လွမ်းအောင်လုပ်တတ်လိုက်တာ ဇူဆာရယ်
TAR CHI LAR - Online Fashion Shop
Thaiပစ္စည်းစစ်စစ် အမျိုးသားဝတ်အမျိုးသ?
Good luck 🤍
💞
13/10/2025
08/10/2025
သူပြင်နေတဲ့ အော်တိုမောင်းမဲ့ကားပေါ့ အောင်ပါစေ..
I gained 113 followers, created 5 posts and received 1 reaction in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉
26/09/2025
ဘယ်လောက် ပျော်စရာကောင်းတဲ့ ဘဝပဲဖြစ်ဖြစ်
အခက်အခဲ တမျိုးမျိုးတော့ ကြုံတွေ့မှာပဲ သေချာတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်ပဲ
ဘဝခရီးကြီးကို လျှောက်လှမ်းတဲ့အခါမှာ
စိတ်ဆင်းရဲမှုတွေ အကြိမ်ကြိမ်ကြုံတွေ့ရတယ်။
ဘုရားဟာ ဘယ်လောက်ပဲ တန်ခိုးတော်အနန္တနဲ့
ပြည့်စုံတဲ့သူတစ်ယောက်ပဲ ဖြစ်စေ...
ဘဝခရီးကိုသွားတဲ့အခါမှာ အမြဲတမ်းဖြောင့်တန်းနေတဲ့ ဘဝခရီးကို လျှောက်လှမ်းရတာ မဟုတ်ဘူး။
တစ်ခါတစ်ရံ လူစားတဲ့အစာမဟုတ်တဲ့
မြင်းစာတွေ စားနေရတဲ့အခါမျိုးတွေ ကြုံတွေ့ရတယ်။
တစ်ခါတစ်ရံ လုံးဝစားစရာမရှိတဲ့အဖြစ်နဲ့ ကြုံတွေ့ရတယ်။
တစ်ခါတစ်ရံ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေရဲ့
ဆန့်ကျင်မှုတွေနဲ့ တွေ့ကြုံရတယ်။
စိတ်ဆင်းရဲဖွယ် အနေအထားတွေနဲ့ ကြုံတွေ့ရတာတွေ ရှိတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ဘဝမှာ
စွပ်စွဲမှုကြီး (၂)ကြိမ်ခံရတယ်။
အင်မတန်မှ ကြီးမားတဲ့ စွပ်စွဲမှုကြီး အခုခေတ်လိုဆို ဖြေရှင်းဖို့ အင်မတန်ခက်ခဲတဲ့ စွပ်စွဲမှုကြီး (၂)ကြိမ်ခံရတယ်။
လုပ်ကြံသတ်ဖြတ်မှုက (၃)ကြိမ်ခံခဲ့ရတယ်။
ဘဝဆိုတာ ဘုရားတောင်မှ ရှောင်လို့မရတာပါလားလို့
ဘုန်းကြီးတို့ တရားနာပရိတ်သတ်တွေ ဘဝပေါ်မှာ သံဝေဂဖြစ်ဖို့ပါ။
ဘယ်သူ့ဘဝပဲဖြစ်ဖြစ် အဆင်ပြေနေတယ်ဆိုတာ
တစ်ခဏမျှသာဖြစ်တယ်။
နောက်ဆုံးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရတဲ့ဘဝတွေချည်းပဲ။
ဘဝဟာကျေနပ်စရာ မကောင်းတဲ့အနေအထားတွေ ရှိသလိုကျေနပ်စရာ ကောင်းတာလည်း
မရှိဘူးတော့ မဟုတ်ပါဘူး။ ရှိပါတယ်။
ဘဝဟာ အဆိုးချည်းပဲတော့ မဟုတ်ဘူး။
အကောင်းလည်း ရှိတယ်။
