊စမ်းချောင်း၊ကြည့်မြင်တိုင်၊အလုံ မြို့နယ်များနှင့် မြို့တွင်းမြို့နယ်များတွင် ရေအားနည်းခြင်း၊ရေပြတ်တောက်ခြင်းများဖြစ်ပေါ်နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်-

ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address


No. 390, Merchant Street, Botahtaung Township
Yangon