B.E.H.S (1) Mingalar Taung Nyunt

B.E.H.S (1) Mingalar Taung Nyunt

Share

This page is intended for our school B.E.H.S (1) Mingalar Taung Nyunt. From this page, you can follo

28/11/2021

အထက၁ မင်္ဂလာတောင်ညွန့်ရဲ့
အရိပ်အာဝါသအောက်မှာ
နေခဲ့ဖူးသော
ဆရာဆရာမ
တပည့်များအားလုံး
ကျန်းမာချမ်းသာဘေးဘယာဝေးကွာကြပါစေလို့
မေတ္တာပို့သအပ်ပါတယ်။
လာမယ့် ၂၀၂၂ ဇန္နဝါရီလဟာ
တကယ်တော့
တစ်နှစ်ခြားတစ်ခါ
ကျင်းပနေကျ
မြတ်ဆရာပူဇော်ပွဲ ကျင်းပရမယ့်အချိန်ကာလပေမယ့်
ရောဂါနဲ့
တိုင်းပြည်အခြေအနေများကြောင့်
ကျင်းပနိုင်မယ့်
အနေအထား
မရှိခဲ့ပါဘူး။

လာမယ့်
၂၀၂၃ မှာများ
ကျင်းပနိုင်မယ်ဆိုရင်
ဝမ်းသာကြည်နူးစရာပါ။

ကျန်းမာအောင်နေကြပါနော်။

05/02/2021

Civil Disobedience
အသွင်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်လှုပ်ရှားမှုတွင်
ရှေ့တန်းကဦးဆောင်နေသော
ပြည်သူ့ဝန်ထမ်း ဆရာဝန်များ၊
နိုင်ငံ့၀န်ထမ်းများနှင့်အတူရပ်တည်သွားပါမည်

Mike Jimmy

#ထ၁ကျောင်းသားဟောင်း







Photos from B.E.H.S (1) Mingalar Taung Nyunt's post 30/12/2019

မြတ်ဆရာပူဇော်ပွဲကို
အကြောင်းကြောင်းကြောင့်
တစ်နှစ်ခြားတခါမှသာ
ပြုလုပ်နိုင်ခဲ့ပါတယ်...

ပထမမျိုးဆက် ၁၉၅၂ ကနေ ၁၉၇၄
ဒုတိယ မျိုးဆက် ၁၉၇၄ ကနေ ၁၉၉၀
တတိယမျိုးဆက် ယနေ့အထိ
မျိုးဆက် သုံးဆက် စုပေါင်းပြုလုပ်တဲ့အတွက်
ဆရာဦးရေများပါတယ်...
သူ့ဆရာ ငါ့ဆရာ မခွဲခြားဘဲ
ကျောင်းတော်ကြီးရဲ့ကျေးဇူးကို
ဦးထိပ်ထား
လှုပ်ရှားကြပါတယ်...
ဒီကျောင်းတော်ကြီးက
ကျောင်းသားကျောင်းသာဟောင်းတွေဟာ
နိုင်ငံတော်ရဲ့တာဝန်မြင့်မားစွာ
ထမ်းဆောင်ခဲ့သူတွေရော
နယ်ပယ်အသီးသီးက
ထိပ်တန်းပုဂ္ဂိုလ်များအထိ
ပေါက်ရောက်အောင်မြင်ခဲ့ကြပါတယ်...
ပြန်လည်စုစည်းချိန်မှာ
ဆယ်နှစ်တာကာလအတွင်း
တဖြည်းဖြည်းများလာသလို
ဦးဆောင်စီစဉ်သူတွေဟာလည်းအကန်တော့ခံဆရာများထက်
အသက်ကြီးသူတွေ
ဖြစ်လာပါတယ်...
ဘယ်လိုပဲဖြစ်ပါစေ
ဆရာဆိုတဲ့ဂုဏ်ကိုရှေ့တန်းထား
ကိုယ်ပိုင်ဆိုင်တဲ့
ရာထူးဂုဏ်သိန်ရ် များကို
ခဏထား
မာနကိုနောက်တန်းပို့
ကောင်းမြတ်သော
စိတ်ထားများနဲ့
စီစဉ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်...