အကောင်းရှိလို့ လူတွေက ဘဝမှာပျော်ရွှင်နေကြတယ်ပေါ့။
အဲ့ဒီကောင်းတဲ့အကွက်ကလေးတွေ သာယာဖွယ်
ကျေနပ်ဖွယ် လက်ခံဖွယ် အချက်ကလေးတွေ စာပေကျမ်းဂန်မှာ ဘာပြောသလဲဆိုတော့ အသာဒလို့ ခေါ်တယ်။
အဲ့ဒီကျေနပ်စရာလေးတွေကို ကြည့်ပြီးတော့
လူတွေဟာ ဘဝကိုလက်ခံပြီးတော့ ကျေနပ်နေကြတာ။
ဒါဖြင့် ဘဝဟာ ကျေနပ်စရာချည်းပဲလားဆိုတော့ မဟုတ်ဘူး။
အပြစ်အနာအဆာတွေကလည်း အများကြီး
အခက်အခဲတွေကလည်း အများကြီး ဆိုတာရှိတယ်။
ဒါကြောင့်မို့... သူတော်စင်ပုဂ္ဂိုလ်တွေကျတော့
ဘဝကို ငြီးငွေ့သွားကြတယ်ပေါ့။
ပျော်နေတဲ့ပုဂ္ဂိုလ်ဟာ ကျေနပ်စရာလေးတွေးပြီး ပျော်နေတာ။
ငြီးငွေ့သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘဝရဲ့အစစ်အမှန်ကိုရှု့မြင်သုံးသပ်ပြီးတော့
ဘဝက လွတ်အောင် ကြိုးစားသွားကြတာ။
မကြိုးစားတဲ့ ပုဂ္ဂိုလ်တွေက ဘာနဲ့ဥပမာတူသလဲဆိုရင်
ကျေနပ်စရာကောင်းတာလေး ကြည့်ပြီးတော့
ထိုကျေနပ်စရာကောင်းတဲ့အချက်ရဲ့ နောက်ကွယ်မှာရှိတဲ့
အင်မတန်မှ ကြောက်စရာကောင်းတာတွေ မမြင်တာ။
ဥပမာမယ်- သင်တုန်းဓါးပေါ်မှာ ပျားရည်တစ်စက်။
ပျားရည်ရဲ့အချိုကိုသာတွေးပြီး သင်တုန်းဓါးက
မိမိရဲ့လျှာကိုဖြတ်မယ်ဆိုတာ မမြင်တဲ့သဘောပဲပေါ့။
သင်တုန်းဓါးပေါ်က ပျားရည်လေးတစ်စက်ကို
မက်မက်မောမော လျှာနဲ့လျှက်လိုက်မယ်ဆိုရင်
ချိုလို့မှမပြီးခင် လျှာပြတ်သွားမယ်။
ဘဝ-ဆိုတာ အဲ့ဒီအတိုင်းပဲလို့ ဆိုလိုတာ။
ဘဝမှာ ကျေနပ်စရာဆိုတာ ဘာကိုပြောတာလဲဆိုတော့
ဘဝကိုအကြောင်းပြုပြီးတော့ သုခသောမန ဿ လို့ခေါ်တဲ့ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုတွေဟာ
ဘဝနဲ့ပတ်သက်ပြီး ရနိုင်တာတွေ ရှိတယ်ပေါ့။
ယနေ့.. တရားချစ်ခင်သူတော်စင်တို့ စဉ်းစားကြည့်ပေါ့။
မိမိတို့ဘဝမှာ အဆင်ပြေနေတာတွေ ရှိတယ်။
မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြတယ်။
စီးပွားဥစ္စာတွေ အဆင်ပြေနေတယ်။
ကျန်းမာရေးလည်း ပြေလည်တယ်။
ဒီလိုမိသားစု အဆင်ပြေနေပြီဆိုရင်
စိတ်ချမ်းသာမှုကိုမရဘူးမဟုတ်ဘူး ရကြတယ်။
အဲ့ဒီလိုရတာဟာ ဘဝအတွက် ကျေနပ်စရာလေးတစ်ခုပဲ။
