Gold Shipping Agency Services LTD

Gold Shipping Agency Services LTD

Share

We are as Agent of HMM : Our Vision is " To be secured 20 % of the whole Myanmar market share with Container Services

07/10/2022

မိုးအကုန်ဆောင်းအကူး မင်းလွင်မြူးတဲ့ကာလမှာ 2022 ခုနှစ်ရဲ့ သီတင်းကျွတ်ပွဲတော်သည်လည်း မကြာမီမှာပင်ဆိုက်ရောက်လို့ လာတော့မည်။ ဒီသီတင်းကျွတ်မီးထွန်းပွဲတော်ကာလသည် Public Holiday ဖြစ်သည့်အတွက် (October 8 to October 10) အထိ ကျွန်ုပ်တို့၏ ရုံးများ ခေတ္တပိတ်ထားမည့်အကြောင်းကို Customer တို့အား အလေးအနက်ထား၍ အသိပေးအပ်ပါသည်။ ဒီအားလပ်ရက် သီတင်းကျွတ်ပွဲတော်သည် ချစ်ရတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ၊ ပြီးတော့ချစ်သူနှင့်အတူ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးသိမ်းဆည်းထားရန်အတွက် အကောင်းဆုံး အချိန်ကာလဖြစ်ပါတယ်။ ဤသည်သောကာလမျိုးမှာ ကျနော်တို့ Gold Shipping မှလည်း မိမိတို့၏ ဝန်ဆောင်မှုများကို ယခုအချိန်အထိ ယုံယုံကြည်ကြည် အပ်နှံအားပေးခဲ့ကြသည့် Customer တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်း အလေးအနက်ပြောကြားအပ်ပါသည်။ ယခုနှစ်၏ပျော်ရွှင်စရာ သီတင်းကျွတ်ကာလမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ပါစေ‌ကြောင်း Gold Shipping မှ ထပ်လောင်းဆုမွန်ကောင်း တောင်းအပ်ပါတယ်။

Dear Customer,
Thadingyut Festival or the Lighting Festival for the Year 2022 is just around the corner, and our office closes for three days from 8 to 10 October. In fact, Thadingyut holidays are the best time to celebrate memorial events together with buddies, families, beloved ones or special ones and friends. During the wonderful holidays, we are glad to express profound thanks to every one of our customers who have trust in our services till now. We wish all our Customers light, good health and happiness and a Happy Thadingyut!


13/06/2022

တကယ်လို့ သင်က အလုပ်,လုပ်ချင်စိတ်ရှိပြီး Active ဖြစ်တဲ့ လူငယ်တစ်ယောက်ဆိုပါတော့။
ဒါဆိုရင် ကျနော်တို့ E.F.R Group က လက်ရှိခေါ်ယူနေတဲ့ အောက်ပါ Position တွေကို Apply လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။

Recruiter
https://www.efrgroupmyanmar.com/career/recruiter

HR Executive
https://www.efrgroupmyanmar.com/career/hr-executive

Japanese Marketer
https://www.efrgroupmyanmar.com/career/japanese-marketer

Quantity Surveyor
https://www.efrgroupmyanmar.com/career/quantity-surveyor

Marketing
https://www.efrgroupmyanmar.com/career/marketing

Cashier
https://www.efrgroupmyanmar.com/career/cashier

မိမိတို့ လျှောက်ထားလို့သည့် Position ကို အထက်တွင်ဖော်ပြပေးထားသည့် Link မှ တစ်ဆင့် အသေးစိတ်ဝင်ရောက်ကြည့်ရှုပြီး Apply ပြလုပ်နိုင်ပါတယ်။ ဒါ့အပြင် [email protected] သို့ မိမိတို့ရဲ့ CV ကို တိုက်ရိုက် Email ပို့ပြီးလည်း လျှောက်ထားနိုင်ပါတယ်။

မှတ်ချက် - Shortlist စာရင်းဝင်သောသူများကိုသာ တစ်ပတ်အတွင်း ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်သည်။

No.62, Room (1104 ), 11th Floor, Mahabandoola Housing Complex (B), Corner of Mahabandoola Road & Tarwatainthar Street, Pazundaung Township, Yangon, Myanmar.