ဘောက်ချာများနှင့်
ကောက်ခံရရှိငွေဟာ
ဆရာကြီးဆရာမကြီးများကန်တော့ရန်အဓိကထားပြီး
အလှူရှင်မရှိတဲ့ လိုအပ်ငွေတချို့သာ
သုံးစွဲပါတယ်...
အရုဏ်ဆွမ်း
ဆရာဆရာမကျောင်းသား/သူများနံနက်စာ
ဆရာဆရာများနေ့လည်စာ
ကျောင်းသားကျောင်းသူများနေ့လည်စာ
ဗွီနိုင်းလ်
ဖိတ် စာ
ခုံ...ထီးကြီးများ
စတဲ့ကိစ္စတွေမှာ
သီးသန့်အလှူရှင်ရှာခဲ့ပါတယ်.. .
ဒီနေရာမှာ
အလှူငွေအများဆုံးရှာဖွေပေးနိုင်တဲ့
ဒုတိယမျိုးဆက်ကို
ကျေးဇူးအထူးတင်ကြောင်းပြောလိုပါတယ်...
ပထမမျိုးဆက်တွေက
၆၀ကျော်၇၀ကျော်ပင်စင်စားတွေဖြစ်
ငွေအားလူအားတွေလျော့
ဒုတိယမျိုးဆက်က
၅၀ဝန်းကျင်တွေ
ဘဝမှာ Settle ဖြစ်
ဒါပေမယ့်
သူတို့လည်း
တဖြည်းဖြည်းနဲ့ ကြီးရင့်လာကြမယ်...
ဒါဆို
အခုအချိန် ၃၀ဝန်းကျင်ကျောင်းသားဟောင်းတွေ
ဘဝအတွက် ရုန်းကန်နေသူတွေ
Settle ဖြစ်ချိန်ရောက်လာရင်
ပခုံးပြောင်း တာဝန်ယူကြမယ်ဆိုရင်
ဒီမြတ်ဆရာပူဇော်ပွဲတွေဟာ
ကျောင်းတည်တန့်သလို
တည်တန့်နေမှာပါ..

ကျွန်မဆို
ကျွန်မဆရာ ၆ယောက်ပဲရှိတော့တာပါ...
ဒါပေမယ့်
မြတ်ဆရာပူဇော်ပွဲကို
ပြုံးရွှင်စွာလာချင်ကြတဲ့
ဆရာကြီးဆရာမကြီးများကို
၂၀၀၂ခုနှစ်ကတည်းက
လုပ်ဆောင်ပေးနိုင်ခဲ့လို့
ပီတိဖြစ်မဆုံးပါဘူး...

ဘဝနေဝင်ချိန်မှာ
ပီတိတချက်က အသက်ရှည်စေပါတယ်...

မနေ့က
နောက်ဆုံးအစည်းအဝေးမှာ
အသက်၉၀နှင့်အထက် ဆရာမကြီးများကို ၃သိန်းအထိ
ကန်တော့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်...
ထ၁မင်္ဂလာတောင်ညွန့်ဟာ
အလွန်နာမည်ကြီးတဲ့ ကျောင်းမျိုးတော့မဟုတ်ခဲ့ပေမယ့်
သူ့မြို့နယ်နဲ့သူ
ဂုဏ်ရည်မနိမ့်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ခဲ့သလို
တခြားသောကျောင်းများလို
အစဉ်အလာမပျက်
မြတ်ဆရာပူဇော်ပွဲတွေ
ကျင်းပနိုင်ခဲ့တာ
ယခုဆို
ဒွါဒသမအကြိမ်မြောက်ခဲ့ပါပြီ...

ဝိုင်းဝန်းလုပ်ဆောင်သူများကို
အထူးကျေးဇူးတင်ကြောင်း
ရေးသားရင်း
ကျောင်းသူဟောင်းအနေနဲ့ရော
ဆရာမဟောင်းအနေနဲ့ရော
မျိုးဆက်သစ်များကို
ဖိတ်ခေါ်ပါတယ်....