နောက်တစ်ခုပြောမယ်ဆိုရင် ဘဝကိုအရင်းတည်ပြီးတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ခွင့်ရတာလည်း
ဘဝနဲ့ပတ်သက်ပြီး ကျေနပ်စရာလို့ ဒီလိုပြောရမယ်။
ဒါဖြင့်မကျေနပ်စရာ စိတ်ပျက်စရာက ဘာတွေလဲဆိုတော့ ဟောဒီဘဝကြီးဟာ မတည်မြဲဘူး။
နုပျိုနေရာကအိုမင်း ရင့်ရော်ပြီးတော့ သွားတယ်။
ကျန်းမာနေရာက မကျန်းမမာ ဖြစ်လာတယ်။
အသက်ရှင်ရာကနေ နောက်ဆုံး ဘဝတစ်ခု စွန့်ခွာသွားရတယ်။
မိမိမြတ်နိုးတဲ့ ပစ္စည်းဥစ္စာ မိမိချစ်ခင်တဲ့ ပုဂ္ဂိုလ်တွေ
ခွဲခွာပြီးတော့ သွားရတယ်ဆိုတာ။ဘဝရဲ့အဆိုးတရားပဲဖြစ်ပါတယ်။
အဲ့ဒီတော့ ဒီလိုအဆိုးတရားတွေ ကြည့်ပြီးတော့
ဒါမျိုးတွေ နောက်ထပ်မလိုချင်တော့ဘူး... ဆိုလို့ရှိရင်
ဘဝကိုတွယ်တာတဲ့ တဏှာကို ဖယ်ရှားပြစ်ဖို့ လိုအပ်တယ်ပေါ့။
ဘဝက ထွက်မြောက်မှုဆိုတာ ဘဝကိုတွယ်တာမှုကို ဖယ်ရှားမှ မဖယ်ရှားနိုင်ပဲနဲ့ ချမ်းသာလေးတစ်ခုကို မက်မောပြီးတော့ ဘဝမှာ ပျော်နေကြမယ်ဆိုရင်ကတော့ သံသရာဝဋ်က လွတ်ဖို့မရှိတော့ဘူး
ဒီလိုဆိုတာပေါ့နော်။
ဒါကြောင့်မို့လို့ တစ်ခဏပဲဖြစ်ဖြစ် အမှတ်တမဲ့မနေကြပဲနဲ့.. ဘဝရဲ့အပြစ်တွေကို ရှု့မြင် သုံးသပ်ကြည့်ဖို့ လိုအပ်တယ်ပေါ့။
အဲ့ဒီလို ဘဝရဲ့အပြစ်ကို ရှု့မြင်သုံးသပ်တဲ့အခါမှ
ဘဝအပေါ်မှာ သံဝေဂစိတ်ဖြစ်ပွားပြီးတော့
သံသရာက လွတ်ကြောင်းဆိုတဲ့ ကိုယ်ကျင့်တရားတွေ
တိုးတက်ပွားများလာမှာ ဖြစ်တယ်ပေါ့။
အေးဒါကြောင့်မို့လို့ ဘဝဆိုတာကိုတော့မြတ်စွာဘုရား ကိုယ်တော်မြတ်က ဘယ်တော့မှ မချီးမွမ်းဘူး။
ဘယ်လောက်တိုတောင်းတဲ့ အချိန်ပိုင်းလေးရတဲ့ ဘဝဖြစ်ဖြစ်ရှည်လျားတဲ့ဘဝမျိုးပဲဖြစ်ဖြစ် ဘယ်ဘဝကိုမှ
မြတ်စွာဘုရားက မချီးမွှမ်းဘူး။
ဘုရားက ဥပမာပေးထားတာ အလွန်ထင်ရှားတယ်။
လူတွေရဲ့ မစင်အညစ်အကြေးဟာ နည်းနည်းလေးလည်း အနံ့ဆိုးတာပဲ။
အများကြီးမှ အနံ့ဆိုးတာ မဟုတ်ဘူး။
ဘဝဟာလည်းပဲ တစ်ခဏလေးရတဲ့ ဘဝဟာလည်းပဲ ဒုက္ခဖြစ်တာပဲ။ ဒီလိုဆိုတာပေါ့နော်။
အေးဒါကြောင့်မို့လို့ ဘဝအပေါ်မှာ သံဝေဂစိတ်နဲ့ ရှု့မြင်သုံးသပ်တပ်ဖို့ လိုအပ်တယ်ပေါ့။
ဒီလို အန္တရာယ်တွေများနေတဲ့ ဘဝခရီးကို လျှောက်လှမ်း နေကြရတဲ့အခါမှာ ထိုဘဝကနေ ကောင်းမြတ်တဲ့အရာတွေ မရယူနိုင်ဘူးဆိုရင်