29/10/2021

ထောက်ပံ့သယ်ယူပို့ဆောင်ရေး ( Logistics) မှာ သိထားစရာလေးများ
ကျွန်တော်က စ စချင်း shipping လောကထဲကိုရောက်၊ သင်္ဘောနဲ့ သယ်ယူပို့ဆောင်တဲ့ အလုပ်ကို လုပ်တာပေါ့။ မြန်မာပြည်မှာ ၁၉၉၅ နောက်ပိုင်း ကွန်တိန်နာ နဲ့ သယ်သူပို့ဆောင်ရေး တော်တော် ခေတ်စားလာပါတယ်၊
အဲ့တုန်းကတော့ သင်္ဘောလိုင်းက သက်သက်၊ လေကြောင်းလိုင်းကသက်သက် ကုန်စည်ပို့ဆောင်တဲ့လုပ်ငန်းတွေက သက်သက်ဆိုပြီးရှိခဲ့ကြတယ်၊
ခေတ်တွေ စနစ်တွေ ပြောင်းလာကြတယ်။ ကုမ္ပဏီတွေကလည်း ဘယ်လို လုပ်ရင်ပိုပြီးအကျိုးအမြတ်ပိုရမလဲဆိုပြီး စဉ်းစားပြီး လုပ်ပုံကိုင်ပုံတွေပြောင်းလာကြတယ်။
အရင်ကတော့ သင်္ဘောလိုင်း တခု၊ Forwarding တခုဆိုပြီး သီးသန့်ထားပြီးလုပ်ကြတယ်။
ခုတော့ အားလုံးပေါင်းပြီး ထောက်ပံ ပို့ဆောင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်နေကြတယ်။
အဲတော့ တိုင်းရင်းသားလုပ်ငန်းရှင်တွေလည်း သမရိုးကြလုပ်ပုံလုပ်နည်းတွေနဲ့ ရေရှည်မှာ အဆင်မပြေတော့ဘူး၊ ခေတ်နဲ့ အညီ ဘယ်လိုပြောင်းပြီး ဝန်ဆောင်မူပေးမလဲဆိုတာ စဉ်းစားစရာ ၊ အကောင်အထည်ဖေါ်စရာဖြစ်လာပြီ၊
ကျွန်တော်လေ့လာထားတဲ့ အချက်လေးပြောပါရစေ၊ ကျွန်တော်အခုလုပ်နေတဲ့ ကုမ္ပဏီကလည်း အကောင်အထည်ဖေါ်ဆောင်ရွက်နေလို့ သိထားတာလေး ဝေမျှချင်တာပါ။
၁။ First Party Logistic: 1PL
တနေရာကနေ တစ်နေရာကို ကုန်ပစ္စည်း သယ်ယူပေးတာ၊
၂။ Second party logistics : 2 PL
အဲ့ဒါက သယ်ယူပို့ဆောင်ဖို့ အတွက် ကိုယ်ပိုင် ကားတွေ၊ လေယာဉ်တွေ ၊ သင်္ဘောတွေ ပိုင်ဆိုင်ပြီး သယ်ယူပို့ဆောင်ပေးတာ
၃။ Third Party Logistics: 3PL
3PL ကတော့ နည်းနည်းအဆင့်မြင့်သွားပြီ၊
သူ့ဖေါက်သည်ရဲ့လိုအပ်ချက်ကို ဖြည့်စီးနိုင်ဖို့ စီမံခန့်ခွဲတဲ့ အပိုင်းပါလာပြီ၊ ကိုယ်ပိုင် ပစ္စည်းတွေသုံးတဲ့အပြင် လိုအပ်ရင် တခြားလူတွေရဲ့ ယာဉ်၊ရထားတွေ အသုံးပြုပြီး ကိုယ့်ဖေါက်သည် အဆင်ပြေဖို့ ဆောင်ရွက်နေတာ
၄။ Fourth Party Logistics: 4PL
4PL ကတော့ ပိုပြီးအဆင့်မြင့်သွားပြီ၊
ဖေါက်သည်က သူ့မှာ ကိုယ်ပိုင် ထောက်ပံ့ပို့ဆောင်ရေး ဌာန မထားတော့ဘူး၊ထောက်ပံ့ပို့ဆောင်ရေးလုပ်တဲ့ ကုမ္ပဏီကိုဌားတယ် ၊ သူ့အတွက် လိုအပ်တဲ့ ထောက်ပံပို့ဆောင်ရေးမှန်သမျှကို လုပ်ခိုင်းတယ်၊
၅။ Fifth Party Logistic: 5PL
5 PL ဆိုတာက အသစ်အသစ်သော အတွေးအခေါ်တွေနဲ့ ထောက်ပံပို့ဆောင်ရေးကိုပြောင်းလဲပလိုက်တာ။ ပိုပြီးတော့ စွမ်းဆောင်ရည်မြင့်အောင် ၊ ပိုပြီးအကျိုးကျေးဇူးတွေဖြစ်လာအောင် စသည်ဖြင့်ပေါ့။
အဲ့မှာ စက်ရုပ်တွေသုံးတာ၊ Drone တွေသုံးတာ,
Automatic system တွေသုံးတာ စသည်ဖြင့်ပေါ့လေ။
ဆိုလိုချင်တာက ကိုယ် ဘယ်အဆင့်ရောက်နေပြီလဲ၊ နောက်ထပ်တဆင့် ဘယ်လိုတက်လှမ်းမလဲ ဆိုတာ စဉ်းစားပြီးလုပ်ကိုင်ဆောင်ရွက်စေချင်တာပါ။
Credit: Tin Maung Oo

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Between 51st Street And 50th Street
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00