လာမယ့်
၅.၁.၂၀၁၉ တနင်္ဂနွေနေ့
နံနက်၉နာရီ
ထ၁မင်္ဂလာတောင်ညွန့်မှာ
ဆုံဆည်းကြပါစို့....

Photos from B.E.H.S (1) Mingalar Taung Nyunt's post 15/12/2019

တပည့်တွေ
စာတွေဆက်သင်
အလုပ်တွေ ကြိုးစား
ဘဝအမောတွေကြား
မနားရတာ
နားလည်ပါတယ်...

တချို့
စိတ်သာရှိ
လူကမရောက်နိုင်
ချယ်ကိုယ်တိုင်လည်း
ဖြစ်ဖူးတယ်...

ဒါပေမယ့်
မင်းတို့နေခဲ့တဲ့ကျောင်း
မင်းတို့ပျော်ခဲ့တဲ့ကျောင်း
မင်းတို့ ကြီးပြင်းခဲ့တဲ့ကျောင်း
ဒီကျောင်းဟာ
မင်းတို့ အားလုံးနဲ့ဆိုင်ပါတယ်....
မင်းတို့အားလုံးပိုင်ပါတယ်...

ဒီကျောင်းကကျင်းပတဲ့
ကျောင်းသားဟောင်းနဲ့ပတ်သက်တဲ့ပွဲ
မင်းမလှူနိုင်လို့
မလာရဘူးမရှိပါဘူး....
မင်းမကူနိုင်လို့
မလာရဘူးမဟုတ်ပါဘူး...

မင်းတို့ကို ချစ်ခဲ့တဲ့ဆရာတွေ
မင်းတို့ကို မြင်ရင်ပျော်သွားမှာပါ...
မင်းတို့သူငယ်ချင်းတွေ
ပြန်ဆုံရင်ပျော်ရမှာပါ...

လာမယ့်ဇန္နဝါရီလ၅ရက်နေ့
ထ၁မင်္ဂလာတောင်ညွန့်
မြတ်ဆရာပူဇော်ပွဲကို
လာခဲ့ကြဖို့
ကျောင်းသူဟောင်းတယောက်အနေနဲ့ရော
ဆရာဟောင်းတယောက်အနေနဲ့ရော
ဖိတ်ခေါ်ပါတယ်....