ဘဝဟာ အရှုံးနဲ့ပဲ ပိသွားမယ်။
ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်ကြရအောင် ကိုယ့်ဘဝကိုယ် ဆင်ခြင်သုံးသပ်ပြီး
အလေးအနက်ထား ကြည့်ကြရမှာဖြစ်တယ်။
ဒီလိုကြည့်နိုင်တာလည်းပဲ ဘုရားပွင့်တဲ့အခါမြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေကို
ကြားနာကြရမှသာ ကြည့်နိုင်တာကိုး။
နို့မို့ဆိုရင်.... ဒီလိုစိတ်ဓာတ်မျိုးပေါ်ဖို့ဆိုတာ ဝေးစွပဲ။
ဘဝအပေါ်မှာ ရှုမြင်သုံးသပ်တတ်ဖို့ဆိုတာကလည်း
ဝေးလေစွပဲ။
ဒါကြောင့်မို့ အသိဉာဏ်ရှိတဲ့ဘဝမှာ ဘဝရဲ့အပြစ်အနာဆာတွေကိုကြည့်တတ် မြင်တတ်ဖို့ လိုအပ်တယ်။
ဟုတ်ပြီ... မရှောင်သာလို့ ဘဝခရီးသွားကြရတယ် ဆိုလို့ရှိရင် ဘဝရဲ့ဒုက္ခသုတ်ခ အခက်အခဲတွေ နည်းနိုင်သမျှ နည်းအောင် ဘာလုပ်ကြရမလဲဆိုတော့ ခရီးသွားတဲ့အခါမှာ ရိက္ခာဆိုတာ ယူသွားကြရတယ်ပေါ့။
လိုအပ်တဲ့နေရာမှာ အသုံးပြုဖို့။
လိုအပ်တဲ့နေရာ လိုသလို အသုံးချဖို့
လမ်းစရိတ်တို့ ရိက္ခာတို့ဆိုတာ ပါကြရမယ်။
လမ်းစရိတ်တွေ ရိက္ခာတွေ ပါသွားပြီဆိုရင်
အခက်အခဲတွေဟာ နည်းသွားလိမ့်မယ်ပေါ့။
အေးဒါကြောင့်မို့လို့ ဘဝရိက္ခာဆိုတာ ဘာလဲလို့
မြတ်စွာဘုရားက ဟောတဲ့အခါမှာ ဘဝရိက္ခာဆိုတာ
ကုသိုလ်ပဲဖြစ်တယ်ပေါ့။
ဒါနကောင်းမှု လုပ်တယ်။
သီလ ဆောက်တည်တယ်။
သမထ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို
အားထုတ်တယ် ဆိုတာဟာ
ရိက္ခာစုဆောင်းခြင်းပင်ဖြစ်တယ်ပေါ့။
ကိုယ်သွားတဲ့ဘဝမှာ ဒါနကောင်းမှုလုပ်သွားလို့
ဒါနကုသိုလ်ဆိုတဲ့ ရိက္ခာပါလို့ရှိရင်
ဘယ်ဘဝရောက်ရောက် စားရမဲ့မဲ့ သောက်ရမဲ့မဲ့
ဆင်းဆင်းရဲရဲနေရ မဲ့ ဘဝမျိုးမဖြစ်ဘူး။
အိုတာတော့ အိုမယ်။နာတာတော့ နာမယ်။
သေတာတော့ သေမယ်။မအို မနာ မသေခင်မှာ
ချမ်းသာ သုခတွေ ရနိုင်သေးတယ်။
ဒီလို ဆိုတာပေါ့နော်။
ဘဝခရီးမှာ အခက်အခဲတွေ သက်သာသွားအောင်
အကယ်၍ ဒါနဆိုတဲ့ ကုသိုလ်ရိက္ခာ မပါဘူးဆိုရင်
ပင်ပန်းလှတဲ့ဘဝမှာ ထပ်ဆင့်ပြီးတော့
စားစရာကမပြေလည် သောက်စရာကမပြေလည်
နေစရာကမရှိ ဝတ်စရာကမရှိ
ဆင်းရဲဒုက္ခအတိနဲ့ အသက်မွေးရတယ်။
ဘဝမှာလည်းပဲ မကြာခင် အိုမင်း ရင့်ရော် ဝေဒနာတွေဖြစ်..
နောက်ဆုံး သေဖို့ဝင်ရတဲ့အနေအထားမျိုးထိရောက်သွားနိုင်တယ်ပေါ့။
အေး…သီလဆိုတဲ့ ရိက္ခာမပါဘူးဆိုရင် ဘာဖြစ်မလဲဆိုတော့ လူ့ဘဝရောက်လာပြီ မကြာခင်ပဲ သေသွားကြ။
ရောဂါဝေဒနာတွေများတယ်။
ဟော... "ပါဏာတိပါတ''ဆိုတဲ့ ကိုယ်ကျင့်သီလ
ရှောင်ကြဉ်မှုကို..ယိုယွင်းလာတဲ့ပုဂ္ဂိုလ်ဟာ
ဘဝမှာပြည့်စုံတဲ့ဘဝ မရတဲ့အပြင်မှာ လူဖြစ်ရသော်လည်း ရောဂါဝေဒနာတွေ ထူပြောလို့
နောက်ဆုံးမှာ အသက်ရှည်ရှည်မနေရပဲနဲ့
ဒုက္ခတွေ ဘလပွေနဲ့ ငယ်ငယ်နဲ့ သေဆုံးသွားကြတာတွေ ပြည့်လို့ပဲ။
အဲ့ဒါ ပါဏာတိပါတမလုံလို့။
အေး…ပါဏာတိပါတတော့လုံပြီ..
''အဒိန္နာဒါန''တော့ မလုံဘူးဆိုရင်...
ဒီသီလရိက္ခာမပါရင် ရှိလာတဲ့ပစ္စည်းလေး တော်ကြာ မီးလောင်တဲ့အထဲပါသွားပြန်ပြီ။
ရေမြောတဲ့အထဲ ပါသွားပြန်ပြီ။
တော်ကြာ အသိမ်းခံလိုက်ရပြီ။
သူခိုးဓါးပြ
ထဲ ပါသွားပြန်ပြီ။
အိမ်မှာ သားဆိုး သမီးဆိုးတွေကနေပြီးတော့
မူးယစ်ဆေးဝါးသုံးပြီး ဖြုန်းပစ်လိုက်ပြန်ပြီ။
စိတ်ဆင်းရဲစရာတွေနဲ့ချည်း ကြုံတယ်။
အဒိန်နဒါနာမလုံဘူး။
ကိုယ့်ရဲ့ပစ္စည်းဟာ တစ်နည်းမဟုတ်တစ်နည်း ပျက်စီးဆုံးရှုံးရမှုနဲ့ ကြုံတယ်။
ကာမေသုမိစ္ဆာစာရ မလုံဘူးဆိုရင်..
အေး…အသက်တော့ရှည်ပါရဲ့ ပစ္စည်းဥစ္စာလည်းပေါပါရဲ့
အရပ်ထဲမှာ လူတကာက ရွံ့ရတဲ့
လူမုန်းသူမုန်း ခံရတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။
လူမုန်းသူမုန်းခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလည်းပဲ
ဘယ်တော့မှ စိတ်ချမ်းသာမှုရမှာ မဟုတ်ဘူး။
အများနဲ့ဆက်ဆံနိုင်တဲ့ အနေအထားမျိုးမရှိဘူး။
အများရဲ့ချဉ်ဖတ်ဖြစ်ပြီး ဘယ်သူကမှ အဖက်မလုပ်တဲ့ သူမျိုးဖြစ်ရင်လည်း တစ်သက်လုံး စိတ်ဆင်းရဲပြီးနေကြမှာပဲပေါ့။
နောက်တစ်ခု အားလုံးတော့ ပြည့်စုံပါရဲ့...