18/11/2019

အထက(၁)မင်္ဂလာတောင်ညွန့် မြတ်ဆရာပူဇော်ပွဲအတွက်
ဒုတိယအကြိမ်
အလှူငွေပေးအပ်ရမယ့်နေ့က
ဒီဇင်ဘာလ ၁၅ရက်နေ့
ဖြစ်ပါတယ်....
ငွေစာရင်းရှင်းတမ်းကို
Up to Date ဖြစ်အောင်
ကွန်ပြူတာရိုက်ရပါတယ်..
မြတ်ဆရာပူဇော်ပွဲနေ့မှာ
ဒီနှစ်အတွက်
ရှင်းတမ်းစာအုပ်ကို
အကန်တော့ခံဆရာကြီး ဆရာမကြီးများရော
တက်ရောက်သူကျောင်းသားကျောင်းသူများရော
နီးစပ်ရာအလှူရှင်များရော
ပေးလိုက်ပါတယ်....
မြတ်ဆရာပူဇော်ပွဲနေ့ကျမှ
အခမ်းအနားတက်ရောက်ရင်း
လှူဒါန်းသူများစာရင်းကတော့
ဝေတဲ့စာအုပ်မှာ
မပါနိုင်တော့ဘူး...
နောက်ဆက်တွဲရိုက်နှိပ်ပြီး
ပို့နိုင်သူများထံ
ပို့ပေးပါတယ်....
ဒါ့ကြောင့်
အချိန်မီလှူဒါန်းရင်
ကိုယ့်လှူဒါန်းငွေလေးဟာ
စာရင်းစာအုပ်မှာပါပြီး
အမှတ်တရ
ဖြစ်စေပါတယ်...
သံသယလည်း
ရှင်းစေပါတယ်...
ဒါ့ကြောင့်
ကျောင်းသားဟောင်းများ
၁၅ရင်နေ့မတိုင်ခင်
အလှူငွေပေးပို့နိုင်ရင်
ပိုကောင်းပါတယ်....
တတိယမြောက်(နောက်ဆုံး) အလှူငွေပေးအပ်မယ့်နေ့က(၃၁)ရက်နေ့
ဖြစ်ပါတယ်...
ကွန်ပြူတာတာဝန်ယူသူက
ကွန်ပြူတာဆိုင်ကို
လွန်းထိုး သွားလာရတဲ့အချိန်ပေါ့....
မနေ့က
ပထမအကြိမ် အလှူငွေများကို
ဒီနေ့မှာ
ဥက္ကဌက တာမွေဘဏ်မှာ
အပ်ပါတယ်....
တစ်ခါရ တစ်ခါအပ်ပါတယ်...
လက်ထဲလုံးဝမထားပါဘူး...
ကန်တော့ပွဲမတိုင်ခင်
တစ်ရက်အလိုမှ
ဘဏ် က
ပြန်ထုတ်
စာအိတ်များထဲထည့်
ထည့်သူ
စစ်သူများက
စာအိတ်ပေါ်မှာ
လက်မှတ်ထိုးကြပါတယ်...
စနစ် တ ကျ
လုပ်ဆောင်ကြတာပါ...
ဆရာကြီးဆရာမကြီးတွေက
အပေါ်ထပ် မြတ်မင်္ဂလာခန်းမကို
သိပ်မတက်နိုင်သူတွေရှိလို့
ဒီနှစ်
ကျောင်းဝင်းထဲမှာပဲ
ကန်တော့ကြမှာဖြစ်ပါတယ်...
ခုံဖိုး
အမိုးဖိုး
အလှဆင်ဖို့
သီးသန့်လှူလိုသူများလည်း
ဖိတ်ခေါ်ပါတယ်....

17/11/2019

ဒီနေ့
မြတ်ဆရာပူဇော်ပွဲအတွက်
ပထမအကြိမ်ငွေအပ်ကြတော့
ငွေနည်းနေသေးတယ်ပေါ့...
ဒုတိယအကြိမ်နဲ့
တတိယအကြိမ်မှာလည်း
ဒီနေ့လောက်ငွေပမာဏရမှ
ဖြစ်မယ်လို့
ပြောမိကြတယ်....

ဒီနှစ်
ကွယ်လွန်သူတွေဖယ်လိုက်တာတောင်
ထပ်တိုးသူတွေရှိလာတော့
ကန်တော့ခံ ဆရာဆရာမဦးရေက ကိုးဆယ်ကျော်လာတယ်.....
ကန်တော့ငွေ
လုံလောက်အောင်ရမှ
လှလှပပ ကန်တော့နိုင်မှာ...

ကောက်ခံရငွေကို
ဆရာကြီးဆရာမကြီးတွေကန်တော့ဖို့ပဲ
သုံးပါတယ်...

သတင်းစာဖိုး
ဗွီနိုင်း ဖိုး
ဖိတ် စာဖိုး
အရုဏ်ဆွမ်းကပ်
ဆရာကြီးဆရာမကြီးများနှင့် ကျောင်းသားကျောင်းသူများ မနက်စာဖိုး
ဆရာကြီးဆရာမကြီးများ နေ့လည်စာဖိုး
ကျောင်းသားကျောင်းသူများနေ့လည်စာဖိုး စသည်များ
သီးခြားလှူဒါန်း
တာဝန်ယူထားကြပါတယ်....

ဒါ့ကြောင့်
ကန်တော့ငွေကိုတော့
ဝိုင်းဝန်းထည့်ဝင်ပေးရင်
ပိုအဆင်ပြေပါလိမ့်မယ်လို့....

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Thien Phyu Road, Corner Of Banyar Dala Rd, Mingalar Taung Nyunt Township
Yangon