မတရားစွပ်စွဲခံရတယ်၊ မတရားဖမ်းဆီးခံရတယ်ဆိုတာ
မုသာဝါဒ မလုံလို့။
မိမိကိုယ်တိုင်က မမှန်မကန်ပြောခဲ့တဲ့ အတွက်ကြောင့်
ကိုယ့်ကိုလည်း မမှန်ကန်တဲ့ အကြောင်းအရာတွေနဲ့
အကြိမ်ကြိမ် စွပ်စွဲပြောဆိုခံရတတ်တယ်။
ဘဝဒုက္ခတွေ ပိုများတာပေါ့။
အေး…မုသာဝါဒတော့ လုံပြီ။
"သုရာမေရယ'' မလုံဘူးဆိုရင် မွေးလာကတည်းက
ကျပ်မပြည့်တဲ့သူတွေ ဖြစ်လာတယ်။
အရူးအနှမ်းတွေ ဖြစ်လာတယ်။
စာသင်လို့မရဘူး။ အသိဉာဏ်အားနည်းတယ်။
IQ မမှီဘူးဆိုတာဟာ ဒီလိုပုဂ္ဂိုလ်မျိုးတွေဖြစ်လာတယ်။
အဲ့ဒီလိုဆိုရင် လူ့ဘဝရတာအလကားပဲ။
ဒါကြောင့်မို့လို့... သီလဆိုတဲ့ရိက္ခာမပါပဲ ခရီးသွားမယ်ဆိုရင် ဤအခက်အခဲတွေ ကြုံနေဦးမှာပဲ။ဒါကြောင့်မို့လို့ သီလရိက္ခာဆိုတာလည်းကိုယ်သန္တာန်မှာ ရှိရမယ့် ဘဝရိက္ခာတစ်ခုပဲ။
သီလဆိုတဲ့ ကုသိုလ်ဟာ ဘဝမှာ ကောင်းတဲ့ရိက္ခာတစ်ခုဖြစ်တယ်။
အသက်ရှည်တယ်။
ပစ္စည်းဥစ္စာတွေပေါများတယ်။
လူချစ်လူခင်ပေါတယ်။
အစွပ်အစွဲ အလိမ်အညာမခံရဘူး။
အသိဉာဏ် ကြွယ်ဝတယ် ဆိုတော့
ဟော... တစ်ဘဝပြီးတစ်ဘဝ ပိုပြီးတော့
မြင့်တဲ့အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်တဲ့။
ဒီလိုပြောတာနော်။
သာမန်လေး ထင် မနေနဲ့...။
အလေးအနက် ဆင်ခြင်စဉ်းစားဖို့ လိုတယ်ပေါ့။
သမထဝိပဿနာဆိုတဲ့ ဘာဝနာကုသိုလ်ဆိုတာလည်း
ဘဝခရီးသွားတဲ့အခါမှာ ပါရမယ့်ရိက္ခာတစ်မျိုးပဲ။
အဲ့ဒါမပါလို့ရှိရင် သာသနာတော်နဲ့ တွေ့သော်လည်း
တရားထူးတရားမြတ်ရနိုင်ဖို့ရန် ခက်ခဲတယ်ပေါ့။
သူတော်စင်တွေနဲ့တော့ တွေ့ပါရဲ့
တရားဓမ္မနဲ့ပတ်သက်ပြီး ဘာမှနားမလည်ဘူး။
နားမလည်ပဲနဲ့ ဘဝတစ်ခု အဆုံးသတ်သွားပြန်တယ်။
တွေ့ရတဲ့အခါက အင်မတန်မှ နည်းတယ်။
မတွေ့ရတာကအများကြီး။
ဒီလိုနဲ့ သံသရာထဲမှာ ဘယ်တော့မှ မလွတ်နိုင်တဲ့
ဆင်းရဲဒုက္ခတွေကို ခံစားပြီး ရိက္ခာမပါဘူးဆိုရင်
အခုလို အခက်အခဲတွေ ကြုံတွေ့ခံစားရလိမ့်မယ်။
ဒါက အလေးအနက် ဆင်ခြင်စဉ်းစားဖို့။
တို့တော့ ဒီလို မဖြစ်ပါဘူးလို့တော့ မအောင်းမေ့လေနဲ့..။
ရိက္ခာမပါသူတိုင်းဟာ ဒီတိုင်း ဖြစ်ကိုဖြစ်မှာ။
ဒီလိုနဲ့ သံသရာထဲမှာ ဘယ်တော့မှ မလွတ်နိုင်တဲ့
ဆင်းရဲဒုက္ခတွေကို ခံစားပြီး ရိက္ခာမပါဘူးဆိုရင်
အခုလို အခက်အခဲတွေ ကြုံတွေ့ခံစားရလိမ့်မယ်။
ဒါဖြင့်.. မြတ်စွာဘုရားက ဘဝရိက္ခာဆိုတာ
ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်
မိမိတို့သန္တာန်မှာ ရနိုင်သလောက် စုဆောင်းပြီး
ဘဝခရီးကို သွားတဲ့ပုဂ္ဂိုလ်တွေကျတော့
အင်မတန်မှချမ်းသာတယ်။
ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြ..
ငါရော ရိက္ခာတွေ ရှိပြီလားလို့??
တနေ့မဟုတ်တနေ့ အရွယ်ရလာတာနဲ့ တစ်ပြိုင်နက်
ဘုန်းကြီးတို့ဘဝဟာ သစ်ရွက်ဝါဖြစ်လာကြပြီ။
ကြွေမယ်မကြာခင် ။
လေပြေလေး မ..တို့လိုက်နဲ့
တို့.. လိုက်တာနဲ့.. ဘုတ်ကနဲဆို ကြွေကြတော့မှာ။
အဲ့ဒီလို ရင့်ရော်လာတဲ့ အရွက်ဖြစ်လာတဲ့အပြင်
သေမင်းတမန်တွေကလည်း အိမ်တံခါးလာခေါက်နေပြီ။
ဘယ်ကနေခေါက်လဲ ခေါင်းကိုလည်း ခေါက်တာပဲ။
ပါးစပ်လည်း လာခေါက်တာပဲ။ ခေါက်လိုက်တာနဲ့
သွားတစ်ချောင်း ပြုတ်ထွက်သွားတယ်။
ခေါင်းတစ်ချက် ခေါက်လိုက်ရင်
ဆံပင်တွေဖြူသွားတယ်။
အဲ့ဒီလို သေမင်းရဲ့တမန်တွေကလည်း
တံခါးလာခေါက်နေကြပြီ။
သေဖို့လမ်းဆုံး လမ်းဝ ရောက်နေကြပြီ။
အဲ့ဒီအချိန်မှာ ရိက္ခာရှိပြီလား ကိုယ့်မှာ စဉ်းစားရမှာ။
ကုသိုလ်ဆိုတဲ့ ရိက္ခာတွေ ကိုယ့်မှာ ပါပြီလား????
မပါသေးဘူးဆိုရင် ရိက္ခာဆိုတာ အရေးကြီးတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
26/09/2025
ဘဝကို ကျေနပ်မှု ရှိမရှိ ကဏ္ဍကို အဆုံးသတ် ပြောရမယ်ဆိုရင်တော့ လက်ရှိအခြေအနေမှာ..
တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုတွေနဲ့ နားလည်လက်ခံပြီးတော့ လှိုက်လှိုက်လှဲလှဲ လေးစားရတဲ့ ဆက်ဆံရေးမျိုးလည်း ရှိနေသေးတဲ့အတွက် လက်ရှိအချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကိုယ့်ဘဝကိုယ်ကို သေသေချာချာပဲ ကျေနပ်မိပါတယ်..
23/09/2025
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
Yangon
741
